ကျောင်းသားတွေ ကျောင်းသွားကြမယ်ဆိုသယ်ယူပို့ ဆောင်ရေးအတွက်ကျောင်းကား ဆိုတာ မရှိမဖြစ်လိုအပ်တာပေါ့ ။ ဒီလို ကျောင်းကားတွေ နိုင်ငံအလိုက် အသွင် အမျိုးမျိုးရှိကြတယ်။နိုင်ငံ တနိုင်ငံရဲ့ ဆင်းရဲ ချမ်းသာမှု အလိုက် ။ သူ့ နိုင်ငံ အစိုးရရဲ့ တာဝန်ယူဆောင်ရွက်ပေးမှု အရ မတူညီကြဘူးပေါ့။ ဒီပုံလေးကတော့ အရင်က မြန်မာလူမျိုးတွေ အမုန်းကြီးမုန်းခဲ့ ကြတဲ့ ဖက်ဆစ်တွေလို့  သတ်မှတ်ခဲ့ကြတဲ့ ဂျပန်လူမျိုး တွေရဲ့ ရင်သွေး ကျောင်းသား များအတွက် ကျောင်းကား ပါတဲ့ ။စက်မှုတိုးတက်ပြီး ခေတ်မှီနည်းပညာ များ ဖေါ်ထုတ်နိုင်စွမ်းရှိတဲ့ လူမျိုးအဖြစ် ကျော်ကြားနေတာလည်း
အကြောင်းမဲ့တော့ မဟုတ်ဘူး နော် ။ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ရှုံးလို့  မွဲပြာကျ သွားတဲ့  အခြေအနေက ပြန်ပြီး
နလံထူအောင် သူတို့ လူမျိုးတွေ ဘယ်လောက်ကြိုးစားခဲ့ကြသလည်း ။ဦးဆောင်တဲ့ လူကလည်း အရေးကြီးတာ ။
နောက်လိုက်တတွေကလည်း စည်းကမ်းတကျ ကြိုးစားဖို့ လည်း လိုပါတယ် ။
ဒီလို အိမ်နဲ့ကျောင်း အကွာ အဝေး လမ်းခရီးမှာတောင် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင် အောင်လို့  ကျောင်းသားတိုင်း
အတွင်းပိုင်းကိုသာကြည့် မိရင် ကားတစီးထဲမှာ လို့ တောင် ထင်စရာမရှိဘူးနော် ။ ကွန်ပြူတာ သင်တန်းကျောင်း
ခန်းငယ်လေး တခုလို့ ထင်ရတယ် ။
ဒီလို အိမ်နဲ့ကျောင်း အကွာ အဝေး လမ်းခရီးမှာတောင် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင် အောင်လို့  ကျောင်းသားတိုင်း
အတွက် ခုံတိုင်းမှာ ကွန်ပြူတာ တလုံးစီ တပ်ဆင်ပေးထားတယ်။ ဒီအချိန် လေးအတွင်းမှာ လိုအပ်တဲ့  အချက်အလက်
ရှာဖွေ ဆည်းပူးနိုင်တယ် ။ ရွေ့ လျား ကွန်ပြူတာ စာသင်ခန်းလေးပေါ့ ။
ဒါလေးကလည်း ကျောင်းကားပါဘဲတဲ့ ။ ပါကစ္စတန် နိုင်ငံ မှ ကျောင်းသား လူငယ်လေးတွေ ကတော့ ဒီလောက်
ကံမကောင်းကြရှာဘုး ။ ဒီလို ကြပ်ကြပ် သပ်သပ် နဲ့ ဘဲ ကျောင်းရောက်ကြရတယ်။
သူ့ လူ နဲ့ တင်သူ ပြည့်ကြပ်နေတာ ။ အဟက် ကင်မရာမင်းတောင် အထဲ ထိ ဝင်ပြီး မရိုက် နိုင်ဘူးတော့ ဘူးလေ ။
အပြင်ကနေဘဲ ကြည့် လိုက်ကြပါတော့ ။
သူတို့  တိုင်းပြည်က လည်း ပြည်တွင်းစစ်တွေ ဖြစ်လိုက် ၊ လူမျိုးရေး ၊ ဘာသာရေး စစ်ပွဲ တွေ ဖြစ်လိုက်နဲ့ ပဲ
အချိန်ကုန်နေရတော့ အတော်လေး မွဲပြာကျ နေတာပေါ့ ။ သူ့ လူမျိုးအတွက် တိုးတက်အောင် မလုပ်ပေးနိုင်သေးဘူး ။
