( ဇာတ်လမ်း မစမှီ ထဆင်ထူး ဘော်ဒါကြီးများ နေထိုင်သော သီရိ ဂေဟာ အိမ်ကြီး၏ ဖွဲ့စည်း တည်ဆောက်ပုံအကြောင်း အနည်းငယ် မိတ်ဆက်ပေးပါမည် ၊ သို့ ပါမှ အလွယ်တကူ မြင်ယောင် နိုင်မှာ ဖြစ်သည် ။ သူတို့ ၏ ၅ထပ်ပေါ်သို့ တက်ရာ လှေခါးမှာ ၄ထပ်ရှိ သူမအိမ်ရှေ့  တံခါးတည့်တည့်မှ ချိုးပတ်ပြီး တက်ရသည်မို့  ၅ထပ်သို့  အတက် အဆင်း လုပ်သူတိုင်းကို သူမ အခန်းမှနေပြီး ကြည့်မြင် နိုင်ပါသည် )
အခန်း(၁) တခုသော ကြားရက် ၊ ညနေစောင်း ညီအကို မသိ တသိ အချိန်....
“ ကလင် ကလင် ကလင် ”
တံခါးခေါင်းလောင်းသံ ကြား၍ အမောင် မျှစ်ချိုးဟင်းက သူ့ ရည်းစား ပြန်လာပြီ အထင်ဖြင့် ကမန်းကတမ်း ပြေးဖွင့်ပေးလိုက်သည် ။ပြီးတော့ အသက်ရှု ရပ်ပြီး၊ ကြက်သေသေ သွားသကဲ့သို့  မတ်တပ်ကြီး မှ မလှုပ် မရှား ဘာသံမှ မကြားရ ပါသဖြင့် ၊ အိပ်ခန်းထဲတွင် နှပ်နေသော ကိုညောင်ရမ်း လည်း ဧည့်ခန်းဘက် ထွက်အလာ မှာ သူ၏ ခြေလှမ်းများမှာ လည်း ကြမ်းပြင်မှာ ဆူပါဂလူး ( အကြီးစား ကော် ) ဖြင့် အကပ်ခံထားရသကဲ့သို့  နေရာမှ မရွေ့ လျှား နိုင်တော့ပေ ။ သူတို့  နှစ်ယောက်သား ပါးစပ်မှာအာစေး အထဲ့ ခံ ထားရ ပြီး ၊ စပါးကြီးမြွေ အညှို့ ခံ ထားရ သကဲ့ သို့  ပြုစား လိုက်သူ လေး မှာ ဆင်မယဉ်သာ ဟန်မျိုးဖြင့် သူ တို့ ၏ လူပြို ဂေဟာ ကြီးထဲသို့ တလှမ်းချင်း ဝင်ရောက်လာပါတော့သည် ။
အိမ်ရှေ့  ဧည့် ခန်း ထဲရောက်မှ ..ထန်းညက်ခဲပေါ်တွင် ပျားရည်လောင်းထားသကဲ့သို့ အသံလေးဖြင့်...
“ကျွန်မက ၄ ထပ်မှာ နေတာလေ ။ အိပ်ခန်းသော့ အထဲမှာ ကျန်နေရစ်လို့ အိမ်ရှင်ဆီ ဖုန်းဆက်ချင်လို့  ခွင့် ပြု ပါနော် ။”
၎ ထပ်မှာ လည်း သူတို့ တွေ ကဲ့သို့  အခန်းငှားနေကြသူများ ရှိကြသည် ။ ထိုအခန်းများ၏ ပိုင်ရှင်မှာ တဦးတည်းဖြစ်ပြီး ထိုပိုင်ရှင်၏ ဖုန်းနံပတ်ကို ဖိုးဆိုချင် မျှစ်ချိုးဟင်းက သိသည် ။ ဒီတော့ မြှားဦးက သူ့ ဖက်သို့ ဦးတည် လာပေပြီ ။ အိမ်ပိုင်ရှင်ဆီသို့ ဖုန်းဆက်အပြီး မှာတော့ ပြသနာ မပြီးသေးပဲ ခုမှ ဇာတ်လမ်းစ ပေသည် ။ အကြောင်းမှာ ၄င်း အိမ်ကြီးရှင် က အဝေးသို့ ရောက်နေသဖြင့် ထို အခန်းသော့အား ချက်ခြင်း လာမဖွင့်ပေးနိုင်သေးကြောင်း ။ ထို့ ကြောင့် မြန်မာပီပီ “ ကူညီ ပါရစေ” စိတ်ရှိနေကြသော ထိုသူ မောင်မင်းကြီးသားနှစ်ဦးမှာ မိန်းမပျိုလေး တယောက်တည်း ညအချိန်ကြီး အိမ်ပြင်မှာ ရပ်စောင့်နေရသည် မှာ မသင့်တော် ပါကြောင်း တွေးမိပြီး ထို သူမလေး အား အိမ်ရှင်သော့လာဖွင့်ပေးချိန်အထိ သူတို့ ၏ အိမ်တွင် ထိုင်ပြီး စောင့်နိုင် ပါကြောင်း၊ လူမှုရေးအရ လောကွတ် ပြုမိလေတော့သည် ။ ( ဤမိန်းကလေး၏ နေရာတွင် ကိုးတောင်ကျားကြီး အဲ့ လေ အတောင် ၂၀ ဝတ် မြင်းယောကျာင်္း ပါ ဆိုပါက ဘယ်သို့  ဘယ်ပုံ ပြောဆို လွှတ်ပေ မလည်း ဟု အကျွန်ုပ် မှာ မဆီမဆိုင် တွေးမိလိုက်သေးသည် )
ဒီလိုနဲ့ စကားစမြည်ပြောကြရင်း ထမင်းစားချိန်ရောက်လာပြီဖြစ်သည် ။ ဒီတော့လည်း အိမ်ရှင်ပီပီ ထမင်းအတူ စားသွားဖို့ အကြောင်း ဖိတ်ခေါ်ရပေတော့သည် ။ ခေတ်ကာလ မိန်းကလေးမို့လား မသိ ၊ ပွင့်ပွင့် လင်းလင်းရှိလှ သူ ထို မိန်းကလေး မှာ တချက်မျှ ဟန်လုပ်၍ပင် မငြင်း ၊ နှစ်ခါ မခေါ်ရ ။ ထမင်းဝိုင်းသို့  ဝင်လွေးပါတော့သည် ။ ဟင်းတခွက် ပိုစေလိုသော စေတနာ ဖြင့် ကိုညောင်ရမ်းက ဂေါ်ဖီထုတ်ကြီး လှီးကာ ကမန်းကတမ်း ထပ်ကြော်ပေးသေးသည် ။ ဆာ လောင်မွတ် သိပ် နေသူ အလား ၊ အားရပါးရ စားသောက်နေ သူ မိန်းကလေးအား ကြည့်၍ အလှူရှင် နှစ်ဦး မှာ သဒ္ဒါပေါက်ကာ ကြည်နူးနေကြသည် ပေါ့ ။ စား ပြီး သောက်ပြီးမှာတော့ လုပြည် ဝပြည် ထုံးစံအတိုင်း ရေနွေးကြမ်းလေးသောက်ရင်း ဖြင့် အိမ်ရှင် အလာကိုစောင့်ကြသည် ၊ ထို အချိန်တွင် ညအတော်မှောင်နေပြီ ဖြစ်သဖြင့် ဆောင်းလေအေး အဝှေ့  သူငယ် မလေးခမျာ ချမ်းလို့  ခိုက်ခိုက်တုန်လာပြီ ဖြစ်သည် ။( ချမ်းရှာပေမပေါ့ ဝတ်ထားသည်က ဘောင်းဘီ တိုတို ၊အကျီင်္ တိုတို ဆိုတော့ သူ့ ခမျာ ဒီဇင်ဘာ အချမ်းကို အံမတုနိုင်ပေဘူးပေါ့ ) ။
