ရွှေပြည်သာ ဘလောဂ်ရွာကြီးရဲ့ ဆေးပေးခန်း ခြောက်လပတ် စည်းဝေးပွဲအား အောင်မြင်စွာကျင်းပ အပြီး နောက်တရက် ၊ တခုသော တနင်္ဂနွေနေ့  ။ ရွာထုတ် အတင်းအဖျင်း သတင်းစာကြီးရဲ့ ရှေ့ မျက်နှာ ဖုံးမှာ ခေါင်းကြီးပိုင်း အနေနဲ့ ရွှန်းရွှန်းဝေအောင် ချီးမွှန်းထောပနာ ပြုထားတဲ့ ဆေးခန်း သတင်းတပုဒ် ကို၊ ရွာ အလယ် လူအစည်ကားဆုံး မြို့ မရပ်ကြီးရဲ့ တခုတည်းသော လဖက်ရည်ဆိုင်ထဲမှာ ရွာသားများ သူ့ ထက်ငါ အလုအယက် ဖတ်ပြီးသကာလ ထုံးစံအတိုင်း လေကန်ရေး နဲ့  ဝေဖန်ရေးစကားသံများ ဆူညံ ပလူ့ပျံလို့ နေပေသည် ။
ဆိုရေးရှိလို့  ဆိုလိုက်တဲ့ အယ်အယ်ဇီ အသံလွှင့်ဌာန မှ လည်း အဆိုပါ သတင်းကို ၊ စရိတ်မျှပေး ကျန်းမာရေး ကဏ္ဍ မှ ထပ်ခါ တလည်းလည်း အသံလွှင့် ကြေငြာ ပေးနေသည် ဆိုတော့ အဆိုပါ ဆေးပေးခန်းရဲ့ ကောင်းသတင်းမှာ ရွာတွင်း တွင်သာ မက ရွာပြင် ထိအောင် သို့  တခဏအတွင်း ပြန့် နှံ့ သွားရပေပြီပေါ့ ။
ဒီတော့ ဒီဆေးပေးခန်းကြီးအကြောင်းကို ရွာသားများ အပြင် ကမ္ဘာသားများပါ သဘောပေါက် နားလည်ရလေအောင် မီဒီယာ က ကြားဝင် ပေးရပါတော့သည် ။ ဒလက်တော ရွာ မှအမိန့် ကြော်ငြာချက် အမှတ်များကြောင့် ကြော်ငြာချက်ဆိုတာ နဲ့ ကြောက်ရွံ့  ဖျားနာသွားကြသော ဘလောဂ်ရွာသားများ အတွက် ဘလောဂါ မီဒီယာ ဘိုးအေကြီး အဘ ဦးလူထွေး မှ ဦးဆောင်ပြီး စွမ်းစွမ်း တမန် အားထုတ် ရှင်သန် စေ မှု တို့ ကြောင့် စွမ်း၊ အား၊ ရှင်၊ ဟူသော စကားလုံးများ မြင်ရုံ ကြားရုံနဲ့ တင် အလီဂျာ ဖြစ်နေကြ သော ရွာသားများ မှာ အယားပြေ ၊ အမြင်ကြည် လာကြရပေပြီ ။ အဲ့ဒီတော့လည်း ဘလောဂ်အထူးကု ဆေးခန်းကြီးမှာ တဖြေးဖြေးနဲ့ တနေ့ ထက် တနေ့ ပို၍ ပို၍ လူစည်ကား လာရပါတော့သည် ။
ဆေးရုံ ၊ အချုပ် ၊ နဲ့ သင်းချိုင်း ဆိုတဲ့ လူမစည်ကားသင့်တဲ့  အရပ်ထဲမှာ ဆေးခန်း ဆိုတာ မပါသေးလို့  တော်ပါသေးသည် ။ဒီဆေးခန်းရဲ့  ထူးခြားစွာ ဝန်ဆောင်မှု များ ကြောင့် လူစည်ကား ရခြင်းပါလေ ။ တာဝန်ခံ ဆြာဝန်ကြီး အထု စပါယ်ရှယ်လစ်ဇ် ဒေါ်အယ်ဇီ ..( အမ် ဘီ ဘီ အက် ,အမ် အာ- စီပီ ကြက်စ် ၊ အေ တူ ဇက် ) မှ လူကိုယ်တိုင် လာရောက်သူများ အား ကိုယ်ဖိ ရင်ဖိ အကုန်ဖိ၍၊မပြောင် မချင်း.. အဲလေ .. မပျောက် မချင်း ကုသ ပေးနေ သောကြောင့် ၄င်း ။ ကို ရီးယား မင်းသားချော ကဲ့ သို့  ပုံတင် ဆင်ဆင် အသွင်ပြင် နှင့် ဒေါက်တို သက် တန့် ဂျို မှာ လည်း ၊ထူးထူး ဆန်းဆန်း အံ့ မခန်း ဘွယ်ရာ တိုလီ မုတ်စ ပုတ်ပွပွ များ ပြသကာ လူနာထူး လူနာဆန်းများ အား ကုထုံး ကုနည်း အဆန်းအပြား များဖြင့် ချိုချို သာသာ စစ်ဆေး ပြုစုပေးမှု ကြောင့် ၄င်း ။ ထစ်ကနဲ ဆို ခုတ်ချင် ထစ်ချင်နေသော ပေါချာကိ ရဲ့  လက်ရဲ ဇက်ရဲ မြင်သမျှ ဖြတ် ညှပ် ကပ် ချုပ်လုပ်မှု အတတ် ကြောင့် ရွာထဲ ရှိရှိသမျှ ရန်ပွဲ ရိုက်ပွဲ များမှ သနားစရာလူနာ အများ အပြား မှာ ပေါချာကိ လက် က ပြေးမလွတ်နိုင်ကြ ရှာသော ကြောင့် ၄င်းဘလောဂ်ရွာ ကြီးမှ ဘလောဂါ ရွတ်တွ လူမနာ တနာများ တစထက် တစ ကျန်းမာလာ ကြပြီ ဖြစ်လေသည် ။
ပြီးခဲ့တဲ့ လတွေ တုန်းက ၂၀၁၂ မှာ ကမ္ဘာကြီး ပျက်ဖို့  တစ်လ အလို ဆို ပြီး ဖြစ်ချင်ရာဖြစ် ဗိုင်းရပ်ပိုးကြီး ကူးစက်ခံလိုက်ရ လို့  ရွာသားအများ အပြား စိတ်တစ်ဇ နှစ်ဇ ဆင်ဒရုန်း ကို အလူးအလဲ ခံစားလိုက်ကြရာမှ စပြီး ဒီဆေးခန်းသို့  လူနာများ ဝင်လာမစဲ တသဲသဲ ရှိနေပါတယ် ။
