ဒီနေ့  အကြံကုန် ဂဋုန် ဆားချက် .. အဲ ဟုတ်ဖူး . ကိုယ်က ဆင် ဆိုတော့ ဆင်ကြံ ကြံ ပြီး အကြံ အဖန်
ပို့ စ် တင် ပေးမလားလို့  ။ ဒါပေမဲ့  သူ များကို ထိခိုက် စေမဲ့  ညစ်ကျယ်ကျယ် အကြံတော့ ဟုတ်ဖူးနော်။
ဒီလို သူများ နိုင်ငံ က လူ တွေ တီထွင်ထားကြတာ လွယ်လွယ်ကူကူ အိုင်ဒီယာ မျိုး နဲ့ လှတ ပတ ဒီဇိုင်း
မျိုး ကိုယ်တို့  ရွှေလူမျိုးတွေလည်း လုပ်တတ်ကြမှာ ..( အကယ်၍ သာ ကိုယ့်ပြည် ကိုယ့်ရွာမှာ လူတွေအားလုံး
လွတ်လပ်စွာ တွေးခေါ်ခွင့် ၊ လုပ်ပိုင်ခွင့် ၊ ပြောဆိုခွင့် ၊ ရေးသားခွင့် တွေသာ ရှိနေ ရနေ ကြမယ် ဆိုရင်ဖြင့် လေ) ။
ဟိ ဟိ ဒီနေ့ မိုးရွာတယ် ။ ဒါပေမဲ့  ကျောင်းသွားရ မှာ မပျင်းပါဘူး ။ ထီးမိုးကာ အသစ်လေး နဲ့  ရှိုးထုတ် ချင် နေတာ
ကိုးရီးယား နိုင်ငံ က တီထွင်ထုတ်လုပ်တဲ့  ဒီ UFO ထီးမိုးကာ လေးတွေ ။ ခုဆို မြန်မာပြည် ထဲ ရောက်ရောပေါ့ ။
ဟေ့ ငဖြီး ။ ဒီဟာ ဘာကြီးလည်း မသိဘူးလား ဟ ။ ဒါလေးတောင်မှ ။ မိုးရွာ နေတုန်း ကားတံခါး ဖွင့် ထီးဖွင့် နေတုန်း
မျက်လှည့်  ပြတာ လား ။ မိုးရွာရင် ထီးဖြစ် ။ မိုး မရွာရင် လက်ကိုင်အိတ် ဖြစ် ။ ဘယ်လောက် အဆင်ပြေလည်း နော်
ဒီလို ဒီလို အဆင့်ဆင့် ခေါက်လိုက် ချိုးလိုက် နဲ့  ... ထီးက နေ အိတ်ဖြစ် ။ အိတ်ကနေ ထီးပြောင်း ဘယ်လောက်ကောင်း
မိုးတွင်း လေပြင်းမုန်တိုင်း တိုက်ခတ်ချိန် ထီးဖွင့် ဆောင်းသွားရသူများ အများစု တွေ့ ကြုံ ရတဲ့  ရီစရာ ဟာသ ဒုက္ခ
ဒီလို ဒီဇိုင်း နဲ့  ဒီလို ပုံ စံ ထွင် ထားတာ လေ ။ ၃ ဒေါင့် ပုံ ချိုးထားတော့ လေပြင်းကို ခွဲ အားရှိ ပြီး လေတိုးဒါဏ် ခံနိုင် တာပေါ့။
ဟိ ဟိ ဒီနေ့ မိုးရွာတယ် ။ ဒါပေမဲ့  ကျောင်းသွားရ မှာ မပျင်းပါဘူး ။ ထီးမိုးကာ အသစ်လေး နဲ့  ရှိုးထုတ် ချင် နေတာ
အတော် ပါပဲ ။ ဘယ်လောက် ရွာရွာ အရေးမကြီးဘူး ။ဟိဟိ ။
(ဪ .. မြန်မာ ပြည် လည်း ဒီအချိန် မိုးတွင်းကြီး ။ ကျောင်းသားလေးတွေ ထီးမပါ ၊ရေစိုခံပြီး မိုးရွာထဲ မှာပျော်ရွှင်စွာ
လမ်းလျှောက်ပြီး ကျောင်းတောင် မှန် မှန် တက် နေနိုင် ကြရဲ့ လား )
ကိုးရီးယား နိုင်ငံ က တီထွင်ထုတ်လုပ်တဲ့  ဒီ UFO ထီးမိုးကာ လေးတွေ ။ ခုဆို မြန်မာပြည် ထဲ ရောက်ရောပေါ့ ။
