ဒီလို ထီမျိုးပေါက်ချင်ကြလား ။
ပေါက်ချင်ရင် လုပ်ကြည့် ကြပါ ။
၁ ။ ထိုင်းအဲယားဝေးစ် ကြီးစီးပြီး မြန်မာပြည်ကို ပြန်ပါ ။ TG 305 ဆို အသေချာဆုံး ဖြစ်ပါသည် ။
၂။ အဲဒီ လပျံ ပေါ် မှာ mask မတပ်ပဲ နေပါ ။
၃။ မှိုင်တိုင်တိုင် ငေါင်တောင်တောင် သူ အနားရှိ ရှေ့  ၃လိုင်း ။ နောက် ၃ လိုင်း နေရာမှာ ရွေးထိုင်ပါ ။
၎။ အဲဒီ ငေါင်နေသူအား မိတ်ဆက်စကား သွားပြော ပါ ။ ထို သူမှာ ချောင်းဆိုး နေလျှင် ၊ သို့ မဟုတ် ၊
ဖျားနေလျှင် ထီပေါက်ရန် ပိုသေချာ ပါသည် ။
၅။ လေဆိပ်ရောက်လျှင် မိမိ အရင် မဖျားအောင် သတိပြုပါ ( အရင်ဖျားနေရင်တော့ အိမ်မရောက်
ပဲ တခါတည်း ဟိုနေရာကို တန်းပြီး ပါသွားမည် ဖြစ်ပါကြောင်း)
၆။ခရီးမှ ပြန်ရောက်ပြီး ၃ ရက် မှ ၅ ရက် အတွင်း အသင် ဖျားနေပြီဆိုရင် ဝမ်းမြောက် ဝမ်းသာ စွာဖြင့် 
အက်စ် ၂လုံး နဲ့စီ နေသော ဆေးရုံကြီးသို့  အပြေးကလေးသွားပြလိုက်ပါ ။ တာဝန်ကျ ဆရာဝန်အား မိမိ
ဘယ်နေ့ ။ဘယ်အချိန်က ဘယ်လပျံကြီးစီး၍ မြန်မာပြည်ကို ပြန်လာကြောင်း အားရ ဝမ်းသာ
သတင်းပေးလိုက်ပါ။ ဒါဆိုရင် အသင် နှင့်  အသင့်  အိမ်သားများ ထီပေါက်ရန် ၉၉ ရာခိုင်နှုန်းသေချာ နေပြီ
ဖြစ်ပါ သည် ။
ရ ။ အသင် အိမ်ပြန်ပြီး လိုအပ်တဲ့နေ့ စဉ် အသုံး အဆောင်များကို အဆင်သင့် ပြင်၍ အိမ်မှာ အားရပါးရ တည
အိပ်ပါ ။ ( စကားချပ် ...ရည်းစားရှိ သူများ ဟဲန်းဖုံးတလုံး ကို သူများမတွေ့ အောင် အိတ်ထဲ မှာ သေချာထဲ့ထားပါ ။
ဒါမှ ရည်းစား အထင်မလွဲအောင် ဆက်သွယ် နိုင်မည် ဖြစ်ပါသည် )
၈ ။ နောက်တနေ့  မနက်စောစောထပါ ။ ဘုရားရှစ်ခိုးပါ ။ အသင်ကြိုက်နှစ်သက်သော အစား အစာ များကို
အားပါးတရ စားပါ ။ ရိက္ခာ အပြည့်  ယူပါ )။
၉။ အိမ်မှာပဲ ထိုင်စောင့် နေပါ ။
၁၀ ။ နေ့ လည် တွင် အသင်ထီပေါက်ကြောင်း သတင်းကောင်းပေးမဲ့သူများ တပြုံကြီး ရောက်လာပါလိမ့် မည်။
ထောင် လိုချင် ရာစွန့် ဆိုသော စကားအရ .. အသင်အိတ် အရင်စိုက်ပြီး တိုင်စီ Taxi ဖိုး အကုန် ခံလိုက်ပါ ။
ထိုသူများခေါ်ဆောင်ရာ သို့  အသာတကြည် လိုက်သွားပါ ။
၁၁ ။ သူတို့ ပြုသမျှ နုနေလိုက်ပါ ။
၁၂ ။ နောက် တနေ့  နေ့ လည်ဆိုလျှင် အသင်ထီ ဘယ်၍ ဘယ်မျှ ပေါက်ကြောင်း သိရပါလိမ့် မည် ၊။
နောက်ထပ် ၁၀ ရက် စာ အပိုဆု အတွက် အသင်ရော ..အသင့် တအိမ်တည်း အတူနေကြသူအားလုံး ။ ခံစား ၊
စံစား ကြရမည် ဖြစ်ပါသည် ။
မှတ်ချက် ...