“ ရှင်တို့  အိမ်မှာ အရက် ကလေးများ မရှိဘူးလား ဟင် ”
ငါးပါးသီလ ထဲမှ မုသာဝါဒ ကို မချိုးဖေါက် လိုသော မောင်မင်းကြီးသား ၂ ယောက် တယောက် မျက်နှာ တယောက်ကြည့်ကာ အဓိပ္ပါယ်ဖေါ်အပြီး တွင် ရိုးသားသော မျှစ်ချိုးဟင်း ( အသားမပေါ ၊ အရိုးများသော ချေးခါးသော ဟုယူဆလျှင်လည်း ရနိုင်၏) က အခန်းထဲတွင် ဖွက်ထားသော တစ်ဝက်မျှကျန်နေသေးသော ဗော့ဒကာ ( Vodka)ပုလင်းကြီးအားထုတ်ပြီး ဧည့်ခံရပါတော့သည်။အမျိုးကောင်းသား နှစ်ယောက်ခမျာ မတော့ အရှက်အကြောက် ကြီး သူများပီပီ သူစိမ်း မိန်းကလေးရှေ့ မှာ ဗိုင်းကောင်းကျောက်ဖိ သဘောနှင့် ရေနွေးကြမ်းကိုသာ လှိမ့် သောက် နေကြလေသည် ။
ဆေးလိပ်ကို အသည်းအသန်ဖွာလိုက် ၊ ဗော့ဒကာလေး မော့လိုက် နှင့် ငြိမ့်နေသော ထို မိန်းကလေးမှာ လက်ကျန် ပုလင်း တဝက်လုံး ပြောင်သွားသည့်တိုင် အာမစွတ် လျှာမစွတ် ဖြစ်နေပုံရသည် ။ အားမနာတတ်စွာဖြင့် ..
“ ရှင်တို့ဆီမှာ ဝိုင်ကလေးများ ရနိုင်အုံးမလား ဟင် ”
ဒီတော့လည်း အားနာတတ်သော အမျိုးကောင်းသားနှစ်ယောက်မှ တယောက် ကို တယောက် မျက်လုံးခြင်း စကားပြောရပြန်သည် ။အထာများဖြင့် အချက် ပြပြီးသကာလ ၊ ကိုညောင်ရမ်းခမျာ တရမ်းရမ်းဖြင့် အောက်ထပ်ဆင်းပြီး ၇-၁၁(ဆဲဗြင်း-အလဲဗြင်း ) မှာ စပျစ်ဝိုင်တလုံး သွားဆွဲခဲ့ရလေသည် ။ ဩော် .. ဧည့် ဝတ်ကျေချင် သူမို့ ပါ ။
အဆိုပါ စပျစ်ဝိုင်တပုလင်းအား အလျှင်အမြန်သွားဝယ်ပြီးသကာလ အိမ်ပေါ်တွင် မဖိတ်ခေါ်ပဲ ရောက်လာသော ရွှေဧည့်သည် မိန်းကလေးအား ပျူငှာစွာ ဧည့်ခံရပြန်လေသည် ။ ကိုမျှစ်ချိုးဟင်း မှလည်း စေတနာ သဒ္ဒါ များလှစွာဖြင့် ငါးမုတ်ကြော် ကလေး ကို ထပ်ခါ ကြော်၍ အမြည်းဖန်တီးပေးရရှာသည် ။အံ့သြဘွယ်ရာ တပါးမှာ ဤမျှလောက်သော တပုလင်းခွဲသောက်ပြီးသည့်တိုင်အောင် ထိုမိန်းကလေးမှာ မူးသည့်ဟန် တစက်မျှ မပြ ပဲ ၊ ရေနွေးကြမ်းကိုသာ ဖိသောက် နေကြရရှာသော အမျိုးသားကောင်း နှစ်ဦးမှာ မူးချင် သလို ရူးချင်သလို ဖြစ်နေရခြင်းပါပေတည်း ။
ဤအချိန်တွင် ရေနံအလုပ်သမားကြီး အမိတဗဂျမ်း အဖြူလေး ခမျာ ဘုမသိ ဘမသိ ဖြင့် နေအိမ်သို့ ပြန်ရောက်လာပေသည်။ စားတော် မတည်မီ ၊ ရေမိုးချိုး ရန်ပြင်ဆင်လျှက်ရှိ ရာတွင် ၊စားတော်ဆောင်အတွင်းမှ ဖြစ်ရပ်မှန်များအား မသိသေးသဖြင့် လူပြိုကြီးများ လွပ်လပ်စွာ နေကြသော ထုံးစံအတိုင်း ၊ နံငယ်ပိုင်းဖြင့် အိပ်ဆောင်မှ ရေချိုးဆောင်တော်အကူး မြင်လိုက်ရသော မြင်ကွင်းတခုကြောင့် မိမိမျက်စိ မိမိမယုံနိုင်လောက်အောင် ခံစားလိုက်ရပြီး ကြက်သီးမွှေးညင်းများ ဖြန်းကနဲ ထသွားရရှာသည် ။ ခွန်နှစ်ဆောင်ပြိုင် ခန်းအတွင်း မီးမထွန်းပဲလင်းသွား လေပြီလား ၊ အရှင်လတ်လတ် နတ်ပြည်ရောက်သွားလေပြီလား ဟု ဝေခွဲ မရနိုင်လောက်အောင်ပါပေ ။ ချိုးတော်ဆောင် အတွင်းဝယ် နတ်မိမယ် တပါး ရောက်နေပါပေါ့လား ။သို့ ပေသောကြောင့် ဗိုက်ခေါက်လိန်ဆွဲနေကြ သူ့ မဟေသီ ကိုတောင် သတိမရနိုင်အား တော့ပါပေ ။
“ ခင်... ခင်. . ဗျား ... ဘ... ဘယ် သူ .. သူ လဲ ... ” တုန်ရီစွာဖြင့် မေးလိုက်သော ခြောက်ကွဲအက်ကြေ အသံဝေ များက ခလုတ်တိုက် ပြီး အဖြူလေး ဆိုသူထံ မှ ထွက်ပေါ်လာခြင်းပါ ။ ( ဤတွင် ချိုးတော်ဆောင် အတွင်းမှ အဖြစ် အပျက်များအား ၁၈ နှစ်အောက်များ ဖတ်မိမည် ကို စိုး၍ ဆင်ဆာ ဖြတ် ခြင်းခံလိုက်ရပေသည် ).......
