မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့ ။ ငယ်ငယ်တုန်းက အဓိပ္ပါယ် သေချာ နားမလည်တော့ တမျိုး အထင်မှတ် မှားခဲ့တယ် ၊ မသာ ကို တစ်ခေါက်သွားပို့ ပြီးရင် မကောင်းဆိုးဝါးကောင်တွေ ကပ်နေမစိုးလို့  ဘုန်းကြီးကျောင်း ဆယ်ခေါက်သွားမှ အဲ့ဒီ မကောင်းဆိုးဝါးကောင်တွေ ပျောက်တယ် လို့  လေ ။ အယူတိမ်းလို့  နတ်စိမ်း မဖြစ်တာ ကံကောင်း ။ နောက်မှ အဓိပ္ပါယ် သေချာ သိတော့ မိုး နဲ့ မြေလို ကွာခြား နေပါလား လို့  ကိုယ့် ကိုယ်ကိုယ် အပြစ်တင် မိတယ် ။ တကယ်ဆိုရင် တော့ မသာတခေါက် ပို့ လို့ ရတဲ့  အကျိုး ကုသိုလ် ဟာ ဘုရားပုထိုး ကျောင်းသွား တာ ဆယ်ခေါက်စာ နဲ့  ညီမျှပါတယ်တဲ့ ။ ဒါကြောင့် သာရေးကိစ္စ တွေကို မသွားဖြစ်ရင်သာ နေရမယ်။(အိုက်တင်တခွဲသားနဲ့ ဟန်ဆောင်ပြုံးပြီး ပြိုင်ဆိုင်နေကြတဲ့ မင်္ဂလာဆောင် ဧည့်ခံပွဲများဆို တတ်နိုင်သလောက် ရှောင်ခဲ့တယ် ) ။ နာရေးကိစ္စတွေ ကိုတော့ အတတ်နိုင်ဆုံး သွားတဲ့ အကျင့်တခု ဖြစ်လာရတာ ကြာပါပြီ ။ အသုဘ ရှုတယ်ဆိုတာ သံဝေဂ တရားရစရာတွေ အပြည့်ပဲမို့  ငယ်ငယ်က အသုဘ ဆိုတာ သွားကြည့်ဖို့  လိုက်ပို့ ဖို့  မပြောနဲ့  အသုဘ သတင်းမေးဖို့  သွားကြတဲ့ အဖေတို့  အမေတို့ နဲ့ တောင် လိုက်ဖို့  ကြောက်ခဲ့ သလောက် ၊ ခုဆိုရင် နာရေး ကိစ္စတွေကို မရောက် ရောက်အောင်သွားတတ်ပါတယ် ။လွန်ခဲ့တဲ့ ၂ နှစ် မြန်မာပြည် ပြန်တဲ့ အချိန် ခဏလေး အတွင်းမှာ အသုဘ ၃ ခေါက်ရောက်ဖြစ်ခဲ့တယ် ။ရေဝေး နှစ်ခေါက် ၊ ထိန်ပင် တစ်ခေါက်ပေါ့ ။ကိုယ့်အလှည့် ဘယ်တော့ရောက်မလည်းဆိုတဲ့ အတွေးတွေလည်း အခေါက်တိုင်းတွေး မိခဲ့တယ် ။
ဒါ့အပြင် ခေတ်နဲ့  အညီ အသုဘ ပို့ ရခြင်း ဒုက္ခ ဆိုတာ ဒီလိုပါလားလို့  သေချာ သိရတော့တယ် ။ နေရခက် တဲ့ ဒီခေတ်အခါကြီး မှာ သေတာကမှ ကောင်းအုံးမယ်လို့  အတွေးတွေ ရှိခဲ့ ဖူးပါတယ် ။ ဟုတ်ပါရဲ့  ။ သေသွားပြီးတဲ့ သူတယောက် ကတော့ ဝဋ်ကျွတ်သွားတယ်ပေါ့လေ ။ သူဘာမှ မသိတော့ ၊ မခံစား ရပေတော့ ဘူးပေါ့ ။ ဒါပေမဲ့ မသေပဲ ကျန်နေရစ်ရသူတွေ သေဖို့  အလှည့်ကျ ပါမစ်စောင့်နေရင်း ကွယ်လွန်သူချန်ခဲ့ တဲ့ ၊ လွှဲထားခဲ့တဲ့ တာဝန်တွေကို ဆက်ပြီး လက်လွှဲယူ နေရတာ ၊ အတော်လေး စိတ် မသက်မသာ ဖြစ်ရပါတယ် ။ တပူပေါ် နှစ်ပူဆင့်တယ် ဆိုတာတောင် နည်းသေးတယ် ဆိုရမလိုပါပဲ ။ကျန်ရစ်သူမိသားစုမှာ သူ နေမကောင်းစဉ်ပြုစု ကုသရတဲ့ စရိတ်စက ၊ ဒီခန္ဓာကိုယ်ကြီးကို မြေကျတဲ့ အထိ ကုန်ကျရတဲ့ စရိတ်စက ဆိုတာတွေ က နှစ်ပူဆင့်ရုံတင်မက ၊ တချို့ များဆို အိမ်ပေါင် ယာပေါင်၊ အိမ်ရောင်း ယာရောင်း နဲ့  ဘဝ ပျက်သွားခဲ့ကြတာတွေလည်း ရှိပါသေးရဲ့  ။
လူဆိုတာ သေမျိုးချည်းပဲ မို့  သေရတာ ဟာ မဆန်းပါဘူုး ။ဒါပေမဲ့ ကိုယ့်တိုင်းပြည်မှာ လူလိုနေပြီး လူလိုသေရဖို့  အခွင့်အရေးကို လူတိုင်း ၊လူတိုင်း တန်းတူ မရနိုင်ကြတာတွေ က ဆန်းနေပါတယ် ။ စိတ်သဏ္ဍန် မရှိတော့တဲ့  ကျန်ရစ်နေတဲ့ ရုပ်ခန္ဓာ ကြီး ကို လည်း လဒစား၊ ကျီးထိုး၊ ခွေးဆ၊ွဲ ဒီအတိုင်းပစ်ထားလို့  မရပါဘူး ။ လူပီသအောင် လူလိုသူလို စီမံပေးရမှာပါ ။( နာဂစ်မှ တွေ့ ကြုံ ကြားသိရတာများကို လူစိတ်ရှိသူတွေ မေ့ လို့ရမှာ မဟုတ်ကြဘူး လို့  ယုံကြည်ပါတယ် ) ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့ ရုပ်ကလပ်ကို လူကျင့်ဝတ္တရား နဲ့  အညီ ။ ကိုးကွယ်ရာဘာသာ ထုံးစံဓလေ့များနဲ့ အညီ သင့်တင့် လျှောက်ပတ်ရာ အရပ်တခုမှာ သဂြိုလ်ပေးခြင်းအမှု ကိစ္စကို ဆောင်ရွက်ပေးကြရမှာပါ ။ ရှေးယခင် ( နှစ် ၂၀ တောင် မပြည့်ခဲ့သေးတဲ့ အချိန်ထိမှာတော့ ရန်ကုန်မြို့ ကြီးမှာ ရှိနေတဲ့  ရွှေဂုံသူ ရွှေဂုံသားတို့  ဘဝ နိဂုံးမှာ လှဲလျှောင်းနားခို စရာ နေရာ သုဿန် သင်္ချိုင်းများဟာ မြို့ နဲ့  မဝေးကြတဲ့ နေရာတွေမှာ ရှိခဲ့ကြပါတယ် ။ ကြံတော ၊ နာနတ်တော ၊ တာမွေ ၊ ပြီးတော့  ကိုးမိုင် တရုပ်သင်္ချိုင်း တွေ အစရှိသဖြင့်ပေါ့ ။ဒီနေရာတွေဟာ သွားရ လာရ အဆင်ပြေနေပါတယ် ။ကားခတွေလည်းခုလို မတရားကြီး ဈေးမကြီးသေးပါဘူး။ ဒါကြောင့် အချိန်ခါ မရွေး လိုက်လံ ပို့ ဆောင် အသုဘ ရှု ဖို့  ။ လူမှုရေး အရ ကြည့် ရင်လည်း ဝတ္တရား မပျက်ကွက် စေတဲ့ သဘောနဲ့ ဖြစ်ဖြစ် ၊ ကွယ်လွန်သူတို့ ရဲ့  နောက်ဆုံးခရီးကို လိုက်လံ ပို့ ဆောင် ပေးလေ့ရှိခဲ့ကြ ပါတယ်လေ ။ လူချစ်လူခင်များတဲ့ နာမည်ကြီးသူများနဲ့ နိုင်ငံကျော်အနုပညာရှင်များရဲ့ ဈာပန မျိုးဆို တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကားခဲ့ ကြတယ် ။တခါတရံများဆို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ရေခဲတိုက်မှ စပြီး အသံလွှင့်ရုံ နောက်ဖက်မှာ ရှိခဲ့တဲ့ကြံတော သုသာန်ထိ အသုဘ ပို့ ကားတန်းကြီးများ ရှည်လျား ခဲ့တယ် ။
နောက်ပိုင်းတော့ တိုးချဲ့လာတဲ့  မြို့ အနေအထားကြောင့် သင်္ချိုင်း တွေကို အလှမ်းဝေးတဲ့ မြို့ ပြင်ပ သို့  ရွှေ့ ပြောင်း ကြရပါတယ် ။ ဒါကလည်း သိပ် အကြောင်းမဟုတ်သေးပါဘူး ။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ပါ ။ခေတ်နဲ့ အညီ ခေတ်မှီ ရွှေမြို့ တော်ကြီး အဖြစ်တတပ်တအား တည်ဆောက်ကြတဲ့ စီမံကိန်းတွေထဲ မှာ သင်္ချိုင်းရွှေ့ ပြောင်းရေး ဟာလည်း တခုအပါအဝင်ပေါ့ ။ မှတ်မှတ်ရရ ပဲ ဆိုရမလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ လားတော့ မသိ ၊ ဒါဟာလည်း ၈၈ ခုနှစ်အုံကြွမှု ကြီး အပြီး ၊ လှုပ်ရှားမှု အများဆုံးလို့  စံတင်ရလောက်တဲ့  ပစ္စည်းမဲ့ လူတန်းစားတွေ ကို မြို့ပြင်ထုတ်တဲ့ စီမံကိန်းတွေ နဲ့တူတူ တချိန်တည်းမှာ ကားစိမ်းစိမ်းကြီးတွေ နဲ့ ညသန်းခေါင်မှာ သင်္ချိုင်းပြောင်းရွှေ့ တာလည်း ပါခဲ့တယ် ။( ပြောင်းရွှေ့ တဲ့ အချိန်တုံးက ကြုံတွေ့ ရတဲ့  အံ့သြစရာ အဖြစ်ကို နောက်ကြုံမှ သပ်သပ်ပြောပြပါအုံးမယ် ) ။ ဒီလိုနဲ့ ပဲ သုသန်ပြင်တစ ဟာ ရေဝေး ၊ ထိန်ပင် ။ စတဲ့ နေရာတွေ မှာ တည်ရှိခဲ့ရတော့ ပါတယ် ။ သူတို့ ၂ ခုဟာ ရွှေမြို့ တော်ကြီးရဲ့  အဓိက တစပြင် ပေါ့ ။ အဲဒါကို ကိုယ်မြှုပ်ချင်တဲ့ နေရာ ကိုယ်တိုင်ရွေးချယ်လို့ မရပါဘူး ။ ရန်ကုန် အရှေ့ ပိုင်း ကလူတွေအတွက် ရေဝေး နဲ့  အနောက်ပိုင်း အတွက် ထိန်ပင် ဆိုပြီး သတ်မှတ်ထားပါတယ် ။ လိုချင်တဲ့ အရပ်မှာ မြှုပ်ချင် သင်္ဂြုလ်ချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း နားလည်မှု တွေနဲ့ ခြင်္သေ့တွေကို လမ်းခင်းရင်တော့ ဖြစ်တာပေါ့လေ ။