၂၀၀၉ ခုနှစ် ဆောင်းဦးပေါက် တခုသော တနလာင်္နေ့  နံနက်။ ။
ဆေးခန်းဖွင့် စ အချိန်ဆိုတော့ ဆြာဝန်မကြီး ဒေါက်တို အယ်ဇီ မရောက်သေး ၊ အထုကု တို့  ထုံးစံ အတိုင်း သတ်မှတ်ချိန်ထက် ၃ နာရီမျှ နောက်ကျ ပြီးမှ ရောက်မှာ မို့  ဓါတ်မသိ လူနာ အချို့  သာ သူ့ အလာကို စောင့်စားလျှက်ရှိနေသည်၊ သူ့ လူနာတွေ စောင့်မယ်ဆိုလည်း စောင့်ချင်စရာပါပဲလေ ။ စိတ္တဇ ဝေဒနာသည် ဒွေး ကို အပျောက် ကုပေးနိုင်လိုက်ပြီးကတည်းက နာမည် တဟုန် ထိုး ကြီးလာခဲ့သူဆိုတော့ သူဆိုမှ သူ လို့ တန်းတန်းစွဲ နေကြသူ လူနာတွေ များလာရတာ မဆန်းလှပေဘူး။ ဆြာဝန်မကြီး မလာမှီစပ်ကြား သူနာပြုဆရာမလေး လသာည က သူတတ်သမျှ ဂျပန်၊ဥရောပ ပုံပြင်များကို ဝါသနာ အရ ပြောကြားရင်း လူနာတွေ မပျင်းရလေအောင် ဖျော်ဖြေလျှက် ရှိသည် ။ရေနံတွင်း အလုပ်သမားကြီး အဖြူလေး (တလောကလုံးကို ဖြူစေချင်သူ ) မှလည်း အလုပ်အားရက်မို့  သူ့ လက်ဖြစ် ရေတွင်းလေး မှာ ချစ်သူ မျှော်ရင်း၊ ရေ ငင်ပေးရင်း၊ သောက်ရေအိုး ဆေးကြော လဲလှယ်ခြင်း အလုပ် ကို ဝိုင်းလုပ်ပေး နေပါသည် ။ ရေ အကျိုး ဆယ်ပါး ထဲမှာ သူ့ ရည်းစား နှင့် အဆင်ပြေ ရန် တပါး ကိုပါ ထဲ့ သွင်းပေးရန် အဆို ပြုထားသူ ဖြစ်လေသည် ။ ကြီးတော် မအနမ်း မှာ လည်း လူနာ ကြည့်ချိန် ထက် ဝီရိယကြီးစွာ ရောက်နေ သဖြင့် အဖိုး တန် အချိန်များ အား၊ အဖွား ကို မပေးလို ၍ ရှိရှိသမျှ ဘုရားစာ များ ရွတ်ဖတ်ပြီး ခွန်နှစ်ရက် ခွဲသားသမီး များကိုမေတ္တာ ပို့  အမျှဝေ လျှက်ရှိသည် ။သူ့ ဘေးနားမှာ ဝတ်စုံအစိမ်းလေး နဲ့ ခပ်ရို့ ရို့ လေး ထိုင်စောင့်နေသူ ကိုသော်( စိန်ပန်းခြံ )အမည်ရ တဲ့ သူငယ်လေးမှာလည်း ကြီးတော် နမ်း နဲ့ ဘုရား တရား အကြောင်းများ ပြောဆို ဖလှယ် နေကြလေသည် ။
ထိုအချိန်မှာ လူ တအုပ် ရုန်းရင်း ဆန်ခတ် ထိုးကြိတ်ဆဲဆို ရင်းဖြင့် ဆေးခန်းထဲသို့  ရောက်လာကြ လေသည် ။ ငွေရတု ဘဘကျောက် လက်ချက်နဲ့ ဒါဏ်ရာ ရ သူအချို့  ၊ အဖြစ် အပျက် ရာဇဝင် မေးကြည့်တော့ အကြောင်းစုံလင် သိရသည် ။ ကမ္ဘာပျက်မယ်ဆိုပြီး ဟိုတွေး ဒီတွေး ဟိုရေး ဒီရေးလုပ်နေကြတဲ့ ရွာသားတွေကို ကြည့်မရ၍ ဆိုပြီး ဘဘကျောက် တယောက် လက်စွဲတော် ဂန်ဘီရ တုတ်ကောက်နဲ့ လိုက်ရိုက်လို့  ခေါင်းပေါက် သွားကြတဲ့ သူ ၂ယောက် မျက်နှာငယ်လေးနဲ့ ရှင်းပြ နေတာ ကတော့ ၊ သူတို့ လျှောက်ရေးရတာ မဟုတ်ကြောင်း ၊ ခင်မင်သူတွေက ရေးခိုင်းလို့ အတက်ခံလိုက်ရလို့ ရှာကြံတွေးရ ရေးရကြောင်း တွေပေါ့ ။ အင်း .. ခေတ်မှီတိုးတက် နေတဲ့ ဘလောဂ်ရွာကြီးမှာ ဒါတွေလည်း ခေတ်မှီလာကြပြီပဲ ။
အကျီင်္အပြဲ တောင်မချုပ်တတ်တဲ့ ပေါချာကိ လက်စွမ်းပြလိုက်တော့ ထို ရွာသား ၂ယောက် ခေါင်းပေါ်မှာ ကင်းခြေများ တွေ လမ်းလျှောက် နေသလားလို့ တောင် ထင်ရလောက်တဲ့ ချုပ်ရာ ဒီဇိုင်း ဆန်း ကြောင့် လူနာ ၂ ဦးမှာ ရူးချင်ချင် ဖြစ်ကုန်ကြရသည် ။ “ကိစ္စမရှိပါဘူး။ ဆံပင် က ပြန်ပေါက်လာမှာပေါ့ ” လို့ ပေါချာကိ မှ ထိုရွာသား ၂ယောက်ကို လေပြေထိုးရသေးသည် ။ ဒီလူနာတွေကို နှိပ်စက် ပြီးလို့  မှ မိနစ် မခြားသေး ။ ခြေထောက် ပေါက်လို့ ဝင်လာသူကတော့ ကိုဇော်( ခြေလှမ်းသစ်) ပါတဲ့ ။ သြော် ။ သူများက ခေါင်းပေါက် ၊သူကတော့ ခြေထောက်ပေါက် ၊ဘာကြောင့်များပါလိမ့် ဟု ဆိုတော့ မိုင် သုံးသောင်းခရီးရှည်ကြီးကို ဖိနပ်အသစ်နဲ့  လမ်းလျှောက်ပွဲ မှာ ပါဝင်ခဲ့ လို့ ပါတဲ့  ။ သူ့  ခြေရာ ..