ချစ်တဲ့ ညီမငယ်လေး က မတက်စဖူး အတက်ထူး ပြီး လာတက်ပါသတဲ့  ။
အောင်မလေးဟဲ့  ကျားသား မိုးကြိုး ။ ကျားသမီး ပိုးထိုး ။ ( တက်= တဂ် = Tag )
ကြိုက်သလို သာ တက်ကျ ပါ ။ သူတက်ခိုင်းတိုင်း ကိုယ်လိုက်တက်ချင်မှ တက်ပါမယ် ။
သူက ဒီဟာတက်ပြီး ဒီလိုရေးပါလို့  ပြော ပေ မဲ့  ကိုယ်က ဟို လို ရေးချင် ရေးပါမယ် ။ ရေးချင်တာရေးပါမယ် ။
ရေးတတ်သလို ရေးပါတယ် ။ တော်လှန် နေကြ ဆိုတော့ လည်း နဲနဲ ပါးပါးတော့ အရစ် ရှည်လိုက်ပါမယ် ။
အကြိုက် နှစ်သက်ဆုံးသော အစားအစာ များ တဲ့  ...လေ ။
အဟက် ..ကြိုက် နှစ် သက် တာတွေ ချည်းပြော နေတော့ရော ။တွေ့ တဲ့ အခါ အားလုံး စုံအောင် ရှာဖွေချက်ပြုတ်
ကျွေးမွေးမှာ ကျနေတာဘဲ နော် ။သူကြိုက် တာတွေ သူအရင်ပြောထားတော့ ကိုယ်က အလျှော့ပေးပြီး သူကြိုက်တာတွေ
လိုက်စားရင်းနဲ့ ဘဲ ကိုယ်ကြိုက်တာတွေ ဖြစ်သွားရတဲ့ အစာတွေ လည်း မနည်းလှ ပါဘူး ။
ဥပမာ - ရွှေမန်းရုံ အောက်က ဝက်သားတုတ်ထိုး ၊ယူနန်ဆိုင် က ဂဏန်း အစပ်ချက် ၊ အသားကင် ။
ကိုယ့် ဟာ ကိုယ်ကင်စားကြသော ဘာဘီကျူး အသားကင် တူးတူး ကျွမ်းကျွမ်းများ ။ [ ဤ ပုံ ကို ကြည့် ပါ ။ ငှဲ ငှဲ ]
ရွှေကောင်း က ဟော့ပေါ့ ။ ဘလက် ကင်ညွန် နဲ့  ၃၆၅ ဆိုင်က ကော်ဖီ ၊ သူက ကာပူချီနို ။ ကိုယ်က အက်စ်ပရက်ဆို ။
ဒါပေမဲ့ ကာပူချီနို ပဲ မဲနိုင်သွားပါတယ် ။
နောက်ပြီး ၂၂ လမ်းထိပ် က ဝက် ဆာတေး ။ ဘီဂျေ ဆိုင် က မြေအိုး မြီး ရှည် ။ ယောက်လမ်း လမ်းဘေးဆိုင် က
အာလူးပူရီ ရယ် ၊ ဒိန် ချဉ် ရယ် ၊မေမေ ဝယ်ကျွေးတဲ့  မြေနီကုန်း [ အဟက် မခင်အေး ဆိုင်ထဲ ယောင်ပြီး ဝင်မိတော့မလို့  ၊
အမြန် ပြန်ထွက်လိုက်ပြီ ] က ဗမာ မုန့်  မျိုးစုံ (မုန့်ကျွဲသဲ ၊သာကူပြင် ၊ ဘိန်းမုန့်၊ ရွှေကြည် ဆနွင်းမကင်း )ရယ် ၊
ဆဲဗင်းစတား က ဆမူဆာ နဲ့ လဖက်ရည် ရယ်၊ နောက်ပြီး ကုလားမကြီးဆိုင် က တိုရှည် နဲ့ မန္တလေး ပဲကြော် ။
