တစုံတခုမှာ မိမိထံ တွင် ဒါမှ မဟုတ် မိမိ အပါးတွင် အလွယ်တကူ အဆင်သင့် အမြဲ ရှိနေပါက ထိုတစုံတခု ၏ တန်ဘိုး ၊ အသုံးဝင်မှု များကို အသင် ဂရုမပြုမိ ၊ အလေးမထားမိ ၊ တန်ဘိုး မထားမိ တတ်ကြပါ ။ ထိုအရာတခု ဆုံးရှုံးသွား ခဲ့ ပြီးမှ ၄င်း၏ တန်ဘိုးကို နားလည် လာတတ်ကြပါသည် ။ ရှိနေစဉ်မှာ ဂရု မစိုက် မိလေခြင်း ဟု နောင်တ ရတတ်ကြလေသည် ။ လူတယောက်ရဲ့ မျက်လုံး ဆိုတာ သူ့ ရဲ့  အတွင်းစိတ် ကို ဖေါ်ပြနေတဲ့ စိတ်ပြူတင်းပေါက် လို့  တင်စားပြောဆို ကြသည်များလည်း ရှိပါသည် ။ မျက်စိ နှစ်လုံး မမြင်ရလျှင် ထိုသူမှာ ကမ္ဘာကြီးရဲ့ သာယာရှုမောဘွယ် အလှအပများ၊ ပတ်ဝန်းကျင် အနီး အဝေးမှ သက်ရှိ သက်မဲ့ များကို မမြင်ရ သကဲ့သို့  ။ ထိုသူရဲ့  အတွင်းစိတ်သဏ္ဍန်ကို လည်း သူတပါးက ခန့် မှန်း နိုင်ဖို့ ခက်လှပါသည်။ ဒါတွေက သာမာန် အတွေးနဲ့ ကြည့်ရှု သုံးသပ်ကြည့်ခြင်းမျှသာပါ။
အသင့်တွင် အတွင်းတိမ် ဒါမှ မဟုတ် အပြင်တိမ်စွဲ ကပ်နေတာကြောင့် အမြင်အာရုံတွေ ချို့ တဲ့  ဝေဝါး နေရတာ နှစ်ပေါင်းများစွာကြာခဲ့ ပြီးမှ မမျှော်လင့်ပဲ စက္ခုနှစ်ကွင်း အလင်းရခဲ့ပါလျှင် ။အသင် အဘယ်မျှ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါမည် လည်း ။ထိုကယ်တင်ရှင်အား အဘယ်မျှ ကျေးဇူးတင်ရှိပါမည်နည်း ။
အမြင်၅၀၀ နဲ့  အသက်တချောင်း လဲ လို့  ရကောင်းပါမည်လား ။ ခြေ၂ချောင်း မကယ်ကောင်းလို့  ဆိုကြပေမဲ့ အသက်တချောင်း တော့ ကယ်ကောင်းပါသည် ။ တန်ဘိုးရှိသောလူ ၊ တန်ဘိုး မရှိသောလူ ဟု ခွဲခြားသတ်မှတ်ထားကြသည်မှာ ဘာကို စံနမူနာ မှတ်ကျောက်တင်ပြီး ခွဲခြားထားကြပါသလည်း ။ ၄င်းမှာ လူ့ အဖိုးတန် နှင့် လူ့ ဗာလနံ ဆိုတဲ့ အဓိပ္ပါယ်နှင့်တော့ ကွာခြားနေမည် ဖြစ်ပါသည် ။ ဒါပေမဲ့ လူဆိုသည်မှာ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြသည့် လူလူချင်း အားလုံး အတူတူသာဖြစ်ကြပါသည် ။လူတိုင်း လူတိုင်းမှာ အသက် တစ်ချောင်းစီသာ ရှိကြသည် ။ ဒီကြားထဲ သူများထက် ခေါင်းတလုံးပိုမြင့်နေကြသူများ ရှိပါသည် ၊ ခေါင်းတလုံးထက်မက ပိုမြင့်သထက် မြင့်ရအောင် သူများခေါင်းပေါ် နင်းပြီးတက် နေကြသူများ ၊ တက်ဖို့ ကြိုးစားနေကြသူများ ။ ရှိနေကြသည် ။သူ့ ခေါင်းထဲမှာ ရှိသောသူ့ ဦးနှောက်မှ လောဘ ဒေါသ မောဟ အမှောင်တိုက်နေသော မှိုင်းကြောင့် သူတပါး ဦးနှောက် နဲ့ အသက်ကို တန်ဘိုး မထားတတ်ကြတာ မဆန်းပြားလှပါ ။
ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတော့ ၊ ဒီခေတ်ကြီးထဲ ငတေတွေ မာမာချာချာ နဲ့ ဆက်လက် ဆိုးပေနေကြသည်မှာလည်း မထူးဆန်းတော့ပါ ။
သင်ထား တတ်ထားတဲ့ ပညာတွေနဲ့ သူတပါး အသက်ကယ်ဖို့ ၊ ကျန်းမာအောင် ကုသပေးဖို့  ဆိုတာ ဆရာဝန်တွေရဲ့ အလုပ် ။ ကိုယ့်ပြည်သူတွေ ဘေးအန္တရာယ်ကင်းပြီး တိုင်းပြည် အေးချမ်းသာယာစေဖို့က ပြည်ချစ်စစ်သားတွေ ရဲ့ အလုပ် ။ လမ်းကြီး တံတားကြီးတွေ ၊အိုးအိမ်တိုက်တာ အဆောက်အဦးကြီးတွေ ကို ခိုင်ခံ့အောင်ဆောက်ဖို့ ရာက ဗိသုကာ အင်ဂျင်နီယာကြီးတွေရဲ့ အလုပ် ။ တိုင်းပြည် စီးပွား တိုးတက်အောင် ကူးသန်း ရောင်းဝယ် ဖေါက်ကားရေးက စီးပွားရေးဆိုင်ရာ ပညာရှင်များရဲ့  အလုပ် ။တခြား ၊ တခြားသော ဆိုင်ရာဆိုင်ရာ အလုပ်တွေကို ကျွမ်းကျင်လိမ္မာစွာ နဲ့ ကိုယ့်တာဝန် ကိုယ့်အလုပ် ကိုယ်လုပ်နေနိုင်ကြရင် ဒီတိုင်းပြည်ကြီး တိုးတက်မှာပဲပေါ့ ။ လူတယောက်က မကျွမ်းကျင်တဲ့ သူနဲ့ ဘာမှ မဆိုင်တဲ့ အလုပ်တခုကို လုပ်ချင်ရင်လည်း အောက်ခြေသိမ်းကနေ စလုပ်သင့်တယ် ။ ဒီနေရာမှာ ငါကအမြင့်ဆုံးဆိုပြီး နောက်တနေရာ မြင့်အောင် ခုန်ပျံကျော်လွှားလိုတော့ လှေနံ နှစ်ဖက်နင်းရင်း သူကတော့ ဘာမှ မသိလိုက်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ် ။( အိပ်ချင်ယောင်ဆောင်နေတဲ့သူ ဆိုလည်း အနှိုးရ ခက်ပါတယ်) ။ ကြားထဲမှ တစားခံ ဖြစ်သွားရရှာသူတွေလည်း ရှိခဲ့တယ် ။ ဒီလို အဖြစ်တွေ အထဲမှ တခုသော အဖြစ်လေး ကို ဖတ်မိရင်း စိတ်ထဲ နေရ ခက်လာလို့  ရင်ဖွင့်လိုက် မိပြန်ပါပြီ ။
သူ့ အကျိုးအတွက် သူ သွားခဲ့တဲ့ ဒီဒေသလေးမှာ နေထိုင်ကြသူတွေ အဖို့ တော့ သူ့ ကို မဟာကယ်တင်ရှင်ကြီး လို့ ယူဆကောင်း ယူဆကြပါလိမ့်မယ် ။ထူးဆန်းတာက ရှေ့ တရက်မှာ သွားခဲ့တာချင်းအတူတူ အဆိုပါ နေရာများမှ လူတွေ အတွက်တော့ ဘာမှ မလုပ်ပေးခဲ့ပါလား လေ ။ သူသာ လုပ်ပေးလိုက်ရင် ဒီ့ထက်မက တဲ့ အားပေး ယုံကြည်မှုတွေ ရအုံးမှာ ပါ ။ ပြည်သူ့ ဆေးရုံ ၊သူ့ ဆေးရုံလို့ များ သဘောထား နေပေတာလား ကိုယ့်ဆရာရယ် ။
( စကားမစပ် ကြားဖြတ်ပြောချင်တာရှိသေးရဲ့  ၊ မြန်မာစာ နဲ့ မြန်မာစကားတွေမှာ အဓိပ္ပါယ် စုံစေတဲ့ အသုံးအနှုန်းလေးတွေ အကြောင်း တွေးမိသေးလို့ပါ ။ ဥပမာ- "ရုံ " ဆိုတဲ့ စကားလုံးလေး ...