အဲလေ .. ဒါဏ်ရာ ကို ဆေးထဲ့ပေးရင်း “ ဖြစ်ရလေတယ် ကိုဇော်ရယ် ။ နောက်ဆို ခြေလှမ်းအဟောင်း နဲ့ ပဲ လျှောက်ပါ ”လို့  ပေါက်ကရ အကြံတွေ ပေးလိုက်တဲ့ ပေါချာကိ ကို ကျေးဇူးတင် လို့ တဲ့ လေ ၊ သူ့ ရဲ့ အမေရိကန် ဖြစ် ခြေလှမ်းအသစ် တဖက်ကိုတောင် လက်ဆောင်ပေးခဲ့သေးတယ် ။ တံစိုးလက်ဆောင် မယူပဲ စေတနာ ပဲဆီ သန့်သန့်နဲ့  ကူညီတဲ့ အသင်းမို့  မယူပါရစေနဲ့ လို့  မနည်းတောင်းပန် လိုက်ရသေး တာ ဒီခေတ်ကြီးမှာ မယုံချင်စရာကောင်းလှပါတယ် (ပေးတာ နည်းလို့ နာမည်ပျက်ခံပြီး မယူတာနေမှာ ) ။
၁၁း၃၀ နာရီ အချိန်ခန့် ။
လူနာတွေ လည်တဆန့်ဆန့် မျှော်နေကြတဲ့ အထုကု သမားတော်ကြီး အယ်အယ်ဇီ ရောက်လာတော့ လူနာ အများအပြား သူ့ ထက်ငါ အလုအယက် ဝင်ကြမလို့  ရုတ်ရုတ်သဲသဲ ဖြစ်လာကြတယ် ။ သူ အရင်ရောက်တယ် ငါအရင်ရောက်တယ် နဲ့ နေရာလုပွဲ လေးကို၊ ဟိုစပ်စပ် ဒီစပ်စပ် ဆေးခန်းကြီးကြပ် မခြစ်ရ က ထိန်းမနိုင် သိမ်းမရနဲ့  ဖြစ်ရတာကတော့ ဒီနေ့ မှာ စိတ်ကစင့်ကလျား လူနာ များပါ ရောက်နေကြသောကြောင့် ပါလေ ။ ကွန်ပြူတာ ပျက်လို့  ဟိုဟာ ဝယ်ရကောင်းနိုး ၊ဒီဟာဝယ်ရကောင်းနိုးနဲ့  စိတ် နှစ်ခွ ရောဂါ ဖြစ်နေတဲ့ မိုးမင်းကြီး ခမြာ ထိုင်ရမလို ထရမလို ငိုမဲ့ မဲ့ နဲ့မို့  ဘေးက ရင်တကိုယ်မေ မမသီရိ က ပိုင်စိုး ပိုင်နင်း နဲ့ကို အားပေး နှစ်သိမ့်  နေရှာတယ် ။သူကိုယ်တိုင်က သူ့ ရဲ့  ကို အား လွမ်းဆွတ်တသစွာနဲ့ အချစ်ဆိပ်တက်လို့  စိတ်နှစ်ဇ ဖြစ်နေပေမဲ့ သူများ ကိုလည်း အားပေးတတ်ရှာ ပါသေးတဲ့ မမသီရိ ပါလေ ။ ဒီနေ့ စိတ်ရောဂါ အထူးကုနေ့ အတွက် စာရင်း ပေးထားကြသူတွေ ကတော့ အချစ်နတ်ပူးနေတဲ့ ကန်ဒါရ မိုးရေခွက် မငုံ ၊ နှင်းကို တရင်း ပုလင်းထောင်ကာ အစွန်းတွေ ထင်းနေရှာတဲ့ ကိုအောင်သငယ် ။ အိမ်မက်တွေ မက်ရင်း အ သွားရှာတဲ့ ကို ရာတမေ ။ ကျောင်းဆရာ အလုပ် လုပ်နေရာမှ စာတတ်တတ် မတတ် တတ် ၊ ရှိသမျှကျောင်းသားတွေ ကို ရာနှုန်းပြည့် အအောင်ပေးရမယ် လို့ အတင်းအကြပ် အမိန့် ပေးခံထားရလို့  စေတနာရူး ရူးသွားရှာတဲ့ ဆရာ တောင်ပေါ့သား ။ ။ဘလောဂ်ဂါ အငြိမ့်မှာ ပွဲ ကန်ထရိုက် လုပ်တာ အရင်းပါပြုတ် လို့ ငုတ်တုတ်ကြီး နဲ့အသစ်တမျိုးရှင်းမဟဲ့ လို့ တကြော်ကြော်အော်နေရှာတဲ့ ကိုမျှစ်ချိုးဟင်း(ခို-တဏှာဇော) ။ အင်္ဂလိပ်ဘာသာ ကို မြန်မာလိုပြန် ၊မြန်မာစာကို အင်းဂလိပ်ရှ်လို ရေး ရင်း နဲ့အတွေးနယ်တွေ အချဲ့ လွန်သွား ၍ ပိုထူးပြ နေတဲ့ ကိုရူးရ ။ ကမ္ဘာမြေတလွှား ထူးဆန်းများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေး၍ အားမရ၊အာရေဗျ ဘာသာဖြင့်ပါ တိုးချဲ့ လို လို့ အပိုဘာညာရေးရင်း အပိုဗျာပါ များနေရရှာတဲ့  အကိုပီတာ ။ အိမ်ကို လွမ်းရင်း ၊ အလုပ်ပန်းရင်း၊ သူရဲ နဲ့တခန်းတည်း နေကာ စိတ်လေစွာ နဲ့ ခေါင်းတဝက်ကိုက် တယ်အော်ရင်း ခုန်ပေါက်နေတဲ့ မျောက် ဖိုးစိန် ။ အစရှိတဲ့ အကျော်အမော် မတော်တရော် ဘလောဂါ များ ဖြစ်ကြလေသည် ။
