“သူခိုးဖမ်းပေးသည့် သရဲ ” ပြီးခဲ့တဲ့ အပတ်က မလေးရှားနိုင်ငံမှာ အိမ်ရှင်ကို ကူညီသည့် သူရဲ အကြောင်း ထူးဆန်းအံ့သြဖွယ် သိရပါတယ်။ ဖြစ်ပွါးပုံမှာ သူခိုး တယောက်ဟာ အိမ်ရှင်များ ခရီးထွက်သွားစဉ် ညဘက်မှာ အပိုင်ဝင်ရောက်ဖောက်ထွင်း ခိုးမှု လုပ်ပါ တော့တယ်။ အိမ်ရှင် ပြန်ရောက်တော့ အိမ်ထဲမှာ အစာရေစာပြတ်လပ်ပြီး အင်အားချိနဲ့ နေတဲ့ သူခိုးတစ်ယောက်ကို ခိုးထုပ်ခိုးထည် ခိုးရာပါပစ္စည်း အပြည့် အစုံနဲ့အတူ တွေ့ ရတာကြောင့် ရဲစခန်းကို အပ်လိုက်ပါတယ်။ ရဲက သူခိုးကိုစစ်ဆေးရာမှာ သူခိုးက သူ့ကို အဲဒီအိမ်မှာ ဖမ်းတာခံလိုက်ရေကြောင်း ရဲစခန်းမှာ ထူးဆန်းဖွယ် မယုံနိုင်ချင် စရာ ဖြောင့်ချက်ပေးပါတယ်။ သူခိုးကရဲကိုဖြောင့်ချက်ပေးအစစ်ခံပုံကတော့-- အိမ်ရှင်တွေ မရှိတာကိုအပိုင်တွက်ချက်ပြီး အ်မ်ကိုညဘက်ဝင်ရောက် ဖောက်ထွင်းပါသတဲ့။ ပစ္စည်းတွေ ထုပ်ပိုးပြီးတော့ အိမ်က ပြန်အထွက်မှာတော့ မမြင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နောက်ကနေတွန်းလှဲပြီး အိမ်အပြင် မထွက်နိုင် အောင် တား ဆီးပါတော့တယ်။နောက်တော့ သူခိုးက သူ့ကိုဖမ်းတဲ့ သူကို ရှာတယ်။ အမှောင်ထဲမှာ ဘယ်လိုမှ မမြင်ရဘူး။ မနက် မိုးလင်း တော့ ပြတင်းပေါက်က ခုန်ချဖို့ လုပ်ပြန်တော့ နောက်ကနေ ဆွဲထားပြန်တယ်။ ဒါနဲ့ ဗိုက်ဆာလို့ မီးဖိုထဲက အစားအသောက်တွေ ယူစားမယ်လုပ်ပြန်တော့ ဘာမှ စားသောက်လို့မရနိုင်အောင် သူ့ပါးစပ် ဟလို့မရအောင် လုပ်ထားပြန်ပါသတဲ့။ သူခိုးက ပစ္စည်ေးတွ ယူပြီးပြေးဖို့ကြိုးစားပြန်တော့ အိမ်ကြမ်းပြင်ပေါ် တွန်း အလှဲခံရ။ အစားအသောက်ကြပြန်တော့လည်း ယူစားလို့ မရနဲ့  သူရဲက အမျိုမျိုးလုပ်ထားတာကြောင့် နောက်ဆုံး အားပြတ်ပြီး ၄ ရက် မြောက်မှာ အိမ်ရှင်တွေ ရောက်လာပြီး အခုလို အဖမ်းခံလိုက်ရတာပါတဲ့။ ကဲ ယုံကြရဲ့ လား။ (ယုံ လို့  ရ ပါသေးတယ် နော် ) ဗွီအိုအေ သတင်း==(၁၆။၁၂။၀၈) မနက် ၆.