ကမ္ဘာမြေတခွင် သတ္တဝါတွေစုံလင်လှပေလို့ 
တနေရာ တရွာစီနေကြ ကိုယ့်ဘဝ ကိုယ်ခုံမင်စွာပ
ဆုံကြတာ ရှေးရေစက်ပါမို့  ထူးလှပေသား ။
တမြေစီဝေးနေရပေမဲ့  တွေးဆကာရေးကြပါတဲ့  စာတသွင်၊
ဘလောဂင် ချက်တင်တွေစုံပါဘိ၊
အကုန်ရှာကြည့် ပုံပမာရှိတာသိ၊
ယုံစရာမရှိ ကြုံတာတွေလေ
အကြင်နာတွေ ဝေဖြာလို့  ရင်မှာငြိတဲ့  သံယောဇဉ် ။
တရက်မဝင် ဒီဘလောဂင်ဆိုတာများ ၊
အပိုမကြွား နိုးနိုးကြားကြား ကြိုးစားပြီးတောင်၊
ဖိုးရိုး ဖါးရား ပြေးလွှားကာ ဝင်ကြည့်၊
သူခိုးသားလို ကြိုကြားတိုးကာ ဝင်ကြည့်၊
ရွာပြင်လူတွေ မြင်ရင်လေ မထင်ရပေဘူး ၊
ထူးထူးခြား ကိုယ့်ကြိုးစားပုံများ သြချလို့ သာသွား ။
အလုပ်အတွင်းက အပေါင်းအသင်း အတင်းပြောဖို့ အချိန်မရှိဘူး ၊
နေ့ ခင်းအားချိန် စားချိန်တောင်မှ ထိုင်ရာမထ ဘလောဂ်လည်ရ ။
ညစဉ် ညဝယ် ဘလောဂ်ရွာမယ် ၊
ဟိုဝင် ဒီထွက် ဘလောဂ်ရပ်ကွက် ၌၊
စိတ်ကြိုက်အော်ဟစ် သံစုံညှစ်လို့ ၊
စီဗောက်မှာ ခြစ် ကော်မန့် တစ် ။
အဖြစ်သနစ်အစ မနှစ်ကနဲ့ တူနိုင်ပါဘူး ၊
ဘေလာဂ္ဂင္မွာ ဝင္ရစ္မူး ။
သံသရာ တကွေ့  ကြံဖန်ကာတွေ့ ကြပါရဲ့ ၊
မမြင်ရပေမဲ့  ခင်ကြတဲ့  ခဏတာ၊
မကြားရပေမဲ့  စကားလေးတွေ ဖွဲ့ ကြပါလို့ ၊
သူမလာလည်း ကိုယ်သာပင်သွားမြဲ စီဗုံးထဲမှာ၊
စကားချိုသာ နှုတ်ဆက်ပါရ ၊
ကျန့် ခန်းသာလို့  မာပါစ ။
ဤသို့ ပျော်ရွှင် ဘလောဂင်အား၊
တမင်တကာ ထားမသွားပါနဲ့  အမှတ်တရများ ရဲ့ ၊
လက်တွေ့ ဘဝ ကိစ္စတွေ မရှုပ်တဲ့ အခါ ၊
ပြန်ခဲ့ပါ ဒီရွာလေးသို့  ၊
မျှော်ကာတွေးပြီး ပျော် နေမယ် ။
ဒီဘလောဂ်ရွာလေးထဲမှာ နေလာတာ နှစ်ဝက်ကျော် လောက် မှာ သိရ ခင်ခဲ့ ရတဲ့  မောင်နှမ များ နဲ့အတူ ပျော်ရွှင်နေခဲ့ ရတာ မသိမသာ နဲ့ မမြင်ရတဲ့ သံယောဇဉ်လေးတွေ တွယ်မိရပါတယ် ။ ရင်ဘတ်ချင်းတူသူများနဲ့  ပြောမနာ ဆိုမနာ ၊ သူ့ အိမ်ကိုယ်သွား ၊ကိုယ့်အိမ်သူလာ နှုတ်ဆက်စကားဆိုကြ ၊ နောက်ကြ ၊ ပြောင်ကြ ၊ကိုယ့်ရင်ဖွင့်သံတွေ ကို နားလည်ပေးကြ ၊ ဝမ်းနည်း စိတ်ညစ်နေကြချိန်မှာ အားပေးကြ ။ အကြံဥာဏ် ပေးကြ ။သိတာတွေ ဖလှယ်ကြ ။ ရှိတာတွေ ချကျွေးကြ နဲ့  တကယ့် မောင်နှမရင်းချာ ၊ ဆွေမျိုးရင်းချာ တွေလိုပါဘဲ ။ခင်ရာဆွေမျိုး လေးတွေပေါ့ လေ ။