ဒီလို မြို့ပြင်ဖက်ဝေးလံတဲ့ နေရာတွေရောက်သွားကြတော့ ကျန်ရစ်တဲ့ ရုပ်ကလပ်ကို သယ်ယူပို့ ဆောင်ရေးက အဓိက ပြသနာ ဖြစ်လာရတော့ တာပါပဲ ။ရန်ကုန်မြို့ ရှိ အသီးသီးသော ဆေးရုံများမှ ၊ဒါမှမဟုတ် ကိုယ့်အိမ်မှာဆုံးပါးသွားသူများရဲ့ ရုပ်ကလပ်တွေကို သက်ဆိုင်ရာ ရေခဲတိုက်တွေဆီ ပို့ရတဲ့ ခရီးစရိတ် ၊ ဟာ သောင်းနဲ့ချီပါတယ် ။ ဒါကို မတတ်နိုင်ကြတဲ့ လူတွေ ၊မျက်နှာမွဲ နင်းပြားတွေ ၊ တနေ့စာ တနေ့ တောင် အလျဉ်မမီနိုင်ကြတဲ့ အလုပ်သမားတွေ ၊ယုတ်စွအဆုံး အစိုးရဝန်ထမ်းတွေ အများကြီး ရှိနေကြတယ် ၊ ဒါကြောင့် နေရတာခက်တဲ့ အပြင် သေရတာလည်းခက်လှ တဲ့ သူတို့တတွေရဲ့  ဒုက္ခများကို အတတ်နိုင်ဆုံး ကူညီဖြေရှင်း ပေးဖို့ အတွက် နာရေးကူညီမှုအသင်းကြီးကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း မှာစာရေးဆရာ ၊ ဒါရိုက်တာကြီး ဘဘ ဦးသုခရဲ့ လမ်းညွှန်မှု ဖြင့် ဦးကျော်သူ( အကယ်ဒမီ ရုပ်ရှင်မင်းသား) နဲ့ စေတနာရှင်များက ဝိုင်းဝန်းတည်ထောင်ခဲ့ပြီး ဆင်းရဲချမ်းသာနှင့် လူမျိုးဘာသာမရွေးဘဲ နာရေးကိစ္စများအတွက် အခမဲ့ ပို့ဆောင်သဂြုင်္ိဟ်ပေးခဲ့ပါတယ် ။ဒီအဖွဲ့ကြီး အနေနဲ့ လည်း ၂၀၀၇ ခုနှစ် မတ်လမှာ သုခကုသိုလ်ဖြစ် ဆေးခန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့တယ် ။ လေးစားမိပါတယ် ဦးကျော်သူ ။
စေတနာ အရင်းခံပြီး ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ ၊ အနစ်နာ ခံ လုပ်ဆောင်ပေးနေကြတဲ့ နာရေးကူညီမှု အသင်းကြီးရဲ့ လိုအပ်မှု များကို စေတနာရှင် ပြည်သူများ ပြည်တွင်း ပြည်ပမှ အလှုရှင်များက ထက်သန်စွာ ပေးလှူ ခဲ့ကြတာနဲ့ အမျှ ဒီအသင်းကြီးရဲ့  ဂုဏ်သတင်းဟာ ကောင်းသော ကျော်ကြား မှုများနဲ့  သတင်းမွှေးလာခဲ့တာ သဘာဝကျပါတယ် ၊ ဒါကို မနာလို မရှုစိမ့် ၊ သူတွေ ရှိလာရတာဟာတော့ အတော်လေး အံ့သြစရာ ကောင်းလှတယ်ပေါ့ ။ တကယ်ဆိုရင် တိုင်းပြည်ရဲ့  အစိုးရ အဖွဲ့  အစည်းများမှ လုပ်ဆောင်ပေးသင့်တဲ့ ဒီလို ကိစ္စရပ်များကို ၊မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်တဲ့ လိုအပ်ချက်များအား ပရဟိတစေတနာ အဖွဲ့ အစည်းများမှ ပံ့ပိုးပေးနေတာတွေကို လက်ခံ ကြိုဆို သင့်တယ် မဟုတ်ပါလား ။ ခုတော့ ရန်သူသဖွယ် မှတ်ယူနေသလားလို့  ထင်ရလောက်အောင်ကိုပါပဲ နည်းမျိုးစုံ နဲ့ ပြသနာ မျိုးစုံ ဖန်တီး နှောက်ယှက် နေပါတော့တယ် ။ ဒီ နာရေးကူညီမှု အဖွဲ့ ကြီးရဲ့  အခမဲ့ အသုဘ ပို့ ဆောင်တဲ့ အလုပ်ကို သူတို့ ဝင်ရောက် ချယ်လှယ်ခဲ့တယ် ။ အခကြေးငွေ ယူတဲ့ သူတို့အသုဘ ယာဉ်ကို မသုံးရင် လူသေကို သင်္ချိုင်း ပို့ ဖို့  လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ယူဖို့  ကြံ့ ကြာစေခဲ့တယ် ။နောက်ထပ်တမျိုး တိုး တာက ၊နာရေးကူညီမှု အသင်းကြီးပိုင် နိဗ္ဗန်ယာဉ်တွေ ကို မြို့ ထဲ ည မအိပ်စေရဘူးတဲ့လေ ။ရေဝေးသုသာန် နယ်မြေထဲ ရွှေ့ ပြောင်းပေးခဲ့  ရပါတယ်။ တယ်လည်းခက်ပါလားကွယ် ။.ေၾသာ္ဒုကၡပါလား မနာလို မစ ၦရိယ ။ မစားရတဲ ့ အမဲ သဲနဲ ့ပက္တာလား ။အာဏာရှင်က မေတ္တာ ရှင်တွေ ကို မသိစိတ်နဲ့ရော သိသိကြီးနဲ့ ပါ ကြောက်တာလား ။
ခုလည်းနောက်တမျိုး ၊ ကုသိုလ်ဖြစ်ဆေးခန်ကို နည်းမျိုးစုံ ရမယ်ရှာပြီး တရားစွဲ နှောက်ယှက် ဦးမယ် တဲ့လေ ။ကြံဖန် ရမယ်ရှာတာက ဆေးခန်းရှေ့ မှာ ရေမြောင်းမတူးလို့ ဆေးခန်းဖွင့်ဖို့  အမိန့် မချပေးပဲ ၊ အမိန့် မရှိ ဆေးခန်းဖွင့်လို့ ပါတဲ့ ။ အရပ်ထဲက လမ်း ၊ တံတား ။ ရေမြောင်းတွေဆိုတာ ကို တူးဖေါ်ဆောက်လုပ်တာဝန်ရှိသူတွေ ဟာ အစိုးရ စည်ပင်သာယာရဲ့  လုပ်ငန်း တာဝန် မဟုတ်ပါပဲလား ။ ဆေးခန်းကို အားကိုးတကြီးလာပြကြတဲ့ လူနာတွေ ကို မျက်နှာလွှဲ ခဲပစ် နေရတော့ မှာလား ၊။ သူတို့  ပိုင်ရာ ဆိုင်ရာ လူကြီးတွေဖွင့်ထားတဲ့ နာမယ်ကြီးဆေးရုံကြီးတခုဆို လိုင်စင်မရခင် နှစ်များစွာကတည်းက ခန်းခန်းနားနားကြီးဖွင့်ထားလို့ ရတာကို ကျ ဘယ်သူမှ တရားမစွဲရဲပါလား ။
သာရေးလည်းမရ ၊ နာရေးလည်းမရ ။ နေရခက် ၊ သေရခက် ။ဆိုတော့ ဝေရမလား ၊ ကြွေရမလား လို့ တောင် မဆုံးဖြတ်တတ်တော့ ပါဘူး ။ နာတာလေးတော့ ခွင့်ပြုကွယ် ..ခွင့်ပြုစေချင်ပါတယ် ။
(ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက် နှင့် နာရေးကူညီမှု အသင်းကြီးမှ စေတနာရှင်များရဲ့  ကုသိုလ်ဖြစ် လုပ်ဆောင်မှု များ အတွက် ဤစာလေးရေးပြီး အမှတ်တရ ဂုဏ်ပြု ပါတယ် ။ အမှန် တရား များ ၊ အောင်မြင်စွာ ရှင်သန်နိုင်ကြပါစေ )
ဒီနေရာလေး ၁ ၂ ၃ များ မှ ဒီသတင်းရ လို့ ပါ ။
18 comments:
Ohh... No 1
ဟောတော့... ပထမရသွားပါလား.... မရည်ရွယ်ဘဲ ၁ ရသွားတယ်kikiရေ.... ဦးကျော်သူကိုတော့ တကယ်ကို လေးစားပါတယ်... သူ့ရဲ့ပါရမီဖြည့်ဖက်ကိုရောဘဲ
ဟင်... comment ဝင်သွားပြီးမှ ၁ မဟုတ်မှန်းသိတယ်... ဟီးဟီး
ဟေး ၂ နဲ့ သုံးကိုဘာလို့ ဦးသွားတာလဲ ။ စာဖတ်နေတုန်းကိုး))
အမရေ ..ဦးကျော်သူတို့ ကိုတော့ အစတည်းကချီးကျူးမိ
တာပါ။ ဒီအကြောင်းတွေကတော့ ပြောလို့ ဆုံးမှာမဟုတ် လို့ ပြောမဆုံးပေါင် တောသုံးတောင် အဲ .. တောသုံး တောင် မ,ကတော့ဘူး အမရ..။
တကယ်ပရဟိတလုပ်ချင်တာလား။ ကျော်ကြားခြင်လို့ လုပ်နေတာလား။ ကျော်ကြားသူတို့ဘ၀ဟာ ကျော်ကြားတဲ့သူတွေ မပိုင်တော့ပါဘူး။ လူတွေရဲ့ ပါးစပ်ကပိုင်ဆိုင်သွားတယ်။ ဒါကြောင့် ကျော်ကြားသူတို့ဟာ ဒီထက်ပိုပြီးတော့ ကျော်ကြားခြင်ကြတယ်။ ပရဟိတကနေ အတ္တဟိတဖြစ်ကုန်ကြတယ်။ ငါကျော်ကြားဖို့အတွက် ဘာမဆိုလုပ်မှာပဲ ဖြစ်ကုန်ရော။ ဘာအတွက်ကျော်ကြား ကျော်ကြား အဲဒီကျော်ကြားမှုကိုမခံနိုင်တဲ့သူတွေတော့ လူတွေပါးစပ်ပြောသမျှ အကုန်လုပ်ချတော့တာပဲ။
kiki ရေ ဒီပို့စ်ရဲ့ ခေါင်းစဉ်ပေးထားတာ လေးကိုတော့ သိပ်သဘောကျသွားပြီ။ ခေါင်းစဉ်ရွေး သိပ်တတ်တာပဲ။ နေတာ၊ နာတာ၊ သေတာ ဘာတခုမှ မလွတ်လပ်တဲ့ဘ၀က ကမ္ဘာပျက်တဲ့အထိ ဒီလိုပဲ သွားတော့မလားမသိဘူး။
မမကိ
ဦးကျော်သူတို့ကိုတော့ လေးစားပါတယ်။ ငယ်ငယ်က ဦးကျော်သူနဲ့ ဦးစိုးသူပါတဲ့ ဦးကျော်သူ ဆေးချတဲ့ ကားမှာထဲက ဦးကျာ်သူကို သနားပြီး ကြိုက်သွားတာ။ ဘယ်နှစ်ခုနှစ်လောက်ကလဲတော့ မမှတ်မိတော့ဘူး။ ဇာတ်ကားနာမယ်လဲ မမှတ်မိတော့ဘူး။
( ပြောင်းရွှေ့ တဲ့ အချိန်တုံးက ကြုံတွေ့ ရတဲ့  အံ့သြစရာ အဖြစ်ကို နောက်ကြုံမှ သပ်သပ်ပြောပြပါအုံးမယ် )
ဆိုတာလေး အကြောင်းကိုဆက်ရေးပါလား။ စိတ်ဝင်စားလို့။
မမကိရေ နောက်ဆုံးမြေကွက်ကလေးကို ပိုင်ဆိုင်သွားဖို့ တောင်တော်တော်ခက်ခဲတာပဲ...
