ဒီနေ့ ၁၀ရက် ၁၀လ ။ ဒီမှာ အမျိုးသားနေ့  ။ holiday ပေါ့ ။ ဒါပေမဲ့  နွားဇာတာ ပါတဲ့  ဖွားကိ တယောက် က အလုပ် မနားရပါ ။ ကံမကောင်းရတဲ့  ကြားထဲ E ဇာတ်လမ်းများ လာကြုံနေရတော့ E မှန်တဲ့  မျက်နှာနဲ့  E အကြောင်း ရေးချင် စိတ် ပေါက်လာ မိတယ်ပေါ့ ။ စောစောစီးစီး E တစ်တဲ့  လူနာ အဖိုးကြီင်္း ။ ယဉ်ကျေးစွာပြောရရင်တော့ ဝမ်းချုပ် ၊ ဝမ်းမာ လို့ စမြင်းတုံး က စအို ဝ မှာတစ် နေတော့ ကုန်းကုန်းကွကွ နဲ့  အဖိုးကြီး ပေါ့ ။ ထုံးစံအတိုင်း ဝမ်းချူဆေး ရည် ဂလစ်ဆရင်းဘော ၂ခု ( လက်ပစ်ဗုံး ၂လုံး ပစ်သွင်းပေးခြင်း) ချူလို့ မထွက် တော့ Glycerine Enema (S.S Enema တချို့ သုံးသည် ) ။ဒါကတော့ ဂလစ်ဆရင်း အရေကျဲ သို့ မဟုတ် ဆပ်ပြာရည်ကျဲ ကို ၂၀၀ မှ ၃၀၀ စီစီ လောက် ထဲ့ပြီး ဝမ်းချူ တာလည်း မထွက် ။ ဒါနဲ့ ပဲ သူ့အကျပ်အတည်း ကို လက် နဲ့  ကော် ပြီး ရှင်းပေးလိုက်ရသည် ။ စအိုဝ နဲ့  စအိုထဲ တစ်နေတဲ့  လောက်စလုံး လို မာမာ စမြင်းတုံး များ လက်တဆုပ်စာလောက် ထွက်သွားတော့ မှ" ရှေ့ ဆောင် နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့် လိုက်၏" ဆို သလို .....တန်းစီ ထွက်လာပြီး ဒီအဖိုးကြီး နေသာထိုင်သာ ရှိသွားရပါတော့ သည် ပေါ့ ကွယ် ။ သူ က သာ နေသာထိုင်သာ ဖြစ်သွားရတယ် ။ မနက်စာ မစားရသေးတဲ့  ကိုယ် တယောက် ဒီနေ့ အဖို့  မနက်စား စားလိုစိတ် မရှိတော့ပါ။
E ဇာတ်လမ်းက ဒါနဲ့တင် မပြီးသေးပါ ။ ၁၀ နာရီ ထိုးတော့ ၆ထပ် မှာ ရှိတဲ့ ကျောက်ကပ်ဆေးတဲ့  လူနာတွေ အခန်း သွားတဲ့ အချိန်လဲ E မှန် လိုက်ရသေးတယ် ။ ကျောက်ကပ်ဆေး တာက လူ နာ တယောက်ကို တပါတ် မှာ ၃ ခါ ဆေးရတယ် ၊ တခါဆေးရင် ၄ နာရီကြာ ဆိုတော့ ဆေးရုံ ဟာ ကိုယ့်အိမ်လို ဖြစ်နေကြ ပါပြီ ။လူနာ နဲ့ ဆရာဝန် ဆရာမတွေ ဆိုတာ လည်း မိသားစု လိုပဲ ရင်းနှီးနေကြ ပြီလေ ။ အသက်ကြီးတဲ့ လူနာတွေ များတော့ ရှက်တာ တို့  