အတုမြင် ၊ အတတ်သင် လို့ ရှေးစာဆိုတွေ ရှိခဲ့ကြတယ် ။ငယ်ငယ်က မြန်မာစာ သင်ရိုးထဲမှာ လည်း သင်ခဲ့ရဖူးပါတယ် ။ လယ်ကန်သင်းဝမှာ ငါးစောင့်ဖမ်းပြီး မြှောက်ကာ မြှောက်ကာ စားနေတဲ့ မြင်ဆရာ ဗျိုင်း ဆီက ငါးမြှောက်ပုံ နည်း နဲ့ အတုယူပြီး လှံတံကို မြှောက်ကာပင့်ကာပြုလို့  ပါးစပ်နဲ့ ပြန်ဖမ်းနိုင်အောင် လေ့ကျင့်တတ်ကျွမ်း ခဲ့သူတယောက် ၊ နာမည် ကြီးလာတဲ့ အခါ သူ့ ဆရာ ဗျိုင်း လို့  ပြောရမှာကိုရှက်လို့ ၊ ဆရာကာပြန် အာခေါင်လှံစူး ခဲ့ ရတဲ့ လူတဦး အကြောင်း မှတ်မိကြအုံးမယ် ထင်ပါတယ် ။ ဒါကြောင့်မို့  ကြားဆရာ ၊ မြင်ဆရာ ၊ သင်ဆရာ ၊ အားလုံးဟာ အရေးကြီးတဲ့ ဆရာတွေပါပဲ ။ ယနေ့ခေတ် မှ ကလေးများဟာ နောင်တခေတ် အတွက် ဦးဆောင်မှု ပြုနိုင်မဲ့ လူကြီးတွေ ဖြစ်လာကြမှာ မို့  ဒီကလေးတွေ ရဲ့  ငယ်စဉ်ဘဝတည်းက မှန်ကန်တဲ့ အသိ အမြင် အတွေး တွေ ရရှိစေဖို့  အတော်လေး အရေးကြီး လှပါတယ်။ ဒီကလေး လေးတွေရဲ့ နုနယ်လွန်းတဲ့ ဦးနှောက်ထဲ မှာ ဘယ်လို အရာတွေဟာ တသက်လုံး စွဲသွား နိုင်လောက်တဲ့  ပုံရိပ်ကို ထင်ဟပ်စေခဲ့မှာလည်း ။ သူတို့ နဲ့ နီးစပ်ရာ ပတ်ဝန်းကျင် ရဲ့ လွှမ်းမိုးမှု အရိပ်တွေ ပဲ ဖြစ်ပါတယ်။
" ဟေ့ ဝိတ်တာ ။ ဒီကို မြန်မြန် လာစမ်းပါအုံးကွ ။ ခေါ်နေတာ ဘယ်နှစ်ခါရှိနေပလဲ ။ငါ့ အကြောင်း မသိသေးဘူး နဲ့ တူတယ် ။ အရက်က သောက်လို့ ကုန်တော့မယ် ။ အမြည်းက ခုထိ မရောက်လာသေးပါလား ။ တယ်လေ .. လုပ်လိုက်ရ ...."
" နားကွင်း ၊ နှာကွင်း ၊ ထိုးကွင်း တွေ နဲ့ဒီလို ခပ်မိုက်မိုက် နေပြ မှ လူရာဝင်တာ ။ တွေ့ တယ်ဟုတ် ။ အရိုးခေါင်း ပုံ တီရှပ် နဲ့  ကေ က အလန်စား ။ "
" တနေ့  တနေ့  လုပ်စရာ ကလည်း ဒါပဲ ရှိတယ် ။ စားလိုက် ၊အိပ်လိုက်၊ သောက်လိုက် ၊မှောက်လိုက် နဲ့  ။ လောကကြီး များ တယ်ဇိမ်ရှိသကိုး ။ ကျုပ်တို့ ခေတ်ကြီးမှာ ဘီယာစို့ နေရတာ နွားနို့  ရှားလို့ တဲ့လေ ။ကြည့်ပါလား ၊ နေရာတကာ စည်ဘီယာဆိုင်တွေ ချည်းပဲ ။ သူ နဲ့ တွဲပြီး ကာရာအိုကေ ဆိုင်တွေ ဆိုတာလည်း အပြည့် ။သားသား တို့ ခေတ်၊ ရေကန်အသင့် ကြာအသင့် ဗျ ။"
