ပြီးခဲ့တဲ့ ရက်များမကြာမီက သတင်းအဟောင်းတွေ ပြန်လှန်ဖတ်ရင်း အံ့သြစရာလေး သွားတွေ့ လိုက်လို့စိတ်ဝင်စားမိတယ် ။ သတိထား သင့်တယ် ထင်လို့  ရှာဖွေ ဖတ်ထားတာလေးတွေ ကို နားလည်သလို ဘာသာပြန်ရေးပေးလိုက်ပါတယ် ။
ဒီထိုင်ဝမ်မှာ အမျိုးသမီး တဦး ဟာ အိမ်မှာနေတုံး မျက်စိ ၊ နား ။နှာခေါင်း ၊ပါးစပ် ရှိသမျှ အပေါက် တွေမှ သွေးများရုတ်တရက် ယိုထွကိ လာပြီး အသက်ဆုံး ရှုံးသွားတယ် ။ ဆေးရုံရောက်ပြီး အသက်ကယ်ပေမဲ့လည်း မရလိုက်ပါဘူး ။ ဒီတော့ police case ပေါ့လေ ။ ဆရာဝန်တွေက သက်ဆိုင်ရာ မှုခင်းဆရာဝန်တွေ ၊ ရဲတွေ အကြောင်းကြားပြီး ဒီ လူသေမှုကို စစ်ဆေးကြရတော့တာပေါ့ ။အဆိပ်သင့်တဲ့ လက္ခဏာတွေ ရှိတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံ တာလား ။ သူများက လုပ်ကြံတာလား ဆိုတာကို စစ်ဆေးကြရတယ်လေ ။
ဒ်ီအမျိုးသမီးရဲ့  မိသားစုဝင်တွေရဲ့ ပြောပြချက်အရ ..သူမ ဟာ အဲဒီနေ့ ညစာ ကို seafood ပုစွန်၊ ဂဏန်းတွေနဲ့ စားခဲ့တယိ။ သူ့ မိသားစုတွေလည်း ဒီဟင်းကိုပဲ အတူတူ စားခဲ့ ကြတာပါ ။ ဒါပေမဲ့ တခြားသူတွေကတော့ ဘာမှ နေမကောင်းခြင်း မဖြစ်ခဲ့ဘူး ။ ဒါဆို ဘာကြောင့် သူ့ တယောက်ထဲ ဖြစ်ရတာလဲ လို့ စဉ်းစားစရာပါဘဲ ။
သူ့ ရဲ့ နောက်ကြောင်းရာဇဝင်ကို ပြန်မေးကြည့်လိုက်တော့ သူဟာ မသေခင် အချိန်ကာလ ကြာရှည်စွာ ကတည်းက ဗီတာမင် စီ ဓါတ်ပါတဲ့  အားဆေးပြားတွေကို အလွန်အမင်းမှီဝဲနေကြဖြစ်တယ်တဲ့ ၊ ဒါနဲ့ဘဲ သေသူရဲ့  အစာအိမ်ထဲမှာ ကျန်ရှိနေတဲ့ သူ နောက်ဆုံးစားခဲ့တဲ့ အစာဟောင်းတွေကို မှူခင်းသိပ္ပံ ဆရာတွေက ဓါတ်ခွဲ စမ်းသပ်ကြည့် ကြပါတယိ ။ ထွက်လာတဲ့ အဖြေ ကတော့ အာဆင်းနစ် အဆိပ်သင့် ခြင်း ပါတဲ့ ။
ဘာကြောင့် ဒီလို အဆိပ်သင့်ရတာလဲ ၊
( အလွန်လှချင်သူများ ။ ဗီတာမင် စီ အများအပြားသောက်သူများ ။ seafood ကြိုက်သူများ မှတ်သားဖွယ်ရာ ပါ )