အခန်း နံပါတ်(၂)မှ ဒေါက်တို သက်တန့်ဂျို ခမျာလည်း ဆေးခန်းစဖွင့် ဖွင့်ခြင်း အချိန်မှ စပြီး မအားရရှာပါ ။ ဦးဆုံးရောက်လာသူ လူနာကတော့ အနီရောင် ဝမ်းတဆက်ရှည်လျားလျား နဲ့  အဖြူယောင် နတ်သမီး တပါး ပါ ။ အို ... နတ်တွေနေမကောင်းဖြစ်တာလည်း ဆေးခန်းပြ စရာလိုသေးလား လို့  အထင်မစောကြပါနဲ့ဦး ။ လူစင်စစ်က အလွမ်းသယ်ရင်း ဖြူဖတ်ဖြူယော် နတ်ဖြစ်သွား ရရှာသူလေးပါ ။တနေ့  တနေ့  ဆိုက်မရပ်စ် ပင်လယ် ကမ်းဖြေ ဖက်ထွက်ပြီး လေညှင်းခံသလိုလို နဲ့ ရည်းစားမျှော်ပါများတော့ ပင်လယ်လေဟပ်ပြီး နှာစေး ချောင်းဆိုး တုပ်ကွေးပိုး ဝင်သွား ရတာလေ ။ အစကတော့ ဝက်တုပ်ကွေး ထင်လို့  ဝက်ချေးနဲ့ ဖေါ်ထားတဲ့ ဗိန္ဓော ဆေး ကို တိုက်ကြည့်သေးတယ် ။ ၃ ရက်ကြာတော့ ဝက်ရူးပြန်ပြီး ၊ ကံကြီးပေလို့  နတ်သက် မကြွေတာလေ ။ ခုတော့ သက်တန်ဂျို အစွမ်းနဲ့  အတော်လေး သက်သာလာပါပြီ ။ ချောချော လှလှ ဆရာ့ ကို ကျေးဇူးတင်လွန်းလို့ တဲ့ ၊ မကြာခဏ တုပ်ကွေး ဖြစ်ပြီး လာ လာ ပြနေတာ သူပေါ့ ။
။ခဏလေးနေတော့ နောက်လူနာတယောက် အထက်လှန် အောက်လျှော ဗိုက်အောင့်တဲ့ လူနာတယောက် ၊ပျော့ခွေခွေနဲ့ ရောက်လာတယ်၊ ကြည့်လိုက်တော့ သမီးဂျီးအိန်ဂျယ် ။ဒူဘိုင်းက ပြန်ခါနီးဆိုတော့ ဖဲဝဲ ( ဝဲစွဲနေတဲ့ ဖဲ မဟုတ်ပါ ။ ခွဲခွာခါနီး နှုတ်ဆက်ပွဲ အခန်းအနား လေးကိုဆိုလိုပါတယ်) တကာလျှောက်စားရင်း ဖြစ်လာတဲ့ ဗိုက်ပြသနာပါပဲ ။ ဒီလို ပြသနာများကို ဖြေရှင်းနေကြ စပါယ်ရှယ် လစ် ဆရာဂျို အတွက်က မိုင်နာ လေးမို့  ၅ မိနစ်အတွင်း ရှင်းပေးလိုက်နိုင်ပါတယ် ။ အိန်ကျယ်တယောက် အိမ်ပြန်ခါနီး ဖြစ်ရလေခြင်း ရယ်လို့ သူ့ သူငယ်ချင်း မမကြီး ဂျီးဒေါ်နှင်း ( နှင်းနဲ့ မာလကာ) က အခန်းဖေါ် လေးအတွက် တဗြစ် တောက်တောက် ပြောမဆုံး နဲ့ လေ ။
အဲ .. ပြောလို့ မှ မဆုံးသေး .. လာကြပြန်ပြီ တပြုံကြီး ။အော့ အန် ။ ဝမ်းလျှော ၊ ဗိုက်အောင့်၊ အဖျားတက်ကာ ရေဓါတ်ခမ်းခြောက် ပြီး ရောက်လာကြတဲ့ လူနာ ၆ ယောက် ။ ရာဇဝင် မေးကြည့် တော့မှ သူတို့ကို ဖွတ်ပွိုင်ဇင် ဖြစ်စေရတဲ့ တရားခံကို သိရတော့တယ် ။ သိလား ။ သူဘယ်သူလဲ သိလား၊ သိလား ။မနောဖြူတဲ့ ဂျိန်းဖေါသူလေး မြူးသျှရီ လေ ။သိလား ။ သူ့ လက်ရာ ပဲပလာတာ နဲ့ ကြက်သားဟင်း ၊ စပ်ထားတဲ့  အချဉ်တွေ ။ ပြထားတာ . အဲ ချက်ထား တာက ကြာပါပြီတဲ့ ။( သူ ကိုယ်တိုင် တိုးတိုးတိတ်တိတ် ဝန်ခံထားတာ နော်) ၊ အဲ့ဒါကို အလကားရလို့  သွား သွား စားနေကြသူတွေ ဒီတခါ ထီပေါက်တာပါပဲ ။ဒီတော့ ဆရာဂျိုက “လူနာတွေကို ကျန်းမာရေးပညာပေး ဟောပြောပွဲလေး တခု လုပ်ပေးဦးမှ ”လို့  စိတ်ထဲ မှာတေးထား လိုက်ရသေးတယ် ။။ဒီလူနာတွေ နဲ့  အလုပ်ရှုပ် လို့ မပြီးသေး ။ တဝီဝီအော်ပြီး ဂျွမ်းထိုး မှောက်ခုန်ပျံ ဝင်လာသူကတော့ ဂွင်ကျွံနေတဲ့ ခြင်တကောင်ပါ ။ဆေးခန်းကြီးကြပ် မခြစ်ရ ၊မကိုင်ရ ခမျာ၊ အပြင်လူ မဝင်ရ ဆိုင်းဘုတ်ကြီး ကိုင်ကာ အခန်းဝမှနေ၍ " ဒီ ဆေးခန်း က လူ တွေ ကုတဲ့ ဆေးခန်းပါ ။ ခြင်တွေ ကို မကုပါဘူး ရှင် " လို့  လှမ်းအော် ပြီးတားပါသေးတယ် ။ ဇွတ်တရွတ်ခြင် က ဒေါသ တဝက်ထွက်ပြီး ညှောင်နာနာ သံ မသဲမကွဲ ပြန်ပြောရှာပါတယ် " ညီမငေး ရယ် .. အမခြင် ဂ.. နာမယ်သာခြင်ပါ .. လူဂတော့ မချဉ်ပါဘူး တွယ် ။ မမ ဂ မြင်မြင်ရာ ဟာတွေ အကိုက်လွန် သွားလို့  ၊သွေးလွန်တုပ်ကွေး ပါတဲ့ ယင်တကောင် ကို ကိုက် အပြီး ခုလို လေဒီဒလဟော ဖစ်လာရဒါပါကွယ် " ။ ဒီတော့လည်း သမားဂေါင်း ဆရာဂျို က ခြင်အတွက် ဒရစ် တလုံး ချိတ်ပြီး ငြိမ်အောင် လုပ်ထားပေးလိုက် ရပါတယ် ။ နို့ မို့ ဆို တခန်းလုံး ရှိရှိသမျှ လူနာတွေ ကို ကိုက်နေအုံးမှာ မို့လေ ။