မိန်းကလေးက ဘာမှပြန်မဖြေပဲ ချိုးတော်ခန်းမှ အပြေးတပိုင်း ထွက်သွားရှာတော့ ၊အမောင် အဖြူလေး ခမျာ ရင် တုန် ပန်းတုန် မချိတင်ကဲ ဖြစ်သွားရသည် ။ ရေဆေးငါး စင်းလုံးချော ဖြူဝင်းဝင်းလေး မှာ သူ့ မျက်စိထဲမှ မထွက်တော့ ။ ဒီလို နဲ့ ဘဲဥတလုံး ကျက်မျှကြာသောအချိန်တွင် သန့်စင်ခြင်းလုပ်ငန်းပြီးဆုံးသဖြင့် စက်တော်ရာ ခန်းသို့ ဝင်အလာ မှာ အင်္ဂါဂြိုလ်ကြီးခွန်နှစ်လုံးပြူး သူ့  ဦးခေါင်းသို့ အရှိန်ပြင်းစွာ လာဆောင့်သကဲ့သို့  မူးမိုက် သွားရသည် ။ အကြောင်းမှာ ထိုထို ပျိုပျိုမေ ကညာ တပါးမှာ သူ့ ၏ သလွန်အိပ်ယာတော် ထက်ဝယ် ခြေတပ္ပလင်ချိတ်ကာ အခန့် သားထိုင်ပြီး မျက်နှာချင်းဆိုင်တွင် ဖွင့်ထားခဲ့ပါသော ဗီဇက်အို တဖက်မှ လှမ်းမြင်နေရသော မဟေသီအား လက်ပြ နှုတ်ဆက် နေခြင်း ကြောင့် ဖြစ်ပါလေ၏ ။ အဖြူလေး တယောက် ငယ်ထိပ်မြွေပေါက် ခံရသည်ထက် အဖြစ် ဆိုးပေပြီ ။ ဘယ်လိုမှ ဖြေရှင်း ၍ ရတော့မည် ကို ကြိုတင် သိရှိနေရသောကြောင့် ဖြစ်လေသည် ။ သို့ ဖြစ်ပါ၍ ၄င်း၏ လက်တော့ ကွန်ပူတာ ကြီးအား အလျှင် အမြန် ပိတ်၍ ထို မိန်းမပျိုအား အခန်းတွင်းမှ တွန်းဖယ်ထုတ်လိုက် မိလေသည် ။
ယမကာ တန်ခိုးဖြင့် ယိုင်ထိုး နေသော မိန်းမပျို နှင့် အမောင် အမိတဗဂျမ်း တို့ ၏ အာရာဒါးနား ပြကွက်များကို ပိတ်ကားပေါ်တွင် ဆက်လက် ရှုစား စေလိုပါသည် ။ အကင်းပါးသော ကိုမျှစ်ချိုးဟင်းက သူငယ်ချင်းကောင်း ပီပီင်္ ဒုက္ခနှင့် လှလှ တွေ့နေရှာသော အဖြူလေးအား ကူညီရန် အလို့ငှာ လိမ်မာ ပါးနပ်စွာ ပရိယါယ် သုံး၍ အနှီ မိန်းမပျိုအား ဧည့်ခန်းတွင်းမှာ လာစောင့်ရန် ဖြောင်းဖျ လိုက်ရလေသည် ။ သူ သာ ဝင် မကယ်ပါက အဖြူလေးတယောက် ရေတိမ်နစ်ရရှာပေတော့မည် ဟူသော ကယ်တင်ရှင်ကြီး မျက်နှာပေး နှင့် မျှစ်ချိုးဟင်းက မင်္ဂလာ ယူနေလိုက်သေးသည် တမုန့် ။
ဗိုက် အဆာလွန်နေသော အဖြူလေးတယောက် ထမင်းစား ရန် စားတော်ခန်းသို့  ခြေဖွပြီးကူးအလာ မှာ ထိုမိန်းကလေးက လျှစ်ကနဲ မြင်လိုက်သဖြင့် စွတ်ကနဲ ရောက်လာပါတော့သည် ။ စားတော်ခန်း တွင် ဆုံကြ ပြန် ပြီပေါ့ ။ အရှက်ကြီးသည်ထက် ၊မဟေသီအား အကြောက်ကြီးသော အဖြူလေး တယောက် ဘာမှ မပြောပဲ သူ့ ထမင်း သူစား နေတော့လည်း မိန်းမပျိုလေးက စွေ့ ကနဲ အနားမှာ ထိုင်ကာ ဂေါ်ဖီထုတ်ကြော် ပေးမည် ဖြစ်ကြောင်းပြောရှာ သည် ။ထမင်းနင်နေသော အဖြူလေး၏ ပုံသဏ္ဍန်မှာ သနားစရာ မကောင်းပဲ ဝါးလုံးကွဲ ရယ်ချလိုက်စရာသာ ကောင်းနေပါတော့သည် ။
ထိုအချိန်တွင် အားကိုးရသော သူငယ်ချင်းကြီး နှစ်ဦး ဖြစ်သူ ကိုမျှစ် နှင့် ကိုရမ်း တို့ မှာ အခန်းတွင်းသို့  အသီးသီး အသက ဝင်ရောက် ပျောက်ကွယ် ကာ အလုပ်ရှုပ်ချင်ယောင်ဆောင်နေကြလေသည် ။ သို့ ဖြစ်ပါ၍ အဖြူလေးတယောက် ငြုပ်သီးဟင်း မစားရပါပဲ နှင့် မျက်နှာကြီးနီ၍ အသံတိတ် ပြဇာတ်က နေရရှာပေတော့ သည်။
ကံကောင်းချင်တော့ ဤအချိန်တွင် ကယ်တင်ရှင် ပေါက်ချ လာပေတော့၏ ။အိမ်ကြီးရှင် အဖွားကြီး ပြန်ရောက်လာပေပြီတည်း ။ သော့တချောင်းကိုင်၍ ဒေါနှင့် မောနှင့် တက်လာပြီး ထို မိန်းကလေး အား
“ နင်ကလည်း အတော် အသုံးမကျပါလား အေ့ ။ ဘယ်နှစ်ခါ ရှိနေပြီလည်း ။ သော့မေ့ကျန် နေတာ ။ နောက်တခါဆို ငါလာမဖွင့် ပေးတော့ဘူး ”
“ အို .. အဒေါ် ကလည်း ၊ ကျွန်မ ဒီအောက်နားလေးတင် ဆင်းပြီး ဟင်းဝယ်တာ ၊ ကမန်းကတန်း နဲ့ မို့ပါ ၊ ကျေးဇူးတင်ပါတယ် အဒေါ်ရယ်” ဟု လေပြေသွေးတော့ အဖွားကြီးမှလည်း ဆက်ပြီး မဆူဖြစ်တော့ပါလေ ။
ဤသို့ ဖြင့် ပထမ တည ကုန်ဆုံး သွားရလေသည် ။ လူပြို ကြီး ၃ ယောက်မှာ တော့ အတွေးကိုယ်စီ ဖြင့်......
ဆရာကြီး ဦးသုနြေ္ဒမှာ အိမ်တဆောင် မီးတပြောင်ဖြင့် သီးသန့်  ခန်းနားစွာ နေပါသဖြင့် ဤ လူပြို ဂေဟာ ၏ ရင်မောဘွယ် ဇာတ်လမ်းအစ အား မသိလိုက် ရှာပါပေ ။
....................................................................................................................