ဓမ္မာရုံ = လူအများစုဝေးပြီး တရားဓမ္မ များစုပေါင်း ရွတ်ဆို တရားအားထုတ်ရာ နေရာ အဆောက်အအုံ ။
စပါယ်ရုံ = စပါယ်ပန်းပင်များ အပြွတ်လိုက် အစုလိုက် ပေါက်နေသော အအုံအသင်း ။
လူအိုရုံ= သက်ကြီးရွယ်အိုများ စုပေါင်းနေထိုင်နိုင်အောင် စီစဉ်ပေးထားသော နေရာအဆောက်အအုံ၊ ယခင်ကတော့ ကြည့်ရှုစောင့်ရှောက်သူ ဆွေမျိုးများမရှိ သော သက်ကြီးရွယ်အိုများ ဂီလာနများ ၏ ခိုကိုးရာ စခန်းတခုပါ။ခုတော့ သူလည်း အခြေအနေအရ ချိနဲ့ စွာ ဖြင့် ရပ်တည်နေရသည် ။
ထို့ နည်းတူစွာ ..
ပြည်သူ့  ဆေးရုံ = ? ? ? ဆေးဝါးပြည့်စုံ၊ဆေးဝန်ထမ်းများ ဖြင့် လူ မမာ၊ လူနာ များအား အချိန်ပြည့် ကယ်တင် ၊ကုသ စောင့်ရှောက် မှုများပေး နေသောအဆောက်အုံ ။ ဒါမှ မဟုတ် တခြားသော အသုံးချခံ အဆောက်အအုံ ...? ? ?
ပုဂ္ဂလိက ကိုယ်ပိုင်ဆေးရုံ များ ကို ထဲ့သွင်း မစဉ်းစားထားပါ )
ဒီနေရာ က ဒီအခြေ အနေတွေ အတိုင်းသာ ကိုယ့်မိသားစု ဆွေမျိုး မိတ်ဆွေတွေ ထဲ ကိုယ်တိုင်ကြုံတွေ့ လာခဲ့ရင် ဘယ်လိုများခံစားမိကြမှာလည်း ။ အမြင်အာရုံ ရသွားတဲ့ ၅၀၀ သော မိသားတစု နဲ့ ပတ်သက်သူများက .. သူ့ ကို အားပေး ထောက်ခံ ကြမယ်လား ။ရာနှုန်းပြည့် မသေချာပါ ။ ဆုံးရှုံးသွားတဲ့ အသက်တချောင်းနဲ့ သက်ဆိုင်သူများကတော့ သေချာပါတယ် ။ ဘယ်တော့မှ လုံးဝ (လုံးဝ) မထောက်ခံ နိုင်ကြပါဘူး ။
သူဆိုတဲ့ လူတယောက် နဲ့ သူ့ ကြောင့် ဆိုတဲ့ အကြောင်းအရာများကို သိချင်ပါက ဒီနေရာသို့  ဆက်လက်ကြည့်ရှု ကြပါကုန် ။
ကျန်းမာရေး ဒုဝန်ကြီး ပေါင်းတည်မြို့ မဲဆွယ်ခရီးတွင် လူနာတဦးသေဆုံး
မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၆၊ ၂၀၀၉
အလှူလဖက်နဲ့ မျက်နှာလုပ်တဲ့ ဆေးစိမ်ခြင်ထောင်တွေ ဆိုတာလည်း ပါသေးရဲ့  ။
အသက်တချောင်း ကယ်ကောင်းပါတယ် ။ကယ်ပေးသင့်ပါတယ် ။ အမြင် ၅၀၀ အတွက် နဲ့ အသက်တချောင်းကို လျစ်လျှု မရှု ထားကြစေလိုပါ ဆိုင်ရာဆိုင်ရာ ဆရာသမားများတို့ ရယ် ။
ကိုယ့်အမြင် ကိုယ့်ခံစားချက်များကို ကိုယ့်ဖက်မှ ကိုယ်တွေးမိသလို ရေးထားပါသည် ။ မျက်မှန် မဲမဲ တပ်ပြီးရေးခြင်း မျိုး မဟုတ်သလို မျက်မှန် မပါပဲ ရေးခြင်းမျိုးလည်း မဟုတ်ပါ ။အရောင်မျိုးစုံသောမျက်မှန်တွေ တပ်မိထားလို့ အရောင်စုံ အမြင်များဖြစ်ကောင်း ဖြစ်နေပါမည် ။
သူတည်းတစ်ယောက်ကောင်းဖို့  ရောက်မူ ၊ သူတစ်ယောက်မှာ ပျက်လင့် ကာသာ ဓမ္မတာ တည်း ။ သဗ္ဗေသတ္တာ ကမ္မသကာ ။ ဒီလိုပဲ သဘောထားရပါတော့မည်
21 comments:
ကိ.. လက်ချာတွေ လာနာယူ သွားတယ်
အလွယ်တကူရထားတတ်တာလေးတွေ တန်ဖိုးထားတတ်စေဖို့..
အမြင် အာရုံ ဆိုတာ ဘယ်လောက် အရေးကြီးကြောင်း..
ပြီးတော့ ရုံ... ရုံ... ရုံ...
ပြီးတော့ အလှူ့အိမ်က လက်ဖက်နဲ့ မဲဆွယ်ကြသူတွေ အကြောင်း ..
ပြီးတော့.. .နှလုံးသား မဲ့ လူတန်းစား အကြောင်း...
"ခေါင်းတလုံးထက်မက ပိုမြင့်သထက် မြင့်ရအောင် သူများခေါင်းပေါ် နင်းပြီးတက် နေကြသူများ ၊ တက်ဖို့ ကြိုးစားနေကြသူများ ။ ရှိနေကြသည်"
ရှိနေကြသည်
ရှိနေကြသည်
ရှိနေကြသည်
ရှိနေကြသည်
ရှိနေကြသည်
ရှိနေကြသည်
လက်ချာလိုက်နေရင် အိပ်ပျော်သွားလို့...
းဝ)
ရှိသေးတယ်...