၃၀ ။ အပေါ်က ပုံလေးကို ဒီက ယူထားပါတယ် ။ ---------------- အချစ်ကို စိတ်နာပြီး ရုရှား လူငယ် ၂ဦး ကိုယ့် ငယ်ပါ ကိုဖြတ် မော်စကို မတ် ၂၆ ရုရှားနိုင်ငံ မော်စကိုမြို့တွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးမှာ ဆန့် ကျင်ဘက် လိင်များကို စိတ်ကုန် သဖြင့် ၄င်း၏ ငယ်ပါအား ကတ်ကျေးတစ်လက်ဖြင့် ဖြတ် တောက် ဖယ်ရှား မှု ပြုလုပ်လိုက်ကြောင်း Pravda သတင်းဖော်ပြချက်အရ သိရသည်။ မိမိအနေဖြင့် မည်သည့် အမျိုသမီးနှင့်မျှ ဆက်ဆံမှု မပြုလိုသဖြင့် ကတ်ကျေးကိုအသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း၊ မိမိအော်ဟစ်သံကို ကြားရပြီးနောက် မိမိအားနီးရာဆေးရုံသို့ အချိန်မှီ တင်ပို့ခဲ့သည့် အိမ်နားနီးချင်းများကို ကျေးဇူး တင်ကြောင်း အဆိုပါအမည်မဖော်လိုသူ ကာယကံရှင်က ပြောကြားသည်။ အဆိုပ် ပုဂ္ဂိုလ်မှာ အန်ဒရီအမည်ရှိ ၄င်း၏ချစ်သူ မိန်းကလေးနှင့် စကားများ ရန်ဖြစ်ပြီးနောက် အထက်ပါအတိုင်း ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံတွင် မကြာသေးမီကလည်း စပါးတပ်စ် မော်စကို မသန်စွမ်းဘောလုံးအသင်းမှ ဘောလုံးသမားတဦးမှာ ကတ်ကျေးအသုံးပြုပြီး ဖယ်ရှားမှု ပြုလုပ်ခဲ့သေးသည်။ Foreign Affairs vol1 /No 7 (အဲဒါလေးတွေ ကတော့ ဖြစ်တတ်စွာ .. ဖြစ်တတ်စွာ ...ရုရှ ပြည်ရောက် ပြည်ချစ်သားများ အတုယူ မမှားကြစေလိုပါ ။ ဖုန်းကညာ တပါး လုံး ရာ မှ ပြား ဆိုလျှင် .....) -------------------------------------------------------------------------------------------------------------------------- ဒီနေရာ မှ ဒီသတင်းတွေ ကို ရယူ ထားခြင်း ဖြစ်ပါတယ် ။
22 comments:
အဲဒီ သရဲမျိုး ဘွား အိမ်မှာမွေးထားလား?? နောက်အပိုင်း ၂ မျှော်နေ၏။
ဖွားကီရေ.. အပေါ်က သူခိုးဖမ်းတဲ့ သရဲကို ဈေးကွက်ထဲ မှာ မရောင်းဘူးလားဗျို့ .... အောက်က ဇတ်လမ်းကတော့ ... ကြောက်ခမန်းလိလိပဲဗျို့ ... စိတ်ကုန်သွားတဲ့ သတ္တိ လို့ ထင်ပါတယ်..
ဟဟ သရဲမဟုတ်ဘူးအဲဒါ ဥစ္စာစောင့် သူခိုး ခိုးသွားတဲ့အထဲမှာ သူ့ပစ္စည်းပါလို့နေမှာ....
ဖုန်းကညာတစ်ပါး လုံးရာပြားသည့်အထဲ မြန်မာတွေ မပါပါဘူးဗျာ....
အပြောနှင့်မပြီး... လက်တွေ့ပြမှ ယုံမှာဖြစ်ပါကြောင်း... ဖွားကိဆိုသူဟာ ငယ်ငယ်က ယောက်ျားလေးပါဆိုတာကို အားလုံးသိအောင် လက်တွေ့ပြပါ...