အားနာ တာတို့  ဆိုတာလည်း မရှိကြဘုးပေါ့ ၊ကုတင်ပေါ်မှ ဘူဘူ ဘွမ်ဘွမ် အသံဗလံ တွေ ဟာလည်း ရိုးနေကြပါပြီ ။ အဲဒီ အထဲ မတော့ လူနာအဖွားကြီး ဝဝ တယောက် ဆီးချို သွေးတိုး တွေ ရှိတာလည်း အစားမရှောင် ။ ကြိုက်လိုက်တာ က လဲ ကြက်ဥ ဘဲဥ ပြုတ် နဲ့  ကန်စွန်းဥ ပြုတ် ။ အမြဲ လိုလို စားနေတာ တွေ့ ရတယ် ။ ဘယ်လို မှ လည်း ပြောမရ ။ လျှော့စားပါ ဆိုတာလည်း နားမထောင် ။ အဲဒီတော့ သူ့ ဗိုက်က လေအမြဲ ပွနေတတ်တယ် ။ သူ့ လေကြောင်းတိုက်ခိုက်မှု ကလည်း ပြင်းထန် ပါပေ့ ။ ဒီနေ့ တော့ တီဗီထဲက လေကြောင်းသရုပ်ပြတာ နဲ့  အပြိုင် အသံစုံ အနံ့ စုံ အသကုန်လွှတ် တိုက်ခိုက်ခြင်း ကို ခံလိုက်ရတော့ .... လူ လည်း E ဆိပ် မိပြီး မအီမလည် ။ ( ဒါတောင် အစာကြေ လေနိုင်တဲ့  ဦးချိန်တီတို့  ၊ ဂြိုလ်တု တို့  ၊အောင်တံခွန် ဆင်တုံး မနွယ်တို့  သူ တို့  မသိကြသေးလို့  တော်ပါသေးရဲ့  ) ။ ဒါနဲ့ ပဲ E ဋီကာလေး ဆက်ဖြစ်သွား ပါတယ် ။ကလစ်နှိပ်ပြီးဆက်ဖတ်ပါ .....
မြန်မာလို ယဉ်ယဉ်ကျေးကျေးပြောမယ်ဆို ရင် လေလည် သည် ။ အများသုံး စကားက E ပေါက် သည် ။ ကလေးဘဝ၊ ကလေးများက အော်ဆိုကြတာ က အီး အီး ဘယ်သူပေါက် မောင်ပေါက် ၊ ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော ။ ဟောလို့ မကျေ သံပုရာရည် ဖေါင်တော်ဦးက ဘီလူးမကြီး ရှောက်သီးစား ဘွတ် ရွှတ် ဒိုင်း..... တဲ့ ။ နောက်ဆုံးတော့ ဒိုင်း နဲ့  အဆုံးသတ် သွား ရတယ် ။ ဘာလို့ လည်းတော့ မသိပါ ။ ဒီလိုနဲ့  လက်ဆင့်ကမ်းဆိုလာရင်း နဲ့  ... ဒိုင်း ကုန်ကြတာ များလား ။ ဒိုင်း ....ဒိုင်းညှောင့်... မြည်သံစွဲ အလကာင်္ ပေါ့ ။ အင်္ဂလိပ် လို အသံထွက် ( Die ) ဆိုတာ လဲ ..ဒီ ဒိုင်း ဆိုတာနဲ့  ဆက်စပ်နေလိမ့်မယ် ထင်ရဲ့  ။ ကဲ ..