ကျန်းမာပျော်ရွှင် ဘလောဂင်း နဲ့ချက်တင် ရဲ့ နောက်ဆက်တွဲ အနေနဲ့ လို့ ယူဆ ရင်လည်း ရပါတယ်။
ကီးဘုတ်မှာ လက်အနေအထား မမှန်ရင် ၊လက်ကွက်တွေကို အချိန်အကြာကြီး ရိုက်နေရရင် ၊ ကြာလာတဲ့ အခါ လက်ကောက်ဝတ်မှာ ရှိတဲ့  Transverse Carpal ligament လို့  ခေါ်တဲ့ အရွတ်အောက် မှ အာရုံကြော Median Nerve ကို အဖိခံ ရတတ်ပြီး လက်ချောင်းများ ထုံ ကျင် ကိုက်ခဲ မှုများ ခံစားရတတ်ပါတယ် ။ အထူးသဖြင့် လက်မ၊လက်ညှိုး ၊ လက်ခလယ် နဲ့ လက်သန်းကြွယ် ရဲ့ တခြမ်း တို့  မှာ ဖြစ်တတ်ပါတယ် ။ အဲဒါကို ဆေးပညာ အရ ဆိုရင်တော့ Carpal Tunnel Syndrome ( CTS ) လို့ ခေါ်ပါတယ် ။ ဒီCTS ရောဂါ စု ဟာ ကီးဘုတ်ကြာကြာသုံးလို့  တခုတည်း အတွက် ဖြစ်တဲ့ ရောဂါ တော့ မဟုတ်ပါဘူး ။ တခြား အကြောင်းများစွာ တို့ ကြောင့်လည်း ဖြစ်တတ်ပါသေးတယ် ။
ဥပမာ ..အဆစ်ယောင်ရောဂါ ရှိသူများ ၊ အဝလွန်သူများ၊ ဆီးချိုရောဂါရှိသူများ ၊သိုင်းရွိုက်ဂလင်း လုပ်ငန်းပုံမှန် မရှိသူများ ၊ လက်ကောက်ဝတ်မှာ ဒါဏ်ရာ ရဖူးသူများ ၊ လူကီးမီးယား ၊ Amyloidosis ,Sarcoidosis , Multiple Myeloma အစရှိတဲ့ရောဂါသည် တွေရဲ့ လက်ကောက်ဝတ် ကန့်လန့် ဖြတ် အရွတ် ဟာ ထူ ထဲ လာပြီး သူ့ အောက်မှ အာရုံကြော ကို ဖိမိတတ် ပါတယ် ။
အဲလို အခြေအနေမျိုးမှာ အစပိုင်းတော့ လက်ချောင်းလေးတွေ ထုံတယ် ၊ ကျင်တယ်ပေါ့ နော် ။အဲဒါကို ဂရုမစိုက်ပဲ ထားရင် နောက်ပိုင်း ကြာလာတဲ့  အခါဆို ပိုဆိုး လာမယ် ။ နာပြီး ကိုက်ခဲ လာတတ် တယ် ။ဒီ တော့ လက်ချောင်းတွေ ကျင်လာပြီ ဆိုတာနဲ့  ပေါ့ တန်တန် မနေပါနဲ့  ။ လက်ကောက်ဝတ် လေ့ကျင့်ခဏ်း လေးတွေ စ လုပ်သင့် ပါပြီ။
အောက်မှာ ပြထားတဲ့ အတိုင်း စမ်းလုပ်ကြည့်တာပေါ့ ။ [ fighter ကြီးနဲ့ တူ တယ်နော် .. လိုက်မလုပ်ရင် တကယ်ရိုက်မဲ့  ပုံကြီး :( .. ]
ကြောက်ရင် လိုက်လုပ်ကြ .. .. တော်တော်ကြာ ဆြာမ စိတ်ဆိုး နေမယ် .. :)
အဲဒါကို မှ ဂရု မစိုက်ဖူးးဆိုရင်တော့ နာဖို့ သာ ပြင်ပေရော့ ။ ဒီလို ဒီလို ခွဲရ စိပ်ရတဲ့  အခြေအနေထိ ရောက်နိုင် တယ်နော် ။ အပ်လေးနဲ့ ထွင်းရ မှာကို ဂရု မစိုက်တော့ ဒီလို ပဲ ပေါက်ဆိန် နဲ့  အပေါက်ခံရ တာ ပေါ့ ကွယ်။ ဒီ အပေါ် ပုံ နဲ့ အောက် ပုံ တွေ ကတော့ သမားရိုးကျ ဒါးနဲ့  ပါးပါးလှီး ..အဲလေ .. ခွဲစိပ် တဲ့ အကြောင်းပါ ။