" ဒါကလည်း သားတို့  ဂေါ့ဒ်ဖားသား ဘဘကြီးများ သင်ပေးခဲ့တာ ပဲပေါ့ ။ စီးဂါး ကြီး ငုံလို့  ၊ ကားမှာမကပ်ရဘူးဆိုတဲ့ စတစ်ကာ တွေ ကိုယ့် ကိုယ်ပေါ် ကပ်ချင်သလိုကပ် ။ ဘယ်သူ ဘာလာ လုပ်လို့ ရ မှာလဲ ဗျ ။ ဟဲ ဟဲ ။ အကြံပိုင်ပါပေ့ လို့ တော့ မထင်လိုက်ပါနဲ့  ဗျာ ။ သူ တို့ ဆီက ရလိုက်တဲ့ အမွေ အနှစ် စစ်စစ် လေးတွေပါ ။( သားသားတော့ကြောက်တယ် ကားမှာစတစ်ကာ ကပ်ရင် ဒါဏ်ငွေ ၂ သိန်းတဲ့ ၊ ကြားဖူးကြရဲ့ လားဗျာ )"
" လာရဲရင် လာကြ ၊ မိုက်တဲ့ သူ လာကြစမ်း ။ ကျုပ်အပိုင်စားရတဲ့ ဒီ အရပ်မှာ ကျုပ်ကို အာခံ ရင် ဘယ်လို ဖြစ်သွားမလည်း ။ သိချင်ကြလား ။ လမ်းမတော် ဖိုးတုပ် ဆိုတာ ပုံပြင်ထဲမှာ ကျန်ရစ်ခဲ့ပြီ ။ရာကူဇာ ဂိုဏ်းလောက်တော့လည်း ရီချင်သေးတယ် ။ကျုပ်က သန်းကြွယ်သူဌေကြီးနဲ့  ရွှေ မျိုး တော်တာဗျ ။ ( ဟိုတလောက ဒါးထိုးခံရတယ် ဆိုတာ ကျုပ်မဟုတ်ပါဘူး ။ စဉ်းစားကြည့်ကြဗျာ ကျုပ်လို လူမျိုး ဘယ်သူက ဒါးနဲ့ ထိုးရဲ မှာတုံး လို့  ။ငှဲ ငှဲ )"
" ဟေ့ကောင် တွေ့ တယ် မဟုတ်လား ။ ငါတို့ ကို အာခံတဲ့  လူကြီးတွေ ဆို ဒီလို နောက်ကောက်ကျသွားအောင် လုပ်ထားမှ တော်ကာကျမယ် ၊ ဒါတောင် သဘောလောက်လေးပဲ ရှိသေးတာ ။"
" မကြိုက်ပါဘူးလို့  ပြောထား ရဲ့ သားနဲ့  ဘာလို့ အတင်းအကြပ် လုပ်ချင်ရတာလည်း ။ဒီ မှာကြည့်ထား၊ တွေ့ တယ် မဟုတ်လား ။ "
မေးလ်ထဲမှ ရတဲ့ ပုံလေးတွေကို တွေးမိသလို တွေးပြီး ရေးလိုက်တာပါ။အပျော်သဘောနဲ့ ကြည့်လိုက်ရင်လည်း ရယ်စရာပုံလေး တွေ ပါ ။ ဦးနှောက်စားအောင် တွေးကြည့်မိရင်တော့ လည်း ရင်လေးစရာ ပုံလေးတွေပါ။ ကြည့်သောသူသည် မြင်၏ ဆိုတော့ မြင်သလို ကြည့်လည်း ရ သလို ကြည့်သလို မြင်လို့လည်း ရတာ ပါပဲလေ ။နောင်တခေတ်ရဲ့  သားကောင်းလေးများ ကို ခုခေတ်ရဲ့  သားကောင်လေးများ မဖြစ်စေလိုပါ ။ သားကောင် ရတာနာ လေးများ မဖြစ်စေလိုပါ ။
စကားချပ် ...(ရယ်သောသူသည် အသက်ရှည်၏ လို့ လည်းဆိုကြ ပြန်သေးတယ် ။ဟဲဟဲ ။ ဒီတော့လည်း ပေါ့ပေါ့ ပါးပါး လေးသာ ကြည့်သွားကြပါ မိတ်ဆွေ အပေါင်း တို့ ။ ပေါလွန်းတယ် ထင်မစိုးလို့ ကိုယ့်ကိုယ်ကို ပြန်၍ အိနြေ္ဒ အနည်းငယ်ဆည် ရ ခြင်း ဖြစ်ပါကြောင်းး))
10 comments:
အိုးးး ထူးဆန်းစွာ ကိုယ် တစ် ဖြစ်နေပါလား :P
ဒါနဲ့ ကေအလန်စား ပဲများနေတဲ့ ကလေးပုံလေးက ချစ်စရာလေး..နော်.
သူတို့ဘ၀နဲ့ မဆိုင်တဲ့ အရာလေးတွေကိုသာဖယ်လိုက်ရင် ကလေးအားလုံးဟာ အပြစ်ကင်းပြီး ချစ်စရာကောင်းသူချည်းပါပဲ..