မိန်းကလေး များစွာ တို့ဟာ အဲဒီ ဗီတာမင်စီ အားဆေးတွေကို အသားအရေလှအောင် ၊ပိန်အောင်.စတဲ့ ရည်ရွယ်ချက်တွေ နဲ့ နေ့စဉ်သောက်သုံးတတ်ကြပါတယ် ။ seafood လည်း ဒီလိုပါဘဲ ။ အရသာရှိတဲ့အစားအစာ ဆိုတော့ အလာဂျီ ရှိတဲ့ သူတွေကလွဲရင် လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ် ။ အထူးသဖြင့်  တရုပ်လူမျိုးများပါ ။ ဘယ်လောက်ပဲ ဈေးကြီးပစေ ၊ စားကြတာပါဘဲ ။
ဗီတာမင် စီဆိုတာက ရေထဲ ပျော်ဝင်လွယ်တဲ့  water soluble တမျိုးပါ ။ဒါကြောင့် သူ့ကို ဘယ်လောက် များများ စားသုံးပေမဲ့ ကျောက်ကပ် ပုံမှန် ရှိနေတဲ့  လူကောင်းတဦးမှာ ပိုလျှံနေတဲ့  ဒီ ဗီတာမင်စီ ပမာဏကို ဆီးထဲမှ နေပြီး စွန့် ထုတ်ပေးလို့  လူအတွက် အန္တရာယ် မဖြစ်စေပါဘူး ။လတ်ဆပ်တဲ့  Seafood ပုစွန် ၊ ဂဏန်းတို့ ဟာလဲ သူ့ ချည်း သက်သက်ဆို ဘာမှ အန္တရာယ် မပေးပါဘူး ( အလာဂျီ ရှိသူများက လွဲရင်ပေါ့ )
ဒါပေမဲ့ ပြသနာ က ခုမှ စတာပါ ။ များသောအားဖြင့်  ဆိုင်တွေမှာ စားကြသောက်ကြရင် အအေးလေးနဲ့ ၊ အရက်လေးနဲ့တွဲ ပြီး စားကြတယ်လေ ။ စားရင်းပြောရင်းနဲ့ အာခြောက် ရင်းနဲ့  အအေးတွေလည်း အတော်လေး ဝင်သွား ကြလေ့ရှိတယ် ။ အဲဒီ အအေးမှာ sunkist , orange တို့ လို အချဉ်ဓါတ် ပါတဲ့  juice တွေက အအီပြေစေတာမို့  တွဲသောက်တတ်ကြတယ် ။ အဲဒီတော့ seafood တွေရယ် ၊ ဗီတာမင်စီလွန်ကဲတဲ့ အအေးတွေရယ် တွဲ မိ သွား ခဲ့ရင်တော့ အာဆင်းနစ် အဆိပ်သင့် တတ်ကြတယ်တဲ့ ။
အမေရိကန်နိုင်ငံ လ ချီကာဂို မြို့ တက္ကသိုလ် တခုမှ သုတေသနပညာရှင်များတွေ့ ရှိချက် အရ ..ပုစွန် ၊ ဂဏန်းတွေရဲ့  ပါးလွှာတဲ့  အခွံလေးတွေမှာ ပိုတက်စီယမ် အာဆင်း နစ်ဒြပ်ပေါင်းတွေ ပါရှိ သတဲ့။
As2 05 လို့  ခေါ်တဲ့ arsenic oxide ( Potassium arsenic anhydride ) ဟာ သူ့ ဟာသူ အခွံ ပါ်း လွှာလေးထဲ မှာ ရှိနေတာ လူကို ဘာမှ အဆိပ် မဖြစ်စေပါဘူး။ဒါပေမဲ့ သူက ဗီတာမင်စီဓါတ် အလွန်အကျွံနဲ့ တွေ့ ထိသွားတဲ့ အခါကျတော့ အဆိပ်အတောက် ဖြစ်စေတဲ့ (As2 O3) ခေါ် arsenic trioxide ADB arsenic anhydride , အပါအဝင် potassium toxic arsenic အဖြစ် ဓါတ်ပြောင်းလဲ သွားရတယ် တဲ့ ။
အဲဒီ အာဆင်းနစ် အဆိပ်သင့်ရင် ဘာတွေဖြစ်မလဲ ။
