အနာခံမှ အသာစံရ ဆိုတဲ့  စကားလေး လူတိုင်းသိကြမယ် ၊ အင်္ဂလိပ် တွေလည်း ပြောကြတယ် No Pain , No Gain ! တဲ့  ။အဓိပ္ပါယ်လေးက ရှင်းပါတယ် ။ ဒါတွေက ယျေဘူယျ ကျတဲ့ အခြေအနေတွေ မှာ မှန်နေတာပေါ့ လေ ။ သေချာစဉ်းစားကြည့်ရင် မှန်သလို မှားသလို နဲ့  တွေတွေ ဝေဝေ ဖြစ်မိလို့  ကိုယ့် ဦးနှောက် က ဇောက်ထိုး များ ဖြစ်နေပြီလားလို့  ကိုယ့်ဟာကိုယ်လည်း မကြာခဏ ထင်မိသား ရယ် ။အနာခံမှ အသာစံ ရ လို့ ဆိုတော့ ၊ အနာ မခံရင် အသာမစံရတော့ ဘူးးပေါ့။ အနာခံတိုင်း ရော ၊ အသာစံ နေနိုင်ကြရဲ့ လား ။ အသာ စံချင်လို့  အနာခံ နေကြတာလား ။အသာစံ နေတဲ့သူတွေ တိုင်း ဟာလည်း ၊ အနာခံ ခဲ့ ကြ လို့ လား ၊။ အကျိုးလိုလို့  ညောင်ရေလောင်း ဆိုတဲ့ စကား အရ အကျိုးရှိမှ ပေါင်းကြတဲ့သူတွေ ကရော .. အနာခံပြီး လုပ်နေကြတာလား ။ဗေဒင် ယတြာ ကိန်းခမ်းတွေ နဲ့ အသာစံရအောင်လုပ်နေကြသူတွေ ကရော.. ။ သို့ လော ၊ သို့ လော နဲ့ ကိုယ့်မေးခွန်း ကိုယ်ပြန်ရှုပ် နေပြန်ပြီ idiot ရေ ။
ဒီတော့ ယျေဘူယျ ကျတာလေးတွေကိုပဲ တွေးပြီး ရေးပါတယ် ။ နှလုံးသားကို အဓိပ္ပါယ်ဖေါ်ဆောင်ရတာ ခက်ခဲလို့  ပုံလေးကိုပဲ လွယ်လွယ်တွေး ပြီး ရေးပါမယ် ။ ကိုယ့်အယူအဆ နဲ့ ကိုယ်တော့ မှန်တယ်ထင်နေကြတာပါပဲ ။ တခြားသူတဦးက နောက်ရှုထောင့် တခုက ကြည့်ပြန်ရင်လည်း မတူညီတဲ့ အတွေးတွေ ရကြမှာပါ ။
လူတိုင်း လူတိုင်း ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်း ကိုယ်လျှောက် နေကြရတယ် ။ကိုယ့်ဒုက္ခနဲ့ ကိုယ် ပေါ့ ။ မသေမချင်း ပန်းတိုင်မရောက်မချင်း လျှောက်ကြရတဲ့ ရှည်လျှားထွေပြားတဲ့ ဒီဘဝလမ်းမှာပါ ။
အချောင်ခိုချင်တဲ့ မောင်ခွေးတကောင် သူများလို ဒုက္ခများများမခံချင်ဘူး ။ တန်ခိုးရှင်ထံ ဆုတောင်းတယ် ။ဒုက္ခလေးလေးကြီး ပေါ့အောင် ဝိတ်လျှော့ ခြင်တယ်တဲ့လေ ၊ လူလည်ကြီး သားသမီးပါလား ၊