လမ်းလွဲ ကုန်ပြီ ။ အီး ဋီကာ ပြန်ဆက်ရအောင် ။ မြန်မာ တွေက ယဉ်ကျေးသည် ။ အရှက်အကြောက်ကြီးကြသည် ။ လူကြား သူကြား E မပေါက်ရဲ( အသက် အရွယ်ကြီး သူများ ၊ မရှက်တတ်သူများ ။ လေရောဂါသည် များက လွဲ ၍ ပေါ့ ) ။အထူးသဖြင့် သမီးရည်းစား များ ( မယူခင်ကပေါ့ နော်) ချိန်းတွေ့ ကြစဉ် E ပေါက် ရ မှာ အလွန် ရှက်ကြသည် ။ လင်မယား ဘဝ ရောက်တော့ အရှက်ကုန် ဆိုတာ ဒါများလား မသိ ။ သူတဘွတ် ကိုယ်တဘွတ် ဖြစ်ကုန်ကြ ပါ လေရော ။ E သူခိုး တို့  ၊ E တယော တို့  ။ဆို ပြီးတော့လည်း တင်စားထားကြတာတွေ ရှိသေးတယ် နော် ။ ရှက်လို့  ခိုးပြီးပေါက်တာ နဲ့  နဲနဲချင်းဖိလွှတ် လို့  တယောသံ လို ရှည်သွားတာ လူမိသွားတော့ မချို မချဉ် မျက်နှာပေး နဲ့ရော ။ ကိုယ်က ပေါက်ပြီး ဟန်လုပ်ကာ နှာခေါင်းကို အရင်ပိတ်လို့ သူများကို ဘုကြည့် ကြည့်တဲ့ သူမျိုး လည်းရှိသေးရဲ့  ။ ဘတ်စ်ကားပေါ်မှာ ။ ရထားပေါ်မှာ ၊ လေယာဉ်ပေါ်မှာ ၊ ရုပ်ရှင်ရုံထဲ မှာ ၊ လူတွေ ကြပ်နေတဲ့  နေရာမှာ အဲဒီလိုမျိုး ကိုယ်တိုင် ခံစား ခဲ့ရသူများ ရှိမှာ ပါ ။ အခု စာဖတ်နေတဲ့ သူ ကိုယ်တိုင်ရော ... .. မခံခဲ့ ရဖူး ဘူးလို့  မငြင်း နဲ့ နော် ။ သိနေတယ် ။း))
ပထဝီ ၊ တေဇော ၊ အာပေါ ၊ ဝါယော ဓါတ်ကြီး လေးပါး မှန်ကန်စွာ လှည့်ပတ် နေမှ ကျန်းမာတဲ့  လူတယောက်ဖြစ်မှာ ဆိုတော့ ဒီ ဝါယောဓါတ်ကြီး ညီ အောင် ညှိပေးခြင်းဟာ လည်း အလွန် အရေးကြီးပါတယ် ။ အရှေ့ တိုင်းသားတွေ ကတော့ အရှက် ကြီးကြတာ များတယ် ။ အနောက်နိုင်ငံတွေမှာတော့ သူများက E ပေါက်လိုက်ရင် အပေါက်ခံလိုက်ရတဲ့  ဘေးကလူ က ပေါက်သူ ကို ကျေးဇူးတင်ပါတယ် Thanks you လို့တောင် ပြောဆိုကြတယ် ဆို ပါ လား ။ သူတို့ ဆီက E ယဉ်ကျေးမှု ပေါ့ နော် ။
E ယဉ်ကျေးမှု လေးကို ပိုပြီး ပြည့်စုံသွားအောင် အောက်မှ Farting Theories လေးနဲ့  တင်ပြပေးလိုက်ပါတယ်။ ကြာတော့ကြာလှပါပြီ ။ လူအများလည်း ဖတ်ဖူး ပြီးသား ဖြစ်မှာပါ ၊ Forward mail လေးတခုထဲ က ဟာကို ပြန်ကူးထားတာပါ ။
မင်းဘယ်လိုလူလဲ ? ? ?
