သွားဆိုတာ ဘာလည်း ၊ ဘာ လုပ်ဖို့ လည်း ။ ( တယ်လေ ..သွားပါဆို နေမှ မသွားသေးဖူး ။ ပေကပ်ကပ်နဲ့  ရပ်နေသေးတယ် ..)သွား ဆို တာ အဓိပ္ပါယ် အမျိုးမျိုး ရှိတယ်လေ Go = သွားသည် ၊ ကြိယာ ဝိသေသန ပါ Teeth( Tooth) = ကိုက်ဖြတ်ဝါးခြေနိုင်သော အရာ ၊ နာမ်နာမ ဝိသေသန ပေါ့
ခုပြောမဲ့အရာက သွားဆိုတာ ပါးစပ်ထဲ မှာတည်ရှိသော ၊ အစားအစာ များကို ကိုက်ဖြတ်ဝါးခြေ နိုင်သော သွား ပါ။ အရွယ်ရောက် ပြီးဖြစ်တဲ့ လူ တဦးမှာ သွား ဘယ်နှစ်ချောင်း ရှိပါသလဲ ။
( မသိသူများ ဂျပန်က ဘလောဂါ အကျော်အမော် မမ တဦးထံတွင် မေးမြန်းစုံစမ်းပါ ။ အဟက် ။ )
ပညာ မရှိတဲ့သူတွေမှာ လည်း ပညာရှိတဲ့ သွားတွေပေါက်ကြ ပါတယ် ။ Wisdom Teeth တဲ့ လေ .. ခေါ်တာတောင် မှ ကြည့်  ပါလား လို့ ။သူက ပညာရှိ မို့ လို့  နောက်ဆုံးမှ ပေါက် ပြီး နောက်ဆုံး မှာနေတာလေ ။ အသက် ၁၇ နှစ်မှ ၂၁ နှစ်အရွယ် အတွင်းပေါက်တတ်ကြတာ။ အဲဒီ ပညာရှိသွား ၄ ချောင်းပါ ထည့် တွက်ရင် အားလုံးပေါင်း ၃၂ချောင်းပေါ့ နော် ။(၃၆ ချောင်းဟုတ်ဖူး ..အပေါ် အောက် တတန်းစီ ၁၆ချောင်း ..)
ကဲ .. အခု မှန် တချပ် ထ ယူ ။။ သြော်.. သွားလေ .. ဘာလို့ ဆက်ဖတ်နေရတာလည်း ? ?
မှန်ထဲ မှာကြည့်ပြီး ကိုယ့် မှာ သွားဘယ်နှစ်ချောင်းပေါက်ပြီးပြီလည်း ။ ဘယ်နှစ်ချောင်း ကျန်နေသေးသလည်း ။ဘယ်နှစ်ချောင်း ပိုးစားနေသလည်း ။ ပညာရှိ သွားကြီး ၄ ချောင်း ရှိနေသေးလား ။။ ပြန်စစ်ကြည့် ကြပါ ။
ဟိဟိ။။ စစ်ပြီး ပြီလား ။ ? ? ( သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေး လက်ချာ မဟုတ်လို့  ဘယ်လို သွားကျန်းမာအောင် နေရမယ် .စားရမယ် ။သန့် ရှင်းရေးလုပ် ၊ ဂရုစိုက်ရမယ် ဆိုတာတွေ တော့ မပြောတော့ပါ ။ကိုယ့်ဟာကိုယ် ပဲ ရှာဖတ်ကြပါ ။ ဘော်လီဘော ပုတ်ထုတ် လိုက်ပါပြီ )
သွားပိုးစား ပိုးထိုး နေရင် အမြန်ဆုံးကုသပါ ။ နဲနဲလေး ကျင်လာတာနဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်ဆီ သွားပြီး စစ်ဆေး ၊ လိုအပ်တဲ့ ကုသမှု ကို ခံယူပါ ။
များသော အားဖြင့်တော့ သွားဆရာဝန်ဆီ သွားရမှာ ၊ ဂဒီ ဂဒီ စက်ကြီးနဲ့  ဟိုပွတ် ဒီပွတ် လုပ်တာ ။ သွားနှုတ်ရမှာ ။ ထုံဆေးထိုး ရတာ တွေးပြီး ကြောက် နေကြတာ နဲ့ ပဲ အချိန်တွေ ကို တတ်နိုင်သလောက်ဆွဲ ပြီး ၊ မနေနိုင် မထိုင်နိုင် ဖြစ်တော့ မှ သာ အပြေးအလွှား လေး သွားဆေးခန်း ပြေး ကြတာ ပေါ့ လေ။