(လေးလေးပင်ပင် ချွန် ချွန် အဝေးကြီးထိ ပစ်နိုင်တဲ့  ဟာကြီးတွေ တောင် ရောက်နေကြရင် ဒီပေါ့ပေါ့ ပါးပါး လေး
လောက်ကတော့ လွယ်ပါတယ်လေ ။ မြန်မာပြည်သားတွေ အသုံးဝင်မဲ့  အရာလေးတွေ မြန် မြန်ရောက်နိုင် ပါစေ ။
ဒို့ မြန်မာတွေ မညံ့  ကြပါဘူး ။ နောင် မကြာမီ ကိုရီးယား စကား ကို အများသုံး အဖြစ်သတ် မှတ် တော့မယ် လို့ တောင်
ပြော နေကြပြီဘဲ ။ )
အဟင့် ခွေး ဖြစ် ရတာ တောင်မှ ခွေး ကံ ခြင်းလည်း မတူ ကြဖူးနော် ။ သူတို့ ခွေးတွေကျ တော့ လှလှ ပပ ဝတ်လို့ ။
အဟင့် ခွေး ဖြစ် ရတာ တောင်မှ ခွေး ကံ ခြင်းလည်း မတူ ကြဖူးနော် ။ သူတို့ ခွေးတွေကျ တော့ လှလှ ပပ ဝတ်လို့ ။
( အရင် ခွေးဘဝ တုန်းက အကျင့် သီလကောင်းခဲ့ လို့ လား ကွယ် ။)
ဟေ့ ငဖြီး ။ ဒီဟာ ဘာကြီးလည်း မသိဘူးလား ဟ ။ ဒါလေးတောင်မှ ။ မိုးရွာ နေတုန်း ကားတံခါး ဖွင့် ထီးဖွင့် နေတုန်း
ရေ မစိုအောင် ကာ ထားတဲ့  မိုးကာ ကွ မှတ်ထား ။
(အဲ.. လွဲ ပြန် ပြီ ။ ဘယ်တုန်းက မှ လည်း မမှန် ခဲ့  ပါဖူးလေ။ ရမ်း သန်းပြော တာ အကျင့် ပါနေလို့  ။ နောင်ဆို သေချာသိ
တာမှ ပြောပါတော့မယ် ။ သတင်းစာ ရှင်းလင်းပွဲတွေလည်း မလုပ်တော့ ပါဘူး ။ တရှက်ကနေ အရှက်ပေါင်းများစွာ မရ
အောင်)
မျက်လှည့်  ပြတာ လား ။ မိုးရွာရင် ထီးဖြစ် ။ မိုး မရွာရင် လက်ကိုင်အိတ် ဖြစ် ။ ဘယ်လောက် အဆင်ပြေလည်း နော်
သူများတတွေလို အထဲ ဝင်ရင် ထီးကို အပြင်မှာ ထားခဲ့ စရာလဲ မလိုတော့ဘူး
နှစ်ဖက် လှ လေ ။ ထီး နှစ်ဖက်လှ က အသုံးကျသေးတယ် ။( လူ နှစ်ဖက်လှ နှစ်ဖက်ချွန် ဆို အမြင်ကပ်စရာ ။)
နှစ်ဖက် လှ လေ ။ ထီး နှစ်ဖက်လှ က အသုံးကျသေးတယ် ။( လူ နှစ်ဖက်လှ နှစ်ဖက်ချွန် ဆို အမြင်ကပ်စရာ ။)
ဒီလို ဒီလို အဆင့်ဆင့် ခေါက်လိုက် ချိုးလိုက် နဲ့  ... ထီးက နေ အိတ်ဖြစ် ။ အိတ်ကနေ ထီးပြောင်း ဘယ်လောက်ကောင်း
သတုန်း ။ ( ကိုယ်တို့  ရွှေ ပြည် မှာလဲ အမျိုးမျိုး ပြောင်းသုံး လို့ ရတာ ရှိ ပါတယ်နော် ။ ဟွန်း အထင်သေးလို့  ။
လူတယောက် အရှင်လတ်လတ် နဲ့  တနေ့ တည်း နှစ်ဘဝ သုံး ဘဝ ပြောင်းနေကြရတာ ။
မနက်ပိုင်း ကျ တော့ ကျောင်းဆရာ ။ ညနေပိုင်း ကျ ဆိုက်ကား ဆရာ ။ ည ပိုင်းကျ တော့ တရားဟော ဆရာ