သူဟာ သွေးကြောအမျှင်ငယ်လေးတွေကို မလှုပ်ရှားအောင် ပျက်စီးစေတယ် ။ အသည်းရဲ့ လုပ်ငန်းတခု ဖြစ်တဲ့
သွေးခဲခြင်း လုပ်ငန်းကို ပျက်စီးစေတယ် ၊အသည်းထဲမှာ သိုလှောင်ထားတဲ့ အဆီ ဓါတ်ကိုပုတ်ပျက်စေတယ်။ ဒါကြောင့် အသည်း ၊ နှလုံး ၊ကျောက်ကပ် ၊ အစာအိမ် အူလမ်းကြောင်းမှာရှိတဲ့ အပေါ်ယံ အမှေးလွှာ တွေမှာရှိတဲ့ သွေးကြော ငယ်လေးတွေမှာ သွေးတွေ အိုင်ထွန်းစေပြီး ရှိသမျှ အပေါက် ၊ မျက်စိ ။နား ။ နှာခေါင်း ။ပါးစပ် ။ စအို စတဲ့ နေရာများမှ သွေးယိုစီး ပြီး အသက် ဆုံးရှုံးစေတတ် ခြင်း ဖြစ်ပါတယ် ။
အဲဒါကြောင့် အသက်ကို ဥာဏ်စောင့် ဆိုသလို ပုစွန် ဂဏန်းကြိုက်ကြသူများ အထူးဂရူပြုကြပါ ။ စားရင်းနဲ့ အအီပြေအောင် အအေးလေး သောက်တဲ့အခါ ဗီတာမင် စီဓါတ်တွေလွန်ကဲတဲ့ အအေးမျိုး ရှောင်ကြ ရှားကြ ပါ ရန် တင်ပြလိုက်ရပါတယ် ။
မှတ်ချက် ။arsenic trioxide (As2O3) ဟာ အဆိပ်လို့ဆိုပေမဲ့ ဆေးပညာ အရ သူဟာ အသုံးဝင်တဲ့နေရာတွေ ရှီနေပါသေးတယ် ။ တန်ရင်ဆေး လွန်ရင်ဘေး ဆိုသလို တတ်ကျွမ်းတဲ့ ပညာရှင် တွေ က သူ့ ကို ကင်ဆာရောဂါ ကုသရာမှာ အသုံးပြု ကြပါတယ် ။
သွေးကင်ဆာ ရောဂါ တချို့  lymphoma and myeloma ။ Acute Promyelotic Leukemia(APL) စတဲ့ရောဂါတွေကို ကုသလို့ ရပါတယ် ။
ကုသရေး အကြောင်းတွေ စိတ်ဝင်စားလို့ ဖတ်ချင်ရင်တော့ ဒီနေရာလေးမှာ ဆက်လက် လေ့လာနိုင်ပါတယ် ။
ဗဟုသုတ ရစေရန် ရည်ရွယ်ပါတယ် ။ အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ ။
ဟို အပေါ်က သတင်းလေးကိုတော့ ဒီနေရာမှာ ဖတ်လို့ ရပါတယ် ။
28 comments:
တစ်ချို့ က ပုစွန်ကို သံပုရာသီး ညှစ်စားတယ်။ အဲဒါမျိုးကျတော့ကော ?
Winnie POOH Gallery
seafood ကြိုက်တဲ့သူမို့..စိတ်ဝင်စားစွာဖတ်သွားပါသည်..မယ်ကိရေ....
အခု..ကိုကြီးကျောက် လုပ်နေတဲ့ super market မှာ ကို..snow crab..စားလို့..customer တယောက်..နေမကောင်းဖြစ်တယ်..ဆိုပြီး..ပြဿနာလာလုပ်နေလေရဲ့....
Sea food ကြိုက်လို့ နေရာလာဦးတာ နံပါတ်၃ ဖြစ်သွား တယ်။
မဖတ်ရသေးဘူးး))
Seafood အသည်းစွဲ..