်မိဝေး ဖဝေးမှာ အခြေအနေအရ နေကြရ သူတွေ တချို့ လည်း စိတ်ဖြေစရာ အနေနဲ့ ရေးကြတယ် ။တချို့ လည်း ယုံကြည်ရာတွေ ရင်ဖွင့်ကာ ရေးကြတယ် ။ကိုယ့် အမိနိုင်ငံ အတွက် အားမလို အားမရ ၊မချင့် မရဲ ခံစားမှုတွေနဲ့ ရေးကြတယ် ။ ကိုယ်တို့ တတွေ က တကယ့် ပီဘိ စာရေး ဆရာ စာပေပညာရှင်တွေ မဟုတ်ကြတော့လည်း စာအထားအသို ဌာန်ကရိုင်းမကျတာတွေလည်း ရှိကြတာပေါ့ ။ ဒါတွေကို အချင်းချင်း နားလည်မှုလေးများစွာနဲ့  ဒီ ဘလောဂ်လေးတွေထဲမှာ ပဲ ကိုယ်ပိုင် အချိန်တွေ ပေးပြီး ပျော်မွေ့ နေခဲ့ ကြရတာပါ ။ ဒီတော့ ပျော်ရွှင်အေးချမ်းလှတဲ့ ကိုယ့် ကမ္ဘာလေးထဲ မှာ ရှိ နေပြီးဖြစ်တဲ့  အရာလေးတွေ ကို ဒီအတိုင်းလေးပဲ ဆက်လက်ရှိနေစေချင်ပါသေးတယ် ။
ကိုယ် မနေ့ ညက မှ မမျှော်လင့်ဘဲ ဖတ်လိုက်ရတဲ့ ခဏတာ ဆိုတဲ့ ပိုစ့် ကလေး ကြောင့် စိတ်ထဲမှာ ဝမ်းနည်းသလို ခံစားမိလိုက်လို့  ဒီအပေါ် မှာတင်ပြထားတဲ့  ကဗျာ မကျ စာမကျလေး ကို မနည်း ဖြစ်ညှစ်ရေးဖြစ်သွားတာပါ ။ :((
18 comments:
ကဗျာကကိုယ်ပိုင်လားဗျ?
ကောင်း၏
မိဝေးဖဝေးနဲ့နေနေရတဲ့ကျနော်တို့လိုအဝေးရောက်လူတွေအတွက်တော့
ဒီဘလော့ရွာဟာ တွယ်တာစရာနေရာလေးတစ်ခုပါပဲ
တစ်ယောက်နဲ့တစ်ယောက်အပြင်မှာမသိကြပေမယ့် ဒီမှာရင်းနှီးသွားကြ စကြ နောက်ကြ အကြံဥာဏ်တွေပေးကြ ပေါသွပ်ကာတွန်းလင့်လေးတွေပေးကြနဲ့ တကယ်ပျော်စရာပါပဲ :P
မြန်မာပြည်မှာဘလော့ပိတ်သွားတာတော့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်
ဟိုက်???
ပထမရမလားလို့
သားကြီးဆိုတဲ့ကောင်ဦးသွားပြီကိုးးးး
နေနှင့်ဦးပေါ့ကွာ .... :P
ကိရေ... အဖြစ်က မနှစ်က နဲ့ မတူတာတော့ အမှန်ပဲတော်ရေ.... မကြာခင် counseling သွားရတော့မယ်...
ဟိုက်... ရေးနေတုန်းက ဘလူမှမရှိပါဘူး... ဟိုကောင်ဦးသွားဘီ... ကတောက်.....(ဟိ.. စတာ)
ဖျစ်မှ ညှစ်မှ ထွက်ရလေ... ပဲကြီးစေ့ရယ်...
အဲ.. ကိကီရယ်...
စိတ်ကြိုက်ဟစ်မယ်နော်... စိတ်မဆိုးဘူး မဟုတ်လား...
ကိကီကလိုက်ပြီး ရောယောင်နှုတ်မဆက်နဲ့ ဦးနော်...
ခင်တဲ့
းဝ)
ဖွားကိရေ များနဲ့ လာတူနေပါပီကွယ် များလဲ အားလုံ ဘလော့ဂ်ဂါ မောနှမတွေကို သံယောဇဉ်တွယ်နေတာနဲ့ မကြားရမမြင်ရ သံယောဇဉ်ဆိုတာ တင်ထားတယ်ကွဲ့ ခိခိ လာအားပေးလှည့်ဦးနော် ဟဟဟဟ
ဘိုင်
မရေ..........
