တနေ့ တာ....ဒီက စ, တယ် ....လန် သွား ၊၊ အဲ .. လန့် သွားကြပြီလား ။
ညကလည်း ထုံးစံအတိုင်း အတော်မိုးချုပ်မှ အိပ်ဖြစ်တယ် ၊ သိတယ်ဟုတ် ဘလောဂ့် တကာအလည်ကောင်းနေတာနဲ့  ။ ဒီတော့ လည်း အိပ်လိုက်တာ ကမ္ဘာကြီး ကို တင်ပါးစောင်းပေါ် တင်ပြီးတော့ပေါ့ ၊ ( လောကကြီးကို ခါးစောင်းတင်တဲ့ လူစား မျိုး မဟုတ် ပါ )
ကလင် ကလင် ကလင် ....ဪ ဒီ နာရီကလည်း မြည်လာပြီ ။ သွပ်ပြား အိပ်လို့ တောင်မဝသေးဘူး ။၆ နာရီပဲ ရှိသေးတယ်။ ပိတ်ပြီး ခဏ ဆက်နှပ်လိုက် အုံးမှ ပဲ ။
အယ် .. ခနလေးပဲ နှပ်ရသေးတယ် ။ ၇ နာရီ ထိုးသွားပြီတဲ့ ၊ မရဘူး ၊ ထ နိုင်သေးဘူး ။ နောက် ၁၀ မိနစ်လောက် ဆက်နှပ်လိုက်အုံးမယ်ဟာ ... ( နောက်တကြိမ် ပြန်အိပ်မောကျသွား လေသည်)
ဟိုက် .. ဗုဒ္ဓေါ ။ သေပါပြီ ၇း၃၀ တောင်ရှိသွား ပါရောလား ။ဘယ်လို လုပ် ပြန်အိပ်ပျော်သွားမှန်း မသိလိုက်ဖူး ၊
ဒီနေ့ မနက်စောစော ဆီမီနာ ရှိသေးတယ် ။ ဘာမှတောင် လုပ်ရသေးဘူး ။ပြသနာ ပဲ ။
ကျန်းမာရေးကလည်း အရေးကြီးတယ် ။ အချိန်ကုန် သက်သာအောင်၊အလုပ်နှစ်ခု တပြိုင်တဲ လုပ်ရတယ် ။အရေးကြီးတဲ့ ကမ္ဘာ့  အရေး ၊တိုင်းရေး ပြည်ရေး ၊ စီးပွားရေး နဲ့ အတင်းအဖျင်းတွေ ခေတ်နောက်မကျအောင်၊ မသိသူတွေကို ရွှီးလို့ ရအောင် ဖတ်ထား ဦးမှပဲ ။
အောင်နက်ကို ဈေးလွှတ်လိုက်တာ လည်း ခုထိပြန်မရောက်သေးဘူး ။ ဒုက္ခပါဘဲ ထမင်းဘူး မမှီတော့ဘူးပေါ့ ။တတ်နိုင်ပါဘူး ဒီနေ့ လည်း ဖြစ်သလိုပဲ စားရတော့မယ် ။ အလှ အရင် ပြင်ဦးမှ ပဲ ၊
ဒီပုံကြီးကို ဘယ်လို လှအောင်ပြင်ရပါ့ ။ နဂို ရှိမှ နဂိုင်းထွက်တာ တဲ့လေ ။ ခုတော့ မနဲ မနော ထွက်နေပြီ ။စိတ်ညစ်ပါ့ ။
အချိန်မရလို့  မိတ်ကပ်ကို ဖြစ်သလိုပဲ လိမ်းလိုက်တယ် ။ သိမ်းထားတာ ကြာလို့  အရောင် က မဲသွားတာ ၊ ရတယ် ၊ ကိစ္စ မရှိပါဘူး ။ နဂို က လှပြီးသားပဲ ။
ဒီနေ့  ဘာဝတ်ရမလည်း ။ ရွေးဦးမှ ။ ဆီမီနာ မှာ ဆရာ ချောချောလေးက ပို့ စ် အသစ်တင် .. အဲလေ ရှားရှားပါးပါး ကေ့စ် တခု ဆွေးနွေးမှာဆိုတော့ ၊ သူကြည့်အောင် ဘယ်လို ဝတ်ရပါ့ ။ အင်း .. ဒီဟာလေး မဆိုးဘူး ။ လေကောင်းလေသန့် လည်း ရတာပေါ့လေ ။
ကဲ ဘယ်လိုလည်း ။ အဆင်ပြေတယ်ဟုတ် .. ..
