တနေ့  တနေ့  ချက်လိုက်ရတဲ့ ဆား ကလည်း မနဲမနော ။ ဒါကြောင့် လူတွေလည်း သွေးတိုးရောဂါတွေ
ရ ကုန် ကြတာနဲ့  တူပါရဲ့  ။ မတတ်နိုင်ပါဘူး ၊ ဘယ်သူသေသေ ငတေက ခပ်မာမာပဲပေါ့ ။
ကာတွန်းတွေချည်း လျှောက်ဖတ် နေတာ လူလည်း ကာတွန်းပုံ ဖြစ်နေပြီ ။ အဲလေ ၊ဦးနှောက်ထဲလည်း
ကာတွန်း စရိုက် ၊ ကာတွန်းအတွေး တွေ ပြည့်လို့  ။ ဟိုလို ဒီလို တွေး ရတာလေးတွေ ဖြန့် ဝေပေးလိုက်တယ် နော်။
တွေးချင်သလို သာတွေးကြပါတော့ ။
ကုန်ပလေ့စေ။ မနက်ဖန် အတွက် ဆန်အိုးထဲ မှာ ဆန်မရှိ ။အို ဘာဖြစ်သလဲ ။ နောင်ခါလာ နောင်ခါဈေး ။
နောင်မှ ကြည့်ရှင်းမယ် ၊ ခုလောလောဆယ်တော့ သားစိုး လေး ကြည့်ဖို့ အရေးကြီးတယ် ။ IC ရှိုးလေး မကြည့် လိုက်ရ
ခေတ် မမှီဘူး ဂွက်ထော်ရေ ။ဘယ်လောက် ဝေးဝေး သွားမှာဘဲ ။
အဲ လေ ။ မှားပါတယ် ။ မှန်းချက်နဲ့  နှမ်းထွက် မကိုက် ။ ကြော်အောင် ညာထားတာ လေးတွေ ကောင်းပြီး တကယ်တန်းကျ
ဇာတ်မင်းသားကြီး က ဘာ မှ အရည်အချင်း မရှိ ။ သူလုပ်ချင်တာတွေ လုပ် ။ ကချင် သလို က နဲ့  ။ ပလ္လင် ပေါ်က ကို
မဆင်း တော့ဘူး ။ ပရိသတ်ကြီး လက်ခံ သလား ၊ လက်မခံ သလားလည်း သူ မသိ ။ သိသိကြီး နဲ့ မသိချင်ယောင်ဆောင်
နေတာ ဖြစ်မှာ ။
ပြန်ချင်တဲ့သူတွေ ၊ ခပ်ညံ့ညံ့ ဇာတ်မြောကြီး ဆက်မကြည့် ချင်သူတွေ ထ ပြန်ကုန်ကြပြီ ။
ကြောက်တဲ့ သူ တယောက်ပဲ ဆက်ကြည့်  နေတာ ။ စဉ်းစားချင်စရာပဲ ၊ ကျားကြောက်လို့  တဲ့  ။ မကြိုက်တဲ့ ဇာတ်ကြီးကို
အိပ်ပျက်ခံ ပြီး ဆက်ကြည့် နေတာ တဲ့  ။
ဪ ။။ ဒီလို ကျားကြောက် တဲ့ သူတွေ ရှိ နေသေးလို့ ဇာတ်မင်းသားကြီးလည်း ဇာတ်သက်ရှည် နေတော့ တာကိုး ။
ကိုခွေးပု တယောက်သာ သတ္တိ ရှိရှိ ထ ပြန်လိုက်ရင် .......
( တွေးချင်သလို တွေးကြ နော် ။ ရိုးရိုး တန်းတန်းတွေးတွေး ၊ ဆန်းဆန်းပြားပြား တွေးတွေး ။
အတွေးထဲ တော့ သိပ် မနစ်မြောနေကြပါနဲ့  ။ လုပ်စရာ ရှိတာလေး လုပ်ကြရအုံးမယ် ။ ပြန် မလား ၊ ဆက်ကြည့် မလား.. )
►Posted by
:kiki
:
at
7/03/2009 05:42:00 PM
Subscribe to:
Post Comments (Atom)
19 comments:
ကျားကြောက်လို့ ကျားကြောက်လို့
တို့ လဲ ရွာက ကျား ကြောက် လို့  ကြည့်နေတာ ဟေ့..