ဟုတ်တယ်နော်မြူးလေးလဲ
အရင်ကတော့ ဘလော့လည်ဖတ်ရတဲ့
ရောဂါကုတာပါပဲလေ
ဒါပေမဲ့ခုတော့ ပိုဆိုးသွားပြီ
လက်လျှော့လိုက်ပြီလေ
ဆိုင်းဘုတ်တောင်ဖြုတ်လိုက်ရတယ်
ကဗျာလေးကဒီလောက်ကောင်းတာ
နော်းးးးးးးးးးးးးမမ
ချစ်တဲ့
မြူးလေး
မကီကီရေ အခုလို မအယ်ကို ကျနော်တို့ ကိုယ်စား စည်းရုံးပေးတဲ့ အတွက် ကျေးဇူးပါနော် ....
ဝါ့လားဝေ...... ကောင်းလှချည်လား ဒေါင်းမြကြည်ရေ..အဲ့..မကြီကိရေ...
ဘလော့ရွာကို ဟစ်ထားတာ အပီပဲ...
အဆင်လေး ဟေ့ ဟေ့
ခဏတာ ဆက်ဖတ်လိုက်ဦးမယ် ပြီးမှပြန်လာခဲ့မယ်
p.s မြန်မာလို ပြန်ရိုက်လို့ရရင် အိမ်လာခဲ့အုန်း
ဟားဟား..ရေးလည်းရေးတတ်ပါ့ .. မကိရေ..း)
တကယ်ကို သံယောဇဉ် တွယ်ရပါတယ်.... ဘယ်သူဆိုရင် ဘယ်လိုမျိုးလေး ဆိုပြီးတော့လေ..ရေးတဲ့စာပေါ်မူတည်ပြီးတော့ ပုံဖော်မှန်းဆပြီး ခင်နေရတယ်...အားလုံးကိုပဲ..။ တခါတလေ အံ့သြမိတယ်... ဘာလို့လဲ သံယောဇဉ်တွေများ ဆန်းပြားတယ်နော်..။း)
ခင်တဲ့ မေဇင်
မမြင်ရတဲ့သံယောဇဉ်ဆိုတော့ မျက်မှန်တပ်ကြည့်လေ။ :D
မျက်မှန်ဘယ်ထားပြန်ပလဲ။ :P
မမြင်ရတဲ့သံယောဇဉ်ဆိုတော့ မျက်မှန်တပ်ကြည့်လေ။ :D
မျက်မှန်ဘယ်ထားပြန်ပလဲ။ :P
မကိရေ...... ရေးလဲရေးတတ်ပါ့နော်။
ဖတ်ကောင်းလိုက်တာကွယ်။
တို့ တွေလည်းမမြင်ဘူးတဲ့ ဘလောဂါ မောင်နှမတွေကို ခင်မင်နေပါတယ်။ သံယောဇဉ်တွေ တွယ်နေရပါတယ်။
ပျော်ရွှင်ပါစေနော်။
အရမ်းကို အရေးအသားကောင်းပါတယ်
ဖတ်လို့လဲ ကောင်းပါတယ်
အနည်းအနဲ့အများနဲ့တော့ တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်တော့ ရှိကြမှာပါဗျာ
မကီရေ..သံယောဇဉ်ရောင်စုံတို့ နဲ့ အလှဆင်နေကြ
တဲ့ ဘလော့ (ဂ်)ရွာလေးအကြောင်းဖတ်လို့ ကောင်းဗျာ။
ဆရာမပြောသလိုကျွန်တော်လည်းအုန်းသီးရကတဲက
ညတိုင်း၁၂နာရီခွဲနေတာလေ၊မျက်တွင်းဟောက်ပက်
ဖြစ်ပြီး မနက်မနက်မျက်လုံးကိုအတင်းဆွဲဆွဲထုပ်နေ
ရတာလေ၊ကျွန်တော့ ရဲ့ စိတ်ပျက်စရာစာများကိုစိတ်
မပျက်ပဲဖတ်ပေးသွားတဲ့ မကီကိုကျေးဇူးနော်။ဘော်ဒါ
ကြီးဘောစိနောက်အပတ်ထဲပြန်လာမယ်။နောက်လဲ
ကျွန်တော့် ရဲ့ စိတ်ပျက်စရာစာများကိုအားယင်
မပျက်သေးတဲ့ စိတ်လေးနဲ့ ပဲကြုံရင်ဖတ်ပေးပါအုံးလို့ 
ဖွားကိရေးး။။။
တူတူဘဲ။ရင်နှင့်ရင်းပြီးဘလော့ခ်ကို သံယောဇဉ်ဖြစ်နေတာချင်း
ကောင်းတယ်ကဗျာလေး ကး)
ရင်နဲ့ ရင်းပြီး ကော်မန့် ပေးသွားပါတယ်.း))
Post a Comment