E အကြောင်းတွေ ပဲ မွှန်နေတယ်လို့ ဆိုတဲ့  ဆရာလေး ကိုတောင်ပေါ်သား ဆက်ဖတ်ရန် E ဇာတ်လမ်းလေး ထပ်ဖြည့်ပေးလိုက်တယ်နော် ။
ခုခေတ်ကြီးထဲမှာ ပြည်မြန်မာမှာ ရွှေပြည်သူ ရွှေပြည်သား အများအပြား ပြည်ပ ထွက်ပြီး ပညာရှာကြ ၊ ဥစ္စာ ရှာကြ ၊( တချို့ လည်း ကြင်ယာ ရှာဖို့ ) ၊ တချို့ က ရှော့ပင်းထွက်ဖို့  ။ တချို့  က ဘုရားဖူး ၊ တချို့  က လိပ်ဥလည်းတူး ဖို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ပေါ့လေ ။
ဒီ အထဲက ဥစ္စာ စီးပွား ရှာဖို့ ထွက်လာကြတဲ့  သူ အကြောင်းဘဲ ပြောချင်ပါတယ် ။ ကိုယ့် အကြောင်း နဲ့ ဆိုင်တဲ့  ကိုယ့်အကြောင်းထဲက တကြောင်းပေါ့နော် ။သူများအကြောင်းကို မကောင်းတာ ပြောရင် အတင်း လို့ ဆိုကြတယ် ။ ကိုယ့်အကြောင်းကိုယ် မကောင်းကြောင်း ပြောတော့ အတင်း မဟုတ်တော့ဘူး ။ သတင်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်လေ ။
ကိုယ် နုံကြောင်း အ ၊ ကြောင်းပြော ပြန်ရင်တော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ၊ ဒါမှ မဟုတ် ကိုယ့်ငချဉ် ကိုယ်ချဉ်တာလား တခုခုပေါ့နော် ။ ဒီလိုရှိတယ်လေ ဒီလို ...
လူတိုင်း လူတိုင်း နီးပါး လောက်က ပြည်ပ ထွက် အလုပ် လုပ်ရင် သတ်မှတ်ထားတဲ့ အခွန် တော်ငွေတွေ နဲ့ နိုင်ငံတော်ကို ပြန်လည် ကျေးဇူးဆပ်ကြရတယ်လေ ။ ၈% တို့ ၊ ၁၀ % တို့ ပေါ့ ။ ပိုတဲ့ ပိုက်ပိုက် လေးတွေ လည်း မိဘ၊ မောင်နှမ ၊ ဆွေမျိုး များ ဆီ ကို ကိုယ့် အသိစိတ် နဲ့ ကိုယ် ၊ ဒါမှ မဟုတ် ဝတ္တရား အရ ၊ ဒါမှ မဟုတ် မလုပ်မဖြစ်တဲ့ အခြေအနေ အကြောင်း ကြောင်းတွေ ကြောင့် ပြန် ပြီး ပေးပို့ ကြတာပေါ့ ။
ကိုယ် ထွက်လာခါ နီးမှာ သူငယ်ချင်းတယောက်က အကြံတော် အပေးကောင်းတာနဲ့  မြန်မာ့ နိုင်ငံခြားငွေ ကူးသန်း ရောင်းဝယ်ရေး ဘဏ် မှာ ဂျွိုင့် အကောင့် တခု ဖွင့်ထား ခဲ့တယ် ။ အမေ့နာမယ် နဲ့ တွဲထားတယ်ပေါ့လေ ။နားမလည်သေးတဲ့ အချိန်ဖြစ်လို့  အိမ် က အမေ သုံးပါစေတော့ ဆိုပြီး ရှိစု မဲ့ စု လေးထဲကနေ အစိမ်းလေးတွေ အသွင်ပြောင်းပြီး ပို့ လိုက်ပါတယ် ။ အဲဒီအချိန် ကလည်း တယ်လီဖုန်းလျှောက်ရင် ၊ မြန်မာပြည်ကြီး ထဲ မှာ ဘာညာ ကွိကွ ဝယ်ရင် အစိမ်းတို့  ။ ဆီ ( အက်ဖ်အီးစီ ) တို့ နဲ့ မှ ရတယ် လို့  ဆိုတော့ လဲ အရေးအကြောင်း သုံးရ ၊ပြုရအောင်ပေါ့ လို့  လွယ်လွယ်လေး တွေးလိုက် မိတာ ကိုး ။( ဟွန်ဒီ ဆိုတဲ့  ဝေါဟာရ နဲ့  အသုံးဝင်ပုံ ။ အသုံးတည့်ပုံ တွေ အကြောင်း အဲဒီ အချိန်က လုံးဝ နားမလည် သေးတာမို့ ၊ ရိုးရိုးကြီးဘဲ တွေးပြီး အဲဒီ ဘဏ်ကြီးကို အဟုတ်ကြီးထင်ပြီး ပုံအပ်မိပါတယ်။ ဟဲ ဟဲ .. စာကြီး ပေကြီးများ ဖြစ်လေ မလားဆိုပြီး ... ကြီး ... တွေ တွင်တွင်သုံး ကြည့်လိုက်တာ ဖတ်လို့  အတော် ခက်မယ်နော် ။ )
ဒီလိုနဲ့  အတိုး မရှိ ၊ မပေး၊ မရ ၊ တဲ့ ကိုယ်တို့  အမိတိုင်းပြည်ထဲက နိုင်ငံခြားငွေ စုတဲ့  ဘဏ် ဆိုတာ ကြီးထဲမှာ အဲဒီ စိမ်းစိမ်းလေးတွေ သွားအိပ်ခိုင်းထား မိတယ်ပေါ့ ။အံမလေး ။သူ တို့ ကိုတောင် ကြံဖန် ပြီး ပြန်ကျေးဇူး တင်ရပါအုံးမယ် ။ ထိန်းသိမ်းစောင့်ရှောက်ခ မပေးရတာဘဲ ။
ဒီလိုနဲ့ ၂ နှစ်ကျော် ကြာသွားခဲ့ တယ် ။ ဦးဆုံး အကြိမ် အိမ်ပြန်ဖြစ်တာ ကလည်း ပျော်ရွှင်စွာ ပြန်ရတာ မဟုတ် ။ အဖေ ရုတ်တရက် ဆုံးသွားတာနဲ့  ဗြုန်းစားကြီး ပေါ့ ။ နိုင်ငံခြားက ပြန်တယ်ဆိုတော့ ရွာ အဝင်ဂိတ် မှာ ထုံးစံအတိုင်း ရစ်တယ်ပေါ့ ။( လွန်ခဲ့ သော ၁၀ နှစ်ကျော် အချိန် က ပါ ) ။ ခွင့်စာ တို့  ၊ အခွန် ဆောင်ပြီးကြောင်း စာရွက်တို့  ။ ဘာတွေမှန်းမသိ ။ ရုတ်တရက်ဆိုတော့ ခွင့်စာလည်း မယူ လာမိ ။ အခွန်ကတော့ ဘာရယ်မှန်း မသိ ၊ မသိစိတ်ကဘဲ ကြိုသိ နေလို့ လား မပြောတတ် ။ အဲဒီ အချိန် မတိုင် မှီ တလလောက် ကဘဲ လိမ်မာစွာ နဲ့ တနှစ်စာ ကြိုတင်ဆောင်ထားပြီး အသင့် ရှိနေတာ။ ဒီလိုနဲ့  ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ အဆို အရ အောင်မြင်စွာ အိမ်ပြန်ရောက်လာတယ်ပေါ့လေ ။
အဖေ့ ကိစ္စတွေ ပြီးတော့ ၊ ခွင့်ကလည်း ၂ ပါတ်ဘဲ ရတော့ ၊ အမေ စိတ်ပြေလက်ပျောက် ဖြစ်အောင် ကိုယ်ဆီ လာနေဖို့  ကမန်းကတန်း စီစဉ် ရတယ်။ တပါတ် အလို မှာ အမေ့ အတွက် လက်မှတ် ဝယ်မယ်ပေါ့ ။
ဒေါသ ကုမ္မာရ ဇာတ်လမ်းကခုမှ စ ပါတယ် ။ လက်မှတ် ဝယ်ဖို့  အစိမ်းလိုတယ်တဲ့ ၊၊ အင် ။။ အို ။ ဘယ်လိုပါလိမ့် ။အစိမ်းမရှိသူ ဘယ်လို ဝယ်ကြမလဲ ဆိုတော့ ဒီလိုဘဲ အပြင်မှာ ပြန်လဲ ပြီးဝယ်ကြပါတယ် တဲ့  ။