ဗေဒင်မေးစရာ မလို ၊ ယတြာ ချေရန် မလို ။ တကယ်ဖြစ်ချင် တကယ်လုပ်ပါ ။ အဟုတ်ဖြစ်ရမည် ။
မနက်ဖန်ကျလျှင် .. အကျိုး အကြောင်းရှင်းပြပါမည် ...
ခုလောလောဆယ်တော့ စက်ရပ်သတင်း က ... စက်ရပ်သွားလို့  ဓါတ်ဆီလည်း ကုန်သွားလို့  အဆက် အသွယ်
ပြန် မရသေးပါ ။
ဆန့် တ ငင် ငင် ဖြစ်သွားလျှင် တောင်းပန် အပ် ပါသည် ။
►Posted by
:kiki
:
at
7/27/2009 03:13:00 AM
Subscribe to:
Post Comments (Atom)
19 comments:
ထီပေါက်ချင်တယ်...
အဟီးးးးး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ရော် ထီပေါက်ချင်နေပါတယ်ဆိုမှ အဲ့ AH1N1 တော့မကြီးဘာသာ snow ball လုပ်လိုက်တော့
ဟတ်ကော့ ကြီးလုပ်သွားတာလား.. ဒီလိုတော့ တန်းလန်းကြီး မလုပ်သွားပါနဲ့  မြန်မြန်ဆက်ပါ
မရှင်းဘူး မကိ... ဘာကိုဆိုလိုတာလဲ...
ထီပေါက်ချင်ဖူး..မမကိရေ..ဟိ.
ဘယ်လိုထီမျိုးလည်း မသိဘူး
နားလည်လိုက်ဘူးဗျး(
မိုးခါး
အဟုတ်ကြီးမှတ်နေတာ..
ဒီထီမျိုးတော့ သားသားကြောက်ကြောက်..။ဟိ
မြန်မာ ပြည်မှာ အ ဒီ ထီ ပေါက်လို့ကတော့
ဆေးထိုးသတ်ပီး အစဖြောက်ခံရမယ်
အဲလိုထီမျိုးမပေါက်ချင်ပါဘူး... ကိုယ့်ဘဝနဲ့ကိုယ်ရှိပါစေတော့...
ဒါကြီးကို အရင် အင်စတောလ် လုပ်ရမယ်ပေါ့လေ....
ရက်စက်ပ့ါ
H1n1ကိုပိုစ်မော်ဒန်လုပ်ထားတာကိုး
လုပ်ချလိုက်ပြန်ပြီဒို့မမကိတော့
ကဲ...ဆန့်ငင် ဆန့်ငင်ချည်းမဟုတ်ဘူး
ယက်ကန် ယက်ကန်လည်းဖြစ်နေတယ်ဒီမှာ
စက်ရပ်သတင်းက ဆီကုန်နေရင် ဆီအမြန်ပြန်ထည့်ပါ အပ်ချလောင်းးးးးးးးး
အမ ခုလိုပြောပြတာကောင်းပါတယ်။ အမိမြေကိုပြန်မယ့် သူတွေ သတိထားရတာပေါ့။ အမအတွက် သတင်း ကောင်းဖြစ်ပါစေလို့ ဆုတောင်းပေးနေတယ်နော်။
ဟိဟိ များက ပိန်းတယ်ဗျ သိဘူးရယ် ဟဟဟဟ ထီမပေါက်ချင်ဘူး အိမ်မှာ ပိုက်ဆံတွေ ထားစရာ နေရာမရှိမှာစိုးလို့ အဟေးးအဟေးးးး
ကောင်းလိုက်တဲ့ ထီပေါက်နည်းလေး။
မကြီးကိ့က ဆန့်တငင်ငင်ထားသွားတော့ comment ကိုလည်းဆန့်တငင်ငင်ပဲထားသွားတော့မယ်အစ်မရေ good luck.
ထီပေါက်ချင်ဘူး။
မအယ်
မကီ ရေ အဲဒါတွေနဲ့ ပါတ်သတ်တဲ့သူမှာ ထီပေါက်တယ် ဆိုတာ ရှိလို့လား...တခုခုပဲ...ကျွန်တော်ထင်တယ်နော် တခုခုပဲ....။
ဆန့်တငင်ငင် ဖြစ်မှာစိုးသမို့ နောက်တပုဒ်တင်မှ လာဖတ်တယ်...
ဂန့်..ဂန့်..ဂန့်...
းဝ)
ဟုတ်ပဗျာ..ဆန့်ငင်ငင်ဖြစ်နေတယ်ဗျာ။ဆက်လုပ်ပေးပါအုံး...ဘာတွေထပ်ဖြစ်လာနိုင်မလဲဟင်
Post a Comment