ဒို့  မြန်မာကျောင်းသားလေးတွေ ကျောင်းတက်ကြဖို့  ပို့ ဆောင် ဆက်သွယ်ရေး ဌာနကြီးရဲ့  ကျေးဇူးတော်များကြောင့်
သာ ဒီကျောင်းသားလေးတွေ ခြေကျင်လျှောက်မနေရခြင်းဖြစ်ပါသည်။ မတော်တဆ ကားပေါ်မှ ပြုတ်ကျ ၍
ထိခိုက်ဒါဏ်ရာ တခုခု (သို့ မဟုတ်) အသက် ဆုံးရှုံးခြင်းတခုခု ဖြစ်လာခဲ့ ရင် ဒီနောက်ဆက်တွဲ တာဝန်ကို
ဘယ်သူယူကြမလည်း ။ အသက်အာမခံလျော်ကြေး ဆိုတာရော ။
( မဖြစ်နိုင်တာတွေ လျှောက်စဉ်းစား မနေနဲ့ ။ အဖြေမရှိတဲ့  မေးခွန်းတွေ လာမေးမနေနဲ့ ။ ကိုယ့် ကုသိုလ်နဲ့  ကိုယ်
ဖြစ်လာကြတာ ....... တဲ့လေ
အင်း ဟုတ်မှာပေါ့ ။ သူတို့ က လူမြင် မခံ နိုင်လို့ ၊ နေပူ မခံ နိုင်လို့  ပရာဒို တွေ ။ ပါဂျဲရိုး ကားမြင့်ကြီးတွေ ကို မှန် မှာ
မဲမဲကြီးတွေ ကားလုံး ပြည့် ကပ်ပြီး စီးနေကြတော့ ဘယ် မှာ အမြင်ကြည်ပါ့မလည်း နော် )
ဒီအောက်ဆုံးက ပုံလေးကို မမ ရဲ့  ဘလောဂ် ထဲ မှ ယူသုံးထားပါတယ် ။ မမ ရေ မပြောဘဲနဲ့ ပုံလေးဆွဲသုံးလိုက် မိတယ် ခွင့်ပြုပါနော် ။
►Posted by
:kiki
:
at
7/08/2009 06:30:00 AM
Subscribe to:
Post Comments (Atom)
20 comments:
ကိရေ
ဘာပြောရမှန်းတောင်မသိတော့ပါဘူးနော်။။။
ကုသိုလ်ကံလို့ပြောရမှာလား...
ပြောရခက်တယ်နော်....
မမကီရေ
ဘာပြောရမှန်းကိုတကယ် မသိတော့ဘူးမမရေ။အမြန်ဆုံးပြောင်းလဲစေချင်တဲ့ စိတ်ကတော့ အပြည့်ဘဲမမရေ။တိုင်းပြည်ကကောင်းရက်နဲ့ သံဃံဇာတတွေ ပေါကြွယ်ပါရဲ့နဲ့.....ကျန်တာတော့ မမဘာသာဆက်တွေးပေတော့။
အမြဲတမ်းခင်နေမဲ့
မေလေး
အို မကြီး ကလည်း နိုင်ငံတော်ကစေတနာနဲ့ပါ။
ဂျပန်ကလို ကျောင်းကားတွေ ပေးရင်
သက်သက်သာသာဖြစ်ပြီး ယောက်ျားမာနတွေ လျော့ကုန်မှာစိုးလို့ စီစဉ်မပေးသေးတာ။ ခုလို တွယ်စီးရတော့ ကျန်းမာရေး လေ့ကျင်ပြီးသားလဲဖြစ်၊ ကျနော်တို့ဆို ခြေတစ်ချောင်းနဲ့မတ်တတ်ရပ်ပြီး ကျောင်းရောက်လာရတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးမြင့်တာပေါ့။
ခင်တဲ့
ဂွိ
ခွိခွိလုပ်ချလိုက်ပြန်ပြီ
နာလဲတွေ့တဲ့နေရာကစွဲယူလာတာဟ
မမ ဘလောင်္ဂ့က ဆိုပြီးပြသနာလာရှာရင်
ဒုက္ခပဲ ဝေ နားလည်ကြမှာပါနော် မမက
အဲလိုပဲယူနေကြဆိုပြီးခွင့်လွတ်ပေးကြပါ
အရပ်ကတို့
မမ
မကီကီရေ ဒီလို စစ်အုပ်စုတွေ သက်ဆိုးရှည်နေသ၍ ဒီလို ဘ၀ဆိုးတွေ ဆက်လက်ရင်ဆိုင်နေရ အုံးမှာပါပဲ ဒါကြောင့် ကျနော်တို့ အတူ လက်တွဲပြီး တိုက်ထုတ်ကြ ပါစို့...