ဟိုလူမေးငေါ့ ဒီလူမေးငေါ့.. အဲဒါ
ကိုလူထွေး...ပေါ့
အောင်မငှီးးးးးးးးးးးးး :P:P:P
အဲလောက်တော့သားကြီးတို့သတ္တိမရှိပေါင်ဗျာ
အဲလိုကြီးဖြစ်သွားမှတော့
“သေတာမှပင် သြော်ကောင်း၏”ဆိုပြီး
ဇွန်းထဲရေခပ် နှာခေါင်းနှစ်သတ်လိုက်မယ်
ကိုယ့်ကိုကိုယ် :P
ကြံကြံဖန်ဖန် သတင်းထူးတွေ ကိုယ့်အစ်မ အလွန်ရှာတတ်
ဟဟဟ ဂယ်ပဲ ဂယ်ပဲ ထူးဆန်းတယ် သတင်းတွေကတော့ ဟွန်းးး များက အိမ်မှာ ၁ ယောက်တည်းပါဆိုမှ သရဲအကြောင်းပြောတယ် မအိပ်ရဲရင် သူ့ကြောင့် ဟွန်းးး
ဘိုင်
သရဲ တောင်မွေ: ထားရမလို ဖြစ်နေပီ
ဟား ဟား
ရုရှား မှာ အဒါတွေ သင်လာအုံးမယ်(ပညာ)းP
-စ်သမီး ပေါ့
ငယ်ပါ ဖွားဘက်တော်ကိုတော့ ဘာအကြောင်းနဲ့ ဖြစ်ဖြစ် ဖြတ်ပါဘူး....
ကိုယ့်ရဲ့ငယ်ပွားလေးကိုနော်
သနားပါတယ်...
အဟီးးးး
သရဲလဲဖမ်းဘူး
မျက်နှာမြင်ရင် သရဲက ကြောက်တယ်ဆိုတော့လေ...
ဖမ်းစရာလိုတော့ဘူး ပြေးနေတာတန်းနေရောပဲ
အဟီးးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ကြောက်စရာ အထူးအဆန်းသတင်းတွေကိုလာဖက်သွားပါတယ် မမ ရေ။
ကြောက်တတ်ပါတယ်ဆိုမှ
ဖြတ်လိုက်တဲ့ ငယ်ပါတွေကို fighting ball ဆိုပြီးရောင်းစားပစ်ရမယ်။
ဟယ်သတင်းနှစ်ခုလုံးကထူးထူးဆန်းဆန်းတွေကြီးဘဲ
အမလေးတော်
သူ့ရည်းစားတစ်ယောက်ကို စိတ်နာတာနဲ့ဘဲ လူညွန့်တုန်းအောင်လုပ်ပစ်လိုက်တယ်တဲ့.
ကြောက်ခမန်းလိလိပါဘဲ
အမလေးတော်
သူ့ရည်းစားတစ်ယောက်ကို စိတ်နာတာနဲ့ဘဲ လူညွန့်တုန်းအောင်လုပ်ပစ်လိုက်တယ်တဲ့.
ကြောက်ခမန်းလိလိပါဘဲ
ဘုရား ဘုရား..ကြားရတဲ့ သတင်းတွေက..ရင်ထိတ်စရာတွေပါလား....
သူရဲ ကတော့ အိမ်စောင့်ပေးပစေ...မလိုချင်ဘူး... ဟိဟိ အောက်က သတင်းတွေ ကတော့... ရီချင်စရာပဲ
ကြီးတော်ကီ အဲလိုသရဲမျိုး မဆိုးဘူးနော်။ အသုံးတော့ ၀င်သားပဲ။ မွေးရင်ကောင်းမယ်။ ဟိး ကြောက်တယ်။
ရောင်
စာလာဖတ်သွားပါသည်
ဒီလို သရဲလဲ ရှိတာပဲကိုး
သရဲတော့မဟုတ်နိင်ဘူး ဥစ္စာစောင့်ပဲ ဖြစ်မယ်
သူ့ဥစ္စာသူမစောင့်ဘဲ အိမ်ရှင်ဟာ စောင့်ပေးတာကိုး...။
၃၇ နှစ်က လူငယ်တဲ့လားမကီရဲ့
အခုလောက်ဆို ဖြတ်လိုက်တဲ့သူ ယိုးဒယားရောက်နေ လောက်ရောပေါ...။
ပေါက်ပေါက်ရှာ ရှာ တင်ပေးတဲ့ မကီ နံပါတ်၂ မှာ ဘာဖြတ်တဲ့အကြောင်းလာအုံးမလဲ...