သွား ဆေးခန်းလေး နဲ့ သွားဆရာဝန်ကိုတော့ ရွေးဖို့ လိုအပ်ပါတယ် ။ သွားဆေးခန်းတွေရဲ့  ဈေးနှုန်းတွေ ။ ဆေးဖိုး ၊ ဝါးခ။ လက်ခ တွေ ကလည်း တနင့် တပိုးကြီး ပေးရတယ် ။
ကိုယ်နေထိုင်တဲ့  တိုင်းပြည် ၊ နိုင်ငံ အရ ပေါ့ နော် ။ ပိုက်ပိုက် ရှိသူများက ဆေးခန်းကောင်းကောင်း ။ ဆရာဝန်ကောင်းကောင်းတွေနဲ့ ကုသခွင့်ရကြတာ ကံကောင်းလိုက်ကြတာလေ ။ တော်ရုံ တန်ရုံ လူလတ်တန်းစားတွေလည်း သူ့  ဟာနဲ့ သူ အထိုက်အလျှောက် ကံကောင်း နေပါသေးတယ် ။ Medicare card နဲ့ Insurance တွေ ရှိကြသူ တွေ အတွက်တော့ သက်သာတာပေါ့ ။
ခု စာဖတ် နေတဲ့ အသင်ဟာ အိန္ဒြိယ နိုင်ငံ ( ကုလားပြည်)မှာ နေထိုင်သူ မျက်နှာမွဲ မဟုတ်ဖို့ တော့ သေချာပါတယ် ။ (၁၀၀ % သေချာတာပေါ့ ။ ဟုတ်နေတဲ့သူကလည်း ဒီ ဘလောဂ် လေးကို ဘယ်မှာ လာ ဖတ်တတ်ပါ့ မလည်း နော်)။ ဒီတော့ ကိုယ်မတွေ့  ကြုံရတဲ့ နာကျင် မှုလေး ကို စာနာ သနား စိတ်လေးနဲ့  ဒီအောက်က ဗီဒီယို တို လေးကို ကြည့် ပေးပါ နော် ။
အပေါ်က ပုံလေးကို ဒီနေရာ က နေယူထားတာပါ ။
http://dentistry.about.com/od/toothmouthconditions/ig/Dental-Photo-Gallery/Dentures.htm
အန် မ လေး ။။။ သနားလည်း သနား စရာ ။ စိတ်လည်း ညစ်စရာ ပါလားကွယ်။။ ပလက်ဖေါင်း မင်းသား သွားဆရာ ဝန် နဲ့  လူ နာ ရယ် .
ယင်တလောင်းလောင်းနဲ့  ။ ဆေးထိုးအပ်ကလည်း ကူးစက် ရောဂါတွေ ဖြန့် ဝေပေး မဲ့ ပုံ ကြီး ပါလား။
ကဲ ....ဘယ်လိုလည်း ...အဲဒီသွားကြမလား ဟေ ....ဟိဟိ ဒစ်စ်ကောင့် ပေး နေတယ်တဲ့ ။ buy two get one free ! ! တဲ့  ။
၂ ချောင်းနှူတ် ရင် အလကား ၁ ချောင်း အပို နှူတ်ပေး မှာ တဲ့  ။ သွား ပြီး သွားလုပ်လိုသူများ စာရင်း ပေးနိုင် ပြီ ။
►Posted by
:kiki
:
at
7/22/2009 01:09:00 PM
Subscribe to:
Post Comments (Atom)
17 comments:
အမ ရေ သွားတွေရော့နေတယ်
တချို့ဟာတွေလဲအပြည်. မပါဘူး ဗျ
လူတစ်ယောက်မှာပေါက်ရမယ့်သွားက တကယ် ၃၆ ချောင်းလား...။ ၃၂ ချောင်းလားဟင်....။
sdl
ကြည့်ရတာ နှလုံးမကောင်းလိုက်တာ အမရယ် .. :(
ငယ်ငယ်က သွားနှုတ်ရတာကို သတိရမိတယ် ... :P
မကီးကီးရေ ... India က အရမ်းတိုးတက်နေတာပဲနော်...ဒါနဲ့ အထက်က Denture ကို မြန်မြန်ပြန်တပ်လိုက်အုံနော် .. တော်ကြာ အပြင်သွားရင် ... မကီကီ အဲ့ဒါကြီး မေ့ကျန်နေအုံးမယ်နော်...