တွေ လုပ်နေကြသူ တွေ တပုံကြီး ရှိ ပါ့ )
ကိုယ်ခံဓါတ် ကောင်းတော့ မှာလည်း။
( ဒို့ ရွှေပြည် က ခွေးတွေများ အမှိုက်ပုံတောင် ရှာစားစရာ မရှိ ။ လူတွေ ဦးသွားလို့ ပါ။ အဲ .. ယောင်လို့  ။
အမှိုက်ပုံ မှာ လုယက်စားရင်း တိုက်ရည် ခိုက်ရည် ကောင်း၊ ကိုယ်ခံအင်အားကောင်း ။ဘယ်လောက်
ကောင်းလိုက်သတုန်းလို့  )
ရတော့ မလို ပဲ နော် ။ အေးလေ ။ ခွေးချင်းတူတာတောင် ၊ အသက်ရှု တာချင်း ကွာကြအုံးမှာ .. သဘာဝ ။
ကိုက်ရင်လည်း မပူနဲ့  သိလား ။အပူပေးတဲ့ စက် ကလေး နဲ့  ဖီဆီယို သရဖီ ယူ လို့  ရတယ်။
( သခင်ကောင်းတော့ ။ အရိုးကောင်း ကိုက် ရတာပေါ့ ။ အရိုးကောင်း ကိုက်လိုသူ များ ခုတည်းက သခင်ကောင်း ရှာ
ထားကြ ပါ ။ ၂၀၁၀ ခု နှစ် ရောက် ပါတော့ မယ် )
မိုးတွင်း လေပြင်းမုန်တိုင်း တိုက်ခတ်ချိန် ထီးဖွင့် ဆောင်းသွားရသူများ အများစု တွေ့ ကြုံ ရတဲ့  ရီစရာ ဟာသ ဒုက္ခ
လေးကတော့ လမ်းလျှောက်နေရင်း လေပြင်းအဝှေ့ မှာ ထီးတွေလန် ပြီး ရုပ်ပျက်ဆင်းပျက် ။ရေစို ရတဲ့  အဖြစ်လေ ။
ကိုယ်တွေ့  ကြုံဖူး ပါတယ် ။ မကြာခဏ ။ ဒါကြောင့် ဒီတမျိုးတော့ သဘောကျတယ် ။ တလက်ကို US 55 $ တဲ့ ။
မှာကြ မလား ။ များများယူရင် ကုမ္ပဏီ လျှော့ဈေးနဲ့ ရ မလား မသိဘူး နော် ။
ဒီလို ဒီဇိုင်း နဲ့  ဒီလို ပုံ စံ ထွင် ထားတာ လေ ။ ၃ ဒေါင့် ပုံ ချိုးထားတော့ လေပြင်းကို ခွဲ အားရှိ ပြီး လေတိုးဒါဏ် ခံနိုင် တာပေါ့။
ရင် ကိုယ့်မ မြင်ပဲ ကားဝင်တိုက်မဲ့  အန္တရာယ် မှ နည်းပါး စေနိုင်တယ်လေ ။ အဲလိုထီးတချောင်း က US 25 $ ပါတဲ့ ။
နောက်ကြုံ မှ ဆားထပ်ချက်ပါမယ် ။ အလိုရှိ သူများ ကြိုတင် စာရင်းပေးနိုင် ပါပြီ ။ ဒီ လကုန်ထိ ဒစ်စကောင့် ရှိပါသည်။ :))
►Posted by
:kiki
:
at
7/02/2009 08:00:00 PM
Subscribe to:
Post Comments (Atom)
17 comments:
သြော်
ဘာများလဲလို့
မရှိမဖြစ် ထီး အကြောင်းကို
ကြော်ငြာခ ဘယ်လောက်ရလဲတော့မသိဘူး
မှတ်သားသွားပါတယ်
ထီး ထီးး မရှိမဖြစ် ထီးး
ချစ်ခင်လေးစားစွာဖြင့်
မကြီးကီးးးး သေအောင်လိုက်ဖမ်းပြီးချစ်တဲ့
ဖိုးစိန်
မိုက်တယ်ဗျာ မလိမ္မာဘူး
ထီးကြော်ငြာ ၀င်ပါတယ်ဗျို့ ယူကြဦးမလား ထီးဗျို့ ထီးး အဲ ယောင်လို့ ပဲပြုတ်ဗျို့ ပဲပြုတ်..