အခန်း(၂) ။
နောက်တရက် အကြာ ၊ နေဝင်ရီ တရော အချိန် ၊ ( ဒုတိယ အကြိမ်မြောက် ဝင်ရောက်ခြင်း)
ဆောင်းတွင်းဆိုတော့ နေ့ တာ တိုလှသည် ။ ညနေစောင်း ၅ နာရီအချိန်ခန့်  သာ ရှိပေမဲ့ အပြင်မှာ မှောင်ရီလို့နေပေပြီ ။
“ ကလင် ကလင် ကလင် ”... မြည်ပြန်ချေပြီ ဒီင်္ ခေါင်းလောင်း ၊ ထွက်ကြည့်လိုက်တော့ မနေ့  ညက မိန်းကလေး ပေပဲ ။
ဒီတခါ ဒုက္ခ အထုတ် ဖြေမိသူမှာ ကိုညောင်ရမ်း ။ အားနာ ပါးနာ ဖြင့် တံခါးဖွင့်ပေးလိုက် ပြန်ပေပြီ ။
“ မင်္ဂလာပါ ညီမရေ ..သော့ကျန်ခဲ့ ပြန်ပြီလား ” မေးတော့
“ မဟုတ်ပါဘူး အကိုရယ် ။ ကျွန်မ တယောက်တည်း အခန်းထဲ မှာ တနေကုန် ။ ပျင်းလာ လို့ လေ ”
စကားလည်းပြောရင်း ၊ လက်ကိုလည်းမြှောက်ပြရင်း ၊ ကြည့်လိုက်တော့ ဝီစကီ တစ်ပုလင်း ၊
“ ဗုဒ္ဒေါ့ ..” ဘုန်းကြီးကျောင်းသားလူထွက် ကိုညောင်ရမ်း တယောက် ဘုရားတလိုက် မိလေသည်။“ ကျားမြှီးသာ ပြေးဆွဲ လိုက်ချင်တော့တယ်” ဟူသော အတွေးဝင်လာပေမင့် ၊ မြန်မာ ပီပီ ဧည့်ဝတ်ကျေတတ်သော အိမ်ရှင်တို့ ၏ ထုံးစံ အတိုင်း
“ ဩော် ဟုတ်တာပေါ့ဗျာ ။ တယောက်ထည်း ဆိုတော့ ပျင်းနေရှာမပေါ့ ။ အပေါ်ထပ် နဲ့ အောက်ထပ် အိမ်နီးချင်းတွေပဲဗျာ ။အချိန်မရွေး လာနိုင်ပါတယ် ။ ထိုင်ပါအုံးခဗျာ ”
မချောလေးမှာ ဧည့်ခန်းတွင် ထိုင်မနေတော့ပဲ အလွန်ရင်းနှီးသူတို့ ၏ ပုံစံဖြင့် ထမင်းစားခန်း သို့ ဝင်ကာ ပါလာသော ပစ္စည်းများကိုချ ၊ မီးဖိုချောင် မှာ အလုပ်ရှုပ်နေသော အိုးသူကြီး ကိုညောင်ရမ်းအား ဝိုင်းဝန်းကူညီ ကာ တက်ညီ လက်ညီ ချက်ပြုတ် ပါတော့သည် ။ ဤနေရာတွင် ဂေါ်ဖီထုတ်ကြီးကြော်မှာ မပါမဖြစ် ဟင်းတခွက် ဖြစ်ရပြန်ပေတော့သည် ။ မီးပြင်းပြင်းဖြင့်  ဆီပူပူထဲ ရှဲကနဲ ရှဲကနဲ ကြော်နေသော ဂေါ်ဖီကြော်မှာ ဂေါ်မစွံသော လူပြိုကြီးအား ပြောင်လှောင်နေသကဲ့သို့ ပင် ။
ချက်လို့  မှ မပြီးသေးမှီ အမောင် မျှစ်ချိုးဟင်း အလုပ်မှ ပြန်ရောက်လာပြီ ဖြစ်သည် ။ ကမန်းကတန်း ရေမိုးချိုး ပြီး မဝင် မနေတတ်အောင် စွဲနေသော ဘလောဂင်းကို ခဏတာမျှ ဝင်ရောက်လည်ပတ် နေလိုက်သေးသည် ။
ထိုအချိန်တွင် ဟင်းပွဲ အတူချက်နေကြ သူ နှစ်ဦးမှာ စကားစမြည်ပြော ရင်း...
“ အစ်ကို ရယ် ။ ကျွန်မ အရေးတကြီး လိုနေလို့  ပိုက်ဆံ နည်းနည်းလောက် ချေးပါနော် ”
“ ဘုရားရေ .. ” ကိုညောင်ရမ်းကြီး တယောက် ညောင်ပင်တင် မက ၊ မာလကာပင်၊ ဦးသျှစ်ပင် များပါ ရမ်းသွားရှာသည် ။ မရှိဘူး လို့  အပြတ် ငြင်းရမှာလည်း အားနာ ၊ ပေးလိုက်ပြီး ပြန် မရမှာလည်း ကြောက်သေး၊ မြွေမသေ ၊တုတ်မကျိုး ဘယ်လိုနည်းနဲ့  ရှောင်ရမတုံးလို့ တွေးနေစဉ်မှာပဲ ၊ ကယ်တင်ရှင် ကိုမျှစ်က ဘလောဂင်း တန်လန်း ဗိုက်ဆာသဖြင့် ထမင်းစားခန်းဆီသို့  ပေါက်ချလာတော့သည် ။
ဒီတော့ ပစ်မှတ် က ကိုမျှစ်ဆီ သို့  ဦးတည်သွားလေတော့သည်ပေါ့ ။
“ ဒီက မောင်လေးရယ် ။ အစ်မ အရေးတကြီး အသုံးလို လို့  ၊ ပိုက်ဆံ နဲနဲ လောက် ချေးပါ လားကွယ် ”
ကိုမျှစ်တယောက် ရှိသမျှ ခေါင်းမွှေးများ ထောင်တက်သွားပြီး ၊ အသည်းအသန် စဉ်းစားလိုက်လေသည် ။
“သူက မိုဟာမက် အလီလို လက်သီးလည်းအထိုးကောင်းတယ် ၊စကားလည်း အပြောကောင်းတယ် .. မိုဟာမက် .. မိုဟာမက် အလီ ”...
( အခန်းတွင်းရှိ ကက်ဆက်မှ ထွက်ပေါ်လာသော သီချင်းသံ )
သူက စာလည်း အရေးကောင်း၊ စကားလည်း အပြောကောင်း သူ ဆိုတော့ လူရိုးကြီး ကိုညောင်ရမ်းက အားကိုးတကြီး လှမ်းကြည့်လိုက်သည် ။ ဒီတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ထုံး နှလုံးမူ၍ ...