အောင်မလေး
မကြည့်တော့ဘူး
ကျော်သွားတယ်
တွေးပြီးတောင် ကြက်သီးထတယ်း(
ကို sdl သို့ .... (အနော်နီးမတ်စ် ဆို လို့  ပြန်လာဖို့ လမ်းစရှာလိုက်ဦးမယ် )
ဆောရီးပါ ရေပြီးသေချာမစစ်မိတာ ..ခုလို သတိပေး မေးလိုက်လို့ကျေးဇူးတင်ပါတယ် .. တကဲ့  Permanent teeth က ၃၂ ချောင်းပါ Wisdom teeth ၄ ချောင်း အပါအဝင်ပေါ့ ။ ရေးတာမှားပြီး ၃၆ ဖြစ်သွားပါတယ် ။ ခု ပြန်ပြင်ထားလိုက်ပါပြီ ။
နောင်ဆို သေချာ ပြန်စစ်ပါမယ် ။
ကျေးဇူးတင်လျှက်
ကိကိ
ကြောက်တက်တယ်..ဟိုတခါ အိမ်သာထဲ မှာ အင်္ဂလိပ် မကြီး ကရုတ်တရက်..သွားတုကြီး ချွှတ်ပြီး ပလုပ်ကျင်းတာ တောင် သွားကိုကြည့်ပြီးကြောက်သွားတယ်
သွား ကြည့်တယ်အစ်မရေ
ခရီးတော့မရောက်ဘူး အညှီနံရတယ်
သွေးစုပ်ဖုတ်ကောင်သွားကြည့်မိလို့
မမကိ
မီးမီး ကြောက်ကြောက်.....။
နောက်နေ့ သွားဆေးခန်း သွားရမှာ ခတ်လန့်လန့်ဗျ ။
ချစ်တဲ့
ညီမဂျစ်
နောက်ဆို GO လို့ပြောမှ နားထောင်မယ်... ဒါဘဲ...
ယောင်တောင်ပေါင်တောင်နဲ့ မှန်ထယူဦးမလို့ပဲ ...
နောက်တော့လဲ ဂလိုပဲ ယောင်တောင်ပေါင်တောင်နဲ့ပဲ မယူဖြစ်တော့ဘူး....ဟိဟိ....
အောင်မလေး တော့် လို့ အော်လောက်ပါပေတယ်။
တော်ပါသေးရဲ့ ... ကျမ သွားတွေက မကောင်းဘူး။
နှင်ပါနဲ့လားကွယ် သွားပါဘူးဆို
သွားဘူး သွားဘူး :P
The Dentistကားကြည့်ပြီး သွားဆရာဝန်ဆိုလန့်နေတာ ခုထိပဲ
အောက်ကဗွီဒီယိုက ဘောလိဝုဒ်ကThe Dentistကားအသစ်ဖြစ်လိမ့်မယ်ထင်တယ်
သွားနှုတ်တာ ထန်းကနဲနေတာပဲ ဟဟ
သွားဆေးခန်းနဲ့ အဆက်အဆံမလုပ်ပါဘူး။ ကြောက်လို့။ အခုမှ ပိုးစားနေတဲ့သွားလေ ပိုကျင်လာသလိုပဲ။ :) အဲဒီdiscount ပေးတဲ့ ဆေးခန်းလေး လမ်းညွှန်ပေးပါလား။
နောက်ဆို ဂ၇ုစိုက်တော့မယ်နော်။ အပ်နဲ့ထိုးရမဲ့ကိစ္စ ပုဆိန်နဲ့ ပေါက်ခံရမှာ စိုးလို့
အဲဒီအမျိုးသမီးကိုသနားလိုက်တာ...
သွားတုကြီးက ဖွားကိတပ်တာလား???း)
အဲဒီ သွားနုတ်လိုက်တဲ့ ကုလားမ ကရော ခုထိ အသက်ရှင်သေးလားဟင်???
ဗီဒီယိုထဲက အဲဒီအမျိုးသမီး သနားပါတယ်နော်။
မရေ..သွားတွေကို အမြဲဂရုစိုက်ပါ့မယ်။
ဖွားကိရေ ဟဟဟ အတော်ပဲ အိမ်ကအကို သွားကိုက်နေတယ် ဆိုပဲ အဲကို ပို့လိုက်မယ် (ဟိဟိ အဲဂလိုချစ်တာလေ အကိုကို) ဟဟဟများကတော့ အမြဲတမ်းသွားကို ကြည့်တယ် ဟိဟိ ယုံလားမသိဘူး မယုံရင်ပုံပြင်မှတ် ဒါပဲ (ဘာမှလှန်မပြခဲ့ပါ)ဘိုင်
Post a Comment