ကြောက်စရာတော့ သိပ်မလို လှပါဖူး ။ မိုင်နာ ကေ့စ် လေးလို့ ပဲ သဘောထား ကြပါ ။( အဟက် ..ကိုယ့်အသား နာတာမှ မဟုတ်တာနော် ၊ ဒီလိုပဲ ပြောရတာပေါ့ ) ။ဒါမှ မဟုတ်လည်း ကြက်ခြေထောက် စွတ်ပြုတ် ချက်ဖို့  ပြင်ဆင် နေတယ် ပဲ သဘောထားလိုက် ပါ ။.... ဝေါ့ 
ဒီအောက်က ဗွီဒီယို ပုံလေး က တော့ ၊ အပေါ် ကလို သမားရိုးကျ ဒါးကြီးနဲ့  ပါးပါးလှီးတာ မျိုး မဟုတ်တော့ ပါဘူး။ ခေတ်ကြီးက တိုးတက် လာပြီလေ ။ နေရာ တကာ စကိုပီ ( Scopy ) တွေ ခေတ်စား နေတာ ။သူလည်း အညံ့  မခံ အဲ့ လို စကိုပီ လေးနဲ့ ခွဲ တော့ ဒါးဒါဏ်ရာ လေးလည်း အတော် သေးသွားတယ် ။ ဒီလောက်လည်း မနာဖူးပေါ့ နော် ။
ဟိဟိ ။။ စိတ်ဝင်စား စရာ ကောင်းပါတယ် ။ ကြည့် လိုက် ပါအုံး။
အဲဒီတော့ ကိုယ့်ဟာကိုယ် ကြည့်ကျက်လုပ်ကြပါတော့ နော် ...ဟိဟိ ..ကိုယ်ဖြစ် ကိုယ်ခံ လေ ။ ဘယ်သူမှ လာမခံ ပေးပါဘူး ။
( စိတ်ပုတ်စွာဖြင့်  မဲ့ ကာ ရွဲ့  ကာ ပြော ပါသည် ) ။။
ဒီ အကြောင်း အရာ လေး တွေ နဲ့ ပုံလေး တွေ ကို ဒီနေရာ လေးများ မှ ရယူ ထားပါတယ်
http://en.wikipedia.org/wiki/Carpal_tunnel_syndrome
http://www.medicinenet.com/carpal_tunnel_syndrome/article.htm#3whatcondit
►Posted by
:kiki
:
at
7/14/2009 01:30:00 AM
Subscribe to:
Post Comments (Atom)
18 comments:
လာလေ့လာသွားပါတယ်
ကျမ်းမာချင်လို့း)
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဘလေဂ့်ဂင်း တသက်လုံးလုပ်နိုင်ဖို့ နဲ့ ကွန်ပြူတာ တသက်လုံး သုံးနိုင်ဖို့ အမကီကီ ရဲ့  ဒီပိုစ့်ကို တကူးတက လေ့လာသွားကြောင်းပါ...ဟဲ...ဟဲ..
ကြံကြံဖန်ဖန် ရှာရှာဖွေဖွေပဲတင်ပြတတ်ပါပေတယ်
ဆရာမဒီဇိုင်းကလည်းအခုပဲထထိုးတော့မယ့်ရုပ်နဲ့
ဟဟ..ကြော်ချာဂျီး.... သွပ်...သွပ်...သွပ်
အဲ...ယောင်ကုန်ပြီ...ဒီနေ့သွပ်သွပ်ဖတ်တာနည်းနည်း
များသွားတယ် ပလို့ဂျိ :P
ဘလော့ဂင်းတောင် သိပ်မလုပ်ရဲတော့ဘူး.. သူခြောက်နေတာနဲ့.........
BTW ရှဲရှဲနီ
မကိရေ....
