လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ခြင်း ဆိုတာ သွေးသားမတော် အမျိုးသား နဲ့ အမျိုးသမီးတို့ အတူတကွ ပေါင်းသင်း နေထိုင်ကြဖို့  အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကို အသိပေး ပြုလုပ်ကြတဲ့ ပွဲတခု ပါ ။ ကမ္ဘာနိုင်ငံအသီးသီး က လူမျိုးပေါင်းများစွာ တို့  မှာ သက်ဆိုင်ရာ ဓလေ့ထုံးစံတွေ နဲ့ အညီ လက်ထပ်ထိမ်းမြားခြင်းကို ရိုးရာ မပျက် ကျင်းပကြပါတယ် ။ မင်္ဂလာ သူတို့ သား နဲ့  မင်္ဂလာ သူတို့ သမီး တို့ဟာ နှစ်ဖက်လူကြီး မိဘဆွေမျိုးများ ၊ ဒါမှ မဟုတ် တရားရုံးရှေ့ နေများ၊ ခရိယာန်ဘာသာဝင်တို့ ဆိုရင်လည်း ဆိုင်ရာဘုရားရှစ်ခိုးကျောင်းမှ ဘုန်းတော်ကြီးများ ရဲ့ ရှေ့ မှာ ၊ ကျမ်းသစ္စာ ကျိမ်ဆိုခြင်း ၊ လက်မှတ်ရေးထိုးခြင်း၊ ကတိခံဝန်ချက်များနဲ့  ရွတ်ဆိုခြင်းတို့  အပြီးမှာ လင်မယား အရာမြောက်သွားကြပါတယ် ။ ( အာဝါဟ ဝိဝါဟ နောက်ဆက်တွဲ ကတော့ ဥာဏ်ရှိသလို ဆက်လက် စဉ်းစားကြပါတော့း) ) ။
ခုပြောပြမဲ့ အဖြစ်လေးကတော့ သူတို့ သား ၊သူတို့ သမီး မပါတဲ့ မင်္ဂလာဆောင်ပွဲလေး အကြောင်းပါ ။ Lim Ching Shin(林欽信)လို့ ခေါ်တဲ့လူငယ်လေးရယ် ၊Lien Wei Htein( 連尉婷) လို့ ခေါ်တဲ့ အမျိုးသမီးငယ်လေးတို့ ဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက စားအတု ကစားအတူ ကျောင်းသွားအတူ ကြီးပြင်းလာခဲ့ကြတာပါ ။အချိန်တန် အရွယ်ရောက်တော့ သူငယ်ချင်း ဘဝ မှ ချစ်သူတွေ ဖြစ်လာကြပါတယ် ။ ဒီလို ချစ်ခင်လာကြတာ ချစ်သက်တမ်း ၁၀ နှစ် ရှိလာ ပြီ မို့ ၊နှစ်ဖက်မိဘတွေ ကလည်း သဘောတူညီထားကြပြီး ဖြစ်လို့  ရှေ့ နှစ်ခါကျရင် မင်္ဂလာ ဆောင်ကြဖို့  အစီအစဉ်တွေ လုပ်ထားကြပြီး ဖြစ်ပါတယ် ။
သူတို့ ချစ်သူနှစ်ဦး ပျော်ရွှင်စွာ နေလာလိုက်ကြတာ ပြီးခဲ့တဲ့ ၁၀ လပိုင်း ၁၀ ရက်နေ့ ( 雙十節 ) ထိုင်ဝမ်နိုင်ငံ ရဲ့ အမျိုးသားနေ့ အားလပ်ရက် မှာ ငယ်သူငယ်ချင်းတွေ နဲ့ အတူ ထုံးစံအတိုင်း အလည်ခရီးထွက်ခဲ့ကြပါတယ် ။ မြောက်ပိုင်းမှာ ရှိတဲ့ ထိုင်ပေမြို့ ကနေပြီးတော့ တောင်ပိုင်းရှိ ကောင်းရှုံ မြို့  ကို အပျော်ခရီးသွားဘတ်စ်ကားကြီးနဲ့ပေါ့ ။ ဒီလိုနဲ့ ၃၈၅.၃ ကီလိုမီတာ အရောက် ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားရင်း ခရီးသည် ၇ ယောက်သေဆုံးပြီး ၂၁ ယောက် ဒါဏ်ရာရ တဲ့ ကံဆိုးသူများထဲ မှာ သူတို့  သမီးရည်းစား နှစ်ယောက်လုံး သေဆုံးသွားခဲ့ ရပါတယ် ။
သူတို့ နောက်ဆုံးမရဏ ခရီးသွားခဲ့ကြတဲ့ ဘတ်စ်ကား ပေါ့ ။ ၂ပတ် ၃ ပတ် ဂျွမ်းပစ်ပြီး မှောက်သွားတာ ဆိုပေမဲ့ ။ကြည့်ရတာ သိပ်မပျက်စီးသလိုပါဘဲ ...