“ အဟမ်း ။ ဒါက ဒီလို ရှိပါတယ် ခင်ဗျာ ၊ ကျွန်တော်တို့  သူငယ်ချင်းတွေ က ဒီမှာလာ အလုပ်လုပ် ပြီး ၊ ရတဲ့လခတွေ ကို မိဘ ဆီ ပြန်ပို့ နေကြတာ ၊ လက်ထဲမှာ အပို သိပ်မရှိပါဘူး။ ခုတောင် သူဌေးဆီက လခ မရတာ ၃ လ ရှိတော့မှာ ”
“ ဟုတ်ရဲ့လားရှင် ။ ကျွန်မတော့ မယုံပါဘူး ။ ဒါဆို ရှင်တို့  အခု ဘာနဲ့ စားနေကြတာလည်း ”
“ တကယ်ပြောတာဗျ ၊မယုံရင် ကြည့်ပါလား ” ၊ ဂေါ်ဖီထုတ်ကြော် ပန်းကန် လေးအား မှင်သေသေဖြင့် လက်ညှိုးထိုးပြလိုက် သည် ။
ဒီတော့လည်း မယုံတဝက် ယုံတဝက်ဖြင့်ပေါ့ ၊
ဤသို့ ဖြင့် ကယ်တင်ရှင် ဂေါ်ဖီ ရွက်ကြော်ဟင်းဖြင့် ထမင်းဝိုင်းကို မြိန်ရှက်စွာ စားသုံးဖြစ်ကြသည် ။ ပြီးတော့ ယမကာ တန်ခိုးဖြင့် အာဝဇ္ဖန်းရွှင်နေသော သူမ ကို ထုံးစံ အတိုင်း၊ ကိုမျှစ်က ရေစီးကမ်းပြို စေတနာ ဖြင့် ငါးမုတ် ကြော်များကြော် ပေးအပြီး ၊သူတို့ နှစ်ယောက် မတော့ ရေနွေးကြမ်း တအိုး ဖြင့်သာ တင်းတိမ် နေလိုက်ကြရသည် ။ ( အိမ်ရှင်ဆိုတော့လည်း ဧည့် ဝတ် ကျေရရှာပေတာပေါ့ )....
မိန်းမပျိုလေး ကတော့ သူ့ အိမ် သူ့ ယာ မှတ်နေသလား ၊ထင်ယောင် မှားစရာပါပေ ၊ စီးကရက် လေးဖွာလိုက်၊ အသူရာရည်လေး မော့လိုက်၊အမြည်းလေး ဝါးလိုက် ၊ စကားလေးတွေ ပြောလိုက် ၊ ရယ် လိုက် ဖြင့် ၊ ဘေးမှ နှစ်ယောက်သားမတော့ မရယ် နိုင်ပဲ မောနေကြရပါလေပြီ ။
“တရက်လာတော့ ရွှေ ဧည့်သည် ။ နှစ်ရက် လာတော့ ငွေဧည့်သည် ။ ရှေးလူကြီင်္းများစကား မှန်လှတယ် ”။
ကံဆိုးသူ အဖြူလေး လည်း ဒီနေ့ မှ အလုပ်နောက်ကျစွာ ပြန်ရောက်လာ တော့ ထမင်းစားဖို့ ရန်မှာ တယောက်တည်း ဖြစ်နေရလေသည် ။ လက်လွှဲ ဖျော်ဖြေရေး သမားတဦး ရောက်လာတော့ ကိုမျှစ် နှင့် ကိုရမ်းတို့ နှစ်ယောက်သား ဟိုယောင်ယောင် ဒီယောင်ယောင် ဖြင့် အခန်းထဲ သို့  ဝင်သွားကြလေ တော့ သောကြောင့် ထမင်းဝိုင်းတွင် သူတို့  နှစ်ဦးသာ ကျန်နေလေတော့သည် ။ဂေါ်ဖီကြော်ကြိုက်သူ မိန်းကလေးက အလိုက်သိစွာ ဖြင့် အဖြူလေးအတွက် နောက်တပွဲ ထပ်ကြော် ပေးပြီး ၊ဘေးမှာ ထိုင်ကာ အဖေါ်လုပ်ပေးရင်း ၊ မော့ရင်း ၊ မြည်းရင်း၊ စီးကရက်လေးဖွာရင်း ဖြင့် အချိန်တွေ ကုန်မှန်းမသိ ကုန်လာပြီ ဖြစ်သည် ။
မနေ့ ည က မဟေသီ အထင်လွဲ ခံလိုက်ရသဖြင့်  ကျွဲမြီးတို နေသော အဖြူလေး တယောက် ၊ ဒီနေ့ တော့ ရင်တုန် ပန်းတုန် မဖြစ်အားတော့ ၊ ထိုမိန်းကလေး အား ဗြမ္မာကြီးဦးခေါင်းရွက်ထားရသကဲ့သို့ ပူလောင် စွာဖြင့် ၊အမြင် မကြည်မလင် ဖြစ်နေလေပေပြီ ။ မိန်းကလေး လက်ရာ ဂေါ်ဖီကြော်ကိုတောင် လက်ဖျား နဲ့ မတို့  ။ ရွှေပြည်သားများက အဲ့ ဒီလို ကို ပြတ်သားပါသည် ။
ဒါပေမဲ့ အိမ်ရှင်ဖြစ်နေတော့လည်း ရိုင်းစိုင်းစွာ မပြောလိုပေ ။ ရေလိုက် ငါးလိုက် သည်းညီးခံပြီး အထိုက်အလျှောက်နေရပေတော့သည် ၊
အချိန်လည်း အတော်လင့်လာပြီမို့  ပွင့်လင်းစွာ ပြောလိုက် ရပေတော့သည် ။ အချိန်တန်တော့ အိမ်ပြန်သင့် ပြီဆိုသည့် အကြောင်း ။
သို့ ပေမင့် အနှီ ဘာသာစကား ဆက်သွယ်ရေးဖြင့် လည်လည်ဝယ်ဝယ် ပြတ်ပြတ် သားသား ပြောဆိုရန် အတွက်တော့ အဖြူလေး ခမျာ အခက် အခဲ ဖြစ်နေရ သည် ။ သို့ အတွက် ဆရာကြီး ဖြစ်သူ ဦးသုနြေ္ဒ အား ညကြီးမိုးချုပ် ဖုံးဆက်ကာ အကြောင်းစုံ သံတော်ဦးတင်ပြီး အကူအညီ တောင်းခံရလေတော့သည်၊ ဆရာကြီးဆိုတော့လည်း အရေးကြီးမှ ထွက်ပေတော့မပေါ့ ။ တပည့်တွေ၏ ဗယုတ်သုက္ခ ဒုက္ခများအား ကယ်တင်ရန် အလို့ငှာ ဆရာသုန် တို့  ၊ နှစ်ခါမကုန်ရစေအောင် ၊ ဟိတ်ကြီး ဟန်ကြီး ဖြင့် မိန့် မိန့် ကြီင်္း ရောက်လာပေပြီင်္။၆လဗိုက်ကြီး လွယ်ကာ ထားရပေမင့် လူကဲခပ်တာ တော့ မညံ့ ဟုပြောနိုင်ပေသည် ၊ (ဆူးအချွန်ဖြင့် ဆူးပုံပေါ် မြှောက်တင်ပြီး ပြောပေး ၊ ရေးပေးလိုက်ခြင်းဖြစ်သည် ကို သတိချပ်ကြပါစေရန် ) ။
ထို မိန်းကလေး၏ မျက်ဝန်းမှာ ဂဏာမငြိမ်မှု များ နှင့် ၊သူမ၏ပြောဟန် ဆိုဟန် လှုပ်ရှားမှု ဟန်ပန် များကိုကြည့်ပြီး ၊ စိတ်မမှန်သူတဦး ဖြစ်ရလေမည် ဟု ကောက်ချက် ချ ကာ၊ ဆရာကြီးက မိမိတင်သွင်းသော အဆိုကို မိမိဘာသာ ထောက်ခံပေးလိုက်လေသည် ။ သို့ ဖြစ်ပါ၍ ချော့ကာတလှည့် ၊ ခြောက်ကာ တသွယ်ဖြင့် တစိမ်းယောကျာင်္းများသာ ရှိနေသော အိမ်သို့  မိန်းမပျိုလေး တယောက်တည်း၊လာပြီး သောက်စားခြင်း မပြုသင့်ကြောင်း၊ မိန်းကလေးတို့  ညကြီး သန်းခေါင် ထိ အပြင်မှာ ရှိမနေသင့်ကြောင်း ။အာပေါက်မတတ် နားချ ပြောကြား ရလေသည် ။ ထို အခါတွင်မှ အဆိုပါ မိန်းကလေး မှ ကျေ နပ်စွာ ဖြင့် သူ့ ၏ ဂေဟာ သို့ ပြန်ကြွသွားပါလေတော့သည် ။
္ကဤသို့ ဖြင့် ဒုတိယ တည ကုန်လွန် ခဲ့ရလေသည် ။
......................................................................................
