( ပုံလေးက သေးနေလို့ သေချာမမြင်ရရင် ကလစ်လုပ်ကြည့်ကြတာပေါ့ နော် ..)
ကာတွန်း အော်ပီကျယ် ရဲ့  ဘုဂလန့်  အတွေး နဲ့ အခြစ် တွေ ကို သဘောကျ လို့  တင်ပြပေးလိုက်ပါတယ် ။
ဆားချက်ရတာလဲ မောတာဘဲ ... :)
ပညာရှိတွေက ဆိုကြတယ် ၊ စာများများဖတ်ပါ တဲ့ ။
ခေတ်နှင့် အပြိုင် သိရန်မလို ၊ ပဟေဠိကဏ္ဍများတွင် မေးနေကြသည်မှာ အတိတ် အကြောင်းများသာ ဖြစ်၏ ။ တဲ့  ။
ထော်လော်ကန့် လန့် အော်ပီကျယ်က ပြောတယ် ။ စာများများမဖတ် ပါနဲ့  ။ အစာ နှစ်မျိုးအနက် စိတ် ၏အစာ ဟုခေါ်ကြသော စာဖတ်ခြင်း သည် စာအုပ်ဖိုး ၊ ငှားခ နှင့် ဝင်ကြေးများ ကုန်ကျသော်လည်း ဗိုက်မဝ ပေ ။ အရသာလည်း မရှိဘူး တဲ့ ။
အနည်းငယ် ဖတ်လိုပါက အပျင်းပြေ အပျော်ဖတ် အရည်မရ အဖတ်မရ စာအုပ်များကိုသာရွေးဖတ်ပါ ။ စကားဝိုင်းများကို သင် စိုးမိုးထားနိုင်ပါလိမ့်မည် ၊ တဲ့ ။ သူ့ ဇာတ်လိုက် ဝက်လေးက ( သိုးမ ဘဝကနေ သိုးထီင်္းဘဝကို အလိုလိုပြောင်းသွားတာ ) ဆိုပါလား ။
ဗဟုသုတ များခြင်းသည် စီးပွားဥစ္စာ ရှာဖွေ ရာတွင် အသုံးမဝင်လှချေ တဲ့ ။
( ဘယ်နေရာမှာ ဘယ်သူ့ ကို ချဉ်းကပ်ရမဲ့  လမ်းညွှန်စာအုပ် ရှိလား )
ကျန်းမာရေး၊ အဟာရကျမ်း၊ အတတ်ပညာ ၊ အထွေထွေဗဟုသုတ စာအုပ်များ ဝယ်သူမရှိ ၊ ကြွက်သိုက် ဖြစ်ခါနီးနေပြီ ။
ခေတ်နှင့် အပြိုင် သိရန်မလို ၊ ပဟေဠိကဏ္ဍများတွင် မေးနေကြသည်မှာ အတိတ် အကြောင်းများသာ ဖြစ်၏ ။ တဲ့  ။
(ပြင်သစ်ရွေးကောက်ပွဲ အနိုင်အရှုံးက မနေ့ ည ဘောလုံး ပွဲ အနိုင်အရှုံးလောက် အရေးမပါဘူး )
ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ္စမရှိပေ ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ ၊တဲ့  ။
( မင်းအကြောင်းစိတ်မဝင်စားပါဘူး ၊ မင်းက ရေနံမှ မဟုတ်တာ )
ဟုတ်တော့လည်း ဟုတ်နေတာဘဲ နော် ။ သူ့ အတွေး အရဆိုလည်း မှားတယ် မပြောနိုင်ပါဘူး ။ အဆိုအမိန့် တွေ ဆိုတာက စာအုပ်ကြီးထဲမှာသာ ကျန်နေကြတော့ တာလေ ။ လက်တွေ့  အပြင်မှာ ဖြစ်နေ ၊ ကျင့်သုံး နေကြတာ တွေက ရှေးက ပညာရှိ အဆိုအမိန့် တွေ နဲ့  လားရာဘက်ချင်း ဆန့် ကျင်နေကြပြီ ဖြစ်တဲ့  ခေတ်အခါ သမယ ကြီးမှာ လမ်းမှန် ၊လမ်းဖြောင့် အတိုင်းသွားသူများ အတွက် တိုးတက်ရာ မရှိ ၊ နေရာ မရ နိုင်ကြ တော့ ပါဘူး ။ ဒီခေတ်ကြီးထဲ အမှန်တကယ် တတ်သိ ပညာ ရှိရန် မလိုတော့ပါ ။ အရေမရ အဖတ်မရ စာပေါ့ပျက်ပျက်လောက်သာ ဖတ်ပြီး လူတွင်ကျယ်လုပ်တတ် ၊ ရောတတ် ။ ကပ်တတ် ၊ဖါးတတ်သူ များ ဖြစ်အောင် ကြိုးစားရန်သာ လိုပါတော့ သည် ပေါ့ ။
( ဖတ်ပြီး ရူးချင် မူးချင် ဖြစ်သွားရင် ... အိမ်ပြန်ပြီး အနားယူပါ ရန် )
►Posted by
:kiki
:
at
10/05/2009 09:00:00 AM
Subscribe to:
Post Comments (Atom)
14 comments:
သေချာလိုက်တာ မမကိရယ်။ ပညာရှိတွေရဲ့ အဆိုအမိန့်နဲ့ လားရာ ဆန့်ကျင်ဘက်ကိုပဲ သွားနေကြတဲ့ ဒီအသိုင်းအဝိုင်းမှာက အင်းးးးးးးးးးးးးး မမကိရေ မမူးဘဲ မနေနိုင်လို့ တွေးမူးမူးသွားပါတယ်။
မှန်အိ မှန်အိ.... ဟုတ်ပါ့.... :)
တခါတလေမှာ အပေါ်ကအချက်တွေ အားလုံးမှန်နေတတ်ပါတယ်
အင်း ဟုတ်လောက်တယ်ဗျ
ဒါနဲ့နေပါဦး ကာတွန်းပုံက ရှားသလား ဘယ့်နှယ့် ဝက်ပုံ တင်ရတာတုံး တင် တော့လဲ နာ့ကို ခွင့်လဲမတောင်းဘူး ဒီ အော်ပီကျယ်တော့ နာတော့မယ် သွားစွဲဦးမှနဲ့ တူတယ် တရား ပြောပါတယ် ဟက်
မကိရေ မှန်တယ်နော် ဒက်ထိ မြေကြီးလက်ခတ်မလွဲအောင် မှန်တယ် ဟားဟားးးးးးးးးးးးးးးး
ကိရေ ရှာတတ်ဖွေတတ်လိုက်တာနော်...