အင်း မနက်စာ စားရအုံးမယ် ။ ဘာစားရင်ကောင်းမလည်း ။ အစားတလုပ် ရှာစားရတာလည်း အတော် ခက်ပါလား နော် ။
အချိန် မရတော့ တွေ့ ရာပဲ ကမန်း ကတန်း ပေါ့ ။ လာလေရော့ ။ တရုပ်ပြီး တရုပ် ... အဲလေ .. တလုပ်ပြီးတလုပ် ။
အင်း ၊ ဒီနေ့  ဟမ်ဘာဂါ လေးက အရသာ တမူ ထူးနေသလို ၊ ပိုစားကောင်းသလို ပဲနော် ။ စားကောင်းကောင်းနဲ့ တခုလုံး ကုန်တာပဲ ။
ဪ... ဒီကလေး တကောင်ကလည်း ၊ ပြောမရ ဆိုမရ ၊ ဟိုဆွဲ ဒီဆွဲ နဲ့ ။ အဖေတူသား လေး ၊ တယ်လေ ။
အယ် . .. ညနေဖက် ရေ မလာဘူးတဲ့ ။ ပန်းကန်တွေ လည်း ဆေးရဦးမှာပေါ့ ။ ဒုက္ခပါဘဲ ၊ အချိန် မလောက်ရတဲ့ ကြားထဲ ။ဒီ ကလေးက တမျိုး ။ စိတ်ညစ်ရပါ့ ။ ဒီလိုလေး ခန နေဦး နော် ။
ငြိမ်ငြိမ် နေပါဆို ။ ဒီမှာ ပန်းကန်ဆေးရတာတောင် မဖြောင့်ဘူး ။ အရေးထဲမှ E . E ပါချပြန်ပြီလား ။ ကဲလေ ။ မထူးပါဘူး ။ တချက်ခုတ် နှစ်ချက်ပြတ် ။ တခါတည်း ဆေးကြော ပေးလိုက်မယ် ဟယ် ၊ ဘယ်သူမှ မတွေ့  ဘူး ။
အလုပ်နောက်ကျတော့မယ် ။ဘတ်စ်ကား ကလည်း ဒီနေ့ မှ စောင့်ရတာ ကြာလိုက်တာ နော် ။( အနောက်က လူကြီးကလည်း နှောက်ယှက်နေသေးတယ် ) ။
တော်ပြီဟယ် ။ ဘတ်စ်ကား မစောင့်တော့ဘူး ။ စက်ဘီးလေးပဲ နင်းသွားတော့မယ် ။ အညောင်းလဲ ပြေတယ်လေ ။ ကားပိတ်တာ လဲ မဖြစ်တော့ဘူးပေါ့ ။
(ဟို လူကြီး ၊ ကလူထွင်းလို မဖြစ်အောင် ပုလိပ်ရှောင် မောင်းရမယ် . ရှေ့ မီးရော နောက်မီးပါ မရှိလို့  ..)