မနေ့က ၂ရ ရက်နေ့ အောက်တိုဘာ ၊သူတို့  နှစ်ဦးရဲ့ အသုဘ အခန်းအနားလုပ်တဲ့ အခါမှာ ကျန်ရစ်သူ နှစ်ဖက်လူကြီး မိဘများက သူတို့  နှစ်ဦး လူ့ ဘဝမှာ ဖြစ်စေချင်ခဲ့တဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့  သူတို့ ရဲ့ ဝိ ဥာဉ် နှစ်ခု ကို ထိမ်းမြား မင်္ဂလာ ပြုပေးခဲ့ကြပါတယ် ။ တရုပ်လိုကတော့ အဲ့လို ဝိဥာဉ် နဲ့  မင်္ဂလာ ဆောင်ခြင်းကို 冥婚儀式 လို့ ခေါ်ကြတယ် ။
တကယ့် တကယ်ကျတော့ ရော နောက်ဘဝတပါးရောက်နေကြတဲ့ ဒီ ချစ်သူနှစ်ဦး မှာ အတူဆုံ နေနိုင်ကြရဲ့ လား လို့ တော့ မသိနိုင်ပါဘူး ပေါ့လေ ။ သူတို့  ဓလေ့ထုံးစံ အယူအဆတွေ အရတော့ ဝိဥာဉ်တွေ ဟာလည်း ထိမ်းမြား မင်္ဂလာဆောင် လို့ ရကြပါသတဲ့ ၊ ဝိဥာဉ် ချစ်သူ ဆိုတာ တကယ်ရှိနေကြတာလား ။ ဒီလိုဆိုရင်တော့ ဒီဘန္တ ကမ္ဘာကြီး ပျက်သွားလည်း အရေးမဟုတ်တော့ သလိုပါပဲ ။ဒီဘဝမပေါင်းရလည်း နောက်ဘဝပေါင်းလို့ ရသေးတယ်ဆိုပါလား ။နိပ်ဟ ၊( အကောင်းမြင် ဝါဒ နဲ့ တွေးကြည့်မိတာပါ ၊နောင်ဘဝကောင်းဖို့  ခုဘဝတည်းက ကောင်းတာ လုပ်ရမယ်ဆိုတဲ့ တရားသဘောတွေက ပိုအဓိပ္ပါယ်ရှိတယ်မို့ လား )
遊覽車翻覆雙亡 青梅竹馬的愛侶冥婚
NOWnews 更新日期:"2009/10/27 14:08" 地方中心/台北報導
林欽信與連尉婷這對愛侶是國小同學,10月10日與國小同學搭乘遊覽車前往小琉球遊玩,不幸途中發生車禍雙雙罹難。原本兩人計畫明年即將步入禮堂,如今卻意外死亡讓家屬悲慟不已,為了完成兩人生前的願望,家屬幫他們辦了一場簡單的婚禮,由雙方的弟妹代替交換戒指及向父母行禮,完成冥婚儀式。
ဒီနေရာက ရတဲ့ သတင်းလေးပါ ...