ဒါတွေက မြန် မာ ပြည် ပြန်တိုင်း စားဖြစ်တဲ့ အစာတွေ ၊ စားရင်း နဲ့  ကြိုက်သွားတဲ့  အစားအစာတွေ ပါ ။
အစား အသောက် လို့ မရေးပါဘူး နော် ။ သတိချပ်ကြ ပါရန် ။ ထို့ ကြောင့် အသောက် အကြောင်း မရေးပါဘူး ။
( ရေးမိ မစိုး၍ မိမိ ကိုယ် မိမိ ကြိုတင် သတိပေး စာ ပါ )။ သွားရင်း စားရင်း ကြိုက်ရင်း အစားအစာ တွေထဲမှ
မှတ်မိသလောက် ကို ပြန်ရေးပြ တာ ပါ ။
ဒီမှာ တယောက်ထဲ နေတဲ့ အခါကျ အကြိုက်ဆုံး အစားအစာ ဆိုတာ ဘာမှ မရှိတော့ ပါဘူး ။
ရှိတာစားတယ် ။ လွယ်တာစားတယ် ။ အဆင်ပြေသလို စားတယ် ။ ဗိုက်ပြည့်  ပြီးရော သဘောမျိုး နဲ့ စားတယ် ။
အဟာရ ပြည့် ပြီး ရောဂါမရ နိုင်အောင်၊ အသက် ဆက်တဲ့  သဘောမျိုးနဲ့  စားတယ် ။ မစားရ မနေနိုင် သဘောမျိုးနဲ့ 
မရမက အတင်းလိုက်ရှာဖွေ စားသောက်ရတဲ့  အစာမျိုး ဘာမှ မရှိပါ ။ တခါတလေ မနက် နေ့လည် ညစာ ပေါင်းပြီး
စားတယ် ။ ဗိုက်ဆာနေတဲ့ အချိန် မှာ စားရတဲ့အစာ ကို အကြိုက်ဆုံး အစားအစာ လို့ ဘဲ သတ်မှတ် ပါတယ် ။
အကြိုက်ဆုံး အစားအစာ တွေ အကြောင်း က ဒီလောက်ပါဘဲ ။
ဒါက သူ ရေးခိုင်းတဲ့ အကြောင်းအရာ ၊ သတ်မှတ်ထားတဲ့ ခေါင်းစဉ်လေးပေါ့ နော် ။
ခု ဆက်လက်ပြီး ဖျော်ဖြေတင်ဆက်ဖို့ အလှည့် ကျတာ ကတော့ အမုန်းဆုံး အစားအစာ များ ပါ ။
အစားအသောက် ဇီဇာ မကြောင်တတ်တဲ့  ကိုယ့်ကိုယ်ကို ဘယ် အစားအစာ မျိုး မဆို စားနိုင် လိမ့်မယ် ထင်ထား တာ ။
မဟုတ် ခဲ့ပါဘူး ။ အမုန်းဆုံး လူ ရယ် လို့  စဉ်းစား မိသလောက် မရှိသေးပေ မဲ့  အမုန်းဆုံး အစားအစာ ဆိုတာ တော့
ရှိ ပါတယ် ။များများတော့  မဟုတ် ပါဘူး ။ နှစ်မျိုးတည်းပါ ။
(၁) ဆန်ပြုတ် ၊ (၂) ထမနဲ ။။ အဟဲ ထူးဆန်းတယ်လား ၊
ဒီ နှစ်မျိုးကို အသေမုန်း ၊ မကြည့် ချင်လောက်အောင် မုန်းပါတယ် ။
ရှေးဟောင်းရာဇဝင် လေးတွေ ရှိပြီးမုန်း သွားရတာ ပါ ။ သိချင်တယ်လား ။ ပြော ပြ ရ မလား ။