အမေ က အကြံပေးတယ် ။ သူ့ ဟို ဂျွိုင့် ကြီးကောက်ပြီးထဲ့ ထားတာ လဲ ဖုံး တခါ ဝယ်ပြီးတည်း က ဘာမှ မသုံး ဖြစ် ။ အဲ ဒီ ထဲ ကနေ ဝယ်လိုက် ပါလား တဲ့ လေ ။ အင်း ဒီလိုတော့လည်း ဟုတ်ပေသားဘဲ ၊ အဲဒီထဲ မှာ အလကား သွားအိပ်နေတဲ့  စိမ်းစိမ်းကောင်လေးတွေ ၊ကြာလေ အဖိုးမဲ့  အဖွားမဲ့ ဖြစ် နေ မစိုးလို့ ကျောက်တိုင်ကြီး ရှေ့ က ဖေါရိန်း အိပ်စ်ချိန်း ဘဏ်ကြီး ဆီ အပြေးအလွှားသွား ပေါ့ ။ အသွင်း နေရာ က လူ ရှင်း နေတယ် ။ အထုတ် နေရာက လူကြိတ် ကြိတ် တိုးနေတယ် ။
အထဲ က မ မ တွေကတော့ အပြင်က လူတွေ ဘယ်လောက် များများ ၊ ဆင်မယဉ်သာ ဟန်လေးနဲ့ ဗျား ။ အဲဒီထဲ က ဆင်မလေး တယောက်ကို အတင်းပြူးပြဲ ရှာပြီး မေးကြည့်တော့ ငွေ ထုတ်ဖို့  အကြောင်းအရာ ။ သုံးမဲ့ နေရာ လျှောက်လွှာ တင်ပါ တဲ့  ။
အင်းလေ ။ သူ တို့ ထုံး စံ။ တင်ဆိုလည်း တင်ရတာပေါ့ ။ လျှောက်လွှာ ဆိုတော့ ပုံစံတော့ ရှိရမှာပေါ့လေ ။
ဒါနဲ့ အမ လတ်က( အဲဒီအချိန် သူ ရှိနေသေး တယ် ။ သူက စေ့စပ် သေချာတယ် ၊ ရုံး အလုပ် လုပ် နေကြ ဆိုတော့ ရုံး အထာတွေ အားလုံး နော ကျေ ပြီးသား ။ကိုယ် ပြည်တော်ပြန်တိုင်း သူဘဲ အမျိုးစုံ လိုက်လုပ်ပေးလေ့ ရှိတာ ၊ လွမ်းမိပါတယ် အမရယ် ) ။ အမလတ်က သူ့ ဖိုင်တွဲ ထဲ အဆင်သင့် ယူလာတဲ့  ဖူးလ်စကပ် ပေပါ ဝါကျင်ကျင်လေးတွေ နဲ့ လျှောက်လွှာ ရေးရမဲ့ ပုံစံ နမူ နာ ကို နံရံ မှာ ကပ်ထားတာ တွေ အပြည့် အစုံ ကူးရေး ပြီး ၊ ကိုယ့် လက်မှတ်ထိုးပေါ့ နော် ။ ပြီးတော့ ဆင်မလေး တကောင် ဆီ တင် ပေါ့ ။
မန်နေဂျာ ကြီးနဲ့  အထက်က လူ တွေ အဆင့်ဆင့် လက်မှတ် ထိုး ရမှာ ဆိုတော့ နောက် ၃ ရက် နေမှ ပြန်လာပါတဲ့  ၊ ဒါတောင် အစိမ်းလေးကို cash အနေနဲ့  ပြန် ထုတ်ပေးမှာ မဟုတ်ဖူး နော် ။ ချက်လက်မှတ် လို စာရွက်လေးပဲ ထုတ်ပေးပြီး လေယာဉ်လက်မှတ်ရောင်းတဲ့ နေရာမှာ သွား ဝယ်ရမှာတဲ့ ။
ဒီတော့ အမက မုန့်ဘိုး ၊ပဲဖိုး ၊ ဘာညာ ကွိကွ ပေး လိုက်မယ်ပေါ့ ။ ဒီတော့ ဘေး က ကိုယ်လည်း ဘာမှ အထာ မပေါက် ။ အမ ကိုတောင် စိတ်ဆိုးပြီး ပြော မိသေးတယ် ။ ဒါ သူတို့ လုပ်ရမဲ့ အလုပ်ပဲ ၊ ဘာလို့ ပေး ရ မှာလည်းပေါ့ ။ ကိုယ့် အမက လည်း အရွဲ့ တိုက်ပြီး .. အဲဒါ ဆို နင့်ဟာနင် စောင့်ကြည့်ပေါ့ တဲ့  ။ တဇွတ်ထိုး ကိုယ် နဲ့  ရွဲ့ တဲ့ အမ တို့  ဘယ်သူ နိုင်မလည်း စောင့်ကြည့်အုံး မဟဲ့ လို့ ။လျှောက်လွှာတင်ပြီးပြန်ခဲ့တယ် ။