“ဟေ့ကောင် ကိကိ မိုက်ရင်ထွက်ခဲ့ အေ့ ဘီယာကျန်သေးလား”:D
ရုတ်တရက်ကြည့်ရင်တော့  ချစ်စရာနဲ့  ရယ်စရာကောင်းပေမဲ့ 
အဲ... အဲဒီ အတိုင်းဖြစ်လာမယ်ဆိုရင်တော့  ကြောက်စရာနဲ့ 
လန့် စရာကောင်း လာမှာပါနော်.....။
ရ တာနာ ကတော့  အင်း.. ကျွန်တော်တို့  ဆီမှာ
လာတော့ မယ်ထင်...။
နားကပ်လေးနဲ့ကလေးက တတကယ်ဖောက်ထားတာလားမသိဘူး....
နီးလာပြီ .. အဲလိုဖြစ်ဖို့က ;((
ခလေးလေးတွေကို အဲ့ဒီလို ရီစရာပဲဖြစ်ဖြစ် ရိုက်တာတဲ့ပုံလေးတွေ ကြည့်ရတာလည်း သနားစရာ ချစ်စရာ ချစ်လို့ရပါတယ် ကွင်းလေးတွေ တကယ်ဖေါက်ပြီးဆွဲခံရ
တာဆိုရင်တော့ သနားစရာလေးဗျာ.
အဲသလို ပုံတွေ အများစုက ကွန်ပျူတာနဲ့ ပြင်ထားတဲ့ ပုံတွေ ဖြစ်မှာပါ နော် ကိရေ..
အတုမြင် အတတ်သင် ဆိုတာ ရာခိုင်နှုန်း ၉၀ လောက်တော့ မှန်မယ် ထင်ရတာပဲ နော့
မိဘအရက်သမားဖြစ်တိုင်းသားသမီး အရက်ဂျိုးတော့ မဖြစ်လောက်ပါဘူးလေ..
တရားသမား မိဘ တွေမှာလဲ ဖဲသမား ကလေးတွေ ရှိနိုင်တာပဲလေ..း)
မိဘတိုင်းကတော့ ကိုယ် လူဆိုး သူခိုးဖြစ်နေရင်တောင်
သားသမီးတွေ ကောင်းစေချင်မှာ အမှန်ပဲ ထင်ပါတယ်
မိုက်တယ်....
ကြိုက်တယ်...
ခိုက်တယ်.....
:)
မမကိရဲ့ Idea ကိုပြောတာပါ။
မမကိကိ ကလေးလေးတွေက ချစ်စရာလေးတွေ...အဲ့လိုမျိုးလေးတွေ မွေးစားချင်တယ် ဟိဟိ
Creative သိပ်ကောင်းတယ်။ kiki ရေ စာရေးကောင်းတဲ့ သူတွေအတွက် ဘလော့ဂ်မှာ စာမူ ဖိတ်ထားတာ သွားဖတ်ပြီး စာမူပို့ပေးလိုက်ဦးနော့်။
အတုမြင်အတတ်သင် ဆိုပေမယ့်.... လွယ်လွန်းတဲ့အတုတွေကတော့ မကောင်းသောအရာတွေပဲဗျို့။ သူများတွေ လက်ကြားညှပ်တဲ့ ဆေးလိပ်ဖြူဖြူလေးစတိုင်ကို သဘောကျလို့ လိုက်လုပ်မိတာ။ ဆေးလိပ်မြင်ရင် သောက်ချင်နေတုန်းပဲဗျ။ ကျန်တဲ့ ကိစ္စတွေ လိုက်မတုနိုင်သေးပါဘူး။ အသားနာခံပြီး တံဆိပ်ကပ်တာတို့။ နားဖေါက်၊ လက်မြှောက်နေတဲ့ ရပ်ပါ အလုပ်တွေဆို မုန်းလွန်းလို့။ မိုက်တိုင်းချဲ တတ်တဲ့ မြေနိုမ့်ရာ လှံစိုက်တတ်တဲ့လူတွေ အကျင့်ကိုလဲ မုန်းလွန်းပါတယ်။ အရက်တို့ဘီယာတို့ဆိုတာတော့ လိုက်တုဖူးပါတယ်။ ဒါပေမယ့် အခုတော့ အရသာ ဆိုးတဲ့ဟာကြီးသိတဲ့နောက် ဂက်စ်များတဲ့ အအေးဘူးတွေတောင် မသောက်ချင်ပါဘူး။ အတုကိုခွါ အစစ်ရှာဆိုသလိုပဲ။ တုတတ်လွန်းရင်လဲ အစစ်ဖြစ်သွားပါတယ်။ ကောင်းတဲ့ အတုကိုတော့ လိုက်တုနေတုန်းမို့ အစစ်မဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူစိတ်ဆိုတာ ကိလေသာနယ်ပါယ်မှာ ပျော်မွေ့သကိုး။ ပျော်မွေ့တတ်တဲ့ မကောင်းတဲ့ စိတ်လေးကို ကောင်းတဲ့ဘက်မှာ ပျော်မွေ့ဖို့ အတုကောင်းလေးတွေ တုဖို့ ကြိုးစားနေပါတယ်။
Post a Comment