စက်ဘီးနင်းရတာ ညောင်းလာပြီ ၊ ခေါ်သူရှိတုံး ၊ဒီလိုလေး ကားကြုံတက်စီးလိုက်မယ် ။ အဆင်ပြေချင်တော့လည်း ဒီလိုပဲလေ ။
အလုပ်ရောက်ပြီ ။ အချိန်တောင် နဲနဲ နောက်ကျသွားပြီ ၊ကမန်းကတန်း ပြေးရအုံးမယ်
ဟူး.. ရောက်ပါပြီ ဆီမီနာ ခန်းထဲ ။ မှောင်လို့ မဲမဲ ပါလား ။ အစီအစဉ် စနေပြီ ထင်ပါ့ ၊
ဆရာချောချော နဲ့ တွေ့ ရမယ်ထင်တာ ၊ မှန်းချက် နဲ့  နှမ်းထွက် မကိုက်ပါလားလေ ။
ပြောတာတွေကလည်း စိတ်ဝင်စား စရာ မကောင်း ၊ ညတုံးကလည်း အိပ်ရေးမဝ နဲ့ ၊ ခိုးအိပ်တာပဲ ကောင်းပါတယ် ။တော်သေးတာပေါ့ ၊ နေရာယူ မှန်သွားပေလို့  ။ ဆီမီနာ ပြီးရင် နှိုးဖို့ မမေ့ နဲ့  အုံး ၊သူငယ်ချင်း မောင်ဘဦးရေ ။
လက်ခုပ်သံကြားတော့မှ နိုးလာတယ် ။ ဝါးးးးးး ၊ ထမင်းစားချိန်တောင် ရောက်ပါရောလား ။စားနိုင်မှ အိပ်နိုင်မှာ၊ ဒီတော့...
အလကားရတာ အကုန်စားပဲ ၊ ဂျီးများနေရင် ငတ်မှာ ၊
များများစားလို့ ကောင်းအောင် နဲနဲ လုပ်ပြရတယ် ။( မောင် ညီမငယ်တို့  အတုယူမမှားကြစေလို )။ဘာမှ မလုပ်ပဲ တော့ ရာထူး မတိုးနိုင်ပေဘူး လေ။ ( သူဌေး အလစ်မှာခိုးရိုက်ထားသောပုံသာ ဖြစ်ပါတယ်။သူ့ အလုပ် ကူလုပ်ပေးရင်း ၊ သူ့ နေရာမှာပါ... )
ဒီလိုနဲ့  အလုပ်မှာ အိယောင်ဝါးခဲ့တာ ... အလုပ်ဆင်းချိန်ရောက်ပါပြီ ။ ဖြေးဖြေးဆေးဆေး ဆိုတော့ ကြုံသလို ပဲ ပြန်ပါတယ်။ ဓါတ်ဆီချွေတာရာလည်း ကျပါတယ် ။လေထု ညစ်ညမ်းမှုလည်း နည်းစေတယ် ။
အိမ်မပြန်ချင်သေးဘူး ။ ကျန်းမာရေးတွက် အားကစားလေး လုပ်အုံးမှ ....ဒီလို ဒီလိုလေး ပေါ့။
အိုးးးး ဘာလို့ ဒီလောက်တောင် အပင်ပန်းခံနေရတာလည်းလို့  ထင်နေရင် မှားမယ် ။ ဒီပုံကြီး ဖြစ်နေလို့  ဒီလိုမှ မလုပ်ရင် ဒီတသက် စွံဖွယ် မမြင်ပါလေ ။
ဒီလို ပိန်ပိန်ပါးပါး ပျော့ပျော့ပျောင်းပျောင်းလေး ဖြစ်ချင်တော့လည်း ကြိုးစားပမ်းစား လုပ်ရပေအုံးမပေါ့ .....
တနေကုန် အလုပ်လုပ်နေရတော့ ဒီလိုလေးလည်း အညောင်းဖြေ ရသေးတယ် ။
အနှိပ်ခံရတာ အတော်လေး အညောင်းပြေသွားပြီ ။ အိမ်ပြန်အုံးမှ ပဲ ။ မပြန်ခင် ဆံပင် ဆက်တင် လုပ် ၊ ရှိုးထုတ်ဦးမှ ။ ဒီဇိုင်းဆင်တူလေး နဲ့ လှတယ်ဟုတ် ...