၃ ရက်ဆို တာ ဘာမှ လည်းမကြာပါဘုး ။ ဟို ဒီ ကိစ္စ တွေလုပ်ရင်းနဲ့  ချိန်းထားတဲ့ နေ့  အဲဒီ ရုံးကို တခေါက်ထပ်သွားပေါ့ ။ ရောက်တော့ တနေရာ ထပ်ညွှန်လိုက်တယ်လေ ။ သူ့  ရုံးကြီး ရဲ့ ဘေး အနောက်ဖက် ကို ကွေ့ ပတ် သွားတော့  အနီရောင် ရုံး အိုလေး တရုံး ရောက်ရော ။ နောက်ထပ် ဆင်မလေးတယောက် ရှာပြီး အကျိုးအကြောင်း မေးရတာပေါ့ ။ တနာရီ လောက် စောင့်တော့ အဲဒီ ဆင်မလေး ပြန်ရောက်လာတယ် ။ ဒီဘက်ရုံး က မန်နေဂျာ ဒီ မနက် အစည်းအဝေး ရှိ နေလို့  ၊အမ တို့  လျှောက်လွှာ က လက်မှတ် မထိုး ရသေး ပါဘူး တဲ့  ။ နေ့ လည် ၂ နာရီ ကျော်မှ တခါ ပြန်လာပါ တဲ့ .။ အမလတ် က ပြုံး ပြီး ကိုယ့်ကို လှည့်ကြည့်တယ်။
ခေါင်းမာတဲ့ ကိုယ်ကလည်း အရှုံး မပေးပါဘူး ။ နေ့လည် ဆိုလဲ နေ့လည် ပေါ့ ။ ဘာဖြစ် သလဲ ။ ဒါနဲ့  အဖေ့ အတွက် ရွှေတိဂုံ ဘုရားပေါ်တက် ၊ဘုရား ရှစ်ခိုး ။ အမျှဝေ ။အလှူငွေထည့်  ။ ပြီးတော့ ဇီဝိတ ဒါန ဆေးရုံသွား အလှူငွေ ထည့် ၊ အမျှဝေ နဲ့ စိတ်လေးဖြေ ခဲ့ လိုက် ရတာ ...
ပြောထားတဲ့ အချိန်ရောက်တော့ အဲဒီ ရုံးနီလေးဆီ နောက်တခေါက် ၃ ခါမြောက် ချီတက် ဖြစ်တယ်လေ ။ ဟဲ ဟဲ ။ ဒီတခါတော့ အိုကေ ပြီပေါ့ ။ ငါနိုင်ပြီပေါ့ ဆိုပြီး အမ ကို ပြောတော့ နင့်လက်ထဲ အဲဒီ စာရွက် မရောက် မချင်း နင် မနိုင် သေးပါဘူး တဲ့။
ရောက်ပါပြီ ။ စောင့်ပါတယ် နာရီဝက် ။ စောင့်ပါတယ် တနာရီ ။ အဲ ..၃ နာရီ ခွဲ သွားပါပြီ ၊။ ဆင်မလေးတွေ က အထဲမှာ လှုပ်လီ လှုပ်လဲ့  ။ အိုးလေး တွေ လှုပ်လို့ ကောင်းနေကြဆဲ ။ ကိုယ့်မှာတော့ နေပူ ပူ နဲ့  ရေဆူ မှတ် ကို တရိပ်ရိပ် တက်လာ ပါပြီ ။
အမ ကို လက်တို့ ပြီး သွားမေးကြည့် ပါအုံး ပေါ့ ။ အမ ကလည်း သိတယ် ။ ကိုယ် စိတ်တို စ ပြုနေပြီ ဆိုတာ ။ အပြင်က နေ လဖက်ရည် ဆိုင်သွားပြီး ပြန်လာတဲ့  ပုံစံ နဲ့  ပြုံးစိစိ မျက်နှာပေးနဲ့  ပြန်ဝင်လာတဲ့  မနက်က ဆင်မလေး ကို တွေ့ တော့ အမလေ ။ အပြေးလေးသွားပြီး လိုက်မေးရတာ ။
ဒီတော့မှ" ဪ. အမ တို့  ပြန်ရောက်နေကြပြီလား "တဲ့  ။ "ခဏလေးစောင့်ပါအုံး နော်" တဲ့  ။ မန်နေဂျာ အခန်းထဲ ဝင်သွားပြီး လျှောက်လွှာ စာရွက်ကို လိုက်ရှာ နေလေရဲ့  ။
ကိုယ့် မျက်စိ ကလည်း ဒီလို မဟုတ်တဲ့ နေရာမျိုး ဆို လျှင်သမှ ပြောမနေနဲ့တော့။