ကိုဇော်
ဟဟ အစ်မက မှန်တာတွေသိပ်ပြောနေပါလားဗျာ
သူ့ကုသိုလ်နဲ့ သူ့ကံနဲ့ပေါ့ အစ်မရယ်
ဖိုးစိန် အလှည့်ရောက်ရင်
ပြောင်းလဲသွားမှာပါ
လက်မဖိုးကနေ လက်ဖဝါးဖြစ်စေရမယ်
သိပ်ပြီးစိတ်ဓာတ်ကျမနေကြပါနဲ့
အဟီးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မကိရေ..ဒီလိုတွေးမိ မြင်မိတိုင်း ရင်ထဲမှာ လုံးဝကို မချိဘူးဗျာ.. ဘယ်တော့များ ကျနော်တို့ မြန်မာနိုင်ငံ ဒီကျိန်စာဆိုးအောက်က လွှတ်မှာလဲဆိုတာ တနေ့တနေ့ တွေးနေရင်းနဲ့ပဲ....
အမရေ မပြောချင်လဲ ပြောနေရတာပါပဲ ။
မနားထောင်ချင်ရင် နားပိတ်ထားလိုက် ဆိုတဲ့ သီချင်းလိုပါပဲ နားတွေက ပိတ်ထားတာကြာတော့ ဘာမှတောင် မကြားရတော့ဘူးဗျာ..
လေးစားလျက်
တောင်ပေါ်သား
ဖွားကိရေ များတော့ ဒီရက်အတွင်း သက်ပြင်းချရတာနဲ့ တင်တော်တော်လေးကို ရုပ်က အိုစာနေပြီ ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မကိကိရေ မပြောနေနဲ့တော့ ကြာရင် ဌက်ကလေးပြောသလို ရုပ်တင် အိုစာတာ မဟုတ်ပါဘူး အသက်ပါ တိုတော့မယ် အခု တောင် ထိုင်းမှာ ကျောင်းတက်နေရင်း မြင်နေရ တွေ့နေရတာတွေအတွက် စိတ်လဲ မကောင်းဘူး ပို ဒေါသထွက်တယ် ..
ဂျပန်ကျောင်းကားပေါ်က ကွန်ပြူတာတွေကတော့ အပိုတွေလို့ ထင်မိတယ်...
ပါကစ်စတန်ကဟာက ကျောင်းကားလား ထောင်ကားလား...
အောက်ဆုံးကပုံမှာတော့ ကိုလူထွေးတောင် ပါချင်ပါခဲ့ဦးမှာ...
ရီးဘော်ကြဲ
“ဒါတွေပြောရင်ဒေါတွေပါတယ်ဗျို”့.....
ဘုရားသခင် မြန်မာပြည်ကိုစောင့်ရှောက်တော်မူပါ ။
မြန်မာကျောင်းသားလေးတွေကားနောက်တွဲခိုတဲ့ပုံလေးက
ကြည့်ဖူးတဲ့လူပဒေသာဆပ်ကပ်ပွဲတစ်ခုကျနေတာပဲ
တခုခုများဖြစ်ကြည့် ဖွားကနဲလွှင့်စင်ကျသွားလိမ့်မှာ မြင်လို့တောင်ကောင်းမှာမဟုတ်ဘူး
တင်းတယ်ဗျာ :(
ဟင်း(သက်ပြင်းချသံ)
နှိုင်းရက်လေခြင်းကွယ်။ အဲ့ဒါတွေအဲ့ဒါတွေ...
ဒီဘူတာဆိုက်ပေဦးရော့မယ်။
တော်ရုံတန်ရုံ လောက်လေး ရရင် ကျေနပ်ပါတယ်..
ကလေးတွေ ကို ကြည့်ရတာ စိတ်တောင်ပူတယ်
တည်တန့်ခြင်း သဘောတရားဟာ တကယ်ကို ရပ်တည်နေရင်း ရပ်တန့်နေလိုက်တာ..ကိုယ်တ္ဂေ ငယ်ငယ်က စီးခဲ့ရတဲ့ ကျောင်းကား မော်ဒယ်လ် က အခုအချိန်အထိကို မပြောင်းလဲသေးဘူးနော်..
ရာသီတ္ဂေ နှစ်တ္ဂေ အလီလီ ပြောင်းခဲ့ပေမယ့်.......သူမပြောင်းလဲသေးဘူး..
အင်း ခုထက်ထိတော့ မမာ နိုင်ငံလို့ပဲ ခေါ်ကြတာပေါ့ ။ နောက်တော့ လည်း ဂျပန်လို နလန်ထူလာမှာပေါ့ ဟီဟီ :)
ဘာပြောရမှန်းတောင်မသိတော့ပါဘူး ..း(
ကလေးတွေ ပြုတ်များ ကျလိုက်လို့ကတော့နော် .. (အပေါ်က စာလုံးပေါင်းမှားသွားလို့ မကိကိရေ ..)
Post a Comment