ပုဇွန်ဆို အသေရရ အရှင်ရရ
အဲ လိမ္မော်ရည် အချိုရည်လဲ ကြိုက်မှကြိုက်...
အခုတော့ သတိထားရတော့မယ်ထင်ပ.....
နှင်း
Seafood သိပ်မကြိုက်တဲ့ ကျွန်တော်အတွက်တော့ ဖွားကိရည်ရွယ်ချက်အတိုင်း ဗဟုသုတ အဖြစ်ဖတ်သွားပါတယ်ဗျာ.. အဟီး။ ဆရာမကြီးလာလုပ်သွားလို့... Seafood မကြိုက်ဘူးလို့ လာညာပြောသွားတယ်.။
အမှန်က အရမ်းနဲ့ကြိုက်တာဗျ.။ ဖွားကိကို သွားမပြောနဲ့နော်။ တော်ကြာ ကျွန်တော်ကို ဆရာမကြီးလာလုပ်နေမှာဆိုးလို့..he..he.
yu ya
အယ် သတိထားစရာပဲ မကိရေ sea food လဲကြိုက်တယ် ဟိဟိ လိမ္မော်ရည်လဲ ကြိုက် ဟားဟားးးးးးးးးးးး
အဲ နှင်းနဲ့ မာယာကလည်းမြန်လိုက်တာနော်။ ခြေသွက်လက်သွက်ပဲထင်တယ်း))
Sea food စားရင်း sunkist လည်းသောက်ခဲ့တယ်လေ။ အမနဲ့ ပဲဟာ။ ခုထိတော့ အဆင်းလည်းမနစ်သေးဘူး အတက်လည်းမနစ်သေးဘူးး))
ပြန်လာရင် နောက်တစ်ခေါက်သွားစားကြရအောင်လေ။
ဟမ် .. ဘယ်လိုလုပ် ယုယနဲ့ ဝက်တို့ က ရောက်လာပြန်တုန်း။ တယ်သွက်ကြတာကိုးးးး။ ခြေသွက် လက်သွက်တွေ ဘလော့မှာအတော်များပါလား
sea food ရော အချဉ်ဓါတ်ပါတာတွေပါ ကြိုက်တတ်လွန်းသူမို့ နောင်သတိထားရအောင် ဖတ်ရတဲ့အတွက် ကိကိ ကို ကျေးဇူးတင်ပါတယ်...
mie nge
ဒီမှာတော့ မချက်တတ်တာနဲ့ကို seafood ဆိုတာတွေ မြင်ဖူးပြီး မစားနိုင်ပါကြောင်း၊ အအေးလေးနဲ့ ဆိုတော့ ဖြစ်ဖို့ပိုများတာပေါ့ဗျာ။ အနောက်နိုင်ငံတွေ အများစုက အအေးတို့ ဘီယာတို့ဆိုတာ ရေလိုသောက်နေကြတာ။ သြော် ဗီတာမင်စီက အသားအရည် တကယ်လှတယ်ပေါ့ မှတ်သား သွားပါတယ်။ ကျေးဇူးတင်ရှိပါကြောင်း
မှတ်သားစရာလေးတွေ စုစည်းတင်ပြပေးလို့ ကျေးဇူးပါ...
တကယ်သိသင့်သိထိုက် ရှောင်ရန်ဆောင်ရန်လေးတွေပါ...
လေးစားပါတယ် မကိကိ...
မကိကိက ဇာတ်သမားလားမသိဘူး သူလာရင်မှတ်သားစရာလေးတွေ အမြဲပါတယ်...
သူပြန်ရင်တော့ ကျန်ခဲ့တာပေါ့... :P :P မှတ်သားစရာတွေနော်... :P :P
အဲဒါတွေမသိဘူး... ပုစွန်လုံးနှိုက်ရင် လက်ကိုကိုက်လွှတ်တတ်တာတော့ သိတယ်...