အခန်း(၃) ။ အလားတူ အချိန် ၊ မိုးချုပ်ကာစ ။
“ကလင် ကလင် ကလင် ”.......
ကိုညောင်ရမ်း မှလည်း အမှတ် မရှိ တံခါးဖွင့်ပေးပြန်တော့ ၊ အမှတ်မရှိသူ မိန်းမပျို မှာလည်း မိမိအိမ်လို သဘောထားပြီး ဝင်လာသည်၊ သူ့ ဖာသာ ချက်ပြုတ်စားသည် ။ သူမ အဆင်မပြေ၍ လာ စားသောက်ခြင်းအား မည်သူမျှ ဘာမှ ဝင်မပြောပါ ။စေတနာထားတတ်လျှင် ကုသိုလ်ပင်ရသေး၏ မဟုတ်ပါလော ။ စားပါစေ ပေါ့ ။ “တယောက်စားတာ ဘယ်လောက်မှလည်း ပိုကုန်မသွားပါဘူး” ဟု ဆိုကြခြင်းမှာ ရွှေ မြန်မာတို့ ၏ ချစ်စဖွယ် ဓလေ့ ၊ အယူ အဆ များ ဖြစ်ကြလေသည် ။
လူရည်လည်သော ကိုမျှစ်ချိုးဟင်း မှာတော့ ဥာဏ်နီ ဥာဏ်နက် က ထွက်ပြီးသား ။ အိမ်ထဲမှာ ရှိ နေလျှင် ဧည့်ခံ နေရမစိုး၍ ၊ ကိစ္စဖြင့် အပြင်သွားမည့် ဟန် ပြင်ရသေးသည် ။ ရေမိုးချိုး အဝတ်စားလည်းကာ သူ အခု အပြင်သွားစရာ ရှိ ကြောင်း၊ ကိုညောင်ရမ်းလည်း ယခုလေးတင် သူငယ်ချင်းတယောက် နှင့် ချိန်းထားသောကြောင့် အပြင်ထွက်တော့မှာ ဖြစ် ကြောင်းပြောပြပြီး ၊ မိန်းကလေးအား တဖက်လှည့်ဖြင့် စောစော ပြန်စေလိုက်ရသည် ။ သူနှင့် ကိုညောင်ရမ်း တို့ နှစ်ယောက် သူမနှင့်အတူ ၅ ထပ်မှ ဆင်းပြီး ၊ ၄ထပ် ရောက်တော့ သူမအားကိုယ့်အခန်းကိုယ်ပြန်ဝင်စေခဲ့သည် ။ကိုညောင်ရမ်းကတော့တချီထဲ အပြီးလစ်ပြေးပြီး ပြန်မလာတော့ပေ။ အပြင်ထွက်ဟန်ပြကာ ရှိုးစမိုး ပြင်ထားပြီး ဖြစ်ပေမင့် မျှစ်ချိုးဟင်းမှာ ဘလော့ လည်ရန် ချက်တင်ရန် အချိန်ကျနေပြီ ဖြစ်၍ ၊ အောက်ဆုံးရောက်တော့ ခဏမျှ အချိန်လင့်အောင်စောင့်ကာ ၊ ၅ ထပ်သို့  တိတ်တဆိတ် ပြန်ဝင်လာရသည် ။ ၄ထပ် ရဲ့  လှေကားထစ်များကို နင်းနေရစဉ် အချိန်မှာ ၊သူ့ ရင်တွေ တဒိန်းဒိန်း ခုန်နေရသေးသည်၊ ဟို တယောက်များ စောင့်ကြည့် နေပေမလား ဟု စိုးရိမ် စိတ်များကြောင့် ဖြစ်ပေသည် ။
အိမ်ထဲ ပြန်ရောက်တော့ ဧည့်ခန်းမီးတောင် မထွန်းရဲ ၊ တော်ကြာနေ မီးရောင် မြင်၍ သူမ လာနေမှာစိုးရသောကြောင့် ဖြစ်သည် ။ သို့ ဖြစ်ပါ၍ သူ့  စက်တော်ရာအခန်းလေးထဲ ကမန်းကတန်းဝင်ကာ အထဲမှ မီးအလင်းရောင် ထွက်နိုင်သည့် တံခါးမကြီး အောက်ပိုင်း နေရာလပ်ကလေးများအား အဝတ်စ ဖြင့် လိုက်ပိတ်ထားလိုက်ရသေးသည် ။ ဪ .. ကိုယ့်အိမ် ထဲမှာ ကိုယ့်ဟာကိုယ် ပိတ်လှောင်ခံ ၊ အမှောင်ချခံ နေရတဲ့ အဖြစ်ပါလားဟု တွေးမိရှာသေးသည် ။
..............................................................................................