ဘူတာရုံ = ဘူတာပန်းပင်များ အပြွတ်လိုက် အစုလိုက် ပေါက်နေသော အအုံအသင်း ။
းဝ)
ကိုယ်တို့ အရပ်မှာ ဒီဇာတ်ပဲ ကနေတာ
ကြာပြီ မယ် ကိရေ။
မအယ်
ဒီနေ့ပို့စ်လေးကို ဖတ်တာ သိပ်နားမလည်ဘူး။ အမြင်၅၀၀နဲ့အသက်တစ်ချောင်းဆိုတဲ့အဓိပ္ပါယ်ကို သဘောမပေါက်ဘူးဖြစ်နေတာ။ နှစ်ခေါက်ပြန်ဖတ်ကြည့်လိုက်ပါအုံးမယ်။ သြော်... ပြောချင်တာက အကျိုးလိုလို့ ညောင်လေးလောင်းတဲ့သဘောဖြစ်သွားတာကို၊ လူတိုင်းလိုလိုပါပဲ။ ကိုယ့်အတွက် အကျိုးမရှိတဲ့ အလုပ်ကို လူတိုင်း အချိန်ပြည့်မလုပ်နိုင်ပါဘူး။ အတ္တကိုဦးတည်နေသောလူ၊ ပရဟိတကိုဦးတည်နေသောလူ၊ ပရဟိတနှင့် အတ္တဟိတကိုဦးတည်နေသောလူ၊ နှစ်ခုလုံးမဦးတည်သောလူ၊ အဲဒီထဲမှာ မြတ်စွာဘုရား ချီးမြှောက်တဲ့လူက အတ္တပြီးမှ ပရဟိတကို ဦးတည်သောလူကို ချီးမြှောက်တယ်။ မြတ်စွာဘုရားဟာ သတ္တ၀ါတွေကို ကယ်တင်ဖို့အတွက် သဗ္ဗညုတဉာဏ်တော်ကို အရင်ရဖို့ ကြိုးစားရပါတယ်။ ဒါမှ လူတွေကို ဘယ်လိုကယ်မယ်ရမယ်ဆိုတဲ့ နည်းလမ်းကို ပြီးပြည့်စုံအောင် သိမှာလေ၊ အတ္တလိုပြောရမှာပေါ့။ အတ္တလိုလဲပြောလို့လဲ မရပါဘူး။ သူကြိုးစားတဲ့ ရည်မှန်းချက်က သတ္တ၀ါတွေကိုကယ်တင်ဖို့ အတွက် ကြိုးစားတာဆိုတော့ မိမိအတွက် လုပ်နေခြင်းဟာ အားလုံးအတွက် လုပ်နေခြင်းဆိုတဲ့ မြင့်မြတ်သော စိတ်နဲ့ ရည်တည်လုပ်ဆောင်ခဲ့တာပါ။ ဒေါက်တာမြဦးကတော့ ဘာအတွက် လုပ်တယ်မလုပ်ဘူးဆိုတာကတော့ သူပဲသိမှာပါ။ အခုပုံစံကတော့ အစ်မတို့ပြောသလိုမြင်သလိုဖြစ်နေပါတယ်။ လူတွေကို အပြစ်ပဲ ကြည့်နေရင်တော့ အပြစ်ပဲမြင်တော့မှာပေါ့။ သမ္မတလောင်းတိုင်း မဲဆွယ်ဖို့အတွက် ဒီလိုပဲ လုပ်နေကြတာပါပဲ။ ကမ္ဘာကြီး နူးကလီးယား ကင်းစင်အောင် လုပ်မယ်လို့ ကြွေးကျော်ထားတဲ့ ဦးအိုဗားမားကတော့ အီရန်ကို နူးကလီးယားပေးဖို့ အခြေအနေရောက်နေပြီးလေ၊ ကျွန်တော် အထင်ပြောရရင် အိုးဗားမား တတ်လာတာ တစ်ကမ္ဘာလုံး နူးကလီးယား ပေးဖို့များလားလို့ပါ။ လျောက်ပြောမနေနဲအုံးနော်။ အစ်မလိုပေါ့ အမြင်ပေါ့လေ။ ရောင်စုံတွေနဲ့ မြင်တတ်တော့ ကောင်းတာပေါ့။ ကာလာစုံကြည့်တတ်သွားမှာပေါ့နော့်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဝေဖန်တာကို အစ်မကြီး စိတ်မဆိုးတဲ့အတွက်။
အင်း.. ကိရေ.. ရောင်စုံမျက်မှန်တပ်ကြည့်လိုက်တာ ဘယ်ဟာအမှန်မှန်းမသိတော့ပဲ ရောင်စုံဖြာမူးသွားတယ်။ မျက်မှန်ချွတ်ပြီး အမေအမွေပေးတဲ့မျက်လုံးနဲ့ပဲ ကြည့်ပြီး ပြန်သွားတယ်နော် :)
ဘာမြင်လဲ လိုက်မေးနဲ့ ပြောဘူး :P
ုkiki ရေ...အမြင်အာရုံအရေးကြီးတာ သိပ်သိတာပေါ့... ဒို့က မျက်လုံးအားနည်းတယ်...