းဝ)
အဲ..seafood စားရင်း အအေးသောက်တတ်တယ်။ :( ကြောက်သွားပြီ။ တွဲစားတော့ဘူး။
သြော် ဒွတ်ခတော့တွေ့ ပြီထင်ပါရဲ့
ဝလို့ ပိန်လာအောင် ပင်လယ်စာတွေပဲ စားတော့မယ်
စိတ်ကူးကာမှ သေစမ်း.....မနော်.....မ........
မယ်ကိရေ.....
မီးကြီး ဆီးဖရု အဲလေ..Sea Food ကြိုက်ဘူးရယ်။
လိမ္မော်ရည်တော့ သိပ်ကြိုက်။
ဘကြီးသုတ အဲလေ ဗဟုသုတ အဖြစ်သာ ဖတ်သွား မှတ်သွားပါတယ်။ ဟဲဟဲ
ဘာမှ မပြောဘူးနော်။
အီးးးး တေပြီ..... seafood ဆို အကုန်ကြိုက်တယ်..... ချဉ်ချဉ်ချိုချို အ၇ည်တွေလဲ ကြိုက်တယ်...
ဒွတ်ခေါပဲ.....းဝ(
စိတ်ဝင်းစားစရာ ဗဟုသုတဖြစ်ဖွယ်
မှတ်သားဖွယ်ပါ ကိကီ ရေ
ဒါနဲ့.. ဗိုက်တာမင် စီ အလွန်အကျွံ ဆိုတာ ဘယ်ပမဏကိုပြောတာပါလဲ
မမ မှတ်ထားဖူးတာက ဗိုက်တာမင်စီက ခန္ဒာကိုယ်ရဲ့ လိုအပ်ချက်ထက်ပို တယ်ဆိုရင် သူ့ အလိုလို ပျက်စီးသွားတယ် လို့ပဲ သိထားတာလေ (ကိကီရေးတဲ့ထဲလဲ ပါ ပါတယ်)
ပြီးတော့ ဆေး အတော်များများ က ဗိုက်တာမင် စီ 200 mg (or) 300 mg လောက်နဲ့ တွဲ သောက်ရင် ပိုအစွမ်းထက်တယ် လို့ လဲ မှတ်ဖူးတယ်
လူတယောက် အတွက် တနေ့တာ
ဖြည့်စွက်လိုအပ်ချက် က ဘယ်လောက်ဖြစ်မလဲ
500 mg (OR) ?????
အမြဲ မဟုတ်ပေမဲ့ မမ လဲ ဗိုက်တာမင် စီ သောက်သူ တယောက်မို့ ပါ
အင်း သတိထားရမယ်ဗျို့  အမရေ ကျနော် စီးဖူးဒ်ဆို အင်မတန်ကြိုက်တာဗျ .. လေ့လာသွားတာပေါ့နော် ... မှတ်သားသွားပါသေးတယ် ...
အောင်မယ်လေး...seafood စားရမှာလန့်တာ... သူရေးလိုက်ရင်ဒါမျိုးများတယ်.... ဟွန့်... ပြောချင်ဘူး... ဗဟုသုတရသလောက် ကြောက်အောင်လဲ လုပ်သေးတယ်...
စီးဖုစာပြီး ရှောစစ်စတား ဖြစ်ဘူးတယ်..... တခါတုန်းက ငွေဆောင်မှာပေါ့အေ....
--> မမသီရိ ရေ .. လူတယောက်တွက် တနေ့ လိုအပ်ချက်နဲ့  အများဆုံး ခံနိုင်ရည်ရှိတဲ့ ပမာဏ သတ်မှတ်ချက်တွေ က တနိုင်ငံနဲ့ တနိုင်ငံ မတူကြလို့  စံအဖြစ်ထားတဲ့ United States vitamin C recommendations ကို ရှာရေးပေးလိုက်ပါတယ်...
Recommended Dietary Allowance (adult male) 90 mg per day ။
Recommended Dietary Allowance (adult female) 75 mg per day။
Tolerable Upper Intake Level (adult male) 2,000 mg per day။
Tolerable Upper Intake Level (adult female) 2,000 mg per day။ တဲ့
အဲ့ ဒါအပြင် . Vitamin C megadosage ဆိုတာလဲရှိသေးတယ် .. တကယ်vitamin C ဓါတ် ချို့ တဲ့နေတဲ့ ရောဂါသည်တွေ သောက်ဖို့ နဲ့  ထိုးဖို့  ဆိုတော့ အတော်များပါတယ် ။ နာရီပိုင်း အလိုက် . ကိုယ်အလေးချိန်အလိုက် သုံးရတာတွေလေ..