အဲဒီ ဆင်မလေး မနက်က ထိုင်တဲ့ စားပွဲ ရဲ့ အောက်ဆုံး မှာ ရောက်နေတဲ့ ကိုယ့်လျှောက်လွှာစာရွက်လေး ( ကလစ်ပင် အနီရောင်နဲ့ ထိုးပြီး နောက်စာရွက်တခု ကို ဘယ်ဘက် ဒေါင့်စွန်းအပေါ်မှာ ညှပ်ထားတာ ဆိုတော့ သိသိ သာသာ ပါဘဲ ) မြင်လိုက်ရတယ် ။
ရေဆူမှတ် ရောက်ဖို့  ၂ ပွိုင့် ဘဲ လိုပါတော့သည် ပေါ့ ။
ဒီဆင်မလေး မရောင်မလည် ပြန်ထွက်လာပြီး ဟိုရှာ ဒီရှာ နဲ့  ။ ဒါနဲ့  အချိန်ကုန် မခံချင်တော့တဲ့ ကိုယ် ။ သူ့ စားပွဲ ရှိတဲ့ နေရာ လျှောက်ဝင်ပြီး ကိုယ့်လျှောက်လွှာ ကိုယ်ပြန် ရှာပြရတယ် ။
"ဪ ..အမရယ် ။ အားနာ ပါတယ်၊ ဒီနေ့  အချိန် မရှိ တော့လို့ ၊မနက်ဖန် မနက်စောစော မှ တခေါက်ပြန်လာယူ ပါလား" တဲ့  ။
အဲ .. မနက်ဖန် ဆို သောကြာနေ့  ။ကြားမှာ ၂ရက်ဘဲ အချိန်ရှိတော့တာ ။
ရေဆူ မှတ် ၉၉ ရောက် နေပြီ ။ စိတ်ထိန်း ၊ စိတ်ထိန်း ။ ဒါဆိုလဲ မယူတော့ဘုး ၊ အပြင်မှာ ဝယ်မယ် ၊ ချက်ချင်းရတယ် လို့  တခွန်းဘဲပြော ပြီ ထွက်လာလိုက်တယ် ။
နောက်ဆုံး သူထပ်ပြောတဲ့ စကားတခွန်းကြောင့် မဆူ သင့်တဲ့ ရေဆူမှတ် ကို ဒိန်းကနဲ ရောက်ရုံ မက ဟိုဘက် ဘူတာတောင် ရောက်သွား ခဲ့ ပါတယ် ။
" နေ ပါ အုံး အမ ။ လျှောက်လွှာ မတင်တော့ဘူး ။ ငွေ ပြန် မထုတ်တော့ဘူး ဆိုရင် မထုတ် တော့တဲ့ အကြောင်း ကို လျှောက်လွှာ တခု ရေးတင် ခဲ့ ပါအုံး" တဲ့ လေ ။
ဒီတော့ ရေဆူမှတ် ကျော်နေပြီ ဖြစ်ချင်ရာ ဖြစ်တော့ ။ သူ့  စားပွဲ ဆီ ပြန်လှည့် သွားပြီး သူ့လက်ထဲ က ကိုယ့်လျှောက်လွှာ စာရွက် ကို အားရ ပါးရ ဆွဲ ဆုတ် ပြီး ထွက်လာ ခဲ့ ပါတယ် ။ အဲဒီ အချိန် ကစပြီး နောက် ဘယ်တော့ မှ ဒီလိုရုံးထဲ မလာတော့ ပါဘူး လို့ ဆုံးဖြတ်လိုက် မိတယ်။ ဆင်မလေး ကတော့ နောက်မှာ ပါးစပ် အဟောင်းသားနဲ့  ကျန်ခဲ့ လေ ရဲ့ .......
အဝင်လွယ်၍ အထွက်ခက်သော ဤဘဏ်မျိုး ၊ နောင် တသက် မဟုတ် ၊ ဆယ်သက်စာ ဒိုးဆလံ တင်းဆလံ ပါ ။
E ခေတ်ကြီးထဲ မှာ ဤသို့ သော E လျှောက်လွှာ မျိုး အမြန်ဆုံး ပျောက်ကင်းပါစေ ။
( လွန်ခဲ့ သော ဆယ်နှစ်ကျော် က တကဲ့ ကိုယ်တွေ့  အဖြစ် အပျက်လေး တခု ပါ ၊ စိတ် ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ ။နောက်တနေ့ မှာ အသင့် ရှိနေတဲ့  ကက်ရှ် လေး နဲ့ သွားဝယ်တော့ လက်မှတ် က ချက်ချင်းရပါတယ် ။ ဪ ၊ နေရင်း ထိုင်ရင်း အချိန်ကုန် ၊ လူပန်း၊ စိတ်ပန်း နဲ့ ၊ မှားပါတယ် ၊၊ ပေးကမ်းခြင်းသည် အောင်မြင်ရာ ဆိုတဲ့ ထုံး နှလုံး မမူဘဲ ခေါင်းမာ မိလို့  )
