ငှဲ ငှဲ ငှဲ ။ ဒီတခါလည်း ဆားချက် တာပါပဲ ။ ပြော ပြီး ပြီ နော် ကိုယ် သမိန်ပေါသွပ် ကြိုက်တယ်ဆိုတာ ။ဘာလို့ 
ကြိုက်တာလည်း ။ အကြံတူလို့  လေ ။။ ပေါပုံ ပေါနည်း လည်း တူ ။ အကျင့် ချင်းလည်းတူ ။ဟားဟား ။
အကျိုးရှိ မှ ပေါင်းသည် တဲ့  ။ သွပ် သွပ် တို့ ဒါကြောင့်  သက်ဆိုးရှည် နေတာပေါ့ ကွယ် ။ ဒီ တခါ ပေါသွပ်တို့ က
ခေတ်မှီတိုးတက် အင်တာ နေရှင်နယ် လဲန်းဂွစ်ရှ် နဲ့  အင်းဂလစ်ရှ် လို အဆင့်မြင့် နေပါလား .. မွေးမေလေ့ ။။
ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ။ စားရကံကြုံ လို့  မုတ်ဆိတ် ပျားတုပ် တဲ့ သူ တွေ ။ ဟေးဟေး ။ဆေးရုံ မှာလည်း
ဘာမှ မရှိ ။ အားလုံး အလှူ ခံ စား နေကြရတာ ။ မိုက်ချက် ကတော့ ကွယ် ။ တိန် ။
ကဲ မှတ် ပြီ လား ။ ကိုယ့်ရှူး ကိုယ်ပါတ် ဆိုတာ ဒါမျိုးလေ ။ ဟိဟိ ။ မိုက်တယ်နော် ။ တွေ့ တယ်ဟုတ် ကပ်စေးနဲ
နဲ့  ကော်တရာ တွေ့ ကြတာ ။ ခံပေအုံးတော့ သွပ် သွပ် ရယ် ။
ခုလည်း အကျိုးရှိမှ ပေါင်းတဲ့ သူတွေ များမှများပေါ့ ။ အဲဂတော့ ကိုယ့်ကိုယ်ကို သိကြပေါ့နော် ။
သင် ဘယ်လိုလူမျိုးလည်း ။
အကျိုးရှိ မှ ဆိုလို့  အရိုးအထူးကု ကြီး တဦး ကို သတိရ မိပါသေးတယ် ။ လူတွေ ကျိုးလေ သူတို့ အကျိုး ပို ရှိလေ ။
ဟိဟိ ၊ ထုံးစံ အတိုင်း ပေါက်ကရ အတွေး က အရင် တွေးဖြစ်တယ် ။
အဖေရဲ့ မိတ်ဆွေ ရဲ့  ဦးလေး ၊ အဖိုးကြီး တယောက် အသက် ၈၀ လောက် ပေါ့ ။ တနေ့ မှာ ချော်လဲ ပြီး
ပေါင်ကျိုး လို့  စတီးချောင်း ထဲ့ ရမယ် တဲ့  ။ ပေါင်ကျိုး သွားတဲ့ အဖိုးကြီး ရဲ့  သားသမီး တွေ ကလည်း အဖေကြီး
ကျိုး နေတာ ဘယ်ကြည့် ရက် ပါ့မလည်း နော် ။ ခွဲ ဆိုလည်း ခွဲ ရတော့ တာပေါ့ ။မရှိမဲ့ ရှိမဲ့ လေး ထုခွဲ ပြီး ဆေးဖိုး
ဝါးခ ပေးလိုက်ရတယ် ။ ဗမာပြည် မှာ ထူးဆန်းတယ် ပြော ရမယ် ။ ဆေးဖိုး ထက် ဝါးခ က ပိုဈေးကြီး နေတာ ကိုး
။ ဒီလို နဲ့ပဲ ၃၅ သိန်း ကုန်သွားတယ်ပေါ့ ။ ခွဲစိတ်ကုသ တာ အောင်မြင်တယ်လို့  ဆရာဝန်ကြီး က ပြောပါတယ် ။
သားသမီးတွေက ဝမ်းသာ ကြတယ် ။ ဒီလို နဲ့  ၃ရက်မြောက်တဲ့  မနက်မှာဘဲ ရုတ်တရက် ဆုံးသွား ပါလေရော ။
( နှလုံးရောဂါ ကြောင့် ဆုံးသွားတယ် လို့  သေစာရင်း ရေးပေးလိုက်တာပဲလေ ။ ဒီလို အသက်ကြီး ကြီးလူနာတွေ
သေရင် နှလုံးရောဂါလို့ သာ နာမယ် တပ်ပေးလိုက် ။ ဘယ်တော့ မှ မမှားဘုး ) ။
The operation was successful but the patient was died .