Anti-oxidant effect ရှိတယ်ဆိုလို့  အမျိုးသမီးတွေ က (လှချင်သူများ) သောက်လေ့ရှိကြတယ်း) ။
ပြီးတော့ .. flu(common cold) မှာ ၈% က ပိုမြန်မြန်ပျောက်လွယ်တယ်တဲ့။ gout အစရှိတဲ့ ရောဂါတွေမှာ လဲ .သူ နဲ့ တွဲသောက်ကြတယ် ။
ပိုပြီးစုံအောင်သိချင်ရင် ...
http://en.wikipedia.org/wiki/Vitamin_C#Daily_requirements ......
http://en.wikipedia.org/wiki/Vitamin_C_megadosage........
http://en.wikipedia.org/wiki/Vitamin_C_and_Common_Cold......
အဲ့ဒီ နေရာတွေ မှာ သွားဖတ်ကြည့်နော်..ရေးရတာ ညောင်းလို့  .. ဟိဟိ ။
အောင်မလေး ကံကောင်းလို့ မဂန့်တယ်... ပုစွန်နဲ့ Ice lemon Tea အင်း ... ဘုရား ဘုရား ဘုန်းကြီးကံကြီးပေလို့... :)
ဒါနဲ့ မသိလို့မေးဦးမယ် သံပရာသီးကရော ဘာလဲဟင်.. ဗီတာမင်စီလား... အဲဒါနဲ့တွဲမစားနဲ့ဆိုရင်တော့ ပင်လယ်စာက စားကောင်းမှာတောင် မဟုတ်တော့ဘူးဗျ။ ရေဘဝဲတို့ ကင်းမွန်တို့ ၊ပြည်ကြိးငါးတို့ ခရုတို့ အဲဒါတွေက သံပရာသီးလေး ရွှဲရွှဲညှစ်ပြီး ဝါးမှမိုက်တာဗျ
sea food ကြိုက်တယ်...ဒုက္ခပါဘဲ...
အဲလိုဆင်ခြင်ဖွယ်ရာတွေဖေါ်ပြပေးလို့ကျေးဇူးပါ တန်ဆေးလွန်ဘေးပေါ့ဗျာ ဘယ်ဟာမှလွန်လွန်ကျွံကျွံမကောင်းဘူး
ကျနော်က ကျန်းမာအောင်အမြဲနေပါတယ်ဗျ
မူးသွားရင်တော့မသိဘူး တားတားအကုန်ချားတယ် ဟိဟိ
မမကိရေးတဲ့ဆေးပညာရှုထောင့်ကပိုစ်တွေ၊
ဟိုအာဏာရူးကိုဆော်ပလော်တီးတဲ့ပိုစ်တွေကို
အရမ်းကြိုက်ပါတယ်
ဆက်လုပ်ရဲဘော်...
အားပေး၏
ကျနော်မောင်သားကြီးကတော့ ခုလောလောဆည် ဂွိ..ဂွိ...ဂွိ...:P
ကျေဇူးပါအန်တီkiki ရေ. Seafoodsနဲ့  Vit C juic မတည့် လို့  beer(or) wine နဲ့  တွဲသောက်သုံးသင့် တယ်လို့  မှတ်ယူသွားပါတယ်
according to SNOPES.com .. a site to shows whether something is hoax or not... that this email is also one of those HOAX outside...
http://www.snopes.com/medical/toxins/shrimp.asp
This is a hoax. It's a brief message with no facts to back it up and refers only to an incident allegedly having happened in Taiwan. There is no record that TruthOrFiction.com could find of any concerns over combining vitamin-C and shrimp.
Peace~~~ Too many hoax out there
Post a Comment