26 comments:
ရော် ငါ ၁ လား ဟိဟိ
အော် ဘီလူးမ မရောက်သေးဘူးကိုးးး ဂလိုကျတော့လဲ ပျင်းစရာကြီး နော့် ဖွားကိရေ ပျင်းတယ်ဂျာ ဂျွမ်းထိုးပြ ဟက် ဘာမှလဲဆိုင်ဘူးနော် ဟီးးးးး
ကိကိရေ
ပြောချင်ဘူး ပြောကိုးပြောချင်ပါဘူး။
မအယ်တုန်းကဆို လေယာဉ်ကွင်း ကွင်းချိန်း ၄နာရီ လူက ၃နာရီထိုးတဲ့ထိ စောင့်နေရတုန်း လက်မှတ်မထိုးရသေးလို့ ။
အိမ်ရောက်တော့ ၃.၃၀။
ရေချိုးချ အ၀တ်လဲပြီး ထွက်လာတာ။ တနေကုန် တမင်းစားဖို့ ရေသောက်ဖို့ တောင် အချိန်မရဘူး။
ပေးလိုက်ရတဲ့ပိုက်ဆံဆိုတာ အိမ်ပြန်ကားခတောင် မကျန်ဘူး။
ကိုယ်တို့ တိုင်းပြည်ကတော့ မမွေးခင်ကနေ နောက်ဆုံးရေဝေးထိ ငွေမခင်းရင် ခက်ကိုးခက်နေတာပဲ ကိကိရေ။
မအယ်
ကိုဇော် တယောက်လဲ မအားဘူးထင်တယ် ဟားဟားးးး ကိုသားကြီးလဲ အခုကျမှ ပေါ်လာတယ် သရဲကျနေတာပဲ ဟိုးးဟိုးးးးးးး အိမ်ကျယ် အိမ်မှာပဲကျယ်တယ် လေ ဟက် ဒူကျန်သေးတုံး အော် ဦးလူထွေး ဘယ်ပျောက်နေတုံး သူ့ ၂ လုံးပြူးကြီး သ နေတယ် နေမှာပေါ့ ဝူးးးးးးးးထွားးးးးးးးထွားးးးးးး
မြူး ဟင်းချက်နေတယ်လေ သိဘူးလားလို့ ခိခိ
ဂွင်ရှာနေတဲ့ခြင်ရေ အဟေးးးအဟေးးးး လာသေးဘူးလား လို့ နာ ရောက်နေပြီကွ ငွားငွားးးးးးးး
အဟိ မအယ် ရောက်နေပြီ ဒီလိုဆိုလဲ စာဖတ်လိုက်ပါဦးမယ်နော် ခဏ ရှူးးးး တိုးးးတိုးးး မနှောင့်ယှက်နဲ့နော်
မပြောတော့ဘူးနော် မီး ဘာမှမပြောချင်တော့ဘူးနော် သိလား ထပ်ပြောရင် နောက် ပို့စ်တခု ဖြစ်သွားလိမ့်မယ် ပြောမဆုံးပေါင် တောင်သုံးကောင်လို တထောင့်တည ပုံပြင် ဖြစ်သွားလိမ့်မယ် ဟားဟားးးးး
လာဘ်ပေးရန်မလို မဟုတ်ဘူးနော် ဖြတ် ပြီးဖတ် လာဘ်ပေး ရန်မလိုတဲ့ မသိဘူးလား ဟိဟိ ခိခိ ခွီးးခွီးးးးး ဟိုးးးဟိုးးးး
ဘိုင် တာ့တာ ဂယ်ပြန်ပြီနော် လိုက်ထော်နဲ့တော့
အဲလိုအဖြစ်အပျက်တွေ မြန်မာပြည်မှာ အများကြီးပဲ..
ဒါပေမဲ့ ကိုယ်နဲ့နှိုင်းရင်တော့ ဒီလိုမျိုးအလုပ်တွေ လုပ်မှာ မဟုတ်ဘူးဆိုတာပဲ..သိတော့တယ်..။
အဲ့လို သူများတကာ စိတ်ဆင်းရဲပီးမှ ရတဲ့ ငွေနဲ့ ထမင်းစားရတာ မျိုမကျပါဘူး။
သြော်..မြန်မာပြည် ..မြန်မာပြည်..
တော်သေးတယ်..အစထဲက ဘဏ်ဆို သိပ်ယုံတာ မဟုတ်လို့ အပ်ဖူး..။ ဗိုက်ထဲမှာပဲ စုထားလိုက်တာ..
ဟီး
မိုးမင်းကြီး
မယ်ကိတို့...မယ်ကု(မယ်ကုဝဏ်) ဖြစ်သွားတဲ့နေ့ပေါ့....