ပါမစ်ရပြီ ။ ဖြတ်တယ် ကွာ။ ဟဲ ဟဲ ၊ ဟို ငတုံးတွေ ငါ့လောက် ဥာဏ်မရှိကြဘူး ။မောင်ခွေးက သူ့ မှာရှိတဲ့ ဓါး အားကိုးနဲ့ ခပ်မိုက်မိုက်ပဲ ။
အင်း အခုမှပဲ ပေါ့ပေါ့ ပါးပါး ဖြစ်သွားတယ် ။ တယ်တော်တဲ့ ငါပါလား ။
ဒုက္ခဝိတ်ကြီး လျော့သွားတော့ ပိုခရီးတွင်တယ်ပေါ့ ။
သူများတကာ မနိုင်ဝန်တွေ ခါးချိအောင်ထမ်းနေရချိန်မှာ မောင်ခွေးက ပေါ့ပါးစွာနဲ့ အီးဇီးဂိုးရင်း ။
ဒါနဲ့ တင် မကျေနပ်နိုင်သေးဘူး ။ သူများတွေလောက် မရှိတဲ့ ဒုက္ခသေးသေးလေးတောင် သူမခံစားချင်ဘူး ။နောက်ထပ် အခွင့်အရေးတခု ထပ်တောင်းဆိုတယ် ။ ရလေလိုလေ အိုတစ္ဆေ ။
သိပ်မရှိတဲ့ ဒုက္ခ ကို ပို နဲအောင် ထပ်ဖြတ် ။ ထပ်ဖြတ် ။
ဒီလိုနဲ့ သူ့ ဝန်တော်တော် ပေါ့သွားတယ် ။ ဒုက္ခနဲသွားအောင် ပါမစ်ထုတ်ပေး တဲ့ တန်ခိုးရှင်ကြီးကို ကျေးဇူးတင်သတဲ့ ။
သူများတကာ မနိုင့်တနိုင်ဝန်တွေ ထမ်းပြီး ပင်ပင်ပန်းပန်းလျှောက်နေတဲ့ အချိန် သူကတော့ သီချင်းလေးတအေးအေး နဲ့  ။
ဟမ် ... အခုမှ ဒုက္ခ တကဲ့ ဒုက္ခ ၊ ရှေ့ မှာ ဂျောက်ကမ်းပါး ၊ ဘဝ ကို အလွယ်တကူ ဖြတ်လာခဲ့သူ မောင်ခွေးတယောက် မဖြေရှင်းတတ်ပါ ဘယ်လိုလုပ်ရပါ့ ။ နောက်ကျန်နေရစ်သူတွေ သူ့ ကို မှီလာပြီ ။
ဖြေးဖြေးမှန်မှန်နဲ့ လျှောက်လာတဲ့သူတွေ ဒီ ဒုက္ခ ကို အလွယ်တကူ ကျော်လွှားသွားနိုင်ကြပြီလေ ။
အတွေ့ အကြုံ မရှိတဲ့  မောင်ခွေးတယောက် ဒီ ပြသနာလေးကို မဖြေရှင်း နိုင် ခဲ့ဘူး ။ ဘယ်သူမပြု မိမိမှုပါပဲ ။
ရေသာခို အချောင်လိုက်မိခဲ့တဲ့ မောင်ခွေး နောင်မှ တ တယ် ။ နောင်တ တဲ့ ။ ဒါကြောင့် အနာခံ မှ အသာစံရတယ် ဆိုကြတာပေါ့ ။ ကိုယ်တိုင်လည်း ဒုတိယ မောင်ခွေး မဖြစ်လိုပါ ။ ဒါကြောင့် လုပ်သင့် လုပ်ထိုက် တာ ကို သာတယ် နာတယ် သဘောမထားပဲ လုပ်ရ မှာ ပါ ။
No Pain , No Gain . Accept the PAIN .Future will become as your AIM .