တော်တော်ဆိုးတဲ့ လူပဲ.... ဂလောက်တောင်ပဲ စိတ်နာရလား... လူပေါင်းမှားတာ တော်တော် ဆိုးပုံရတယ်... ဟိ...
သူရဲလဲ.... စိန်ပြေးတန်းကစားရတာ တော်တော် ပျော်သွားပုံရတယ်နော်... ဟိဟိ... သူခိုးကိုကြည့်ပြီးရီနေမှာပဲ...ဘရုတ်သရဲ... ဘရဲသရုတ်...
ပထမသတင်းကတော့ သဘောကျစရာ။ သူခိုးခမျာတော့ တော်တော် ခြောက်ခြားနေမှာပဲ။ နောင် ထပ်ခိုးဆိုရင်တောင် ခိုးရဲပါတော့မလား မသိဘူး။
ဒုတိယသတင်းကတော့ ဖြစ်မှ ဖြစ်ရလေလို့ပဲ ပြောရတော့မှာပဲး)
ရှာရှာဖွေဖွေတွေ ဝေမျှပေးတာ ကျေးဇူးပါပဲ Kiki ရေ
အစ်မကြီးကိ့ရေ....လာဖတ်မိတာမှားပြီထင်တယ်. ညတစ်ခေါင်ဘာလုပ်ရမှန်းမသိလို့အစ်မစာကိုလာဖတ်မိပါတယ် အပြင်မှာကလည်းမှောင်မှောင်ကြီးထဲမှာ သစ်ကိုင်ကလှုပ်တုတ်တုတ်နဲ့ commentရေးရတာတောင်လှုပ်တုတ်တုတ်ဖြစ်လာပြီ ...အဟီးးးးးးးသူများကြောက်လာပြီ အစ်မလုပ်လို့.....ဟီးးးးး ရွှတ်ရွှတ်...ပြေးမှပဲ.......
နောက်သတင်းတစ်ပုဒ်ကလည်းဘာကြီးမှန်းကိုသိတော့ဘူးမျက်စေ့ပိတ်သွားပြီ ဖတ်တော့ဘူး ......သူများကအသည်းငယ်တတ်ပါတယ်ဆို....သွားပြီအစ်မရေ.....
ပို့စ်ရေးတာ ကြိုက်သလို လွတ်လပ်စွာလူတိုင်းရေးလို့ရတယ်..ဒါပေမယ့် ရုရှားက မြန်မာတွေကိုတော့ တိုက်ရုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ကြောင်တောင်တောင်စကားလုံးများ မိန်းမတစ်ယောက်ရဲ့စောက်ကျင့်အတိုင်း ရွှဲ့သလိုလိုစောင်းသလိုလိုစကားမျိုးမပြောပါနဲ့...ဘာလို့လည်း ဆိုတော့ ရုရှားကကောင်တွေက မင်းတို့ကို ဘာမှ ရန်စရန်ပြုနေတာမဟုတ်သလို ရုရှားကမြန်မာတွေက သန်းရွှေလည်းမဟုတ် အာဏာရှူးလည်းမဟုတ်ဘူး တိုင်းပြည်ကိုအုပ်ချုပ်မယ့်ကောင်တွေလည်းမဟုတ်ဘူး...အဲဒီတော့ သန်းရွှေ့ကိုပြောချင်ပြောပါ..ရုရှားကကောင်တွေတော့ လာမထိနဲ့...okay?
Post a Comment