လုပ်ပေးတဲ့သူက လုပ်ပေးနေတာ...
ဖျက်စီးတဲ့သူတွေကလဲ ဖျက်စီးနေတာ...
ကောင်းတာရှိလို့ ဆိုးတာရှိသလို...
လုပ်ဆောင်တာများရှိနေလို့ ဖျက်စီးတာလေးက အဖော်လိုက်ကပ်ပေးရတာများလေလားးးနော်...
မမကိရေ... သချိုင်းပြောင်းတဲ့ကိစ္စလေးကိုစိတ်ဝင်စားတယ်...
ကိရေ မှန်တယ်နော်
နာခွင့်လေးတော့ ပေးသင့်ပါတယ်...
နာရေးကူညီမှုအသင်းကိုတော့ လေးစားမိပါတယ်...
အရမ်းလဲ အောင်မြင်လာတယ်...
အရမ်းလဲ လုပ်နိုင်လာတယ်နော်...
သူ့ရဲ့တိုးတက်မှုအတွက် အရမ်းလဲ ပီတိဖြစ်ရတယ်...
အခုလိုကြားရတော့ စိတ်မကောင်းဘူးလေ.
နှင်း
ဟုတ်၏၊မှန်၏...
မယ်ကိကိ....
သို့ သော်...
စိတ်ဓါတ်နဲ့ လုပ်ရပ်အတွက် အချိန်ကစကားပြောသွားပါလိမ့် မယ်ဗျာ....
ဗမာစကားပုံကတော့..ဆင်ဖြူမျက်နှာ..ဆင်မဲမကြည့်ဝံ့..တဲ့... ၅၀၀၀ တန်ကဆင်ဖြူကိုပြောတာတော့မဟုတ်ပါဘူး......
မျိုးကြော့မြိုင်သီချင်းပဲဆိုပြရတော့မယ်
“လူဖြစ်ရတဲ့ဒုက္ခ.....လူဖြစ်ရတဲ့ဒုက္ခ”
နေရေးခက်ခက် သေရေးခက်ခက်နဲ့
ဒို့ပြည်သူတွေတစ်စက်မှကောင်းဖို့အကွက်မရှိပါလား
အကောင်းဆုံးက မြန်မာပြည်ကယူနီဖောင်းဝတ်အကောင်တွေအကုန်လုံးကိုအရှင်လတ်လတ်မြေမြှုပ်ပစ်
လိုက်ဖို့ပဲ..
ဦးကျော်သူရေ ရုပ်ရှင်မင်းသားအနေနဲ့လည်းသဘောကျခဲ့တယ်
အခုလိုနာရေးကူညီမှုအသင်းတည်ထောင်
်ပြီး နင်းပြားဘဝပြည်သူတွေရဲ့လိုအပ်ချက်ကို
ဖြည့်ဆည်းဆောင်ရွက်မှုအတွက်လည်း
ထာဝရလေးစားလျှက်ပါဗျာ
“မသာတစ်ခေါက်ကျောင်းဆယ်ခေါက်”ဆိုတဲ့စကားကိုအစောပိုင်းက ကျနောလည်းသိပ်နားမလည်ခဲ့ဘူး
.....
ကဲ...ပြောင်းရွေ့တဲ့အတွေ့အကြုံလေး
လုပ်ဗျာ
ကိရေ.... ကိဘလော့က မဖတ်ရရင်ကို မနေနိုင်တဲ့ထဲပါနေပြီ...
