ဗမာစကားနဲ့ စာကို မမေ့သေးပေမဲ့
ဗမာ fontတွေရိုက်ရတာ
ကျင့်သားမရသေးလို့  ဒီစာတိုလေးတပုဒ်ရဖို့  အတော်လေး အချိန်ယူရမယ်ဆိုတာ
အစကတည်းက နားလည်ထားပါတယ် ။
စာတပုဒ်ရေးဖို့  ရေးသူအမည်တပ်ရမယ် ဆိုတော့ မှ
အပြေးအလွှား စဉ်းစားရတာ ...ငါဘယ်သူလဲ ပေါ့..ဒီအသက်အရွယ်ထိရောက်မှ ငါဘယ်သူလဲလို့  စဉ်းစားခန်းဝင်နေရတာလဲ နဲနဲတော့ ရီစရာဖြစ်နေလိမ့်မယ် .မတတ်နိုင်ပါဘူး ..ပုထုဇ္ဇနော ။ဥမ္မတကော လို့ ဆိုထားတယ် မဟုတ်လား ..လူတွေအားလုံးဟာ သူ့ နည်းနဲ့သူ ရူးနေကြတာဘဲလေ ..ကိုယ့်ဟာကိုယ်လဲ ဝန်ခံထားပါတယ် .. ဝမ်းတွင်းရူး ပေါ့ ( အမေ့ကို ထိခိုက်မိတယ် ဆိုရင်တော့  ခွင့်လွှတ်ပါအမေရေ )... လူတိုင်းလူတိုင်းမှာ အချစ်ဆိုတာ ရှိကြမှာပါ ..သူများကို မချစ်တတ်တဲ့ သူတောင်မှ အနဲဆုံး သူ့ ကိုယ်သူ ချစ်တတ်ကြပါတယ် ..ကိုယ့်ကိုကိုယ် အချစ်လွန်သွားရင်တော့  အတ္တကြီးသူဖြစ်သွားမှာပေါ့ လေ ...
ဝမ်းတွင်းရူးအချစ် (IdiotLove).....အင်း ..အဲဒါကောင်းတယ်..ဝမ်းတွင်းရူးဆိုတာ ကုရာနတ္တိ ဆေးမရှိတဲ့  ရှေးကလူတွေပြောကြတာလေ .. ခု ခေတ်ကြီးမှာတော့ ဘီ ပိုး ၊ စီပိုးတွေတောင် ကုလို့ ရနေတာ ..ပိုက်ဆံများများ ရှိဖို့ တော့  လိုတယ်လေ ။ ဘယ်ရောက်သွားပါလိမ့်  အရူးအကြောင်းဆက်ရအောင်..
အဲဒီ ဝမ်းတွင်းရူးမှာလဲ အချစ်ဆိုတာ ရှိရမှာပေါ့ ။ သူလဲ Human Rights အရ သူများကို ချစ်ခွင့် ရှိတာပေါ့နော်.
ကုမရတဲ့ သူတယောက်မှာ ကြံကြံဖန်ဖန်ဖြစ်လာတဲ့  ကုမရတဲ့ အချစ်တမျိုး ဖြစ်လာရတာ ..ဘယ်သူ့ ကို အပြစ်တင်လို့  ရမတုန်း ။ သိတဲ့ သူ ရှိရင် ပြောပြကြစမ်းပါ ...နေမြင့်လေ အရူးရင့်လေ ဆိုလား ..ကြားဘူးတာဘဲ ။ နေမပူတဲ့  ရာသီ မျိုး /နေရာမျိုးမှာတောင် တဖြေးဖြေး ရောဂါ ရင့် လာတာ ။ သူများကို ပြောပြရ ရင်လဲ အရူးစကားဆိုပြီး အလေးထားကြမှာ မဟုတ်ဘူးလေ .. ဒါကြောင့် ဒါကြောင့် ဒါတွေကြောင့်..
အရူးမှာလဲ အချစ်ရှိကြောင်း ပြောပြချင်လို့  ဒီ Title လေး ဖြစ်လာရတာပါ ။
၂ခါ ပြန် မပြောဘူးနော် ..
စိုက် ကြည့် ရင် အ လိုက် သိ ကြ ပါ ဗျို့  ။။။။
2 comments:
ပထမဆုံး ပို့စ်မှာကတည်းကဖတ်လို့ ကောင်းနေတဲ့ဝမ်းတွင်းရူးကိုး အဲလေ ပါရမီရှင်ကိုး။
ခင်လို့နောက်သွားပါတယ်နော်။
မှန်တယ် မမကိရေ
အရူးမှာလည်း အချစ်ရှိတယ်ဆိုတာ လူတွေက ပြောရင်
မယုံပေးကြဘူး :(
ညီမလေး
အင်ကြင်း
Post a Comment