ယဉ်ကျေးသူ... အီးမပေါက်ခင် 'ခွင့်ပြုပါနော်' ဟုပြောပြီး ၊ အီးပေါက် ပြီးသောအခါ ၊ 'ဆောရီး' ဟုပြောတတ်သူ။
မရိုးသားသူ ....ကိုယ်က အီးပေါက်သော်လည်း ၀န်မခံပဲ 'ကျွန်တော့်ခွေးလက်ချက်' ဟုပြောတတ်သူ။
မိုက်မဲသူ .... အီးပေါက်ချင်သော်လည်း မပေါက်ပဲ အောင့်ထားသူ။
ဗဟုသုတကြွယ်ဝသူ ....ဘယ်အချိန်၊ ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။
ဒုက္ခရောက်နေသူ ....အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန် ဘယ်လိုမှ ကြိုးစား၍မရသူ။
လျှို့ ဝှက်တတ်သူ ....လက်သည်မပေါ်အောင် (သို့) သူ့ လက်ချက်မှန်းမသိအောင် အီးပေါက် တတ်သူ။
ကြွားဝါတတ်သူ .... အီးပေါက်နိုင်ခြင်း နှင့် ပတ်သက်၍ အလွန် ဂုဏ်ယူ တတ်သူ။
နှိပ်စက်တတ်သူ .... လူများသော နေရာကို ရွေးချယ်၍ အီးပေါက် တတ်သူ။
သိပ္ပံ ပညာကြွယ်ဝသူ .... အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်း မှာစိုးရိမ်သူ။
ရှက်တတ်သူ .... အီးပေါက်ပြီးပြီး ချင်း မျက်နှာ တစ်ခုလုံးနီတက်လာသူ။
အကြံပိုင်သူ .... အီးပေါက်နေစဉ် သူ့ အီးသံကို သူများ မကြားအောင် အသံအကျယ် ကြီးဖြင့် ရယ်မောတတ်သူ။
အသုံးမကျသူ .... အီးပေါက်လိုက်တာ ငါ့ကိုယ်ထဲက လေတွေကုန်ပြီ ဟုထင်၍ BALANCE ဖြစ်အောင်ဟုဆိုကာ အသက်ပြင်းပြင်း နှင့် တ၀ကြီး ရှူသွင်းတတ်သူ။
ကပ်စေးနဲသူ .... အီးကို ကုန်အောင်မပေါက် ပဲစုဆောင်းထားတတ်သူ။
အတ္တကြီးသူ .... ငါ့အီး အတော်မွှေးပါလား ဟုယုံကြည်သူ။
အပေါင်းအသင်းမက်သူ .... သူတပါး အီးပေါက်ခြင်းကို နှစ်သက်ခုန်မင်သူ။
သီးသန့်ဆန်သူ .... ဆိတ်ကွယ်ရာသို့ သွား၍ အီးပေါက် တတ်သူ။
ရေချစ်သူ ....ရေချိုးဇလုံထဲတွင် ရေချိုးရင်း အီးပေါက် တတ်သူ။
အားကစားသမား .... ပင်ပင်ပန်းပန်း အားမစိုက်ရပဲ အီးပေါက် နိုင်သူ။
ရိုးသားသူ .... အီးပေါက်ပြီးပြီး ချင်း အီးပေါက်ကြောင်း ၀န်ခံတတ်သူ။
အသိဥာဏ်ရှိသူ .... အသံကြားရရုံ ဖြင့် မည်သူ့ အီးဖြစ်ကြောင်း ဖော်ထုတ်နိုင်သူ။
ကံဆိုးသူ .... အီးပေါက်နိုင်ရန်ကြိုးစားရာမှ ချီးထွက်သွားသူ။
ဒီအောက်က ပုံလေးကတော့ မိန်းမပျိုလေးတယောက် .. ရည်းစားနဲ့ ချိန်းတွေ့ တော့ မက်စီကန် အစားအသောက် ၊ ပဲ တွေ စားပြီး ရည်းစားရှေ့ မှာ လေလည်ဖို့ ခက်နေတာ ၊ ဓါတ်လှေခါးထဲ လူတွေ ပိတ်နေ တဲ့  အချိန် လေလည်ချင်တာ အောင့်ထားရတဲ့  ဒုက္ခ လေးများ နဲ့  အိမ်မှာ တယောက်ထဲ လွတ်လွတ်လပ်လပ် ရှိနေချိန်မှာ ဘယ်လောက်တောင် အားရပါးရ လွှတ်ရတဲ့ ပုံလေး ကို ဟာသလေး လုပ်ပြ ထား တာပါ ။ ကြည့် လိုက်ကြပါအုံး ....
အားလပ်ရက်မှာ လွတ်လပ် စွာ လေလည်၍ လည်ပတ် ပျော်ရွှင်နိုင်ကြပါစေ ။ ။ ။
20 comments:
မမ ဖတ်ဖူးတဲ့ E ရာဇ၀င်လေး ပြန်ပြောပြမယ်
တခါတုန်းက အင်္ဂလိပ်အမျိုးသား တယောက်ရယ်၊ ပြင်သစ်အမျိုးသားတယောက်ရယ်၊ အီတလီ (သိပ်မသေချာပါ) အမျိုးသားတယောက်ရယ်၊ ၄ ယောက်စီး အခန်းတခု နဲ့ မီးရထားစီး ခရီးသွားကြသတဲ့..