လက်တဲ့စမ်းပြီးရေးကြည့် ပါတယ် ။( အတွေးတခု က မပြီးပြတ်သေးဘူး ၊ နောက်အတွေးတခု က ကြားဖြတ်ဝင်လာသေးတယ် ၊ ပြောရဦးမယ် ။ လူတွေက ယိုင်းပင်းကူညီချင်စိတ်တွေ မရှိကြတော့တာလား ၊ သူတို့ နည်းဟန်နဲ့ ဂျောက်ကမ်းပါးကြီး ကူးလို့ရနေရဲ့သားနဲ့ ၊ကူးပြီးသွားတဲ့ သူတွေ ထဲက တဦးတယောက်ကမှ မောင်ခွေးကို ဟိုဘက်ထိ ဘာလို့ မခေါ်ဆောင်သွားကြတာ ပါလိမ့်နော် ။ ကိုယ့် အသားလည်း ပဲ့ပါ မသွားပါဘူး ၊ ခဏလေးလောက် စောင့်ခေါ်လို့ မရနိုင်လောက် အောင်ကိုပဲ အချိန်တွေက အရေးကြီး တန်ဘိုး ရှိနေပြီ ထင်ပါရဲ့  ။ ဒါမှ မဟုတ် လူအချင်းချင်း ကူညီယိုင်းပင်းရမဲ့ ပရဟိတ စိတ်တွေ ခမ်းခြောက်ကုန်ကြပြီ ထင်ပါရဲ့  )
သြော် ဘာလိုလို နဲ့ ဘလောဂ်ရေးတာ ဒီနေ့  တနှစ်မြောက်တဲ့  နေ့ ပါလားလေ ။ ဒီတော့လည်း ဘာမှ မထူးခြားတဲ့ ဒီနေ့ မှာ တစုံတခု ကို အမှတ် တရလေး ဖြစ်ခဲ့စေ လိုတဲ့ အတွက် ရေးသားပါတယ် ။ အနာခံ ပြီး အသာမစံ ရသော ကျွန်ုပ်ရဲ့ သူရဲကောင်းတယောက် အပါအဝင် တခြားသော အနစ်နာခံခဲ့သူများ ၊ အနစ်နာ ခံနေဆဲ သူများ အတွက် မရေမရာ အတွေးများ ကိုတော့ မဖျောက်နိုင်သေးပါဘူး ။ အနာခံမှ အသာစံရ ဆိုတာ လူသားအားလုံးအတွက် မှန်ကန်သော ဆိုစကားလေး ဖြစ်ပါရစေ လို့ မျှော်လင့်  နေဆဲပါ ။
ပုံကလေးများကို သူငယ်ချင်းတယောက် ပို့ ပေးတဲ့ forward mail ထဲမှ ယူသုံးထားခြင်းဖြစ်ပါတယ်။ မူလ ပုံရေးဆွဲသူကို လည်း ကျေးဇူးတင်ပါတယ် ။ သူ့ အမည်နဲ့  လိပ်စာမသိပါ၍ ဖေါ်မပြပေးနိုင်တဲ့ အတွက် ခွင့်ပြု နားလည်ပေးစေလိုပါတယ် ။
27 comments:
အတွေးက အရမ်းကောင်းတယ်၊ တုတ်ထောက်ခုန်ပုံစံနဲ့
ခုန်လိုက်ရင်ရော မရဘူးလားဗျ။
မကိ မကျေနပ်ပေမယ့် ဒီနေ့က ၁ နှစ်မြောက်နေ့ဆိုလို့ မန့်လိုက်ပါတယ်နော် ဟွန့် ဟွန့်
အနာခံမှအသာစံတဲ့ အင်း ကောင်းတယ်လို့မပြောဘူးနော် ၁ မရလို့ ဒါဗြဲ ကောက်တယ် ကွေးတယ် ပြန်ကိုမဖြောင့်ဘူး ဟွန့် ဟွန့်