[ အိုးးးး တချို့  သူတွေ ကပြောတယ် ။ မသိချင်ပါဘူးတဲ့  ။ တချို့ တလေက ပြောတာ သိချင်ပါတယ် တဲ့ ။
ကဲ ဒီတော့ အများ ဆန္ဒ အ ရ ပေါ့ နော် ။ မသိချင်တဲ့ သူ အရေ အတွက် က များ နေရင် ဆက် မရေး တော့ ပါဘူး ။
သိချင်တဲ့ အရေ အတွက် က ပိုများ မယ် ဆိုရင်တော့ ဆက် ရေး ပါမယ် ။ တရုပ်ကား ၊ ကိုရီးယား ကား ဇာတ်လမ်းတွဲ
တွေလောက် တော့ မရှည်ပါဘုး ၊ မများပါဘူး ။ နောက်တ ပိုင်း ပဲ ရှိ မယ်ပေါ့ ။ ]
ခုတော့ ဒီလောက်နဲ့ ပဲ ရပ်ပါမယ် ။
တဂ် ထားတဲ့  မချစ်ရ / မချစ်တချစ်မရ လေး ကျေနပ်မယ်လို့ ထင်ပေမဲ့  မကျေနပ်ဖူး ဆိုတာလည်း သိနေပါတယ် ။
ပုံတွေ တင်ပေးလိုက်လို့  အအော်ခံ ရ တော့မယ် ဆိုတာ သိနေတယ်လေ ။
နောက်တခါ ထပ်တဂ် ပါ ။ ဒီထက် ရစ်တာ တွေ ရေးပေးပါ မယ် ။။ နော် နော် နော် လို့  ........း))
►Posted by
:kiki
:
at
7/01/2009 03:50:00 PM
Subscribe to:
Post Comments (Atom)
16 comments:
ဟွန့် ..ကုလားအစားစာကြိုက်တာကျတော့မရေးတော့ဘူးလား
ဂျနဂျိုတို့ဘာတို့လေပြီးတော့ဘာပါလိမ့်
ခေါက်ဆွဲကြွပ်ကြော်ကမကြိုက်လို့ဒီတစ်ခေါက်ပြန်လာ
ရင်လုပ်ကြွေးစရာမလိုတော့ဘူးပေါ့ ဟားဟ တစ်ယောက်သက်သာသွားပြီ
ပျော်လိုက်တာဟေးးးးးးး
အသောက်ကပါချင်သေးတယ်မပြောလိုက်ချင်ဘူး
ကောင်..တာတွေဝတ်...ကောင်းတာတွေစား......ကောင်းတာတွေပြော(ကမ္မဌာန်း ရွတ်သလို ဆိုသည်)
ကိုသုနြေ္ဒ မပြန်ခင်ညမှာ နှုတ်ဆက်တဲ့အနေနဲ့ ဒီစနေ ဆန်ပြုတ်တိုက်မယ် အချိုတည်းဘို့ ထမနဲ
ဝယ်ထားမယ်..ဟောင် ပု ဟောင် (မဟောင်လို့ မရပါ)
မဟောင်ရင် ကိုသုနြေ္ဒနဲ့ ဆက်ရှင်းရန်....။
ဖွားကိ သတိထားကြိုက်ဦး သွားတွေ ကျိုးနေဦးမယ်း) သနားပါတယ် အစားကောင်းတွေ မကြိုက်တတ်ရှာဘူး ဖွားကိ အဟီးးးးး
လေးစားလျက်
တောင်ပေါ်သား
စားချင်လိုက်တာ
စားချင်လိုက်တာ.
ပုံတွေကြည့်ပြီး
မနည်းစိတ်ထိန်းနေ၇တယ်.