အခန်းထဲမှာ ဂုဏ်သရေရှိအမျိုးကောင်းသမီး တဦးလဲ ပါ ဆိုပဲ..။
အဲဒီ အမျိုးသမီး က အိမ်မှာ ဘာတွေ မဆန့်မပြဲ တုတ်လာသလဲ တော့ မသိဘူး.. ရထား စထွက်လို့ တော်နေကြာတော့.. ဘူ ကနဲ..
E ပေါက် သတဲ့ (အစကတော့ လေလည်တယ်ရေးမလို့.. ကိကီ လေသံ အတိုင်း ပြောင်းရေးပေးတာနော်..း) .. အဲတော့ ဂုဏ်သရေ ရှိ အီတလီ လူကြီးမင်းက .. ဆောရီး အဲဒါ ကျနော်ပေါက်လိုက်တာပါလို့ ပြောသတဲ့.. အမျိုးသမီး ရှက်ရှာမှာ စိုးတာ ကိုး... အဲ အမျိုးသမီး လဲ အမျိုးသား ၃ ယောက်ရှေ့မှာ နေသာ ထိုင်သာ ဖြစ်သွား သပေါ့..း)..
စားထား သမျှတွေ ပါဝါ ပြနေတော့.. နောက် နာရီ ၀က်လောက်မှာ တခါ ဘူ..ကနဲ .. ဖြစ်ပြန်သတဲ့..
ဒီတခေါက်တော့.. ပြင်သစ် လူကြီးမင်း က ဂုဏ်သရေရှိ လူကြီးလူကောင်းပီသစွာနဲ့ မေတ္တာရှေ့ထား ပြီး အမျိုးသမီးရဲ့ ကိုယ်စား.. ဆောရီး ဒီတခါ ကတော့ ကျနော်ပါ ခင်ဗျ လို့ ၀င်ပြောပေးသတဲ့.
အမျိုးသမီးလဲ ဒီတခေါက် ထပ်ပြီး နေသာထိုင်သာ ရှိသွားပြန်ရော..
ဒီလိုနဲ့ ဘူတာ တခု ကို ရောက်လို့ ရထားရပ်တော့ အင်္ဂလိပ်လူကြိးမင်း က မတ်တပ်ရပ် ပြိး.. အားလုံးပဲ..ကျနော် ဒီမှာ ဆင်းရပါမယ် ခင်ဗျာ.. တကယ်လို့များ နောက်တကြိမ် ဘူ သံ ကြားခဲ့ရင်.. ကျနော် လို့ မှတ်ပေးပါ ခင်ဗျာ လို့.. ယဉ်ကျေးစွာ ပြောပြီး ဆင်းသွား သတဲ့...း))
အော် သူတို့တွေများ အမျိုးသမီး တွေကို ဘယ်လောက် ကြင်နာကြသလဲ နော်...း))
မကိရော၊ မမသီရိရော.. ရယ်လိုက်ရတာ...
ခုပဲ ကိုဇာနီဝင်းဆီက ရယ်ပြီး ပြန်လာတာ...။
အာ..ဖွားကိတစ်ယောက်တော့ Fart အကြောင်းရေးပြီး သူလည်း တစ်ပတ်လုံး Break Wind လုပ်နေပြီနဲ့တူတယ်။
ဒါနဲ့ အားမရလို့ သူများတွေကိုပါ လိုက် အဖော်စပ်နေပါတယ်ဗျို့ ။
yu ya
မယ်ကိကြောင့် လေထုညစ်ညမ်းလို့ တရားလာစွဲပါတယ်။ ဟဲဟဲ။။။
မှတ်သားလောက်ပါတယ် အီးမယ်မယ်ရေ... အဲလေ... မယ်မယ်အိရေ..ဟိဟိ
ဟားဟား....
ကံကောင်းချင်တော့ လူက ပျင်းနေတာ...