လှတ ပတ လေးလုပ်ပြီး တော့ အိမ်အပြန် ညနေစာ အတွက် လမ်းမှာ ဝင်ဝယ်ရသေးတယ် ။ ဘာဝယ်ရမှန်းမသိတော့ လွယ်လွယ်ကူကူ ချက်လို့ ရတာ လေးပဲ ဝယ်ဖြစ်တယ် ။ ကြက် ၃ ကောင် ။
လွယ်လွယ်ကူကူ လေးပဲ ချက်စားပါတော့မယ် ။ ဒီလို လေး ခုတ်တယ် ထစ်တယ် ပါးပါးလှီးတယ်လေ ။ ဖြစ်သလိုပါပဲ ။အစားတလုပ် အတွက် ဒီလောက် ဒုက္ခ မခံချင်ဘူး ။
စားလို့  ဝါးလို့ လည်း ပြီးပြီ ။ အချိန်တန်တော့ နပိန်ကန်ရအုံးပေမပေါ့ ။ ဘလောဂ် တကာ လည်ဖို့  လေ ။ အယ် ၊ဒီကလေး နှစ်ယောက် နဲ့  ညတိုင်း ကွန်ပူတာ ကြီးလုနေရတာ အလုပ်တခု ။ ဒါပေမဲ့ သိတယ်ဟုတ် ။ လူကြီးဆိုပြီး ပါဝါ ပြပြီး အနိုင်ယူ လိုက်တာပေါ့ ၊ ဘယ်သူ ဘာပြောမလည်း နော် ။
အရေးထဲမှ ဖုံးတွေ ကလည်း တဂွမ်ဂွမ် နဲ့ လေ ။ ဘလောဂ် လည်တာ အချိန်မလောက်ရတဲ့ ကြားထဲ ၊ ပြန်မပြော လို့ ကလည်း မကောင်း ။ လူမှုရေးတွေ လား ။ မဟုတ်ပါဘူး ။ အရည်မရ ၊ အဖတ်မရ တာတွေ ပါပဲ ။တော်ကီပွား ရတာလည်း ပင်ပန်းတာ ပဲ ။
ဒါနဲ့ ပဲ ဗိုက်ဆာ လာပြန်ပြီ ။ မအိပ်ခင် နွားနို့  လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးလေး သောက်ရမယ် ဆိုလို့  ကိုယ်တိုင် မွေးပြီး ကိုယ်တိုင် ညှစ်ထားတဲ့  နွားနို့  ရှိတယ် ။ သောက်ကြ အုံးမလား ။
သန်းခေါင်ထက် နက်တဲ့ည ၊ ဒီလိုပုံ နဲ့  မိုးကြီးလည်းချုပ်ပြီ ။ မပြီးဆုံးနိုင်သေးတဲ့ မနက်ဖြန်များစွာ အတွက် အသက်ဆက်ဖို့  အလုပ်လုပ်ရအုံးမှာမို့  ၊ အိပ်ချိန်တန်တော့လည်း အိပ်ရ ပြန်ပါပြီ ။ အနှောက် အယှက်ကင်းစွာနဲ့  ဒီလို လေး အိပ်ရတာ လည်း လောက စည်းစိမ် တမျိုး ပါပဲလေ ။
ဒီလို နဲ့  တနေ့ တာ များစွာ တွေ ကုန်ဆုံး နေခဲ့ ရပါတယ် ။
ပျော်စေလိုတဲ့ သဘောသက်သက် နဲ့ ရှာဖွေ တင်ဆက်ပေးလိုက်တဲ့  ပုံများ အထဲ မှ တချို့ သော ပုံများမှာ မျက်စိ အမြင် ရိုင်းနေသလို ဖြစ်နေမယ်ဆိုရင် နားလည်ခွင့်လွှတ်ပေးကြပါ ။ နားမလည် လို့  ပြောချင်တယ် ဆိုလည်း ပြောခဲ့နိုင်ပါတယ် ။ ဒါပေမဲ့  ခါးချိ နေတဲ့  ဖွားကိ တယောက် ခုလောလောဆယ်မှာ ဘလောဂ်လည်ခြင်း ၊ကော်မန့် ရေးခြင်းများနဲ့ ခဏတာမျှ ခွဲခွာ နေရပါအုံးမယ် ။အိမ်သာနတ်ကြီး နဲ့ ထိတွေ့ ဖို့  အခြေအနေ မပေးတဲ့  နေရာ တခုမှာ ရှိနေမှာ ဖြစ်တဲ့  အတွက် နောင် လာမဲ့ နှစ်သစ် ၂၀၁၀ ခုနှစ်မှာမှ ၊ ချစ်ခင်ရသော မောင်နှမ မိတ်ဆွေ များ နဲ့  ပြန်လည် တွေ့ ဆုံ နိုင်ပါမဲ့  အကြောင်း အစီရင် ခံအပ်ပါတယ် ။
ပျော်ရွှင်ချမ်းမြေ့ ဘွယ်ရာ နှစ်သစ်မှာ မိတ်ဆွေ အပေါင်းတို့  ကျန်းမာ ရွှင်လန်းပြီး အစစ အဆင်ပြေနိုင်ကြပါစေ ။ လိုအင်ဆန္ဒများ ပြည့် ဝနိုင်ကြပါစေ လို့  ကြို တင် ဆုတောင်းပေးလိုက်ပါတယ် ။
( ပုံ များ ကို ဂူဂယ်အကူအညီ နဲ့ ရယူထားပါတယ် )
26 comments:
လုပ်ချလိုက်ပြန်ပြီ မမကိကိတို့
မနိုင်ဘူး .. (ပုံထဲမှာက ၀နေတာကိုးးးးးးးးးးးး :P) :D
နေကောင်းကျန်းမာ အဆင်လည်းပြေပါ၏
အလုပ်ပိနေတာပါ .. အဟဲ .. :D
ချိတ်အပူနဲ့နော် ;))
ဖွားကိပြန်လာမယ့် ၂၀၁၀ ထိ မချိမဆန့် မျှော်နေပါ၏ ..
ပုံတွေက အဆန်းတွေကြီးပါပဲနော်။ ကျွန်တော်တို့လို့ အင်တာနက်ကြီး ပျက်သွားတလား။ သြော်စိတ်မကောင်းလိုက်တာ။
၂၀၁၀မှာ ဆုံကြတာပေါ့ဗျာ
ပါးစပ်ကြီး တချက်ထဲ ပိတ်သွားတာပဲ .... :D
ရှာရှာဖွေဖွေပါပဲလား
ပုံကြည့်လိုက် စာဖတ်လိုက် ရယ်လိုက်နဲ့
ဟုတ်နေတာပဲ။
ခုတလော အင်တာနက်တွေ ရှော့ရှိနေတယ် ထင်တယ်။
အလေးမတဲ့ပုံအောက်ကပုံက မယ်ကိပုံကိုး
ထင်တော့ထင်သား
ခရစ်စမတ် မားမားအိမ်ပြန်မလို့မလား သိသားပဲ ဟွန့်
မကိရေ တာ့တာနော် သိလား ပျော်ရွှင်ဖွယ်ရာ ခရီးလေးဖြစ်ပါစေနော်
Merry Xmas and Happy New Year my dear ki
ကွိကွိစ်ရေ...
ဒါတ်ပုံတွေကမိုက်စ်၏
ရေးထားတဲ့စာကလည်းကွက်တိ...။
အဲ့ဒီတော့ ချွန်ဒေါ်မျိုးလည်း...တစ်..ဟိဟိ...။
ခင်မင်တဲ့
ဏီလင်းညို
မိုက်တယ် စိတ်ကူးလေးကလည်းကောင်းပါ့
အဆင်ပြေပျော်ရွှင်ပါစေ
လူဘယ်နှစ်ယောက်စာ တနေ့တာအလုပ်လဲ မသိဘူး။ Kiki တနေ့တာအလုပ်ကလည်း များလိုက်တာနော့်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ပျော်ရွှင်ပါစေ။
မယ်ကိတို့ လုပ်ချလိုက်တာ...
ကံကောင်းလို့ ခေါင်းလာမမှန်တယ်...
လုပ်လိုက်ရင် အရမ်းချည့်...