မှန်လိုက်တဲ့ လက်ချာတွေ...
သေသေချာချာဖတ်သွားပါတယ်...
ခက်တယ်...ခက်တယ်...ခက်တယ်ဗျာ...
သူတို့မှာ ကိုယ်ပိုင် အတွေးနဲ့ စွမ်းဆောင်နိုင်မှုမှ မရှိပဲ .. ဒါလုပ်ဆို လုပ်ရုံပဲ .. တခြားလမ်းကြောင်းမပြောင်းနဲ့ မရဘူးလေ .. ခေါင်းက မသုံးတာကြာတော့မှိုတက် .. နှလုံးသားက ရေခဲရိုက်နဲ့ .. ဟူး .. ဒုက္ခ .. ၀ဋ်ပဲပေါ့ .. ဘာတတ်နိုင်မှာလဲ .. (၀ဋ်ကြွေးတွေ အမြန်ကျေကြပါစေတော့ ......)
အယ် သော်ဇင် မန့်သွားတာတွေက မကိ ပို့စ် တဝက်လောက်ရှိတယ် ဟိဟိ
ကိ ရေ စာလာဖတ်သွားတယ် သိလား အခုပဲ နေ့ခင်းအိပ်ယာက တရေးနိုးတယ် အစ်ကိုဖုံးဆက်လှမ်းနှိုးပြီး ဟောက်တယ်သိလား အိုပါးလူဇိုးးးးးးးးးးးး အဲဒါ ထ လာတာ စာမကျက်ခင် မကိ ပို့စ်လာဖတ်တာ ဟွန့် အိပ်ချင်ပြေသွားပြီ ဘာတွေမှန်းကိုမသိဘူး မကိရေ ညစ်တယ် လုပ်ချင်တာသာလုပ်ကြတော့
သိလား ဘယ်နိုင်ငံခြားသား ဘယ်သူလဲမသိဘူး(တိကျထှာ) ပြောတယ် ဘဘဂျီးကို သိလား ကျွန်တော်တို့ နောက်နှစ် ၂၀၁၀ ကျရင် ဘဘဂျီး(သူကတော့ အဲလိုခေါ်ဘူးလေ) ကို စစ်ဝတ်စုံချွတ်ပြီး အရပ်ဝတ်နဲ့ တွေ့ရမှာတဲ့လေ ခိခိ ပြောတာနားလည်မှာပါနော် နားမလည်လဲ မတတ်နိုင်တော့ဘူး
တာ့တာ စာလုပ်တော့မယ် ဘိုင်
အဟွတ်... တငယ်ဂျင်း... မာဖီယားမှာ လမ်းဘေး သူခိုးလုပ်ရင် ဂိုဏ်းချုပ်ဖစ်အောင် ကြိုးစားနေသေးကြောင့် မလာအား.....
ယခုရောက်သည်......
ဘန်တာငွေလိုရင်ပြော.... ငါ ၂၁ ကျပ်ကြီးများတောင်ရပြီ....
ပုံ.....
ဘီးစုတ်နဲ့ဝူမန်း....
ခြင်.....
သူ့ ခေတ်နဲ့ သူ့ အခါ ထင်ရာဆိုင်းနေကြပါပေါ့  အမြင်မတော်တခါပြောမိတယ် ဘူးတက်လို့  ကွယ်ပါတယ်လေး သူတို့ တော့ မသိဘူး ဘဲ ပြောမှာပေါ့ မကိရာ လုပ်နေကြဖြစ်နေတာကိုး ဘယ်နေရာဘယ်သွားသွား (စံလင်းသီချင်းစာသား) ယူသုံးမိတယ် ကိုယ့် အတွက်အခွင့် ရေးရမယ်ဆိုရင်ပြီးရော သဘောနဲ့  လူ့ အသက်တချာင်းနဲ့ လဲရလဲ လဲရ ဘာကိုမှဂရုမစိုက်နိုင်တော့ ဘူးလေ ဒီလိုဖြစ်၇ပ်တွေ မြန်မာပြည်အတွက် မဆန်းဆတာ့ သလိုပါဘဲ လူ့ အခွင့် ရေးနဲ့  လူ့ တန်ဘိုး နားမလည်တော့ ခက်တယ်ဗျာ ဓါးထက်ထက်
ဘယ်လိုပြောရမလဲ မမကိရေ...