ဦးကျော်သူကို လေးစားတယ်ဟယ်..... မှန်တယ်ထင်ရင် ခေါင်းမာတန်းဆက်လုပ်ပေမယ့်.... တလွဲ ဆံပင်ကောင်း မိုက်တိမိုက်ကန်းလဲ မဟုတ်( တချို့ မင်းသားတွေရှိလို့ပါ)...
စံပြပုဂ်ဂိုလ်တစ်ဥိးဖြစ်ပါတယ်... မြန်မာနိုင်ငံ ကောင်းစားတဲ့ အချိန်ကျရင်... နိုင်ငံ သမိုင်းမှာ ဒေါ်ဦးဇွန်းလို မော်ကွန်းထိုးပြီး ကျောင်းစာထဲမှာ ထည့်သင်သင့်တဲ့ ပုဂ်ဂိုလ်ပါ.....
ပူးတေမေးတဲ့ကားနာမည်က" ဒိုး"နဲ့ တူတယ်နော်... စိုးသူနဲ့တွဲလျက်လေ..
ကွန်မန့်ပေးဖို့ တခါပြန်ထွက်ပြီး ပြန်ဝင်ရတယ်. .ဘာဖြစ်တယ်မသိဘူး.. ၀ဋ်ဆိုတာက ကိုယ်ပြုသမျှကိုယ်ပြန်ခံရမယ်မလား.. ကောင်းကောင်းပြန်လည်မှာပေါ့.. သူတို့သေရင်..း)
မကိရေ.. မကိဘလော့ကိုစွဲနေပြီ။ ခရီးကပြန်ပြန်ရောက်ချင်းကို လာဖွင့်နေတယ် :D
ဟုတ်တယ်နော် “ငါသေမှအေးမှာပါ”လို့ ပြောကြပေမဲ့ သေတဲ့သူကတော့ အေးသွားပြီး ကျန်နေသူအတွက်က မလွယ်ဘူးနော်။ အင်း နေရေးထက် သေရေးခက် ပါပဲ...
ဦးကျော်သူကို လေးစားတယ်..ယုံလည်းယုံတယ်..
အားလဲကိုးတယ်..
နာဂစ်တုန်းက သူ့ဆီပဲ လှူခဲံတာ..။
သူနဲ့က နာမည်ရင်းမသိပဲ ခင်ခဲ့တယ်..
သူ့ဆီကို လှူရတာ အလှူငွေတွေအားလုံး မဖိတ်မစင်ခဲ့ဘူး
မတရားအစိုးရ ရဲ့ အောက်မှာ နေရတဲ့ ဘဝများ
သေတာတောင်..
လူမှုရေး လုပ်ချင်တာတောင် ...
မလွပ်လပ်တဲ့ ဘဝများ
မတရားကောင်တွေ လူစိတ်မရှိတဲ့ ကောင်တွေ ..ကိုလူထွေးရေးသလို တကောင်တည်း မဟုတ်ပဲ တမိသားစုလုံးးးးး
ဘဝပြောင်းသွားရင် သိပ်ကောင်းမှာပဲ ဗျာ..
သေတာတောင်မှ အသေခက်
နေတာကလဲ ခက်တဲ့ မြန်မာပြည်သားတွေ....ဟူးးးး
မတရားကောင်တွေအတွက် နှီုင်းစရာ စကားလုံး မရှိတော့ဘူးဗျာ..
မိုးမင်းကြီး
မလာဘူး မဖတ်ဘူး ပြန်မယ် မကိ ဒါဗြဲ တာ့တာ ၁ မရတဲ့အတွက်လဲ ကောက်တယ် ကွေးတယ် ပြန်မဖြောင့်ဘူး ဟွန့် ဟွန့်
တုတ်ကြီးကြီးရှာထား တွားမယ် တာ့တာ
တကယ်ကို အနေခက် အသေခက်နေကြရတာပါ..
Post a Comment