ပထမဆုံး ပုံကိုတော့ လန်... အဲ... လန့်သွားတယ်...
ကမ္ဘာ့မြေပုံကို မထင်မှတ်တဲ့နေရာမှာ တွေ့လိုက်ရလို့...း)
လွှတ်ရီရတယ်ဗျို့ ...။
ဖြစ်ရမယ် ဖွားကီ
အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေး)
၂၀၁၀ မှာ တွေ့ကြတာပေါ့ တူတူကဲမယ် အဟေးဟေးး
လေးစားလျက်
တောင်ပေါ်သား
ဟိ... မမကိရေ့ ပုံတွေကလန်ထွက်နေတာပဲ...
ဟက်ပီးနယူးယီးယားနော် မမကိ...
နှစ်သစ်မှာ ဆုံကြမယ်
=)
မကိရေ ပုံတွေကို ရှာရှာဖွေဖွေ စုဆောင်းပေးထားတာ စာသားတွေနဲ့ ကွက်တိပဲ ရီလိုက်ရတာ အူတောင်နာတယ်း) စက်ဘီးပုံနဲ့ အလေးမနေတဲ့ပုံတွေကို အကြိုက်ဆုံးပဲ
ကြွက်သား ဟမ်ဘာဂါ ပူပူလေးရမယ်နော်........:P
သြော်..ဖွားကိ.. ပုံနဲ့စာနဲ့ ရေလည်မိုက်တယ်..။
ဖွားကိ ..၀ိတ်တော့လျှော့နော်..ဟီး
သြော်..ဘွားတစ်ယောက် မိုးလင်းကတည်းက အလုပ်တွေ ရှုပ်နေတာ ..မိုက်တယ်။ ပုံနဲ့စာတွေ တွဲတင်တာ..ဘွား ဘယ်သွားနေတာလဲ။။ပြန်လာရင် မုန့်ဝယ်လာနော်. နေကောင်းအောင် ကျန်းမာရေး ဂရုစိုက်ပါ စောစောအိပ်ပါ။ မြေးစကားကို နားထောင်ရတယ်တဲ့။ :))
လာပြီးပြုံးသွားပါတယ် ကိကိ ရေ.း)))
အမယ် ပိုစ့်ကတင်နိုင်သေးတယ်။ လူကဖြင့်အလည်လွန်နေပြီးတော့များ။ အံ့ပါ့ ဖွားကိရေ.. အံ့ပါ့။ ပေါက်တကရကတော့ အလွန်ရေးတယ်။းP
ဝါးးးးးးးးးး ဟားးးးးးးးးးးး ဟားးးးးးးးးးးးးးးးးးးးးးးးးးး ပိုစ့်ရော ကွန်မန့်တွေရော ရီရတယ်။ ဘွားကိ လူနောက်
ဖွားကိရေ ပုံတွေနဲ့ စာတွေ ဖတ်ရင်း ရီရတာ တမော ... တနေ့တာ ကလည်း မနည်းနော် ....
ဟားဟား အိုင်ဒီယာလေး ကောင်းလိုက်တာ.. ရီနေရတယ်း))))
အိမ်သာနတ်ကြီး နဲ့ ထိတွေ့ ဖို့  အခြေအနေ မပေးတဲ့  နေရာ ဆိုတော့ မြန်မာပြည် အလည်ပြန်တာဖြစ်မယ်။
တော်တော်လေးကို ရှာရှာဖွေဖွေ စုစုဆောင်းဆောင်းနဲ့ နောက်တာပဲ...
Bravo...!!
တစ်နေ့တာ အဖြစ်လေးကို တင်ပြသွားပုံလေးက အဆန်းသား... အတုယူစရာပါပဲ....
အားပေးလျက်
ကောင်းလိုက်တဲ့ စိတ်ကူး ..... ကိကိ ရေးသမျှ ထဲ ဒီပို့စ် ကို သဘော အကျဆုံး ရယ် ပါ ....
တချို့  ပုံတွေက တော်တော် ချစ်စရာ ကောင်းလိုက်တာ .....
mie nge
Post a Comment