idiot ရေ...တဲ့..။ ဘယ်သူ့ကိုပြောတာလဲ တိဘူး.အဟီး။
yu ya
ဘီလူမ မရောက်ကြသေးဘူးပဲ ဖွားကိ ရေ ပြန်မယ် တာ့တာ ဒုန်းးးးးးးဒုန်းးးးးးးးးး ဒုန်းးးးးးးးးးးဒုန်းးးးးးးး မကျေနပ်၍ ၄ ချက် ဒုန်းးးးးးးးခဲ့သည် ဒါဗြဲ ဟိုဟာဗြဲ ပြဲချင်တာ ပြဲ တာ့တာ
ဆုတ်ကပ်ထဲကို ရောက်နေပြီလေ အနာခံပေမယ့် အသာစံရတာလည်း နည်းသွားကြပြီ....။
အနာမခံဘဲ ကပ်ဖားတဲ့ကောင်တွေ လောလောဆယ် တော့ကောင်းစားနေတာပါပဲ။
တကယ့်ကို ကိုယ်ကျိုးမစွက်ဘဲ အနာခံနေတဲ့ သူရဲ ကောင်းတွေ အတွက်က အမြဲတမ်း အသာစံရပါတယ်
သူတို့ကို ကျနော်တို့ မကီတို့ စိတ်ထဲမှာ သူရဲကောင်း တွေလို့ သတ်မှတ်ပြီး လေးစားထားတယ်လေ
အဲဒါ သူတို့ပြန်ရတဲ့ အသာစံရမှုပါပဲ
ဒီ့ထက် ဒီ့ထက် ပိုပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ သူတို့ အသာစံ ကြရမှာပါ....။
အားလုံးရင်ထဲမှာ ကြည်ကြည်ဖြူဖြူရှိနေတယ်လေ။
ဘလော့တနှစ်ပြည့် အနေနဲ့ စနေည ၀က်သားတုတ်ထိုး လုပ်ကျွေးလို့ရတယ် ဟဲဟဲ ကိုသုနြေ္ဒကို ဖုန်းဆက် လိုက်မယ်....။
ဟိုလူတေနောက်က ကပ်မလိုက်ဘူးလား.... :))
မှတ်သားလောက်ပါတယ်ဗျာ... တန်ဖိုးလဲရှိသလို သင်ခန်းစာတွေလဲ ယူစရာတွေနဲ့ပါ။ အနာခံမှ အသာစံရမယ်၊ အသာမစံရရင်တောင် အရာတော့ ကျန်ခဲ့မယ်ထင်တယ်။ အဲဒီလူတွေ ပုခုံးပြောတာပါ။ :D အသာလဲမစံချင်ဘူး အနာလဲ မခံနိုင်ပါဘူး။ အညတရဘ၀လေးမှာပဲ သာယာပါတယ်။ နွားခြေခွက်ထဲမှာ လသာနေတယ်ပဲပြောပြော။ အမြင့်ရောက်ရင် လေတိုက်မခံနိုင်သူတွေအတွက်တော့ အမြင့်ရောက်သွားလေလေ ပြန်ပြုတ်ကျမှာ ကြောက်ရလေလေမို့ အမြင့်ကို မတတ်ပဲ ပြန်ပြုတ်ကျဖို့ တွေးမပူရတော့မယ့် စိတ်ချမ်းသာမှုလေးနဲ့ တင်းတိမ်နိုင်ပါတယ်။
တစ်နှစ်မြောက်မှသည်
နှစ်ပေါင်းများစွာအထိ ဖွားကိရဲ့ စာတွေ ဖတ်ချင်ပါတယ်...
အနာခံထားရသလောက် ပြန်စံစားရမယ်ဆိုရင်တော့
မဆိုးဘူးနော်....
နှင်း
တစ်နှစ်သားဘလော့မှသည်
နှစ်ပေါင်းများစွာတိုင်ပါစေ...