ခြင်တကောင်က သတင်းသိုးသိုးသန့် သန့် ရထားလို့  ကြိုတင် ငြင်းပယ်ချက် ထုတ်နေလိုက်သေးတယ် ။“ ဆရာဂျိုရယ်၊ကျမက ခြင်လုပ်စားနေတာ အံတို နေပါဘီ ၊ ခြင်ဆိုတော့ သွေးလွန်တုပ်ကွေးသာ ဖြစ် နိုင်ပါဒယ် ။ အူအတက်ယောင်တာတော့ မဟုတ်ပါဘူး ။ရမ်းသန်းပြီးတော့ မခွဲပါနဲ့ ဆရာရယ်” တဲ့ ။ ဒီတော့ ဆရာဂျို ခမြာလည်း ပြာပြာသလဲ ဖြေရှင်းချက် ထုတ်ရတော့တာပေါ့ ။“ စိတ်ချပါ ခြင်မလေးရယ် ကျွန်တော်တို့ က စေတနာ ဆေးပေးခန်းပါ ဗျာ ။ ခြင်ရယ် လူရယ် မခွဲခြားပဲ အားလုံးကို စေတနာ အပြည့်နဲ့  ကုသပေးနေတာပါ ခင်ဗျာ” တဲ့ လေ ။
နေ့ လည် ၁၄း၃၀ နာရီ ။( ထမင်းစားချိန် တောင် အတန်ငယ် လွန်သွားခဲ့ပြီ။ ဆေးခန်းထဲမှ အမှုထမ်းများ အူလိမ်နေကြပေမဲ့  အလုပ် မပြီးပြတ်ကြသေး ၍ နေ့ လည်စာ မစားကြရသေး )
အလျော်ပေးနေကြ အရေးပေါ် ခန်းထဲ မှ ပေါချာကိ တယောက်လည်း ဒီနေ့ မှာ မှ အရှုပ်လုပ်မထားလို့  အလုပ်ရှုပ် နေရသည် ။ထိခိုက် ဒါဏ်ရာ ရသူများ က ဒီနေ့ ကျမှ များလွန်းလို့  လက်မလည် နိုင် ။ များပေ မပေါ့ ။ ဟိုလူကြီး ကိုရူးရ ကပြော ပြဖူးတယ်၊ မနေ့ က လပြည့်ည ။ လူတွေ စိတ်ဖေါက်ပြန်တတ်ကြတယ် ဆိုထားတာကိုး ။အဲ့ဒီ အရှိန် မသေသေးလို့ ဖြစ်ရမယ်။ ဒီအချိန်မှာ ပဲ ....
ဒိုင်း ၊ ဒိုင်း ၊ ဒိုင်း။
ဘယ်သူကမှ မမျှော်လင့်ထားတဲ့  သေနတ်သံ တွေ ရုတ်တရက် ဆူညံ သွားလို့  ဆေးခန်းကြီး ထဲမှာ ကမ္ဘာပျက် သွား ရပါ ပြီ ။ အိုး .. ဘယ်လိုတုန်း ။ ၂၀၁၂ တောင်မရောက်သေးပါလားလို့ စောစောစီးစီးပျက်ပြီလား ဟ ဒီကမ္ဘာကြီးရဲ့  ။ ကြည့်လိုက်တော့ ရွာသူဂျီးလို့ သူ့ ကိုယ်သူ တင်မြှောက်ထားတဲ့  သဂျီး ကလူထွင်း တယောက် သူ့ လက်စွဲတော် နှစ်လုံးပြူးကြီး ဆွဲလို့ ရယ် ။ ဆေးခန်းထဲ ဝင်သရမ်းနေလိုက်တာ ။လွန်ခဲ့ တဲ့ ၂ နှစ် အကျော်က ဗာဂျီးနီးယား တက္ကသိုလ်မှာ ပစ်သွားသလိုမျိုး ၊ မြင် မြင်ရာ မဲမဲ ရော ၊ ဖြူဖြူ ၊ပြာပြာ၊ နီနီ၊ ဝါဝါ ပါမကျန် လိုက်ပစ်နေတော့တာပဲ ။ တော်ပါသေးရဲ့  ။ ကျည်ဆန်ထဲက ယမ်းတွေက အတုတွေ ဖြစ်နေပေလို့ ၊ ထ မပေါက်အားတာ။ ထိ တဲ့ နေရာ ကတော့ လေးဂွ နဲ့ အပစ်ခံရသလောက် နာတာပေါ့လေ ။ ဒီတော့ ရုန်းရင်း ဆန်ခတ် ပြေးကြလွှားကြ နဲ့ ကမ္ဘာကြီးပျက်သလိုပဲ ပေါ့ ။
ရွာထဲမှာ ခွေးနှစ်ကောင် ကိုက်တာ ကအစ၊ လင်မယား ရန်ဖြစ်ပွဲ အဆုံး ဘာပွဲ ဖြစ်ဖြစ် ထိပ်ဆုံး မှ နံပါတ် တစ် ရအောင် နေရာ ဦးလေ့ဦးထရှိတဲ့ ဝက်ကလေး နဲ့  ချစ်ပါးလုံးလေး အပါအဝင် သူတို့ နှစ်ယောက် ကို လိုက်ထိန်းနေရတဲ့ သားကြီး ( မလေးယား) တို့  သုံးယောက်သား မှာ ပွဲကြီးပွဲကောင်း ကြည့်ရပြီ အထင်နဲ့  ဝမ်းသာအားရ ပြေးဝင်အလာ ၊သဂျီး နှစ်လုံးပြူး အရမ်း မို့ လွတ်အောင် ရှောင်ရင်း မှ အချင်းချင်း ခလုတ်တိုက် ၊ ဖါးပြုတ်ကိုက်၊ တရုတ် ရိုက် သကဲ့သို့  ဗလုံးဗထွေး ပြိုလဲ အကျ နဲ့  ဒါဏ်ရာတွေ အသီးသီး အသက ရသွားကြတယ် ။ ဒီတော့လည်း ၊ဒီ သုံးယောက်ပေါင်း လောင်းကျော် ကို အရေးပေါ် ဆက်ပြီး ပြုစုရပြန် ပါတယ် ။ ကြည့်လိုက်တော့ ဝက်ကလေးက ဖင်ထိုင်ကျတာမို့  ဝက်မြီး ကျိုးသွား ရရှာတယ် ။ နောက်တခါ ဖိုင်းယား အလန်းမြည်ရင်တောင် မှ တန်းပြေးစရာ အမြှီး မတန်း နိုင်တော့ ။ချစ်ပါးလုံးလေးမှာတော့  နဂို ၂လုံး ပဲ လုံးနေတဲ့ ပါးကဘိုးဘိုးအောင်တန်ခိုး နဲ့ နှစ်ဆတိုးလာ လို့  ငိုကြီးချက်မနဲ့  ။လူလည်ကြီးသားသမီး ကိုသားကြီး ကတော့ ရေးချင်ရာ လျှောက်ရေး တတ်သလို ပြေးချင်ရာလျှောက် အပြေးကောင်းလို့  ၊ဒါဏ်ရာ မရလိုက် ။သူက ဖိနပ်ပွန်း မှာစိုးလို့ အမြဲ ကိုယ်ဖေါ့ပြီး လမ်းလျှောက်နေကြ ဆိုပဲ ။
ဒီအချိန်မှာ ပဲ မြင်မြင်ရာ ရိုက်ချင်နေတဲ့ ချင်းမိုင် ရုက္ခစိုး အတင်းထောက် အဲလေ .. သတင်းထောက် မဆုမွန် အချိန်မှီရောက်ရှိလာပြီး တဖြတ်ဖြတ်ရိုက်နေပါတော့တယ်။ ဓါတ်ပုံ ရိုက်တာပါ ။ သဂျီး ရူး ရူးနေတဲ့ ကလူထွင်း ကြီးတယောက် မှာတော့ နှလုံးပြူးကြီးကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး ပစ်တုံးခတ်တုံးရမ်းနေတုံး ။ ဒီတော့ ခေသူမဟုတ်တဲ့ မဆုမွန်လေ ။ သိတယ် မဟုတ်လား ။ ခါးပတ် ရောင်စုံ ရထားတာ ။ ကရာတေး ဂျူဒို နည်းအစုံ နဲ့  ခုန်ပျံကျော်လွှားပြီး ဝင်လုံးပါတော့တယ် ။ ဟမ်ဘာဂါ စားချင်တဲ့ ကလူထွင်း ကလည်း လက်သီးစာ အမိမခံဘူး ။ ပြန်ချတယ် ၊ သူတပြန် ။ ငါတပြန် ပေါ့ ။ ပွဲက တဖြေးဖြေး ကြည့် ကောင်းလာတော့ စီးပွား အကွက်မြင်တဲ့ ခို-မျှစ်ချိုးဟင်း က ဘယ်သူနိုင်မယ် ဘယ်လောက်ကြေး ဆိုပြီး လောင်ကြေးစားကြေး လုပ်ဖို့  အကြံရလိုက်တာ နဲ့လေ ။ ဆေးမှတ်တမ်း စာအုပ်ကနေ ချဲ လက်မှတ် အသွင်ပြောင်းပြီး စိန်မျောက်မျောက် နဲ့  အတူ လက်မှတ်ရောင်း လိုက်ကြတာ နဲ့ ပဲ သဂျီးရမ်းကို မဖမ်းဖြစ်ကြဘူး တဲ့  ။
အလောင်းအစား လုပ်ကြတာ ကတော့ အမျိုးသမီး ဘလောဂါ လူနာ တသိုက် က ဆုမွန် ဖက်က ။ အမျိုးသား လူနာ တသိုက်က သဂျီးရမ်းဖက် ကပေါ့ ။ ပွဲက ကြမ်းတယ် ရမ်းတယ် ၊ ရမ်းတယ် ၊ ကြမ်းတယ် ။အရေးထဲမှာမှ လောလောလတ်လတ် မိန်းမ ပူပူနွေးနွေး လေးရထားတဲ့ ယမကာ သူ့လင် အိုက်ခီလောက် က နောင်ဗိန်နောင် တီးပြီး သိုင်းကွက်နင်းကာ အားပေးနေတာမို့  ၊ ယောက်ဖ မတော်လိုက်ရတဲ့ မျောက် ဖိုးစိန် က လိုက်ဆွဲ နေရပါသေးတယ် ။
ပထမ ပိုင်း တနာရီ .. ဘယ်သူ့  ဘယ်သူမှ အနိုင် အရှုံးမရှိ ။ ဒုတိယပိုင်း တနာရီ ... သဂျီးရမ်းက သေနတ်အားကိုး နဲ့ဆိုတော့ ဆုမွန် ခမျာ အခြေနေ သိပ်မဟန်တော့ ၊ လက်ပန်းကျစ ပြုလာပြီ ။ ဒီအချိန် မှာ ခြေလှမ်းတချက် ပျက်သွားတဲ့ ဆုမွန် အပေါ် သဂျီးရမ်း က ခုန်အုပ် လိုက် ချိန်မတော့......အမျိုးသမီးထုကြီးအားလုံး ဟယ်ကနဲ အသံတွေ အထွက်......
က လူ ထွင်းးးးးးးးးး
မိုးချိန်းသံထက် ကျယ်လောင်စူးရှ တဲ့  အသံ နက်ပြာ ကြီးကြောင့် သဂျီးရမ်း ခမြာ တုန်လှုပ် ရိုကျိုးစွာ နဲ့ လက်အုပ်စုံမိုးလို့  ယုန်သူငယ် အသွင် ချက်ချင်း ပြောင်းသွား ပါတော့တယ် ။
ဒီတော့မှ အမျိုးသမီး ရွာသူ ဘလောဂါ တသိုက် ဝမ်းသာ အားရ ဝေး ကနဲ အော်လို့  ကယ်တင်ရှင်ကြီး ကို အပြေးအလွှား ခရီးဦးကြို ပြု ကြ ပါတော့တယ် ။ ကယ်တင်ရှင် အမျိုးသမီးကြီး ကတော့ အားလုံး သိချင်နေကြတဲ့ မဒမ် လူထွင်း ( သဂျီး ကတော် ) ပေါ့[သူ့ ကို မိတ်ဆက်လိုသူများ အထဲပါ လင့်အတိုင်း ဆက်သွယ်နိုင်ပါဒယ် ] ။ သူက ရွာသား အားလုံးကို ရှင်းပြတော့ မှ အကြောင်းရင်း သိသွားကြပြီး သဂျီးရမ်းကို ဝိုင်းချုပ်ဖမ်းကာ ဆေးခန်းမှာ အဆင်သင့် ရှိနေတဲ့  စိတ်ရောဂါ အထုကု ဆြာဝန်မကြီး ဒေါက်တို အယ်ဇီ လက်သို့  ဝ ကွက် အပ်လိုက်ကြ ပါတော့တယ် ။
hallucination , delusion , illusion , schizophrenia ဆိုတဲ့ စိတ်ပညာ ရပ်ဆိုင်ရာ အသုံး အနှုန်း များ နဲ့ ရှင်းပြ နေတဲ့ အထုကု ဆြာဝန် မကြီး အား လူအများ က ဘုမသိ ဘမသိ နဲ့  ထောက်ခံ အပြီးမှာတော့ ......သဂျီးကလူထွင်း ရဲ့  ကံကြမ္မာ မှာ အဘယ်သို့  ရှိပါမည်လည်း ဆိုတာကိုတော့ လိုသလို သာ တွေးယူကြပါလော့ ....
ဤတွင် ကြမ်းကြမ်းရမ်းရမ်း ဘလောဂါ ဆေးခန်း ရဲ့  တနေ့ တာ ရင်မောဖွယ် ရာ ဇာတ်ကြောင်း တခန်းရပ်ပါသည် ။
(ပြောမနာ ဆိုမနာ ရင်းနှီး ခင်မင် ရသော မောင်နှစ်မ မိတ်ဆွေ သူငယ်ချင်း ဘလောဂါ များ ရဲ့  အမည်များကို ကြိုတင် ခွင့် ပြုချက် မယူပဲ နှင့် ထဲ့သွင်း ရေးသား မိပါသည် ။အားလုံးပဲ ခွင့်လွှတ်တော် မူကြစေချင်ပါသည် ။ မည်သူ့ ကို မျှ ပုဂ္ဂိုလ် ရေးတိုက်ခိုက် မှု နဲ့  မဟုတ်ပဲ ၊ ပျော်စေလိုတဲ့ စိတ်သက်သက် နဲ့ရေးထားခြင်းမျှသာ ဖြစ်ပါတယ် ။ တကယ်လို့  စိတ်အနှောက် အယှက် ဖြစ်တော်မူတယ် ဆိုရင်တော့ နာမယ်လေး ချန်ထားပေးခဲ့ ကြပါ ။ ပြန်ဖြုတ်ထားပေးပါ့မယ်။ )
38 comments:
တစ်နေရာဦးမယ်ဗျိုး
တကယ်တန်းဆန်စစ်တော့  ဖေါ်ကောင်က ဘညွန့် ဟုတ်ဘူးဗျ ဖေါ်ကောင်ဖွားကိ ဖြစ်နေပြီ အကုန်ဖေါ်တော့ တာဘဲ ကုန်ပြီဗျာ တော်ပါသေးရဲ့  ကျနော် မပါသေးလို့  ရီရတယ်ဗျိုး ခင်တဲ့  သုဒြေ္န
ဟား...ဟား..ဟား...
ဟုတ်ပ...
အအေးပတ်လို့ ရင်ကြပ်နေတာ အခုထိ ပျောက်သေးဘူး...
ဒေါက်တို“သက်တန့်ဂျို” ညံ့လို့ဖြစ်မယ်...
သူ့ဆေးခန်းနေ့တိုင်းသွားနေရတာနဲ့ပဲ..မိတ်ကပ်ဖိုးတောင်မကျန်တော့ဘူး..
ဟူး...လွယ်ပါဘူး..နောက်ဆိုရင် “ဒေါက်တို ချောချော”တွေ ဆေးခန်းမှာ မထားပါနဲ့ဗျို့...
ကွိကွိစ်ရေ...
တစ်ကယ်လက်သံပြောင်ပဗျာ...။ ရေးချက်ကတော့...။ လူကို တခွိခွိဖြစ်နေတော့တာပဲ...။ ဆက်ရေးပါဦးဗျာနော်...။
ခင်မင်လျှက်...
ဏီလင်းညို
ဟားဟား အရမ်းရယ်စရာပြောတတ်တာပဲ။ လူစုံတက်စုံ နာမည်ပါအောင်ကို ဆက်စပ်ရေးထားလိုက်တာ နော်။ ပျော်စရာလည်းကောင်း ရယ်စရာလည်းကောင်းးးး :D
သူများတွေရယ်နေတာကို အားကျတယ်
ကျွန်တော်က ဘာမှ ဖတ်မရဘူး
ပါဠိလိုတွေချည်းပဲ ပေါ်နေတယ် ....
ဘုရားစာတွေရွတ်ရလွန်းလို့ အာခေါင်ခြောက်လာပြီ ရေ လေးဘာလေးလည်းတိုက်မယ့် သူတောင်မရှိဘူး။ ဒီဆေးခန်း ဘယ်နားမှာရေသန့် ဗူးထားလဲ။
ဘုရားစာတွေရွတ်ရလွန်းလို့ အာခေါင်ခြောက်လာပြီ ရေ လေးဘာလေးလည်းတိုက်မယ့် သူတောင်မရှိဘူး။ ဒီဆေးခန်း ဘယ်နားမှာရေသန့် ဗူးထားလဲ။း))
ဆေးခန်း လာပြချင်လို့ပါဗျာ။
ရမလား ဗျ
ခင်တဲ့ ရီနို
ခြင်လုပ်စားတာကြာလို့ အံတိုတာ မဟုတ်ပါဘူးဟ..... ကိကိဆေးခန်းက ပါလာစီတမော့.. အတု ကိုက်မိလို့ ကျွတ်သွားတာပါ....
ဟွန်း..... ကောလဟာလဝါ ဆနွင်းမကင်းတွေ....ဗြဲ...
ကိစုတ်... နင်လုပ်တာနဲ့ မဒမ်လူထွင်းလင့်တော့ ရောင်းကောင်းပြီ... ဟိဟိ....
သွားလိုက်ကြတာ လူတွေ မစဲ.... ကလူထွေးကြီး ဂျဘင်တွေ ထောင်ကုန်မှာပဲ.... "ဟိုက်.... မဒမ်ထွေး... ဘာလဲ... ဘယ်လဲ...."ဆိုပြီး....
ဟားဟား
မမကိကိလက်သံဒီလောက်ပြောင်မှန်း ခုမှသိဒယ် :D:D
ဟဟားးးးးးးးးးးးးးားဖတ်လို့ တော့ကောင်းသား
ဒီလောက်အရှည်ကြီး ရေးနိုင်ပါ့
လက်မညောင်းဖူးလားင် မမ
အိုဒီယာကေလည်းလန်းပါ့
ါးပေမဲ့ကျေနပ်ဖူးနော် ဟွန့် 
ရုံလေးပလာတာနဲ့ ဟင်းကမကောင်းမှန်းမမဘီလိုသိတာလဲ
ဘူဒူပြေားပြတာလဲ သိချင်တယ်
ဦးလူထွေးလား?
ဟဟဟဟဟ မမကိကိ မီး ပြားတော့မလို့ ကလူထွင်း လက်ချက်နဲ့ တော်သေးတယ် မဒမ် လူထွင်း အရောက်မြန်လို့ နို့မို့ဖြင့် မတွေးရဲစရာပဲ ဟိဟိ အပြင်မှာဆိုရင်တော့ ဟင်းဟင်း(အံကြိတ်သံ) သိတယ်ဟုတ် ဟီးဟီး ကျေးဇူး မမကိကိ
ဒေါ်ကိ မဒမ်လူထွင်း လိပ်စာက သွားလို့မရပါ ဘာလို့တုံး ပြောပါဦးလေ
ရီရတယ်နော် မကိ ရေးလဲရေးတတ်ပါ့
ခွိ.. သားသားတော့ ရီပြီးရင်းရီပဲဟေ့..
တော်၏ ဖွားကီ
ရီရတယ် ကိရယ် ၃နာရီ နောက်ကျပြီးလည်း
လာလို့ရတယ်လား။ မိုက်တယ်ကွာ။
မအယ်
ဟဲ့... ဟဲ့...
ပုလင်းထောင်တာက ဘယ်ကနေ ပါလာခဲ့ရသလဲ.... မယ်ကိရဲ့...း)
ဖွားကိ မှတ်ဥာဏ်ကောင်းချက်ကတော့..
ဘလော့ဂါအားလုံးရဲ့ ရှိရှိသမျှရောဂါ
ဖွားကိဖော်မှပေါ်...
တော်ချက်..
နှင်း
ဒီဆေးခန်း ဘယ်လောက် ကြမ်းကြမ်းပါ ၃ နာရီ နောက်ကျမှ လာလည်း ရတယ်ဆိုတော့ ကြိုက်သွားပြီ။
မဆုမွန်ကိုလည်း အချိန်ပြည့် သတင်းထောက် အနေနဲ့ ခန့် ပေးပါ။
မအယ်
ရီရတယ်... Kiki တို့ကတော့ ကြံကြံဖန်ဖန်တွေး ပြီးရေးတတ်တယ်
ဇတ်ကောင်အတော်များတာဘဲ
နဲနဲတောင်မူးသွားတယ်။
ပြောထားရဲ့သားနဲ့မဒမ်လူထွင်းဘလော့ကိုနိပ်လိုက်မိသေးတယ်။
Blog not found
Sorry, the blog you were looking for does not exist. However, the name madamluuhtwun is available to register!
Register madamluuhtwun
အဘားးအဘားး အဘာ အဘားးး ဘားးဘားး အဘာ ဘားး အဘာာ ဘားး ဟား ဟား ဟား ဟား ဟား
ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတယ်။
ဆေးခန်းက လူတွေ တယ်စည်ပါလား
ဒါနဲ့ ကိုလူထွေးက ဘာရောဂါ တဲ့လဲ
လောင်းကြေးကရော ဘယ်သူနိုင်သွားတာတုန်း
ဒီလောက်ရမ်းကားတဲ့သဂျီး ဂန်ဘီရ တုတ်ကောက်နဲ့ဆော်မှထင်တယ်..
မယ်ကိတို့ကတော့..ပေါက်ပေါက်ရှာရှာ..
စာဖတ်ရင်းရီနေလို့ ..ဈေးဝယ်သူတွေတောင်ဘာဖြစ်တာလဲ ဘကျောက်ကိုမေးယူရတယ်
ကိကိနဲ့ ကိုလူထွေး ဘာတော်လဲမသိဘူး ကြံကြံဖန်ဖန် တော်တော်ရေးတတ်တာပဲ။်သက်တန့်ချိုက ပုံတင်ထားလို့ မအယ်က ထက်ထက်မိုးဦးနဲ့ တူတယ်ဆိုတာ ပို့စ်တခုထဲမှာ တခါဖတ်ဖူးလို့ သူတို့နှစ်ယောက် ပုံကိုတော့ kiki သရုပ်ဖေါ်တာ တကယ်ပဲ မြင်ယောင်လို့ ရတယ်။
ဟားဟားဟား...
ဇာတ်လမ်းဆင်ပုံကတော့ လန်ထွက်နေတာပဲ...းD
မဆုမွန်လဲ ခွိ သွားတယ်...
မဒ္ဒမ်လူထွင်းကပါ နာမည်ကြီးသွားသေးတယ်...
းဝ)
"ပျော်စရာရွှင်စရာ" စာအုပ်အတွက် စာမူသုံးဖို့ ခွင့်ပြုပါ...
ဒါပဲ...
းဝ)
မမကီရေ..
ဖတ်ရင်းဖတ်ရင်းနဲ့  ဘလော့ ကာ တလောက လုံး ကုန်သွား
ပါရောလား၊ရယ်အောင်လဲ ရေးတတ်တယ်၊ပြုံးအောင်လဲ ပြော
တတ်သောမမကီ၊ ကျွန်တော် စောစော အိပ်ဖြစ်သွားလို့ 
ဟိုး အဝီစိ အထိ ဆင်းပြီးမှ မန့် ရလို့  မော ပေမဲ့ ပြောတယ်ဗျာ။
ဇဝန ဥာဏ် ရွှင်သော မမကီ၊ နောက်လဲ ဆက်ရေးပါအုံး....
ဒါမျိုးလေးတွေကို..။
ဟား...ဟား...
ဖွားကိက ရေးတတ်လိုက်တာဗျာ...
ရီရတာ အူထွက် အဲလေ အူတက်နေပြီ..အဟီး..
အခုမှပဲ ဘလော့ဂ်ဂါ မောင်နှမတွေအကြောင်း ကောင်းကောင်းသိတော့တယ်ဗျ...
မျှော်နေမယ်နောက်တပိုင်းကို...
ဟော...ဟော... ပြောနေရင်းရီချင်လာပြန်ပြီဗျ...
မြန်မြန်ထွက်မှး)
ခင်မင်လျက်...
ပြောမနာဆိုမနာ ဘလောကာစာရင်း သွင်းထားကို ကျေးဇူးတင်ချင်တာ။ ကြိုက်သလိုသာရေးဗျာ။ နာစရာရှိလဲ ခံယုံပဲ။ ယူစရာရှိရင်လဲ ယူယုံပဲ။ ပျော်စရာရှိလဲ ပျော်ယုံပဲပေါ့။ ကိုယ့်သားဖဲ့ပါသွားတာမှမဟုတ်တာ။ ဒါနဲ့ ၀တ်စုံစိမ်းလေးနဲ့ဆိုတော့ သားသားက ယောဂီကြီးပုံစံပေါ့နော်။ ပါးစပ်က ဘုရားဘုရားနဲ့ လက်က ကားယားကားယားဆိုတဲ့ စရင်းမှာ ကျွန်တော်ပါသေးတယ်။ ကျေးဇူးတင်ပါတယ်အစ်မရေ၊ အခုလို အသိအမှတ်ပြုပေးလို့နော်။ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျာ
ဟဟဟဟ အတော်ရီရတဲ့ မမကိကိပဲ ရေးလည်းရေးတတ်ပါ့နော်...ဟီး ....အူထွက်အောင်ရီသွားပါတယ်..သူငယ်ချင်းရေ..
မကိရေ စာရေးကောင်းလို့ အခန်းဆက်လေးတွေ ဆက်ရေးပါလားဗျာ ... တကယ်ဖတ်ချင်နေတာနော် ...
း))))
ဆက်ပါ ဆက်ပါမမကီရေ
KiKi.. :)))
ရီလိုက်၇တာ ကိကိ ရယ်.. တော်ချက်
Post a Comment