ရထားတဲ့ ခုံလွတ်သွားမှာ၊ ကြမ်းပြင်ဆင်းထိုင်ရမှာ ဝန်လေးနေကြတဲ့ ကိုယ့်အတ္တကိုယ် ဦးရွက်နေကြတာ ဆိုတော့လဲ........
ဒါပါပဲ...
း)
တိရိစ္ဆာန်ရုံ ဆိုတာရှိသေးတယ် နေပြည်တော်မှာ
အထက်လူကြီးဆိုတဲ့သူတွေကပဲ အနိဌာရုံတွေ မမြင်ဝံ့ တာလား အောက်က ဖော်လံဖားတွေကပဲ ပိုပိုသာသာ ကာတာလားတော့မသိဘူး ကြားထဲက ပြည်သူတွေ ခါးနာ ကုန်ကြပြီ။
ဆေးရုံပဲ လူနာဆိုတာတော့ ရှိရမှာပဲမဟုတ်လား။
ကျွန်တော့် အမြင် ပြောရရင် ဒါလဲ လုပ်စားခြင်းတစ်မျိုးပါပဲလို့ 
ကိုယ့် အတွက် အသုံးချလိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲလို့ ။
မယ်တော်က ကဲကဲဆိုတဲ့  အောက်ချေလူတန်းစားတစ်ရပ်
ပေါ်ပေါက်နေတာလဲ ပိုဆိုးလာနေတဲ့ အချေအနေတွေပါ။
အဲဒီလူတွေက လူထဲကလူတွေပဲဖြစ်လို့  ဖြစ်သင့် ဖြစ်ထိုက်
လုပ်သင့် လုပ်ထိုက်တာတွေကို ရဲရဲတင်းတင်းပဲလုပ်နေဘို့ လိုပါတယ်။
မှန်တာတွေ မပြောပါနဲ့ ဆိုပေမဲ့ မှန်တာတွေပဲဖြစ်ဖြစ်နေတော့  အင်း...........
အသိသံဝေဂတစ်ခုတော့ သင်ခန်းစာယူသွားပါတယ်။
တစ်ခါကတော့“ပြည်ချစ်စစ်သား”ပါ
ခုတော့“ပြည်ပစ်စစ်သား”ဖြစ်နေပြီ
တစ်ယောက်ကပြောခဲ့သလိုပဲ
အမြင်၅၀၀နဲ့အသက်တစ်ချောင်းဆိုတာကို
သိပ်နားမလည်ဘူး
ရှင်းဦးမမကိ ရှင်းဦးးးး
ဗိုလ်ချုပ်သြဝါဒပေးခဲ့တာကတော့
“ရဲဘော်သည် တိုင်းပြည်အတွက်ဖြစ်စေရမည်
တိုင်းပြည်သည် ရဲဘော်အတွက် မဖြစ်စေရ”တဲ့
ခုတော့ဒီစကားဘယ်သွားထားမလဲ ??
သူများတစ်ကာထက်ခေါင်းတစ်လုံးပိုမြင့်ချင်တဲ့
သူတွေအတွက် ပိုကောင်းတဲ့နည်းလမ်းတစ်ခုရှိတယ် လူတကာကိုချနင်းနေစရာမလိုတော့ဘူး
ကိုယ့်လည်ပင်းပဲကိုယ်ပြန်ကြိုးချည်ပြီး ဟိုးမြင့်မြင့်မှာချည်ထားပလိုက်
မပိုင်ဘူးလားမမကိ ခွိ ခွိ :P
ကံကောင်းရင်
တာဝတိံသာတောင်ရောက်ဦးမှာ အဟီးးးးးး
Post a Comment