သုတ မျိုးစုံပေးနိုင်တဲ့ မမကိရဲ့ဘလော့ဂ်လေး တစ်နှစ်မြောက်မှသည်
နှစ်ပေါင်းများစွာအထိ ဆက်လက်တည်တံ့ နိုင်ပါစေ။
မကိရေ.. တစ်နှစ်တောင် ပြည့်သွားပြီလား။ မကိဘလော့လေးကို စဖတ်မိပြီးကတဲက ကြိုက်သွားတာ။ ဗဟုသုတအမျိုးမျိုးကို ခံစားချက်အမျိုးမျိုးနဲ့ ပေါ်လွင်အောင် သရုပ်ဖော်တတ်တာ အရမ်းကိုချီးကျူးပါတယ်။ အားကျမခံပြန်ပြောရရင် တို့လည်း မကိဘလော့ကို ကြိုက်လို့ လင်ခ်ထားပြီး လာကြည့်နေတာ ဒီနေ့ဆို တစ်လပြည့်ပြီ :D အတွေးအခေါ်အားလုံး အကုန်ကြိုက်လို့။ ဒီထက်ပိုပြီးများများရေးနိုင်ပါစေလို့..
တစ်နှစ်ပြည့်အမှတ်တရ တစ်လပြည့်ခင်မင်မှုဖြင့်..
လသာည
တစ်နှစ်တောင်ပြည့်သွားပြီလား.... ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... ဒီတစ်နှစ်အတွင်းမှာ pain ခဲ့သမျှနဲ့တန်အောင် gain ခဲ့ပါသလား?
ဟုတ်ပါ့ ကျနော်လဲ ဖတ်ရင်း စဉ်းစားနေတာ ဟိုဘက်ကလူတွေက မခေါ်ကြဘူးလား မောင်ခွေးကကော နောက်က ကပ်လိုက်သွားလို့မရဘူးလား အဟီး အဲ့လို ပေါက်တတ်ကရ စဉ်းစားတတ်တယ်။
ပုံဆွဲသူ သိစေချင်တာက ဘယ်အရာမဆို အချောင်ခို၊ အလွယ်လိုက်ရင် လက်ရှိမဟုတ်တောင် တချိန်မှာ ဒုက္ခရောက်တတ်တယ် ဆိုတာကို ထင်ပါရဲ့..
တနှစ်ပြည့်လား ဖွားကီ ထင်တောင် မထင်ရဘူးနော့်း) တနှစ်ဆိုတော့ မကြာမီ အဟီးဟီး (မွေးနေ့ကိတ်လေး ကျွေးမလားလို့ပါ)
လေးစားလျက်
တောင်ပေါ်သား
ဟုတ်ပါ့ ဟုတ်ပါ့ စိမ်းလည်း ဖတ်နေရင်း အဲ့လိုတွေးမိတယ်.. စောင့်ခေါ်သွားရင် ရရဲ့သားနဲ့ သနားပါတယ်..
Happy blog birthday ပါ kiki. ဘာတွေ ဟာရရေးဦးမလဲမသိလို့ ဆက်ဖတ်လာတာ ဟာဟမဟုတ်ပဲ Serious ဖြစ်နေပါလား။ ဥပမာပေးထားတာ သိပ်ကောင်းပါတယ်။ စာကောင်းကောင်းလေးတွေ ဆက်လက် ရေးသားနိုင်ပါစေ။
ပုံဆွဲသူ သိစေချင်တာက ဘယ်အရာမဆို အချောင်ခို၊ အလွယ်လိုက်ရင် လက်ရှိမဟုတ်တောင် တချိန်မှာ ဒုက္ခရောက်တတ်တယ် ဆိုတာကို ထင်ပါရဲ့..
တစ်နှစ်တောင်ပြည့်သွားပြီလား....
But I like most of ur posts.
:)
Time is so fast.....
Wish u write more posts.
And Wish u got happily blogging.
momingyi
အမြဲတမ်း ပျော်ပျော်ပါးပါး နေတတ်..ကူညီတတ်..သဘောကောင်း..မနောကောင်း..မယ်ကိ..