ကီးဘုတ်မကိုင်တော့ဘူး.. ဟိဟိ... ထိပဲထိတော့မယ်
မကိပြောသလို မလွဲမသွေလုပ်ပါ့မယ်ဗျာ...
ကိုယ့်ဟာကို ကြည့်ကျက်ပြီးတော့... ဟိဟိ
သတိပေးတဲ့အတွက် ကျေးဇူးပါဗျာ...
မျက်စိထဲ ပြန်ပျောက်အောင်လုပ်ပေးအုံး...
ကိုယ့်လက်ကို ပြန်ပြန်ကြည့်နေမိတယ်..
ပျော်ရွှင်ပါစေ မကိ...
ခင်တဲ့
ပြည့်စုံ
ဟင့်...ကြောက်တယ်..း(
တော်တော်စိတ်ဝင်စားစရာ ကောင်းအောင်တင်ထားတာပဲနော်။ ကျေးဇူးတင်ပါတယ်။ အဲ့အကြောကြီး အဲ့လိုရှိနေမယ်မထင်ရဘူးနော်။အဟိ။ လေ့ကျင့်ခန်းလုပ်လိုက်ဦးမယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
စိတ်ဝင်စားလို့တော့ ကြည့်သွားတယ် ဖွားကီရယ်။ အသည်းယားလိုက်တာ ကြောက်စရာကြီး။
ကြောက်စရာကြီးးးးးး
အသဲယားလိုက်တာ..
တော်ပီကွန်းမန့်ရှည်ရှည် မပေးတော့ဘူး။ ဟိဟိး)
အဲဒါဆို လေဆာနဲ့ရိုက်မယ် :P ဒဏ်ရာမဖြစ်အောင် :)
ဗွိုင့်အွန်မှာပေါ့
ဘလော့လဲ မရေးတော့ပါဘူး
ချက်တင်နဲ့ ဘယ်ရမလဲ ဘလော်ကင်သမားလဲ ဂရုထားသင့်တယ်နော့
ဗဟုသုတရတယ် မမကိရေ
ကြက်ခြေထောက် စွတ်ပြုတ်ကိုတော့ ချက်စားချင်စိတ်ကုန်သွားပြီ...
အဲဒါ မမကိကြောင့်....ဟွန့် ;)
အမလေး..ကြောက်လိုက်တာ ဆြာမရဲ့
မရဘူး ဖွားကိ များတို့ကတော့ ကိုင်မှာပဲ ကီးဘုတ်ပြောပါတယ် အဟက်
ကြောက်တယ်။ လေ့ကျင်ခန်းပုံမှန်လုပ်တော့မယ်နော်။ ကျေးဇူးပါ ဘွားကီရေ..
ဆရာဝန်မကြီး တခုလိုသွားတယ်...
အသည်းငယ်တတ်သူများ..
နှလုံးရောဂါရှိသူများ...
ထိတ်လန့်တတ်သူများနဲ့...
အသက် ၁၂ နှစ်အောက်ကလေးများ မကြည့်ရ.. ဆိုတာမျိုး
အပေါ်မှာ သိသိသာသာ ရေးပြထားသင့်တာပေါ့...
အခုတော့...
းဝ)
ဒီအတိုင်းဆို ကျွန်တော်ဖြစ်ဖို့ များနေပြီ
စာလုံးပေါင်းအမြဲမှားလို့ ခဏခဏပြင်နေရတာနဲ့ 
စာတစ်ပုဒ်ရိုက်ယင်မပြီးနိုင်ဘူးဖြစ်ဖြစ်နေတာလေ
မကီရေးတဲ့ ဒီပို(စ)လေးကျွန်တော်တို့ အားလုံး
အတွက်သိပ်အကျိုးရှိလွန်းပါတယ်။
ကျွန်တော်ဆေးလောကနဲ့ ပတ်သက်တဲ့ စိတ်ပျက်
စရာပျင်းစရာတစ်ပုဒ်တင်ထားတယ်
အားရင် ဖတ်ကြည့် ပါအုံး
သူများက သူများတွေလို ၂၄ နာရီ ကွန်ပုတာ ကိုင်တာ မဟုတ်ပါဘူး... သူများက ၂၃ နာရီလောက်ပဲကိုင်တာမျန်း.... မဖြစ်လောက်ပါဘူးညော်... အင်းဟင်.....
Post a Comment