ကံဆိုးချင်တော့ ခေါက်ဆွဲပြုတ်စားနေတာ...
မkiki တို့အစွမ်းထက်ပုံများ စားနေရင်း ငိုရမလို ရယ်ရမလိုပါဖြစ်သွားတယ်....
E ရာဇ၀င်တော်တော်လေးကို နိုင်တာပဲ... လေးစားပါတယ်ဗျာ...
နောက်မှပဲ ခေါက်ဆွဲပြုတ် ဆက်ဆွဲတော့မယ်... အခုတော့ E ရာဇ၀င်ကို မေ့လို့မရသေးဘူးလေ...
တော်သေးတယ် ဦးချိန်တီ၊ ဂြိုလ်တု၊ အောင်တံခွန် ဆင်တုံးမနွယ်တို့များ တော်တော်လေးများစားလိုက်လို့ကတော့...
ဟွန်း.... မော်တော်လေးများ သွားသလို ဖြစ်သွားမယ်... တဘွတ်ဘွတ်နဲ့... ဟားဟား...
E ယဉ်ကျေးမှုပို့စ်လေးကြောင့်
ပျော်ရွှင်ရပါတယ် အမ kiki ရေ...
ခင်မင်စွာဖြင့်
ပြည့်စုံ
ဟိဟိ မမသီရိ ပြောတာလဲ ဖတ်ပြီး ရီလိုက်ရသေးတယ် ခစ်ခစ်
ကံကောင်းတယ် ပြောရမလားပဲ ဟက် ထမင်းစားပြီးမှ အီးရာဇဝင် လာဖတ်တာ ဟိဟိ တော်သေးရဲ့ တော်သေးရဲ့ ဟားဟားးးးးး
တော်တော်လေး များစားရင်....
မော်တော်လေး များသွားသလို......
မယ်ကိ..ဆီမှာ နှာခေါင်းပိတ်..ဖတ်သွားပါတယ်...
မယ်ကိ စောစောစီးစီး မဲပေါက်သွားတာပေါ့...
အထုတ်နဲ့ အထည်နဲ့မှ ရလိုက်ရဲ့လား...
Gone with the wind...
PPPPPPPPPPPPPP.....................
းဝ)
မမကိရဲ့ E ယဉ်ကျေးမှုကို လာဖတ်သွားပါတယ်။ ဖတ်ရုံပဲ မမှတ်တောပါဘူး။ မတော် နှာခေါင်းပိတ်နေရမယ်။ ဟိဟိ ။။။ညကျ ဒါက မေ့လောက်ပြီဆိုတော့ ထမင်းစားလို့ရမှာပါ။။ မမသီရိပြောတာလည်း ရီစရာပဲ။ စိတ်တွေ ပေါ့သွားတယ် ။ :)) E ကြောင့် ဟုတ်ဘူးနော်။ လူမပေါ့ဘူး စိတ်တွေ ပေါ့သွားတာ အဟဲး)
အီးမှာ ကျယ်ကျယ်ပေါက်တဲ့အီးနဲ့ တိုးတိုးပေါက်တဲ့အီးရှိတယ်။
အကျယ်ကြီး အသံမြည်ရင် တော်သေးတယ်။
တိုးရင်တော့ နားထောင်နော်။
...တိုးတိုးလေးနဲ့ ပေါက်တဲ့အီးဟာ သိတ်နံတယ်..
အဲ့ဒီအီးကို ရှူလိုက်မိရင်ကွယ်....
မူးလို့ သွားမယ် မေ့လို့ သွားမယ် တကယ့်ပါပဲ..
ဒါ နောက်ဆုံးပေါက်ချင်း ဖြစ်ပါစေ..