ဗမာပြည် ပြန်တိုင်း စိတ်ဆိုးစရာတွေ..တခုမဟုတ်တခု
ပေါ်ပေါ် လာလွန်းလို့ မပြန်ဖြစ်တာ ၅ နှစ် ရှိပြီ (ငွေမရှိတာလည်းပါတယ်..ပြန်ရင် ဟိုပေးသည်ပေးနဲ့
ငွေတသောင်းလောက်က နံမစွက်ဘူး )
ရေဝေး သွားတဲ့ထိ ပိုက်ဆံ အကုန်မခံ နဲ့ သိလား
ဖိနပ်စီးသွားသိလားးးးးးးးးးးးးးးးးး သိရဲ့လား
ယောင်းတကောင်တော့နော် မပြေားချင်ဖူး
ဦးလူထွေး ကို ဘာပြေားတာလဲဟင်
မရှင်းလို့ လေ လူကြိးကို ငရဲကြိးအောင်နော်
ဦးလူထွေးက ရုံလေး မာမားနော် လာမထိနဲ့ မခံဖူး
သူပဲခံပါစေ သိလား သူ့ မှာလေ အဲ့ဒါကြီးတကယ်ရှိတာလားဟင်
လိုင်စင် ရှိလားဟင်
စိတ်ကိုလျှော့ လျှော့ ဖွားကီ စိတ်လျှော့း)
အသက်ရှည်ချင်ရင် စိတ်ကိုလျှော့း)
အနာမဲ့စေချင်ရင် စိတ်ကိုလျှော့
ကျန်းမာစေချင်ရင် ၀မ်းကိုလျှော့
လေးစားလျက်
တောင်ပေါ်သား
မမကိရေ ပြောမပြောချင်ပါဘူး...
အဲလိုပဲ အရာရာ ပိုက်ပိုက်ရမှ လုပ်ပေးမယ် ချည်းဖြစ်နေပြီ.. မလွယ်ဘူး
မေသူ ရန်ကုန်ပြန်တုန်းကလဲ အဝမှာပေါ့.. ပြောင်ပြောင်ပြောတာ စင်္ကာပူပြန်လက်ဆောင်တဲ့...
ကိုယ်တို့ ကလဲ သူပြောင်သလောက်နီးနီး ပြောင်တယ်ဆိုတော့လဲ... စင်္ကာပူပြန်လက်ဆောင်ဆိုတာ ဘာလဲ အစ်ကို လို့ မေးပလိုက်တယ်... မှတ်ကရောပဲ..
တခါထဲပိတ်သွားတာပဲ..... :)
ဒီမှာလည်းဟိုအခွန်ဒီအခွံတွေနဲ့
နှုတ်လို့ကျန်တဲ့ပိုက်ဆံကိုပဲ အိမ်ကိုပို့ရတာ
သူငယ်ချင်းတစ်ယောက်ရှိတယ်
သံရုံးကိုအခွန်ဆောင်ဖို့သွားတဲ့အချိန်သူ့ကို
ဘယ်သွားမလဲလို့မေးရင် “ကျည်ဆန်ဖိုးသွားပေးမလို့”ပဲဖြေတတ်တယ်
တော်သေးတယ်ဒေါသကုမ္မာရကလှုပ်လီလှုပ်လဲ့ဆင်တွေကို ဒေါင့်ဖိနပ်နဲ့ကောက်မပေါက်လိုက်လို့
ရော်...မမခိခိကလည်းဗျာ
“လာဘ်ပေးလာဘ်ယူဒို့ရန်သူလေ”
ရွှေပြည်ကြီးကအတန်းစာမှာပြဋ္ဌာန်းဖူးတယ် :P
ဆင်မလေးတွေကလည်း ရုံးကလူကြီးတွေ သင်ပေးထားတဲ့အတိုင်း တော်တော်လိုက်နာတာပဲနော်။ ပိုက်ဆံမမြင်ရင် မရဘူးတဲ့ :P
မှတ်ထား... နောက်ဆို..သူများကျပ်ပေးတိုင်း လျှောက်မလုပ်နဲ့၊ နဲတောင်နဲသေးတယ်၊ တော်သေးတာပေါ့ ဘာလို့ စာရွက်ဆွဲဆုတ်တာလဲ ဆိုပြီး ထပ်လျှောက်လွှာ မတင်ခိုင်းတာ့ ကောင်းတယ်မှတ်... ဟားဟား...
ကျနော်တုန်းကကျတော့ အကောင့်ဖွင့်ခိုင်းတာကို ကျနော်က နေပါစေကွာ နေရင်းထိုင်ရင်း ကိုယ့်မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေး အဆုံးမခံချင်ဘူးလို့ပဲ ပြောလိုက်တယ် အေးရော...။
အဲလိုရုံးမျိုးတွေမှာ လုပ်ခဲ့မိရင် ဘယ်လောက် မျက်ခွက် ပြောင်ရမလဲ မသိဘူးနော်.... ဟီး... မီးက အရမ်း အားနာတတ်တာ.... အဲလိုကိုယ့်ရှေ့မှာ စူပုတ်နေရင် မျက်နှာ ဘယ်ထားရမှန်း သိမှာ မှုတ်ဘူး.... ဒီလူတွေ တကယ့်လူတွေပဲ...