အခါလည် ပြီဆိုတော့...ကိုကြီးကျောက် က ကျန်းမာပါစေ....ချမ်းသာပါစေ..ဆုတောင်းပေးပါတယ်
တနှစ်မှသည် နောင်ကျန်းမာ အသက်ရှင်နေသရွေ့
ပျော်ရွှင်စရာ ဘလော့ကမ္ဘာမှာ မိတ်ဆွေတွေ အတွက် သုတ ရသ အဖြာဖြာတွေ ဆက်ပြီး လန်းဆန်းနိုင်ပါစေ
ချစ်ခင်သော
မမသီရိ
အဲဒီမေးအရင်ကတည်းကရဖူးတယ်
ဘလော့မှတင်ပြီးပိုစ်တစ်ခုအနေနဲ့ချရေးစမ်းဆိုရင် အခုအစ်မကိရေးသလို ကျနော်ရေးနိုင်မှာ
တွေးနိုင်မှာ မဟုတ်ပါဘူး
တစ်နှစ်ပြည့်ပိုစ်လေးကရည်ရွယ်ချက်လေး
ကောင်းမွန်ပြည့်စုံပါကြောင်း..။
ပုံထဲကတိုင်က ခရစ်ယန်တွေရဲ့အမှတ်အသား ခရော့(စ်)တိုင်ပါ။ အဲဒီဟာက လူတစ်ယောက်ချင်းစီခံစားရတဲ့ ဒုက္ခ၊ အခက်အခဲတွေနဲ့ စုံစမ်းနှောက်ယှက်ခြင်းတွေကို ကိုယ်စားပြုတဲ့သဘောပါ။ ကြုံလာတဲ့ဒုက္ခအခက်အခဲကို အချောင်ခိုစိတ်၊ ရှောင်လွှဲလိုစိတ်တွေနဲ့ဖြေရှင်း၊
စုံစမ်းနှောက်ယှက်ခြင်းတွေကို ကြံ့ကြံ့မခံနိုင်၊ တကယ့်တကယ် ချောက်ကမ်းပါးရဲ့တဖက် ကောင်းကင်နိုင်ငံတော်ကိုရောက်ဖို့ရာအတွက်တော့ သူဟာမပြည့်စုံနိုင်တဲ့သူဖြစ်သွားတယ်ဆိုတဲ့သဘောပါ။ ကိုယ်ပြုသမျှဟာ ကိုယ့်ရဲ့ရွေးချယ်မှု၊ ဆုံးဖြတ်မှု တွေကြောင့် ကိုယ်စိုက်တဲ့အတိုင်းပြန်ရိတ်ရတယ်လို့ဆိုလိုချင်တာပါ။ ဒါပေမယ့် အခု မကိရေးသားထားသလိုတွေးတော့လဲ ဟုတ်နေတာပါပဲ။ ဘာသာရေးအရ ပြောဆိုလိုခြင်းမဟုတ်ပါရှင်။ ကျွန်မခံယူထားတဲ့အတိုင်းရှင်းပြတာပါ။ ကွဲလွဲမှုတွေလဲရှိကောင်း ရှိမှာပါ။ ဒါပေမယ့် ကျွန်မ မတွေးမိတဲ့ ထောင့်က အတွေးကို ရေးပြသွားတဲ့ ဒီပိုစ့်လေးရဲ့အမြင်တွေအတွက် မကိကိုကျေးဇူးတင်ပါတယ်။ မကိရေ စာတွေအများကြီးဆက်ရေးနိုင်ပါစေ။ ကျွန်မက မကိရဲ့ ပုံမှန်စာဖတ်သူပါ။
ခင်မင်လျက်
Jeu Jue
အနာမခံပဲ အသာမစံရတာလေးကို မှတ်သားသွားသလို လူတွေမှာ ကိုယ်ချင်းစာနာစိတ် ရှိသင့်တယ်ဆိုတာလဲ မှတ်သွားတယ် ဘွားရေ။ သိပ်ကောင်းတယ်။ ဘွားရဲ့ ဘလော့ဂ်လေး တနှစ်ပြည့်အမှတ်တရမှစ ဆက်လက်ပြီး ဆေးပညာတွေ ဗဟုသုတတွေ ပေါက်ပေါက်ရှာရှာတွေ အများကြီး ဝေငှပါဦးလို့နော့။ စာတွေအများကြီး ဆက်လက်ရေးသားနိုင်ပါစေ။
No Pain , No Gain . Accept the PAIN.