မအယ်
လေထိုးလို့ အနေဆိုးနေရင်တော့ ဘယ်ဆွေမျိုးမှမကယ်နိုင်ဘူး။ တော်တော်လေးများစားရင် မော်တော်လေးများသွားသလို တဘူဘူ တဘင်ဘင်နဲ့ မအူပင်ကတောင်ကြားရမယ်။
ပဲခူးကပွဲစား ပုဆိုးကွဲသွားတာ ဒီလျှက်ဆား။
(အဟဲ..ကြော်ငြာဝင်တာ)
ဖတ်ရင်းနဲ့ ရီမောရပါတယ်ဗျာ ... စမြင်းတုံးက တော်တော်ကြီးမှာပဲ မခံစားစရာပဲ။ အီးအကြောင်းလေး သေးသေးချာချာလေ့လာသွားပါတယ်။ ဗိုလ်လောင်းတုန်းကဆို စာသင်တန်းမှာ အီးကလဲစားတွေနဲ့ အီးပေါက်ပြီးပြန်နှိပ်စက်နည်းတွေ လုပ်ခဲ့ဖူးတယ်... ဒါကြောင့် ဦးချိန်တီတို့ဆို ကျွန်တော်လက်စွဲပေါ့။ အီးကြောရှည်ရင် မင်းဖင်စအိုက ဖီကွမ်စီဖွင့်မြင့်လိုက်တာ တစ်စက္ကန့်ကို ကြိမ်နှုန်းဘယ်လောက်တောင် တုန်ခါမိသလဲလို့ အချင်းချင်းနောက်မိသေးတယ်ဗျာ... ကျွန်တော့်ဘလော့မှာတောင် http://www.seinpancan.co.cc/2009/03/blog-post_5885.html ဖုန်းသံလေးက ရှုချင်စရာဆိုပြီး ဟာသအဖြစ်တင်ထားသေးတယ် မကြည့်ရသေးရင် သွားကြည့် နံတယ်
အိ... ဒွတ်ခပါပဲ... နှာခေါင်းပိတ်ပြီးဖတ်သွားတယ်...
၇ယ်၇တယ်.ဖွားကိ...ကျွန်တော်လည်း အဖိုး ၀မ်းမညစ်နိုင်လို့ လက်ညိုးနဲ့ ကလော်ထုပ်ပေးဘူးတယ်...
ဘူးထွားဟားဟားဟား
အဲလိုမျိုး အီး ပုံစံ မျိုးစုံရှိတဲ့ လူတွေ တော်တော်များများတွေ့ဘူးတယ်ကွ.....
တကြောင်းဖတ်လိုက်... အဲလူမျက်နှာ မြင်ယောင်လိုက်...
နောက် တကြောင်းဖတ်လိုက် နောက် တယောက်မျက်နှာုမြင်ယောင်လိုက် ရီနေရတယ်....
ယောက်ခမတောင် အဲထဲမှာ ပါသေးတယ်...
ကြွားဝါတတ်သူ .... အီးပေါက်နိုင်ခြင်း နှင့် ပတ်သက်၍ အလွန် ဂုဏ်ယူ တတ်သူ။ အဲတာ သူပေါ့... ဟိဟိ...
ကိကိကတော့ အကြံပိုင်သူ .... အီးပေါက်နေစဉ် သူ့ အီးသံကို သူများ မကြားအောင် အသံအကျယ် ကြီးဖြင့် ရယ်မောတတ်သူ။ မဟုတ်လား.. ဟားဟား..
ကံဆိုးသူ .... အီးပေါက်နိုင်ရန်ကြိုးစားရာမှ ချီးထွက်သွားသူ။ ကတော့ တော်တော် ဝမ်းချောင်တာပဲနော်... ဟီး.