မှန်တာကမှ တိန်ကနဲပဲ...
တော်ပီ အွန်လိုင်းမှာ စာလိုက်မဖတ်တော့ဘူး...
အိပ်ရေးဝအောင်ပဲ အိပ်တော့မယ်...
ဟိဟိ...
ဟုတ်ပြန်ရောမမကီရေ့ ၊ အဆိုအမိန့် တွေဘေး
ချိတ်ပြီး လုပ်ချင်ရာလုပ်နေတော့ တဲ့ ခေတ်ကြီး
ပါ၊ဘေးချိတ်ထားလို့ တော်တော့ တယ်။တက်
မနင်းရင်ပဲတော်ပြီ။တိုင်ဝမ်မှာ ချန်ကေရှိတ်
ကြီးဘေးဖယ်ခံရတယ်။ ဗမာပြည်မှာ ဗိုလ်ချုပ်
အောင်ဆန်း ကိုဘေးဖယ်နေပြီ။တစ်သိန်းတန်
ထွက်တဲ့ အချိန်ကျပျောက်တော့ မယ်ထင်တယ်လို့ ။
ဖတ်ပြီး ရူးချင် မူးချင် မဖြစ်ချင်ပါဘူး.... ရူးပြီး မူးပြီးသားမို့
နဂိုက စောင်းနေတာ ဖတ်ပြီးမှ ပြန်တည့်သွားသလားလို့...
နောက်ဆို ကျယ်ကျယ် မအော်ပါနဲ့လို့... တိုးတိုးသက်သာ အောင်ပါလို့... ဦးအော်ပီကျယ်ကို ပြောပေးပါ...
ပုံ
အော်ပီတိုး စေချင်သူ
အမှန်ပဲဗျာ...
စကားဝိုင်းမှာ..သင်..စိုးမိုးထားနိုင်ရန်မှာ...
ကိုကြီးကျောက်ခဲ..blog ကိုသာရွေးချယ်ဖတ်ရှုပါ....
ဖွာကီရေ အဆိုအမိန့်တွေ ဥပဒေတွေဘေးမှာထားတာက စစ်အစိုးရတွေလေ အပြောတမျိုး အလုပ်တမျိုးလဲ သူတို့တွေဘဲ ပြောချင်တာပြော လုပ်ချင်တာလုပ် ဒါသူတို့အလုပ် ... ဖတ်ရင်းနဲ့လဲ မူးသွားလို့ အိမ်ပြန်ပြီး အနားယူလိုက်ပီဗျို့ 
ကာတွန်းဆရာ က ခေတ်ကြီး ကမောက်ကမ ဖြစ်နေတာ သရော်ချင်ဟန် တူရဲ့
စာအုပ်ဖိုးတွေ စာအုပ်ငှားခတွေ ဈေးကြီးတာလဲ ပြောချင်လို့ နေမှာပေါ့
မမ ငယ်ငယ် က တွေ့တဲ့စာ တွေ့တဲ့နေရာ
ကောက် ကောက်ဖတ်တော့
အဖိုးတွေ အဖွားတွေက ဆူတယ် အသက် ၅ နှစ်မပြည့်ခင်ထဲက စာအုပ်တချို့ ဆွဲဖတ်ကြည့်နေခဲ့တာမျိုးကိုး
မတော်တရော်စာတွေ ဖတ်မိရင် ကလေး အကျိုးယုတ်တော့မှာပဲ လို့ တွေးပြီး ဖိုးဖိုးတို့ စိတ်ပူခဲ့တာလေ
မမ ကတော့ ခိုးဖတ်တာ ပဲ
လူမိတော့လဲ အဆူ ခံ ထိ ပေါ့
ဦးလေး တွေ ဖတ်တဲ့ ၀တ္တုစာအုပ်တွေ ဆိုလဲ အသက် ၁၀ နှစ်မပြည့်ခင် ခိုးဖတ်ခဲ့တာ
နိုင်ငံရေးယောင်ယောင် စာအုပ်တွေ စဖတ်တော့ အသက် ၁၂ နှစ်
ခု အသက်ကြီးလာတော့ ကာတွန်းဆရာပြောသလို အရည်မရ မဖတ်မရ တွေ အဖတ်များနေသလား လို့..း).. ဘ၀ က ပေါ့ပေါ့ ပါးပါး ပဲ ကောင်းသကွဲ့ နော.. ကိ..း)
အားးးးဟားးးးး
မှန်လိုက်တာတော်။။။
အိပ်တော့မယ်။ ဟဟ
သမီးကြီး အိပ်ပါပြီ။။
Post a Comment