မီးတို့ စားလုံး အဲလေ... စလုံးမှာတော့ ခွေးဇာ သွားကျွေးမယ်လို့ ပြောနေတာ ကြားဘူးသယ်.... ဟီး.... ဝက်ကလေးရေ.... ခြင်ပျံဘီ လဖက်လဖက်... အဲလေ... ဖလပ်ဖလပ်....
ဖွားကိမို့လို့နော် ကျနော်သာဆို ဗုံးတလုံးထောင်ပြီး အကုန်လုံး ဖေါက်သတ်ပစ်လိုက်မယ် ကယ်မှတ်ကရော ဒီလောက်တောင် လာဘ်စားချင်တဲ့ ၀န်ထမ်းတွေ ဒီလို လာဘ်စားအောင် ဒီစစ်တပ်ကြီးဘဲ သင်ပေးထားတော့ ဒီစစ်တပ်ကို ဗုံးခွဲပစ်ရမယ်ထင်တယ်ဗျာ ... ကြားရတာ ဒေါသဖြစ်လိုက်တာဗျာ ..
ဘယ်လိုမန့်ရမှန်းတောင် မသိတော့ပါဘူး...
ကိုယ်လဲ ရန်ကုန်ပြန်ရင် တခုမဟုတ်တခုတော့ အဆင်မပြေတာ စိတ်ညစ်ရတာ အမြဲကြုံရတယ်...
အို အဲလိုတွေ ရှိတယ် ဟုတ်တယ်ဗျ။ ကျွန်တော်ကတော့ မကြုံဖူးဘူးလေ။ ပတ်စပို့စ် လုပ်ရင်လဲ အဲလို အရစ်ခံရတယ်။ ဆင့်ကဲ ဆင့်ကဲ ရစ်တော့ ဆင်ဖိုးထက် ချွန်းဖိုးက ဈေးကြီးသွားရော။ အဲဒီလိုမျိုးတွေရပြန်တော့... မြေနိုမ့်ရာ လှံစိုက်ချင်ကြတဲ့လူတွေကို မုန်းမိပါကြောင်း။
စာတွေ လာဖတ်သွားတယ် ကိကိရေ၊ အားပေးလျက်။
အလုပ်ဖြစ်ချင်တယ်လား...
တဂျီးအိမ်နောက်ဖေးပေါက် တံခါးချဲ့ထားတယ်...
"လာဘ်ပေးလာဘ်ယူ တို့ရန်သူ
လာဘ်ယူလာဘ်ပေး တို့အရေး... ဟေးဟေးဟေး"
းဝ)
ဝက်စုတ်....
နေရာတကာ ငါ့အရင်ရောက်နေတယ်။ ဟွန်းးးးးးးး
မယ်မယ်ကိ...
ဂလိုကြီးလားးးး စီဘောက်စ်က ပုံလေးတွေလို အကုန်လည်ဖြတ်ထားခဲ့ရမှာလေ။ ဟိဟိ
ကိုယ့်ပိုက်ဆံကိုယ်ထုတ်တာပေမဲ့ လျှောက်လွှာတင်နေ၊ စောင့်ရသေးတာကိုး။ :(
တော်သေးတယ်။ ဘဏ်မအပ်ပဲ နေမိတာ (ရှိလည်းမရှိလို့) ကံကောင်းတယ်ပြောရမှာ..
ဘွားရေ..ကြားဖူးတယ်။ ခုမှပဲ ကိုယ့်အဘွား ကြုံခဲ့ရတာကိုး။
ဟုတ်တယ် အမရေ့ ... စားပွဲခြင်းနီးနေ၊မြင်နေ
ရပေမဲ့  စာတစ်စောင်လေးသွားဖို့ က တစ်ထောင့် 
တစ်ည ပုံပြင်ကတောင် ပြောလို့ ပြီးသွားတော့ မယ်။
စာက စားပွဲပေါ်က မရွေ့ ချင်ဘူး။ စာနာပါတယ်။
အမရဲ့ ခံစားချက်ကိုလေ။
ဖြေတွေးတွေးလို့ရပါတယ်လေ ဒါလွန်ခဲ့တဲ့ ၁၀ နှစ်ကပဲ
အဲဒီလောက်ပဲ ဒေါသထွက်ရတာ နေမှာပါ...။
အခုဆိုရင်............
Post a Comment