ကျနော်သာဆိုရင်တော့ ဘဝမှာ အဲ့ဒီလိုရင်ဆိုင်ရမယ်ဆိုရင်
စိတ်တူကိုယ်တူလူတွေစုပြီး
co-operation နဲ့သွားချင်တယ်။
တစ်ယောက်တစ်ခု သယ်နေရင် အာလုံးမှာ အဲ့ဒါပဲပါလာမှာ အဲဒါကြီးကို လိုအပ်သလောက်သယ်ပြီး အခြား ပစ္စည်းပစ္စယတွေလည်း ယူသွားချင်သေးသားဗျာ .. ဥပမာ ဝါယာလက်စ် ဆွဲအားကောင်းတဲ့ ကွန်ပြူတာ တစ်လုံးဖြစ်ဖြစ်ပေါ့ ဟဲဟဲးp
တနှစ်အတွင်းမှာ ရယ်စရာတွေ မှတ်းသားစရာတွေ အများကြီး ရေးပေးနိုင်ခဲ့တာ လေးစားတယ်. ကျေးဇူးလည်းတယ်တယ်
ရသ Blogတွေထဲမှာ မကိရဲ့ Blogလေးကိုလည်း ကျနော် Blog မလုပ်ခင်ကတည်းက ဖတ်ဖြစ်တယ်။
အစစအရာရာ အောင်မြင်ပါစေ ...
တစ်နှစ်ပြည့် စူပါဘလော့ ဂ်ဂါမမကြီးရေ....
တစ်နှစ်မှသည် နှစ်တစ်ရာတိုင်အစဉ်အလာမပျက်
ကြင်နာလျက် ဘလော့ ဂ်နိုင်ပါစေသတည်း...
ကိကီဘလော့ကို စတွေ့ကတည်းက အီဒိရော့ ဆိုကတည်းက ခင်နေမိတာပါ...
တနှစ်တောင် ရှိသွားပြီဆိုတော့ တဝါရသွားပြီပေါ့...
ဒါဆို အရင်ကထက်ရော သူများတွေထက်ရော ပိုကြိုးစားရတော့မှာပေါ့...
းဝ)
(ဆရာလုပ်သလိုလိုနှင့် ဒူးရင်းသီးနှင့် မသွားသည်)
ဖြူတုတ်ဆီကို သူငယ်ချင်းတစ်ယောက် ပို့ဖူးတယ်။ အဲဒီကတည်းက မမကိလိုပဲ တချားသူတွေက ဘာလို့မခေါ်သွားနိုင်တာလဲလို့ တွေးနေတာ။ ဒါပေမဲ့ ကာတွန်းဆွဲသူက No Pain No Gain ကိုပဲ Focus လုပ်ချင်လို့ ထင်တာပဲ။ Happy One Year Blogging Annivesary မမကိရေ။
အဲဒါလေး forword ရဖူးတယ်။ အဲဒီကတည်းက ကြိုက်ခဲ့တယ်။ ခုလို စာလေးတွေနဲ့ ဆိုတော့ ပိုကောင်းသွားတယ်။
ရယ်စရာပြောရရင် သူများတွေကို ခဏနေပါဦး တားပြီး သူများ လက်ဝါးကပ်တိုင်နဲ့ ကပ်ပြီး ဖြတ်တဲ့ သူမျိုးလည်း ရှိချင်ရှိမှာနော်...။
Post a Comment