း)
လေးစားလျက်
တောင်ပေါ်သား
ဖွားကိေ၇..ထီးလေးတစ်ချောင်းလောက်လက်ဆာင်ပေးပါလားဟင်။
အဲဒီထီးကခေါက်ပြီးလက်ကိုင်အိတ်လိုလည်းသုံးလို့ရရမယ်။ပြီးတော့ညဘက်မှာလည်းအလင်းရောင်ပါရမယ်။အမ်ပြီးတော့လေဒဏ်လည်းခံနိုင်ရမယ်။
ပေးမလားဟင်။
ဟီး၂
ထီးမပေးရင်လည်းလင့်ခ်ဘဲယူပြီးပြန်ပြီ။=)
အမကီ
အနော်က ဘလော.ကာအသစ်လေးပါ..လာရောက်လည်ပတ်ဖို.ဖိတ်ခေါ်ပါတယ်နော်...အမရဲ.အိမ်လေးကိုတော.မကြာခဏဆိုသလိုရောက်ဖြစ်ပါတယ်....ခုလည်းဖတ်သွားတယ်နော်....
၂၀၁၀ အတွက် ကြိုတင် စာရင်းပေးသွားတယ်...
အရိုးအရင်းများ ကိုက်ရမလားလို့...
းဝ)
ချစ်စရာလေးတွေ။ ဘွားကီ လိုချင်တယ် :) ပြောပြန်ပြီ။ အမှတ်မရှိတဲ့ မြေးဆိုပြီး ရိုက်တော့မယ် လက်က ထီးကြီးကိုင်ပြီး ရွယ်နေပြီ။
လန်ထွက်နေတာပဲ.. ဟိဟိ... လိုချင်လိုက်တာ..
ထီးတချောင်းလောက်အော်ဒါမှာချင်လို့...
ကားဂိတ်မှာ စောင့်ရင်းနဲ့ ထီးရဲ့မျက်နာပြင်မှာ အင်တာနက် သုံးလို့ရတာရယ်...လက်ကိုင်က ခလုတ်တခုနှိပ်လိုက်ရင် ကော်ဖီအပူကျလာတရယ်(ခွက်ပါတခါတည်းပါပြီး)ဆောင်းတွင်းအရမ်းအေးတဲ့ အချိန်သွားရင် အပူငွေ့ပေးတာရယ် ထီးရိုးမှာ 3G ဖုန်း တလုံးရယ် အင်း..ပြီးတော့...ထပ်စဉ်းစားလိုက်အုံးမယ်
အခုလောလောဆယ်တော့ ဒီလောက်ပါပဲ...
နောက်တချောင်းထပ်မှာမှ ပိုပြီးပြည့်ပြည့်စုံစုံပြောတော့ မယ်...ဘယ်နေ့လောက်ရမလဲ ရက်ချိန်လေးပေးပါအုံး..။
၇ွာ က လူတွေ က ဖွားကိ ကလေး မိုးကာ ကဈေးကြီးလို့ ဝယ်မပေး နိုင်ဘူး ခမောက်ပဲ ဆောင်းတဲ့.. အတူတူပဲ တဲ့ .. ဘီလို လုပ်မလဲ..း))
မီးလင်းတဲ့ ထီးလေး ကြိုက်စ်
အဲဒါတွေ ဘယ်မှာရလဲဟင်
စားဖူးသမျှ ဆားတွေထဲမှာ... အဲလေ.... ဖတ်ဖူးသမျှ ဆားချက်တဲ့ ပို့စ်တွေထဲမှာ သည်ပို့စ်က အကောင်းဆုံးပဲ...
ပေါ့ပေါ့ပါးပါးဟာတွေက ပြည်သူအတွက်အကျိုးမရှိဘူးထင်နေကြလို့
လေးလေးပင်ပင်ချွန်ချွန်ကြီးတွေကိုစေတနာရှေ့ထား
အပင်ပန်းခံပြီးသယ်နေကြတာပေါ့ဗျာ :P
အင်း...အရိုးကောင်းကောင်းကိုက်ရဖို့ခုကတည်းက
သခင်ရွေးမမှားမှ :P
မအယ်လည်းလိုချင်တယ်။ ထီး မိုးကာ။
ထီးတွေရမယ်ဗျို့............
အော်မှားလို့.....မှားလို့..........
ဒီလိုအသစ်လေးတွေ တင်ပေးတာ တကယ်
အကျိုးရှိတယ်....မမကီ
ချစ်တဲ့
ဂျစ်လေး
အဲ ထီး...ထီး....အိမ်က ခွေးလေးအတွက်
ဝယ်ပေးရမယ် ;)
ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲ :D
သူတို့လည်း သူတို့ ကုသိုလ်နဲ့ သူတို့ပဲ :P
Post a Comment