ဟိဟိ.. မုန့်စားရင်း ဖတ်မိတော့ မထူးပါဘူးလေ ဆိုပြီး ဆက်စားလိုက်တယ်။ ဗဟုသုတလည်း ရတယ်။ ရယ်လည်း ရယ်ရတယ်။ ဖတ်ကောင်းတယ်..ဟားဟား ကျေးဇူးတင်ပါတယ် မခိ
၁၇ ယောက်မြောက်မှာရောက်လာတဲ့ ကျွန်တော်
က ဆယ့် ခုနှစ်ယောက်နဲ့ မတူတာလေးပြော
ကြည့် မယ်နော်။
ကျွန်တော်က အီးကို ပါချင်၊ပေါက်ချင်ပေမဲ့ 
မပါ၊မပေါက်ဖဲ ညှစ်ထားတဲ့  အထဲမှာပါမယ်
ထင်ပါတယ်။ ထွက်အန်ကျလာမဲ့  သံယောဇဉ်
တွေကို အောင့်  ထားရလို့ လေ...။
၁၇ ယောက်မြောက်မှာရောက်လာတဲ့ ကျွန်တော်
က ဆယ့် ခုနှစ်ယောက်နဲ့ မတူတာလေးပြော
ကြည့် မယ်နော်။
ကျွန်တော်က အီးကို ပါချင်၊ပေါက်ချင်ပေမဲ့ 
မပါ၊မပေါက်ဖဲ ညှစ်ထားတဲ့  အထဲမှာပါမယ်
ထင်ပါတယ်။ ထွက်အန်ကျလာမဲ့  သံယောဇဉ်
တွေကို အောင့်  ထားရလို့ လေ...။
ဖွားကိရဲ့  E ဇတ်လမ်းလေးက ဖတ်လို့ ကောင်းဗျ ... ဒါပေမယ့် ဓါတ်ပုံလေးက မတွေ့ဘူး ဖြစ်နေတယ် ..
ကိကိရေ
ဒီဋီကာအတိုင်းဆိုရင် ကျွန်မကတော့ ကိုယ့်ကြောင့် သူများစိတ်အနှောင့်ယှက် ဖြစ်သွားမှာကို သိပ်ပြီးစိုးရိမ်တတ်သူဆိုတော့ သိပ္ပံပညာ ကြွယ်ဝသူ နှင့် (လေထုညစ်ညမ်းမှာကို စိုးရိမ်သူ)၊ သီးသန့်ဆန်သူ (ဆိတ်ကွယ်ရာမှာ ပေါက်သူ) နှစ်မျိုးဖြစ်နိုင်တော့ သင့်တော်တဲ့ နေရာမတွေ့မချင်းတော့ မိုက်မဲသူ (ပေါက်ချင်ပေမယ့် အောင့်ထားရသူ) လည်း မကြာခဏ ဖြစ်သွားပါတယ်။
လေလည်ချင်တာကို အောင့်ထားပြီး သင့်တော်တဲ့ နေရာရောက်တဲ့အထိ ထိန်းနိုင်ပေမယ့် Soft Drink တခုခုသောက်ပြီး၊ ဒါမှမဟုတ် အစားတခုခုစားပြီးတိုင်း ပါးစပ်က လေအန်တာကို မထိန်းနိုင်တဲ့ ကျွန်မအတွက် လေလည်တဲ့ ပြဿနာထက် ပိုဒုက္ခရောက်ပါတယ်။ အများပြည်သူတွေရှိတဲ့ ရထားထဲ၊ စာသင်ခန်းထဲ တနေရာရာမှာ အဲသည်လို လေအန်တာကို မထိန်းနိုင်ရင် ခေါင်းကို အသေအချာ အောက်စိုက်၊ ပါးစပ်ကို လက်နှစ်ဖက်နဲ့ အုပ်ပြီးသန်းသလိုလို ဟန်ဆောင်ပြီး လေအန်ရတယ်။ ကျန်းမာရေး ရှုဒေါင့်က ကြည့်ပြီး အနောက်တိုင်းသားတွေက အောက်ကထွက်တာကို ရိုင်းတယ်လို့ မသတ်မှတ်ပေမယ့် ပေါ်ကထွက်တာကိုတော့ ရိုင်းတယ်လို့ သတ်မှတ်တဲ့အတွက် လူတွေရှေ့မှာ လေမအန်မိအောင် ကြိုးစားဖို့ကိုလည်း သတိမထားမိသေးရင် အကြံပြုပါတယ်နော့်။ ရိုင်းတယ်လို့ မသတ်မှတ်ပေမယ့် အီးပေါက်တာကို ကျေးဇူးတင်တယ်လို့ အပြောခံရတယ်ဆိုတာတော့ အခုမှပဲ ကြားဖူးတော့တယ် ကိကိရေ။ ရီလည်းရီသွားတယ် ဗဟုသုတရသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
Post a Comment