သွေးတိုးသွား ပြီ.. ဆေးပြန်တိုက်တော့
ဖွားကိရေ....
ဆားကတော့ ဘယ်ချိန်ချက်ချက်လေးနေတာပဲနော်
သြော်..ကာတွန်းတွေချည်းထိုင်ဖတ်နေတယ်။ ဝေမျှပါဦး။ ကာတွန်းလေး လိုချင်လို့။ ပြန်လိုက်ဦးမယ်။ အဖော်ရှိတုန်း။ ကျားကြောက်တယ်တော့။
မမရေ
တော်လိုက်တာ။အတွေးလေးရသွားပါတယ်။
ထပ်တင်ပါအုန်းမမ။အဲလိုမျိုးလေး
ကြည့်ဖူး ငါ့သာဆိုအရက်ဆိုင်ပဲသွားထိုင်မှာ
မူးနေတာပဲကောင်းတယ် သူ့ ဘာသာသူ့ ကက အော်အော်
ငါ့မူးနေရင် မသိတာပဲကောင်းတယ် အဟတ်
အဲ့မင်းသားရူးကြီး ကတာကို ကြည့်နေတာက ကျားကြောက်တဲ့လူတွေပဲပါတယ်
ငါ့လို့ ငမူးတော့မပါဘူး
အဟီး....ကျားကြောက်လို့ ဒီရောက်နေကြောင်းပါ။
မဟုတ်ရင်တော့လား?
မဟုတ်ရင်တော့လား?
လွန်ခဲ့ပါပြီလေ....ဒါတွေမပြောတော့ပါဘု :P
...............
ကာတွန်းကပေးတဲ့အတွေးလေးတွေမိုက်ပါ့ဗျာ
ဒက်ခနဲ...ဒက်ခနဲ...တန်းနေတာပဲ
ကိုခွေးပုက ကျားသာကြောက်တာပါ...
အမှန်တရားကို ထုတ်ပြောဖို့တော့ မကြောက်ပဲကိုးးးးး
ဟေဟေဟေ
ကျားကြောက်လို့ တဲ့လား ဘာကျားပါလိမ့်။
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး တဲ့ ကြားဖူးတယ်မဟုတ်လား...မကြာခင်ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေ လာတော့မယ် နောက်နှစ်ဆို ရုပ်တည်တွေနဲ့ လာတော့မယ်လေ...ကဲရှင်ကြီးတွေ မလာခင် ကျားကိုတောထုတ်ရမယ်....။
ပွဲသွားကြည့်ရအောင်....မမကီ
လိုက်မယ်မို့လား......
ဂျစ်က ICဆို ကြိုက်မှကြိုက် ....
ကြည့်တော့မကြည့် ဖူးဘူးဗျ.....ဟဟ။
ချစ်တဲ့
ဂျစ်လေး
ကရေးမ ငံငံရေးတွေ ရေးနေဘာလား......
ကျားပဲကြောက်ပါ ရှင်ကြီးကိုတော့သွားဦးမချမိပါစေနဲ့ဗျာ
လာဖတ်သွားတယ်နော်
ချစ်ခင်လျက်
ဖွားကိ များလဲ ဆားချက်ချင်တယ် ဘယ်ကနေ ယူလဲ ငင် ဟဟဟဟဟ
ဟီးဟီး
မင်းသားတော့ ဘာလဲဟ ဘာလဲဟ ဖြစ်သွားမှာအမှန်ဘဲ
ပြုံးရမလို ငိုရမလိုပဲ kiki ရေ့...
သားသားတော့ ကျားကြောက်ဖူးတော့
သားသားက ခြင်္သေ့
ခွီးးးး ဂီးးးးးးးးး
အဟီးးးးးးးးးးးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ကျားလည်းကြောက်တယ် .. သရဲခြောက်မှာလဲ ကြောက်လို့ :D
Post a Comment