ဟီးးးး..ကြိုက်လို့ 
ချမ်းမြေ့ပါစေ
အစ်မကြီး ကြိုက်တဲ့ အစားစာတွေ လာကြည့်သွားပါတယ် ... ကောင်းကောင်းလေးနေနိုင်ပြီး ကောင်းကောင်းလေးစား နိုင်တဲ့ ဘ၀မှာ အမြဲအကောင်းတွေ စားနိုင်ပါစေဗျာ
ကောင်းတာတွေလုပ်.....ကောင်းတာတွေတွေး.............ကောင်းတာတွေရေး......ကောင်းတာတွေပြော.............ဒီကိစ္စမှာ....တကယ်ဆိုရင်....ညီလေးမြစ်နဲ့ ..မကိတို့ .....တဦးနှင့် တဦး....ခင်မင်ရင်းနှီးစွာဖြင့် ...အပြန်လှန်........ဟောင်ကြတာဖြစ်ပါတယ်....မိမိအနေနှင့် ...လုံးဝ.........မသက်ဆိုင်ပါကြောင်း....မိမိနှင့် လဲ.....လုံးဝ...............ပက်သက်ပါ....မိမိမှာ၎င်းကိစ္စအား...လုံဝမသိရကြောင်း..ပို့  စ်လာရောက်ဖတ်ရှုကြတဲ့ ...စာဖတ်သူများအား.........အသိပေးရပါသည်ခင်ဗျား...သို့ သော်...မုန့် ဟင်းခါး.......ချက်မဲ့ သတင်းကိုတော့ .....အမည်မဖော်လိုသူ............တဦးဖြစ်တဲ့ ....ဂျစ်လေးက.....သတင်းအတိကျပေးလာ..ကြောင်းပါ....အီတွင်သတင်းများကို..ကြေညာလို့ ပြီးပါပြီ..ခင်ဗျာ.....အားလုံးကိုခင်တဲ့ ....သုဒြေ္န
အမား နင့်တင်ထားတဲ့ပုံထဲကဟာနဲ့ အရက်နဲ့ တည့်လားဆိုတာပြောပြပေးပါ ဆောင်ရန်ရှောင်ရန်တွေ မှတ်ထားမလို့ 
အရက်နဲ့ မတည့်လည်း ရတယ် ဘီယာနဲ့ မြည်းမယ်
နင့်ကတော့ တောင်ပေါ်သားပြောသလို သွားတွေ မကောင်းတော့ဘူးလေနော် ဒီတော့ နင့်မောင်ဖြစ်တဲ့ငါ့ကို ပဲပေးစားလိုက်တော့
အမြည်းဖိုးမတောင်းတော့ဘူး ဒါတွေအားလုံးနဲ့  ဆိုဖြစ်တယ်
ဆက်ရေးပေးဖို့ မဲလာပေးတာပါ...
ရဲဘော်ကြီး မဲတော့ မလိမ်ရဘူးနော်...
းဝ)
်အခုတစ်လော ဆန်ပြုတ်ပဲသောက်နေရတယ်...
မကြိုက်လဲသောက်ရမှာပဲလေ
အချစ်ဆုံးနဲ့ အမုန်းဆုံးအစားစာတွေကိုလာငေးသွားတယ်
ကင်ထားတာတွေကတူးနေတာပဲ ဟီးဟီး
:) ဘွား အကင်တွေက တူးလို့ပါလား။ လာငေးတယ်။ လာငေးတယ် ။
မြေးက ဆန်ပြုတ်ကြိုက်သလောက် ဘွားက ဆန်ပြုတ်ဆို အမုန်းဆုံးတဲ့။
အက်စ်ပရက်ဆို :O
ဒါတော့ အံ့သြတယ်။ ဒီလောက် ခါးခါးတူးတူးကို ဘယ်လိုများ ကြိုက်သလဲလို့။
ကျွန်တော်အကြိုက်ဆုံးက ဟင်္သာတမုန့် ဟင်းခါး၊
မကြိုက်ဆုံးက ဝက်သားအဆီ၊
အနှစ်သက်ဆုံးက ကော်ဖီခါးခါးတစ်ခွက်၊
စိတ်အဝင်စားဆုံးက စာရေးခြင်းအလုပ်ပါ
မကီ။ရေးသာရေးကြဗျို့ ၊လိပ်တစ်ကောင်လို
နောက်က လိုက်လာပြီ။
ဟေး ဖတ်သွားတယ်နော် သိရား တာ့တာ ဘိုင် အခုကျောင်းမှာ သိပ်ဖီလင်မလာဘူးကွယ် နောက်မှ ပြန်လာခဲ့မယ် ဘိုင်
စုံလို့ပါပဲနော် .. စားချင်တာတွေး))
နောက်တပိုင်းစောင့်နေပါတယ် :D
တော်သေးတယ် ။မမကီစားချင်တာတွေ ရပ်သွားလို့။
ဆက်ရန်စောင့်နေပါတယ်။
Post a Comment