အခန်း(၄) ။ အသံတိတ် ၊ စစ်ဆင်ရေး နှင့် အမှောင်ချထားခြင်း
ကလင် ကလင် ကလင် ... မြည်ပဲ မြည်နိုင် လွန်းတဲ့ ဤ တံခါးခေါင်းလောင်း ကြောင့်သာလျှင် ဤ ရန်သူက ဤစစ်မြေပြင် အတွင်း ဝင်ရောက် သိမ်းပိုက် နိုင်ခြင်းဖြစ်သည် ။ သို့ ဖြစ်ပါ၍ ထို ခေါင်းလောင်းမှ အသံ မမြည်စေရန် ခေါင်းလောင်းဆွဲသော ကြိုးအားအထဲမှ နေပြီး ဆဲလ်လိုတိတ်ပ် ဖြင့် ကပ် ကာ ငြိမ်အောင် ထိန်းထားသည် ။ ခေါင်းလောင်းမှာလည်းကော်များကပ်ပြီး အသံမမြည်အောင် ဖန်တီးထားလိုက်သည် ။ သို့ ဖြစ်ပါ၍ အကျွန်ုပ် ပထမ ပိုင်းတွင် တင်ပြထား သကဲ့သို့  လူခေါ် ခေါင်းလောင်း ဆွဲ လိုက်ချိန် မှာ ကလင် ကလင် ကလင် ...အသံ အစား ဗလပ် ဗလပ် ဗလပ် ဟုသာ မြည်ရခြင်းဖြစ်ပေတော့သည် ။
ပြီးတော့ ညအချိန်ရောက်သည်နှင့် အိမ်ရှေ့  ဧည့်ခန်းမီးအား မထွန်းပဲ အမှောင်ချ ပြီင်္း နေကြလေသည် ။ တော်ပါသေးသည် ၊ ရွှေပြည်သားတို့  မီးအမှောင်ထဲ နေရခြင်းကို ကျင့်သားရနေပြီး ဖြစ်ပါသဖြင့် မည်သို့ မျှ ထုးထူးထွေထွေ နေရခက်ခြင်းမရှိလှပါ ။ ဗိုက်ဆာ ၍ စားတော်တည်ကြမည် ဆိုလျှင်လည်း ထမင်းစားခန်းမှာ ဒင်းလိုက် ကလေး ဖြင့်သာ ရိုမဲန့်တစ် ဆန်ဆန်၊ ဘိုဆန်ဆန် စားကြရပေသည် ။ အချိန်တန် ၍ ဘလော့ဂင် တို့ ၊ ချက်တင် တို့  လုပ်ကြသည့် အခါတွင်လည်း သူတို့ ၏ လက်တော့ လေး ကိုယ်စီအား အယ်စီဒီ စကရင်မှ မီး အလင်းရောင်များ ဖြာမကျ စေရန် လက်တော့ပ် အဖုံးလေးများကို အနည်းငယ် မျှသာ ဟ .. ပြီး သုံးကြရရှာလေသည် ၊ ဤသို့ ဖြင့်ကိုယ့်အိမ်ထဲ တွင် ကိုယ်နေ တာတောင်မှ လွတ်လပ် လင်းထင်းစွာ မနေရပဲ ၊ခိုးကြောင် ခိုးဝှက် နေရခြင်းမှာ စိတ်ကုန်စရာ ကောင်းလှပေသည် ။
သို့ ပေမဲ့ မီးဘေးရှောင် မလောင်ခင်တား၊ ဆိုသည့် စကားအား သူတို့ အားလုံး တသွေ မတိမ်း လိုက်နာ စေရသော အကြောင်းရင်း ၊ ထို မိန်းကလေးအား အိမ်ထဲ သို့ နောက်တခါ ဖိတ်မခေါ် ရဲ တော့ သော အကြောင်းရင်း မှာတော့ ဆ၊ ဆရာကြီး ဦးသုနြေ္ဒ ၏ မှတ်သားဘွယ်ရာ ကြိုတင် နိမိတ်ဆောင် ပြောကြားချက်ကြောင့် ဖြစ်ပါတော့သည် ။
“ မင်းတို့ကောင်တွေ သတိသာ ထား နေကြ ပေတော့ ကွ ။ နောက်တခါဆို ဒီထက် ပို ဆိုးလာမယ် ။ ဒီကောင်မလေး က စိတ် မမှန်ဘူး ။ စကားပြောတဲ့ အချိန် သူ့ မျက်လုံးတွေ ကြည့် ပါလား ၊ တစက်မှ ဂဏာမငြိမ်ဘူး ။ စီးကရက် သောက်တာ ကလည်း အလောတကြီး ၊ စိတ် ဖေါက်ပြီး ဒီအပေါ် ထပ် ဝရံတာ ကနေ ခုန်ချ လိုက်မှ ဖြင့် မင်းတို့ အားလုံး ဒုက္ခရောက်ကုန်မယ် ။ ” ဟူသတတ် ။
ဂုံးဆင်းမှာ တွန်းလွှတ် တတ်သူ အကျွန်ုပ် ကလည်း ဖျောက်မရသော ဝသီ အတိုင်း ဝင်ပြောလိုက်မိတာ ကတော့ “ ဟုတ် ပါ့အေ ။ တော်ကြာ ..အိမ်ထဲ မှာ သူရောက် နေတုံး မတော်တဆ စိတ်ဖေါက်လာ ပြီး ကယ်ကြပါ ကျွန်မကို မတော် မတရား လုပ်နေပါတယ် လို့ စွတ်အော် လိုက်ရင် ၊ အသင်တို့  အလကား နေရင်း ဟိုထဲ တန်းဝင် နေရမယ် ” ဟူ၍ ဖြစ်လေသောကြောင့် အနှီ လူပြိုကြီးများ ချဲမထိုးပါပဲ အပိုဆု ပေါက်ရကိန်းကို ကြောက် လန့် နေ ကြရဆဲ ဖြစ်ပါလေတော့သည်။
သို့ ဖြစ်ပါ၍ ယခုဆိုလျှင် ထဆင်ထူး ဘလော့ဂါ များ ၏ သီရိဂေဟာ အိမ်ကြီးထဲမှာ အသံတိတ် ၊ အမှောင်ချ စစ်ဆင်ရေးကို အားကြိုးမာန်တက် ဆက်လက် ဆင်နွှဲလျှက် ရှိနေပါကြောင်း နောက်ဆုံးရ စက်ရပ်သတင်း အား တင်ပြရင်းဖြင့် နိဂုံးချုပ် အပ်ပါသည်။
( ဝန်ခံချက် ။ ။ အဆိုပါ အပေါ်ထပ် နဲ့ အောက်ထပ် ဇာတ်လမ်းအား ကျောရိုးပြုကာ ဖြစ်ရပ်မှန် များ နှင့် စိတ်ကူးအတွေးများကို ၊ စာရေးသူမှ လိုတိုး ပိုလျှော့ ရေးသားထား ချက်များကြောင့် အားလုံး ကို အမှန် မယူစေလိုကြောင်းပါ ။ ဥပမာ .. အဖြူလေး၏ မဟေသီအား ထို မိန်းကလေးက ဗီဇက်အို မှ ကလိခြင်း မှာ စိတ်ကူးဖြင့် ထည့်သွင်းထားခြင်း .. ..း)) )) .. ( အဖြူလေးသို့--> စိတ်မဆိုးကြေး .. )