ကျောင်းတုန်းက ဆရာကြီး ပြော နေကျ လက်သုံး စကားလေး တခု အမှတ်ရ ဖြစ်သေးတယ် ။
ပိုက်ဆံ လိုချင်တာ တခုတည်းကြည့် ပြီး လုပ်နေကြတော့ ဒီလိုပဲ ဖြစ်မှာပဲ တဲ့ 
လူ နာ က အခွဲ ခံဖို့  သင့် ၊ မသင့်  အရင် ကြည့် ရမယ်တဲ့  ။ ဥပမာ .... အဲဒီလူနာ မှာ နှလုံး ရောဂါ အခံ
ရှိနေတယ် ဆို ပါတော့  ။ ဒီတော့  မေးဆေး ပေးဖို့  သင့်တော် လား ၊ မတော်ဖူးလား ပေါ့ ။ နောက်ပြီး ဒီလို
အသက်ကြီးကြီး လူနာကြီး ကို risk တွေ ယူပြီး ခွဲ လိုက်လို့ ရော ဒီအိုကြီးအိုမ က ပြေးလွှားပြီး ဘာတွေလုပ်လို့ 
ရအုံးမလဲ ။သူ့ အတွက် လူငယ် လူကောင်း တယောက်လို လျှောက်နိုင်ဖို့  က တကယ်ပဲ အရေးကြီး လိုအပ်
နေသေးလား တဲ့။ ဒီလိုပေါင်ရိုးကျိုးတိုင်းလဲ ခွဲ ဖို့ လိုတာ မဟုတ်ပါဘူးတဲ့ ။ အိပ်ယာထဲ လဲလှောင်း အနားယူ
လိုက် ၃ -၄ လ လောက်ဆို အရိုးက သူ့ ဟာသူ ပြန်ဆက်သွားမှာပဲတဲ့  လေ ။
ဆိုလိုချင်တာက ရလာမဲ့  ကောင်းကျိုး နဲ့  ဆိုးကျိုး ကို နှိုင်းယှဉ် ပြီးမှ ဆုံး ဖြတ်ရမယ် လို့  သင်ပေးဖူးခဲ့ တာ ပါ။
အင်း.. ဒါလည်း အကျိုးရှိ ဖို့  လုပ်လိုက်ကြတာပါပဲလေ ။ ကံကို ပဲ ယိုးမယ်ဖွဲ့ ရတော့ မယ်လား ...
►Posted by
:kiki
:
at
7/13/2009 01:31:00 AM
Subscribe to:
Post Comments (Atom)
17 comments:
ကံကိုရိုးမယ်မဖွဲ့ချင်ပါဘူး...
အဲလိုလူတွေကိုပဲ ကန်ချင်တယ် (ဖနောင့်နဲ့)...
ကဲဟာ သူများ ချွေးနဲစာ စားချင်အုန်း...
ကဲဟာ သူများ မစားရက်တဲ့အစာကို မြိုချင်အုန်း...
ကဲဟာ သူများ မသထာရေစာကို ငတ်ကြီးကျအုန်းလို့...
အရပ်သား အစိုးရတက်ရင် ဒင်းတို့ကိုလဲ တရားပြန်စွဲရအုန်းမယ်...
အဘွား မျက်စိမှုန်မှုန်နဲ့ ကမန်းကတန်းဖတ်လိုက်တာ.. အကျီင်္ရှိမှ ပေါင်းပါသည် တဲ့...ခစ်ခစ်ခစ်...
ဘယ့်နှယ်......
အင်းး အကျိုးရှိမှပဲ ပေါင်းတော့မယ်။ ဘွားနော် သမိန်ပေါသွပ်တွေပဲ ဖတ်နေတယ်။ ဘိုဘို ၊ တွတ်ပီ ပါ ဆက်ဖတ်လို့ ပြောမလို့ :)
တော်တော်ရယ်ရတယ်
ကျနော်လည်းပေါသွပ်ပရိတ်သတ်ပါ
ရေးထားတဲ့စာတွေပေါနေတာသာကြည့်တော့လေ
သမိန်ပေါသွပ်ကိုအွန်လိုင်းမှာဘယ်မှာရှာဖတ်ရမလဲမသိဘူး
ဖွားကိ
သတိထားတယ်နော် ဦးလူထွေးကြီက
ဖနှောင့်နဲ့ ကန်ချင်တဲ့သူထဲပါမိနေအုံးမယ်
ကဲဟာ
ကဲဟာ
ကဲဟာဆဲ့လေ မ သွားတယ်ယုံရတာမှတ်လို့ 
ဘယ်သူ့ ပြေားမှန်းမသိနော့
ရီသွားတယ်ဖွားကိရေးးးးးးးးး
ဒီနေ့ မနက်ကတည်းကတင်းနေတာ
ဖွားကိနဲ့တွေ့ မှပဲ ရီသွားတော့တယ်
မြူးလေး
မ Ki Ki
လိုရင်းအချက်လေးကို ထိထိမိမိ ဖော်ပြနိုင်တာကို လေးစားပါတယ်...