23 comments:
မရဏနုဿတိ ပွားမိတာပေါ့နော့....။ သေဖို့မေ့သမျှတော့ သေသွားတယ်လို့ မထင်ကြပါဘူး။ အဲဒီဝိဉာဉ်တွေက အဲလိုဖြစ်နေရင် ၀ိဉာဉ်ခြင်းလဲ မင်္ဂလာဆောင်နေတယ်ဆိုတာ သိနေကြမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကြွေးတွေတင်ပြီး ချီးလိုက်ပြန်ဆက်လိုက်လုပ်နေတုန်း သေသွားကြတာလေ။ ဒါကြောင့် အဲဒီစွဲလန်းမှုအကြွေး(ကာမစ္ဆန္ဒ)ကြောင့် သူတို့လဲ အခုဆို မင်္ဂလာပွဲ ကျင်းပနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါမှမဟုတ် ဗုဒ္ဓဘာသာအရဆိုရင်တော့ ပြိတ္တာမောင်နှံဖြစ်နေလောက်ပြီး။ သေဖို့တချက်သတိမိသွားတဲ့အတွက် ကျေးဇူးပါ။ သေနတ်နဲ့ မသေချင်ရင်အဲလိုသေချင်သလားဟင်။
သနားပါတယ်
ဖြစ်မှဖြစ်ရလေ ...း(((
သြော် ဘ၀တွေ ချစ်တာတောင်မှ မပေါင်းရဘူး... ဘယ်နဲ့ ပြောမလဲ ဖွားကီ ကြာပါတယ် ၂၀၁၂ ကိုတူတူလှမ်းလိုက်ကြစို့ဗျာ အဟီး
လေးစားလျက်
တောင်ပေါ်သား
စိတ်မကောင်း စရာပါလား ကိကိရယ်။
သနားပါတယ်။
မအယ်
စိတ်မကောင်းစရာပဲ.... ဘာသာ မတူတဲ့ လူတွေ ကြတော့...ဒီဘ၀ စာပဲလို့ သတ်မှတ်ရမယ်နော်...။း))
အာဝါဟ ၀ိဝါဟ ကွိကွာကွလေးတွေ က ၀ိညာဉ်ဘ၀မှာ မင်္ဂလာဆောင်ပေးလိုက်တော့ ဘာပဲပြောပြော သူတို့ စိတ်ဖြောင့်သွားမယ် ထင်တယ်နော် မမကိကိ သနားပါတယ်နော် ..
ချစ်သူနှစ်ယောက် တချိန်ထဲမှာ မမွေးဖွားခဲ့ပေမဲ့ တူတူသေဆုံးခဲ့ကြတာပေါ့...
မမကိရေ.... မေသူ့ မျက်လုံးကောင်းသွားပါပြီရှင့်...
ဘယ်အချိန်ပေါ်လာမယ်မသိပါဘူး...ခု သတိထားစောင့်ကြည့်နေပါတယ်...၄ခါဖြစ်ပြီးပြီလေ။ နောက်တခေါက်ထပ်ဖြစ်ရင်တော့...အဟီးးးးမေသူတော့ လွယ်တော့ဘူး... ၂၀၁၂တောင်စောင့်နိုင်ပါ့မလား သိဘူး :P မမကိရေ တကူးတကလာပြောပေးတာ ကျေးဇူးပါနော်..နောက်တခေါက်ဖြစ်ရင် မမကိပြောတဲ့အတိုင်းလုပ်မယ် :)
ဒီဘဝမှာ မောင်နဲ့အတူ မပေါင်းရပေမဲ့..
နောင်ဘဝဆိုတာ ရှိခဲ့ရင် ဝိဥာဉ်ခြင်းလဲ ပေါင်းမယ်..မောင်ရယ်...
ဖားသားနဲ့ မားသားနဲ့ အလိုလိုက်တာ..ပျော်တယ်ကွယ်..
သနားပါတယ်..နော်..။ ဘာပဲဖြစ်ဖြစ် ဟိုဖက်ဘဝမှာ ပြန်ဆုံပါစေ..။
ဟန်ကြတာပဲ..
မိန်းမလဲရသေး..လုပ်ကြွေးဖို့လဲမလိုဘူး....
နောင်ဘ၀ မှာတွေ့ရင် သူတို့ ၂ယောက် ပေါင်းရပါစေ..
သနားစရာပါဗျာ...
ဘာပဲဖြစ်ဖြစ် နောက်ဘ၀မှာလဲ ပေါင်းစုံကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..
ခင်မင်လျက်
အင်း လေးစားသင့်တဲ့ ယဉ်ကျေးမှုလေး တခုပါပဲ အချစ်ကို တန်ဖိုးထားတယ်ဆိုတာ ဒါမျိုးပဲပေါ့ ..
တနားပါတယ်နော် ