တောင်စဉ် ရေမရပ် အတွေးများ က ဒီပုံလေးမှ အစပြုလိုက်တယ် ။
ဒီပုံလေး ကို သူငယ်ချင်းတယောက်မှ ပို့ ပေးလာပါတယ် ။ ရေးထားတာလေးက တကြောင်းတည်းပါ။ "ဘဝသံသရာ စက်ဝိုင်း" တဲ့  ။ ဒါပေမဲ့ စိတ်ဝင်စားစွာနဲ့  အတွေးနယ်ချဲ့ ဖြစ်သွားတယ် ။ လူ့ ဘဝ တိုတိုလေးထဲ အငိုနဲ့ စပြီး အငိုနဲ့ဆုံးကြရတာ။ဒီကြားထဲမတော့ ရီလိုက်၊ ငိုလိုက်၊ ချစ်လိုက် ၊မုန်းလိုက်၊ ပြုံးလိုက်၊ မဲ့ လိုက်။တက်လိုက်၊ကျလိုက် နဲ့ ပေါ့ ။
ဘဝသံသရာ ဝဲလည်ထဲတွင်
မနေချင်လည်း နေရ ၊
မအိုချင်လည်း အိုရ ၊
မနာချင်လည်း နာရ ၊
မသေချင်လည်း သေရ ။
ဖြစ်ချိန်တန်ဖြစ်လို့ ၊
ပျက်ချိန်တန်ပျက်ရမှာ ။
ငါတို့  ဘာလို့  မုန်းနေကြမှာလည်း ။
ငါတို့ ဘာကို မက် နေကြတာလည်း ။
ချစ်ခြင်း မုန်းခြင်း အားလုံးကင်းပြီး ၊
နောင်ဘဝတွက် ရည်မှန်းရင်းနဲ့ ၊
ခုပင်မနှေး အားထုတ်ပေးလို့ ၊
လက်ရှိဘဝ တခဏကို ၊
အကျိုးရှိစွာ သုံးချပါစို့ ၊
ချစ်ရ ခင်ရ ပေါင်းသင်းများတို့ ၊
နောင်လာ နောင်သားမျိုးဆက်များဖို့ ၊
အမျိုးမပျက်စေရ ၊
တိုးတက်စေကြ ၊
ဘလောဂ်လောကလည်း မွှေးပျံ့ စေကြ ။
(idiot ပေါက်ကရ ရေးပါသည်)
ဘလောဂ်လေး မရေးချင်တဲ့ အချိန်မှာ အားနေရင် ဟိုဝင်ဒီထွက် ဘလောဂ်တကာ လည်ပတ် နေတတ်တဲ့ အကျင့်တခု က တဖြည်းဖြည်း ဖြစ်လာခဲ့တာ ဒီနှစ်လည်လောက်မှ စခဲ့ပါတယ် ။တချို့ ကို စိတ်ဝင်တစားဖတ်တယ် ။ တချို့ ကြတော့လည်း အပေါ်ယံလောက်ပဲ ဖတ်ဖြစ်တယ် ။ ဒီလိုဖတ်ရင်းနဲ့ လူတွေရဲ့ စိတ်ဓါတ် အမျိုးမျိုးကို သူတို့ ရေးထားတဲ့  ကွန်မန့်တို့  ၊စီဗုံးမှာ နှုတ်ဆက်ထားတာ၊ အော်ထားတာ တွေမှ တဆင့် အနည်း အကျဉ်းတော့ ခန့်မှန်းလို့ ရတတ်ပါတယ် ။ ပီယဝါစာ ချိုချိုသာစာ စကားများ နဲ့  နှုတ်ဆက်ကြတာ စကြ နောက်ကြ တာတွေ တွေ့ တော့ စိတ်ကြည်နူးရသလို ။ဖရုဿဝါစာ ညစ်ညန်းစွာ ဆိုထားရေးထားတာ တွေ တွေ့ လိုက်ရတဲ့ အခါ အတော်လေးကို စိတ်အနှောက်အယှက် ဖြစ်မိတယ် ။ကိုယ့်ကို တိုက်ရိုက် လာရေးသွားတဲ့  အခါမှာရော ၊ကိုယ်သွားဖတ်မိတဲ့  ဘလောဂ်လေးမှာ သူများက ရေးသွားခဲ့ တာ မှာရောပေါ့ ။ အရေးခံလိုက်ရတဲ့ ဘလောဂ် ပိုင်ရှင်မှာလည်း ဒီလို ခံစားရလိမ့်မယ်လို့  ထင်မိပါတယ် ။
ဒီလို ညစ်ညမ်းစွာ ရေးခဲ့ ကြတဲ့သူ တွေ ကိုလည်း အံ့သြမိတယ် ။သူတို့  ဘယ်လို ပတ်ဝန်းကျင် နဲ့  မိဘအဆုံးအမ အောက်မှာ ကြီးပျင်းခဲ့ ရပါသလည်း လို့  တွေးမိတယ် ။ဒါတွေဟာ တနေ့  တရက် တမနက်တည်းနဲ့  လုပ်ယူလို့  ပြုပြင်လို့ ရတာမဟုတ်ပါဘူး ။ ငယ်စဉ်တည်းက တဖြည်းဖြည်း သွန်သင်၊ လေ့ကျင့် ၊တတ်မြောက် လာခဲ့ကြရတာပါ ။ဒီတော့ တဖြည်းဖြည်း ဘယ်လို ပြောင်းလဲ လာကြသလည်း ပေါ့လေ ။
Evolution = တဖြည်းဖြည်းတရွေ့ ရွေ့ ပြောင်းလဲခြင်း ၊
Revolution= လှည့်၍ လည်ပတ်ခြင်း ၊ တော်လှန်ရေး
ဒီ အင်္ဂလိပ်စာလုံးလေး ၂ ခု ဟာ ဘာမှ သိပ်မကွာဘူးနော် "R"တလုံးပဲ ပိုလာတာ ပေမဲ့ အဓိပ္ပါယ်မတူစွာ နဲ့  ဆက်စပ် ပေးလို့  ရနေ တယ် ။
Evolution အနေနဲ့  လူဆိုတာ မျောက်ကဆင်းသက်လာတာ လို့ ချားလ်စ်ဒါဝင်က ဆိုခဲ့ တယ်။ ၁၈၇၀ ပြည့်နှစ်ပိုင်းများက စလို့ Darwinism လို့  လူသိများတယ်။ ဒါပေမဲ့  လူက မျောက်တော့ မဟုတ်ဘူး လေ ။
(ဒါဝင်ကြီးလည်းသူ့ အတတ်နဲ့သူစူးတော့တာပဲ ။ ကယ်ရီကက်ချာ ဆွဲသူလက် မှ မလွတ်ရှာဘုး ။ သူ ကိုယ်တိုင် မင်းသား ကြီးကို ဖြစ်လို့ ပေါ့ )။သူ့ အတွေးအခေါ် အသေးစိတ်ကို သိလိုရင် ဒီနေရာမှာ ဆက်လက်ဆည်းပူးနိုင်ကြပါတယ် ။
ဒီလို တနေ့  တနေ့ Evolution တဖြည်းဖြည်းပြောင်းလဲ နေကြတာတွေမှာ Revolution လှည့်၍လည်ပတ်နေ ကြတဲ့ ကိုယ်တို့ လက်ရှိလောကသံသရာ ဝဲဂရက်ထဲ နောက်ထပ် Revolution တော်လှန်ရေး တွေ ဖြစ်ပေါ်လာကြပြန်ရော .....သူ့ ဟာသူ လှည့်ပတ်နေကြတာကို တော်လှန်တာလား ။ လှည့်ပတ်နေကြတာ အဆင်မပြေလို့  တော်လှန်ကြတာလား ။ တခုခု တော့ တခုခု ဘဲပေါ့ ။
အဲ့ လို လှည့်ပတ် ဆက်စပ် တွေးကြည့် မိတော့ ဘာတွေ ပါလိမ့် .... စကားလုံး တလုံးထဲမှာ အဓိပ္ပါယ် နှစ်မျိုးရှိပြီး ကွာခြားနေတာကို အတင်းအကျပ် ဆက်စပ်ကြည့်လိုက်တော့ ဒီလို ကမောက်ကမ အတွေးတွေသာ ရမှာ ပေါ့ ။
ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ သတ္တလောကကြီးထဲမှာ အသိဥာဏ် အကြွယ်ဝဆုံး အမျိုးအနွယ် ဖြစ်တာမို့  ကြောင်းကျိုးဆက်စပ် တွေးခေါ်တတ်တဲ့ အတွက် တဖြေးဖြေး တရွေ့ ရွေ့ ပြောင်းလဲခြင်း နိယာမ မှာ ကောင်းသောတိုးတက်ခြင်းသို့ သာ ရှေးရှုတတ်ကြတာ များပါတယ် ။( ဆွမ်းဆန်ထဲ ကြွက်ချေးရောတတ်တာလေးတွေက လွဲရင်ပေါ့လေ ) ။ ဒီပုံတွေ အရ ဆိုရင်ဖြင့် ရှေ့ သို့ တိုးတက်ပြီးရင်း တိုးတက်ရင်းနဲ့ ခေတ်တပတ်လည်ရတော့မှာလား ၊ ခေတ်နောက်ပြန် ပြန်ဆွဲရင်းနဲ့ မျောက်ခေတ် ပြန်ရောက်တော့ မှာလား ။ တွေးချင်စရာ တွေ ပါလား လေ ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ။ လောလောဆယ်မှာ ဖြင့် ရွှေပြည်ရွာ မှ ရွှေပြည်သားတွေ ဟာလည်း ကိုယ်ပျော်မွေ့ ရာ ကိုယ့်ကမ္ဘာလေးတွေမှာ ပီယဝါစာ စကားများဆိုကြရင်းဖြင့် ၊ ဆွမ်းဆန်တွေ များတဲ့ ဘလောဂ်လောကကြီး အဖြစ်ကြာရှည် ရပ်တည်နေနိုင်ပါစေလို့  ဆန္ဒပြုပါတယ် ။
ကိုယ်တိုင်ကတော့ တွေးလေ ရှုပ်လေ ဖြစ်နေတာ နဲ့ လောလောဆယ်ဆယ် ဘာကိုမှ မတွေးချင်တော့တာမို့  ဒီဘလောဂ် လောကလေးမှ ခဏလောက် နားနေပါအုံးမယ် ...
သူငယ်ချင်း မိတ်ဆွေအပေါင်းတို့  ချမ်းမြေ့ ပျော်ရွှင်ကြပါစေ။
21 comments:
စိတ် မကောင်းဖြစ်မိပါတယ်ဗျာ။
ပြောချင်တာက လောကြီးက ဘယ်တော့ မှ ကိုယ်ဖြစ်ချင်သလို
မဖြစ် တတ်ပဲ သူဖြစ်ချင် သလိုပဲဖြစ်ဖြစ်နေတတ်တာပါ။
ဒီ သဘောလေးကို ကျေကျေနပ်နပ်လေး၊ လက္ခံ ထားနေနိုင်
တဲ့ တစ်နေ့  မှာ အရာရာအားလုံး တစ်လောကလုံး ပြန်လည်
လှ ပ လာပါလိမ့် မယ်။ လောကရဲ့  အလှ ကို ရှာတွေ့ နိုင်
ပါစေလို့ ။ အင်းလေ.. ခဏ တာ ဆိုတော့ လဲ...။
သိပ်လဲ အများကြီး မပြောနိုင် ပါလေ။ ကိုယ်တိုင်လဲ လောက
ရဲ့  အလှ သဘာဝ ကို မရှာ နိုင်သေးတော့ ...။
ခဏ တာ နားတော့ မဲ့  အမ ကို ခဏတာပဲ၊ခဏ အဖြစ်နဲ့ ပဲ
နှုတ်ဆက် ပါရစေဗျာ..။ ကျွန်တော် ထင်ပါတယ်၊ချစ်စရာ
ကောင်းနေတဲ့  ဘလော့ ရွာလေးကိုမကီ ဘယ်တော့ မှ
အခင်မင် ပျက်မသွား နိုင်တော့ ပါဘူးလို့ ..။
မရေးချင်တော့ တဲ့ လက်တွေကို ပတ်တီး တွေ နဲ့  ကျပ်ထုပ်၊
အင်း ကျောက်ပတ်တီး စည်း ထားမှ ဖြစ်တော့ မှာနော...။
ရွာလေးတရွာမှာ လူပေါင်းစုံနေကြသလိုပေါ့ဗျာ သိပ်မိုက်ရိုင်းစုတ်ပဲ့တဲ့ သူတွေလည်း ပါမှာပါ ရေးတာကိုတော့ မရပ်စေချင်ပါ ခဏလောက်နားရင်တော့လည်း နားပါပေါ့ဗျာ...
ဟေ့ရောင်... တရက်ပဲနား... ပြန်လာရင် တုတ်ကောက်ခဲ့....
ကိရေ
ကောမန့်တွေ စီပုံးတွေမှာ တွေ့တွေ့နေရတဲ့
ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ စကားလုံးတွေကိုတော့
ဒီလောကထဲကနေ တိုက်ဖျက်လို့ မရလောက်ပါဘူး...
အဲဒီအတွက်တော့ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့...
အဆိုးနဲ့ အကောင်းက နေရာတိုင်းမှာ တွဲနေတတ်ပါတယ်...
မသိချင်ယောင်ဆောင်နေလိုက်ပါ...
ခွေးလေးဟောင်ယုံနဲ့တေ့ တောင်ကြီးတွေက ရွေ့မသွားပါဘူး...
နားချင်ရင် တစ်ရက်တိတိနားပါ
ဆေးခွင့်က တစ်ရက်စာပဲ ခွင့်ပြုပါတယ်..
တစ်ရက်ထက်ပိုရင်တော့ Absent နော်....
အော် vacation ပြန်ရင်လဲ လက်တို့လိုက်နော်...
နှင်း
နားပြီးလား အစ်မရေ.....
ကောင်းပါတယ်။
အမြဲတမ်းလာလည်ရမယ့် အိမ်လေးတစ်ခုရော့သွားတာပေါ့။
ဒါပေမယ့် အသစ်တင် မတင်တော့ နေ့တိုင်းစောင့်ကြည့်နေပါ့မယ်။ ကောင်းသော စိတ်ထားနဲ့ ကောင်းမှုတွေပဲ ပြုနိုင်ပါစေ။ အကုသိုလ်တွေ နည်းနိုင်သမျှနည်းနေနိုင်ပါစေဗျာ။့ 
ရေချိုးပြီးမှ ကော်မင့်လာရေးတာပါ...
ညစ်ညမ်းနေမှာစိုးလို့...
းဝ)
ဟုတ်ပဗျာ.. တချို့ စီဘုံးတွေမှာရေးထားတာ အတော်ဆိုးတာပဲ.... လူအမျိုးအမျိုးစိတ်အထွေထွေဆိုပေမယ့် ဒီလိုလူတွေက ကိုယ့်မြန်မာလူမျိုးတွေအချင်းချင်းပဲဖြစ်နေပြန်တယ်ဆိုတော့ သာပြီးတော့စိတ်မကောင်းဖြစ်မိပါတယ်..... အခုလေးတင်ပဲ ဘလော့ခ်တစ်ခုရဲ့ စီဘုံးမှာ ရန်ဖြစ်နေကြလို့ ဖတ်ရမယ့် စာကိုမဖတ်ချင်တော့ပဲ ပိတ်ပြီးပြန်လာတာ....
မမကိရေ
တရက်ပဲနော် .. အပရု မပေးဘူး ရီဂျက်ပဲ .. :D
စိတ်ချမ်းသာအောင်နေပါ .. ကိုယ်တိုင်စိတ်ချမ်းသာဖို့က အရေးကြီးဆုံးပဲ .. အမြန်ဆုံး စာပြန်ရေးပါနော် ..
ချစ်ခင်စွာဖြင့်
ဖွားကိ စိတ်ညစ်ရင် အေးဆေး တစ်ယောက်ထည်းထွတ်သွားပြီး တစ်နေရာရာမှာ စိတ်ဖောက်ထုတ်လိုက် စိတ်ပြေအောင်နေပီးမှာပြန်လာနော် . . .
ကွိကွီ(စ်)ရေ...
ဘာတွေပဲဖြစ်ဖြစ်ပြန်လာပါဗျာ...။
အပေါ်က သူငယ်ချင်းတွေ ပြောသွားသလိုမျိုးပဲ..ဒီက ဏ လ ည ကလည်းပြောချင်ပါတယ်...။
သစ်စိမ်းချိုးတော့ ချိုးမသွားနဲ့ဦးနော်....။
(လွမ်းလွမ်းဆွေးဆွေးနိုင်သော လေသံဖြင့် ပြောသွားသည်။)
ခင်မင်တဲ့
ဏီလင်းညို
စိတ်မကောင်းဘူး
ဒီBlog ထဲမှာ လက်ဆော့ရခြင်း အကြောင်းရင်း...
စာရေး စာဖတ်တာ ဝါသနာပါလွန်း တတ်လွန်း လို့တော့မဟုတ်ပါဘူး...
တခါတရံ ဘာလုပ်ရမှန်းမသိလောက်အောင် စိတ်ထွေနေတဲ့အချိန်၊
ထွက်ပေါက်လေး ရှာတဲ့အနေနဲ့ပေါ့လေ...
အရူးဝေဒနာလေးတွေကို ခံစားပေးတတ်ရင်
ကျေးဇူးအထူးတင်ပါတယ်။
အေးချမ်းပျော်ရွှင်ကြပါစေ။
.....
ဒါ ရှင်ပဲ ရေးထားတာ လေ.. မယ်ကိရဲ့..း)
..
ပြီးတော့..ဒီမှာ..
..
မချစ် မမုန်း၊ အကောင်းဆုံး
မချစ် မမုန်း၊ အကောင်းဆုံး ။
ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )
..
..
ဒါလဲ .. ရှင် ပဲ ရေးခဲ့တာလေ ကွယ်..
...
စိတ်မပျက်ပါနဲ့..
ဒီလောက်လေး နဲ့ စိတ်ပျက်ခဲ့ ရင်
မယ်ကိ က ဆရာဝန်ဖြစ်ခဲ့မှာ မှ မဟုတ်တာ..
ကဲ.. ဆက်ပြီး ရေးချင်တာလေး တွေ ချရေးကြရအောင်..
ပျော်ပျော်ပါးပါး ပေါ့.. (ဘီဘီစီ ဦးဖေသန်း စကားလုံှးှုားသုံးပါ သည်)..း)
ကောင်းပါတယ်အားပေးပါတယ် နားချင်သလောက်သာနား စိတ်ကျေနပ်အောင်နား စိတ်ရှိလက်ရှိနား ဒီနေရာမှာနဲနဲလေးတော့ ပြောချင်တယ် တကယ်တောံ့အနားယူတယ်ဆိုတာ လူတိုင်း လုပ်သင့် တဲ့ အလုပ်လို့ ကျနော်မြင်ပါတယ် အနားယူလိုက်ရင်ရတဲ့  အကျိုးရလဒ်တွေက (၁)စိတ်ရောကိုယ်ပါသက်သာရာရပါမယ် (၂)ကုန်ခမ်းသွားတဲ့အားအင်တွေပြည့်လာမယ်(၃)ခရီးတခုကိုကြာရှည်လျှောက်လှမ်းနိုင်မယ် ဒါတွေအပြင် အနားယူခြင်းဟာအကောင်း ဆုံးသော ပင်ပန်းနွမ်းနယ်ခြင်းကို ကုစားတဲ့ အရာလို့ ပြော၇င်၇ပါတယ် ဒီအချက်တွေသိခြင်းအားဖြင့် အနားယူခြင်းဟာ အမှန်တကယ်လိုအပ်ပါတယ် စိတ်ရောကိုပါ အနားယူခြင်းဖြင့်  ကျမ္မာ ချမ်းသာ သုခနဲ့  ပြည့် စုံပါစေလို့ ဆုမွန်ကောင်းများပို့ သပါ၏ ခင်တဲ့  သုဒြေ္န
မကီရေ ခဏအနားယူပြီးရင် ပြန်လာခဲ့ပါ
စိတ်ပျက်စရာတွေများတဲ့နေရာမှာ ခင်ခင်မင်မင်လူလေး တွေနဲ့ ရှာကြံပျော်နေခဲ့ရတာ အမှန်ပါပဲ။
စာဖတ်ရင်းနဲ့ရေးသူရဲ့ စိတ်ထားကို အနည်းငယ်ဖြစ်ဖြစ် မှန်းလို့ရတာပဲ ။ ဒီတော့ တချို့စာတွေကို မေ့လိုက်ပါ
ဘယ်သူ့အတွက်မှ အကျိုးမရှိစေတဲ့ မိုက်မိုက်ရိုင်းရိုင်း ရေးထားတဲ့စာတွေကို ဂရုမစိုက်ပါနဲ့ အမရေ
အားလုံး ကိုယ့်လမ်းကိုယ်သွားကြမှာပါပဲ
မကိကိ@ဖွားကိ ခင်မျာ။
ခဏနားပြီး ပြန်ရေးပါဗျာ..........။
ကိုယ့်ကိုကိုယ် စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့ ဗျာ..။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ် ခင်ညာ။
ခင်မင်စွာဖြင့်
နေညိုရင့် 
(ခေတ္တပေါ်တော်မူ)
မကိရေ..
ဘာပဲရေးရေး ဟာသလေးထည့်ပြီး ရေးတတ်တဲ့ မကိရဲ့ပိုစ်လေးတွေ အရမ်းကိုကြိုက်ပါတယ်။ အတွေးကို ကြိုက်တာ။
ပြန်ရေးနော်.. အားပေးလျက်
ကိရေ စိတ်မကောင်းသိလား ဘလော့ဂ်ကနေ နားမယ်ဆိုတော့လေ အခုတလော ဘလော့ဂ်နားတဲ့လူတွေ များနေပါ့လား နော် ဘာပဲဖြစ်ဖြစ်လေ ပြန်တော့ရေးနော် သိလား ဒီကြားထဲမအားလို့မလာဖြစ်တာ နားလည်ပေးနော် မကိရေ တာ့တာ ဘိုင်
ဖွားကိတို့ ကတော့လုပ်ချလိုက်ပြန်ပြီ ။ စိတ်ညစ်လို့  စိတ်ရှုပ်လို့ ဘလော့နားသလိုလိုနဲ့  ဟွန်းမပြောလိုက် ချင်ဘူး။ မသိရင်ခက်မယ် ။
ခရီးစဉ်ကြီးကိုစီစဉ်ထားတာများ ဘလော့မနားလို့  ဘာနားမလဲ ။း))
ဟော.. ဖွားကိတစ်ယောက် ဘယ်တွေများ တောင်ပံဖြန့်မလို့ပါလိမ့်...:P
yu ya
kiki ရေ ဘာဖြစ်လို့လဲ။ မအားလို့လား။ မအားရင်တော့ ခဏနားပြီး ပြန်ရေးပေါ့်နော့်။ အကြာကြီးတော့ မနားနေလိုက်ပါနဲ့။
Post a Comment