သေချာတယ်...
ကျနော်တို့တွေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်...
လိုချင်တာထက် လိုအပ်တာတွေကို လုပ်ဆောင်ရမယ်...
တကယ်တော့ ကံဆိုတာ အလုပ်ပဲလေ...
ကျနော်တို့တွေကရော ဘာလုပ်သင့်သလဲ...
ညီတဲ့လက်တွေ ထိစပ်ဖို့ လိုနေပါပြီ...
ခင်မင်လျှက်
ပြည့်စုံ
အကျိုးရှိမှ ပေါင်းတော့မယ်
ကံစေရာအတိုင်းမို့ပါ မကီးရယ်...
မကီးဆီမှာချောင်းနေတယ်
ဘာအကျိုးများရမလဲလို့
အကျိုးရှိရင်ပြော
လာယူမယ်လေ
အဟီးး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကိုလူထွေး၏ အိုင်ဒီယာကို သဘောတူပါ၏ သူတို့တွေ ဟာ မသမာ လောဘသားတွေပါ လူတွေ ဒုက္ခရောက် လေ သူတို့ ထမင်းဝလေပေါ့ ဘယ်သူသေသေ ငတေကတော့ မာနေတော့တာပေါ့..
မကီကီ...ကြိုက်တယ်...ထိထိ မိမိ ရှိလှတဲ့ သရုပ်ဖော်ပုံလေးတွေ...စာသားလေးတွေရော....။
ရယ်မောသူ..အသက်ရှည်.၏တဲ့
မမကိ..၇ဲ့ စာတွေ..ဖတ်ရတာ..အသက်ရှည်တယ်..
အားပေးနေတယ်.နော်
သမိန်ပေါသွပ် ညီမလည်း ကြိုက်တယ် .. :D
ဆရာဝန်တွေကိုတော့ မပြောတော့ပါဘူး (၀ါးခဈေးကြီးတဲ့ ဆရာဝန်တွေကိုပြောတာပါး) လူနာတွေကတော့ ကံပေါ့နော် .. ဒီလိုဆရာဝန်နဲ့ တွေ့မှတော့ ခံပေဦးတော့ .. သွပ် .. သွပ် .. သွပ် :D
အပေါချင်း ဒူဒူမို့ အားပေးတွားပါ၏
ထောပတ်သီးလည်း ပေါသွပ်ကြိုက်တယ် ကပ်စီးနှဲတာလည်းတူနေသလိုပဲ :)
မကီရေ...ကျွန်တော်ကြုံခဲ့ ရတာလေးတစ်ခု
ပြောအုံးမယ်နော်၊ ရန်ကုန်ဆေးရုံကြီးမှာကျွန်တော့် 
အဖေ ကင်ဆာနဲ့ ဆုံးခဲ့ စဉ်တုံးကမောင်နှစ်မလေး
ယောက်စုပြီးအဖေ့ ကိုပိုက်ဆံခန်းမှာထားတော့ 
အထူးကုဆရာဝန်ကြီးကနတ်(စ)ကိုမေးတယ်
ငွေလုံးဝသုံးနှိုင်လား၊အလယ်လတ်လား၊မသုံး
နှိုင်ဘူးလားလို့ ကပ်မေးပြီးမှဆေးကိုအကောင်း
စားအလတ်စားအညံ့ စားတရုတ်ဆေးသုံးမျိုးထဲက
သင့် တော်ရာကိုရွေးစပ်ပြီး ပေးတာမဟုတ်၊ဝယ်ခိုင်းတာကုတင်ပဲရှိတာကိုး
မမရေ ညီမလည်း ပေါသွပ်ကာတွန်းဆို သိပ်ုကိုက်ပေါ့..
ဟုတ်တယ်မမရေ.. သူတို့က ဆေးရုံတက်ရင် ဆေးဖိုးကို သိပ်စဉ်းစားနဲ့တဲ့.. အေးပေါ့ ညီမတို့ကလည်း ဝါးးးးးးးးးးးးခကိုကိုပီး ၂ဆလောက် တွက်ထားမှ တော်ကာကျရုံလေးပဲ ရှိတာကိုး
တို့ လည်းလာပေါသွားတယ် အဲ ဟုတ်ဘူး
လာဖတ်သွားပါတယ်..ဟဲဟဲ
အရမ်းကောင်းတယ်မကိရေ
ဖွားကိ များနံမည် မှတ်ထား ရှင်ဂွမ်းဂွိတဲ့ အဟီးးး
များလဲ ကြိုက်တယ် ပေါသွပ်
ဝူးးးးထွားးးးထွားးးးး
Post a Comment