ကိုယ့်ကြမ္မာ ကိုယ်ရွေး
ကိုယ့်ကမ္ဘာ မှာ ကိုယ်ပြေးရင်း
ကိုယ့်ဒါဏ်ရာ ကိုယ်ဆေးဖို့ 
ကိုယ့်ကဗျာ ကိုယ်ရေးခဲ့ တာ
ဒါတွေဟာ ကိုယ့် အမေး
ကိုယ့် အတွေး ကိုယ့် အသွေးတွေ ပဲပေါ့ ။
ဘေးလူ တွေ မထိခိုက်စေဘူး ၊
တွေးပူပြီးလည်း ရှိုက် မနေဘူး ၊
သွေးဆူပြီးလည်း မိုက်မနေဘူး ။
အတိတ်က မကြိုက်တာတွေ
ပစ္စုပ္ပန်မှာ ပန္နက် မရိုက်ပါလေ ၊
ထိုက်တန်တဲ့ အနာဂတ် တွေသာ
ကိုယ့် အတွက် တိုးတက် ပိုင်ဆိုင်ပါရစေ ။
(စိတ်ဓါတ်ကျတဲ့ အချိန် ကိုယ့်အတွက် ကိုယ့် ရဲဆေး ကိုယ်ဟာကိုယ်ဖေါ်စပ်ထားတာ ...)
ပုံတွေကို google search မှ ယူသုံး ထားတာပါ ။။
►Posted by
:kiki
:
at
7/26/2009 05:09:00 PM
Subscribe to:
Post Comments (Atom)
15 comments:
11111111111111111111
လဲကြတဲ့အကြိမ်အရေတွက်ထက်
ပြန်ထတာတကြိမ်ပိုရင် အောင်မြင်ပြီ
ဟီး(ကြားဖူးနားဝ)
ဖွားကိ၏မိတ်ဆွေဖြစ်ခြင်သော
ကြယ်လေး
thank u so much
ဖွားကိ၏မိတ်ဆွေဖြစ်သွားသော
ကြယ်လေး
ခိုက်သွားတဲ့စာကြောင်းကလေးတစ်ခုကတော့...........
အတိတ်က မကြိုက်တာတွေ
ပစ္စုပ္ပန်မှာ ပန္နက် မရိုက်ပါလေ ၊
ထိုက်တန်တဲ့ အနာဂတ် တွေသာ
ကိုယ့် အတွက် တိုးတက် ပိုင်ဆိုင်ပါရစေ
......အဟိ့ ကြီးကြီးကိ့ ကဒါလည်းရတာပါပဲလား
အရှိန်တွေတတ်လာပြီနော်......ဆက်လုပ်ဆက်လုပ်
ကိုယ့်ဒါဏ်ရာ ကိုယ်ဆေးဖို့ 
ကိုယ့်ကဗျာ ကိုယ်ရေးခဲ့ တာ
ဒါဏ်ရာဆေးဖို့ အဲဒီကဗျာက..
အိုင်အိုဒင်းလား
ယူဇောလား...
စစ်သားတွေကတော့ ရှေ့တန်းမှာ
ရှူရှူးနဲ့ ဆေးတယ် ပြောတယ်...
ကိကီကဗျာကရော
ယူရီယာဓာတ် ဘယ်လောက်ပါသလဲ...
းဝ)
ဘေးလူ တွေ မထိခိုက်စေဘူး ၊
တွေးပူပြီးလည်း ရှိုက် မနေဘူး ၊
သွေးဆူပြီးလည်း မိုက်မနေဘူး ။
ဒီစာသားလေး ကြိုက်တယ်..မမကိ
မမကဗျာလေး..က..ဖတ်ပြီးရင်းဖတ်ချင်ရင်း..
ပါးစပ်ထဲ..စွဲသွားတယ်..
ပထမဆုံးဖတ်ဖူးတဲ့ မကီရဲ့ ကဗျာလားမသိဘူးဗျ....။
ကဗျာလေးကကောင်းပါတယ်...
မနေနိင်လို့ မေးမိတယ်
ရဲဆေး ဆိုတော့ စစ်သားဆေးရော ရှိသေးလား :)
ရဲဆေးလေးကိုခိုက်သွားတယ်... :)
ဖွားကိ ဒါမျိုးတွေလဲ ရတယ်နော် ချီးကျူးတယ် ဗျာ လူသားအားလုံးကို လေးစားတယ် (ကျော်ဟိန်းလေသံ ) အဟက်
ကဗျားလေး အရမ်းကောင်းလိုက်တာ
စိတ်ညစ်နေတာနဲ့ အတော်ပဲ
စိတ်ညစ်တာတွေ တွေးနေတဲ့အတွေးလေး တခြားလမ်းကြောင်းပြောင်းသွားတယ်............
ကျေးဇူးတင်ပါတယ်
တယ်ဟုတ်ပါလား။
လက်တွေတက်နေပါလား။
ကြိုက်စ် ရောက်စ် မန့် စ် ပြန်။
မအယ်
ကဗျာကကိုယ်ပိုင်လားဗျ
ဒါမျိုးလည်းရေးတတ်သေးတာပဲကိုး
ကောင်းပါ၏
ထိုက်တန်တဲ့အနာဂတ်ကို တလုံးတဝကြီးပိုင်ဆိုင်နိုင်ပါစေခင်ဗျ
ဝါးးးးးးးး ကောင်းလိုက်တာ ဘွားကီရာ ။ တအားသဘောကျသွားတယ်။ ဒီလိုမျိုးလေး များများရေးပေးပါဦး
ကဗျာဆရာမကိကီ...
အား...
အဲလိုကြီး ခေါ်ရတာ သိပ် မနိပ်သေးပါဘူး...
ကဗျာတွေအတွက် နံမည်လှလှလေး တခုတော့ ရှာပါဦး...
ကြယ်ငါးပွင့်ပေးသွားတယ်...း)
ATN
ကြိုက်တယ် မကီးးးရေးးးး
ဘေးလူ တွေ မထိခိုက်စေဘူး ၊
တွေးပူပြီးလည်း ရှိုက် မနေဘူး ၊
သွေးဆူပြီးလည်း မိုက်မနေဘူး ။
အတိတ်က မကြိုက်တာတွေ
ပစ္စုပ္ပန်မှာ ပန္နက် မရိုက်ပါလေ ၊
ထိုက်တန်တဲ့ အနာဂတ် တွေသာ
ကိုယ့် အတွက် တိုးတက် ပိုင်ဆိုင်ပါရစေ ။
တိုးတက်ပိုင်ဆိုင်ကြပါစေးးးးးး
ကဗျာလေးကြိုက်တယ်....
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
Post a Comment