အကျွန်ုပ်အား အမျက်တော် မရှ ကြစေရန် ဘော်ဒါကြီးများ အား ဤ နေရာမှ တောင်းပန် အပ်ပါသည် ။ ဤမျှနှင့် မကျေနပ်သေးပါက နောင် အခါ လမ်းကြုံရင် ဂွမ်းပုံ တို့ အိမ် ဝင် ပြီး စာရင်းရှင်းပါမည် ။ ခုလောလောဆယ် မတော့ ဒီမျှလောက်ဖြင့်သာ အဖြစ်မှန်ဇာတ် လမ်း တခန်းရပ်ပါမည် ။
( မျက်စိညောင်းခံ ၊အချိန်ကုန်ခံကာ လာဖတ်ပေးကြသော မိတ်ဆွေ အပေါင်းတို့ အားလုံးကို လည်းကျေးဇူး အထူးတင်ရှိပါသည် ။ချမ်းမြေ့  ပျော်ရွှင်ကြပါစေ )
21 comments:
နံပတ် ၁ လုလိုက်ချင်တယ်။
နေရာဦးထားမယ်ဗျိုး
သုံးဗျာ၊ချက်ခြင်းပြန်လာမယ်။
အင်း... ကွဲ အက်အက် ရှတတ တစ်ပုဒ်တော့ ပြီးသွား
ပြန်ပြီပေါ့ လေ။ အခုတော့  တိပ်ခွာလိုက်ပါပြီ။
ဗလပ်ဗလပ် မမြည်တော့ ဘူးလေ။ ဒါပေမဲ့ 
တလှပ်လှပ်တော့ မြည်နေတယ်။ရင်ထဲမှာပါ...။
ဗလပ်ဗလပ်ဗလပ် မကိရေ ဗျိုးမကိ မကိရှိနေလားခင်ဗျာ ဟာဗျာမကိကလဲ ခေါ်လိုက်ရထှာာာာာာာ (ဘာတုံး """မကိမှပြန်ထူးသံ)သြော်ဒီလိုပါ မကိတို့ ခေါင်းလောင်းက ဗလက်ဗလက်ဗလက် နဲ့ မြည်ပြီးမဲနေတယ်ဗျာအဲဒါလေးပြောချင်လို့  စာဖတ်ပရိပ်သတ်ကြီးခင်ဗျာ တကယ်တော့  (ကျနော်ဟာလူချောလေးပါ)ချစ်ကောင်းဆိုဟန် မကိရေးတာနဲ့ တခြားစီပါ မြင်ဘူးသူတွေ သိကြပါတယ် ခင်တဲ့ သုဒြေ္န
ဟိဟိ မကိရေ ရီလိုက်ရတာ ဟားဟားးးးးးးးးးးးးး ကိုမြစ် ပုံစံကို ကြည့်ချင်လိုက်ထှာာာာာာာ နော် ဟိဟိ
အဖြစ်ကလဲ ဆန်းကြယ်သား။ တစ်ယောက်ချင်းစီချောက်ပေါက် ဖြစ်နေပါပေါ့လား။သနားပါတယ်။ဟိဟိ
ဆရာသုန်ဆိုတဲ့သူကလဲ ဆရာကြီးစတိုင်နဲ့တယ်လာပါလား။
စာရေးကောင်းတယ်မကိရေ၊ ရီနေရတယ်။
ကျနော် ငါးမုန့်ကြော်ကျွေးတာ မကီလာလည်တဲ့ နေ့ဗျ အရင်နေ့က မကြော်ပါဘူးနော်။ ဒါက ရှော့ရှိတဲ့ သတင်းအမှားနော်။
လက်လည်းသွက်ပါ့ တားတာတောင် မရဘူး တင်ပြီးနေပြီ။ နောက်ဆို စေတနာထားရမှာ ကြောက်ကုန်ကြအုံးမယ်ဗျ အဲဒါကြောင့် မရေးနဲ့နော်လို့ တားရတာ
ဟားဟားဟားဟားဟား
အရမ်းရီရတာပဲ ကိုယ်အိမ်ထဲကိုယ်နေပြီး အဲဒိဒုက္ခတွေခံရတာ အချက်နှစ်ချက်ကြောင့် ပဲ အဲဒါနှစ်ခုကို ပြင်လိုက်မယ် ဆိုရင် အမှောင်ချပြီးကြောက်လန့် နေရတဲ့ ဘ၀ကလွတ်မြောက်သွား လိမ့်မယ် (၁)ယောင်္ကျားဖြစ်ရသောဒုက္ခ
(၂)လူပျိုကြီးဖြစ်ရသော ဒုက္ခ
အဲနှစ်ခုတစ်ခုခုပြင်လိုက်ရင်အိုကေသွားမယ်မကီရေ အလွန်တရာမှာကလောင်စွမ်းထက်လှပါကြောင်း
မမ
မမကိကိ မမကိကိ ဖေ့စ်ဘွတ်ခ် က လယ်သူမကြီးတွေအကြောင်းရေးဦးလေ ခွစ်ခွံစ် မီးနဲ့မကိက ကော်ဖီဆိုင်လည်းဖွင့်ထားဒယ်လေ ဟီးဟီး
ရီရတယ်ဗျ.. တကယ်ရီရတယ်..
အူမတက်ပဲဗျ...အရေးအသားကတော့ မိုက်တယ်ဗျာ...
အော်...စေတနာထားရမှာတာ ကြောက်လာပြီ...အဟီး
ဝါရင့် လက်ရာပဲဟေ့... ဖတ်လို့ တကယ်ကောင်း... ဟားဟား...
ရှည်လိုက်တာ။ ပို့စ်က။
သူများတွေကိုပဲ ဇတ်လိုက် တင်မနေနဲ့အုံး။ အစ်မကြိးလဲ ဇတ်လိုက်မင်းသမီးလုပ်အုံးနော်။
ကိုဖြူလေးတို့ ဖြစ်ပျက်နေတာကို ဗွီဒီယိုကြည့်နေရသလို ရေးထားတာဗျာ။ နိုင်ငံခြားကား အန်ဆီကား တကားကြည့်ရသလိုပဲ။ အဲလိုတွေလဲ ကြုံကြမှာပဲလေ။
မျှစ်ချိုးဟင်းတို့ မယ်ကိမသိတဲ့ ဆင်ဆာခန်းတွေရှိအုန်းမှာ..
ပြီးမှတိတ်တိတ်သွားမေးကြည့်အုန်းမယ်
မယ်ကိ ရေးချက်ကတော့ အူတက်မတတ်ပဲ..ဟား..ဟား..ဟား..
ဖြစ်ကြောင်းရယ်တဲ့ ကုန်စင်က ဂလိုလား။ ရေးတတ်ပါ့ မကိရယ်။
စီကာစဉ်ကာတင်ပြထားတာ.. ကွက်ကွက်ကွင်းကွင်းပါပဲ :P
ဟားဟားဟားး ရယ်ရတယ်ဗြဲ ၊ မယ်ကိတို့ကတော့မိုက်တယ်ဗျာ ကွက်ကွက်ကွင်းကွင်း ကိုရေးသွားတာပဲ ကိုမျှစ်တို့ကတော့နောက်ဆိုရင် ငါးမုန့်နဲ့ ဂေါ်ဖီကြော်မစားရဲလောက်တော့ဘူး :P :P
:)) ကိုမြစ်တို့ အဖြစ်ရယ်ကတော့ ဂေါ်ဖီထုတ်နဲ့ ငမုတ်ကြော်တောင် မစားရဲတော့ပါကလား
ဒီတယောက်မလွယ်ဘူး ရှိသမျှလူအကြောင်း အကုန်ဖွတယ်.. ဝေါင်ဝေါင်ရှေးမှ...။
ဖွားကိရေ ဒီဇတ်လမ်းလေးက အရမ်းဖတ်ကောင်းဗျ ..
ရယ်ရတယ် အမ။
Post a Comment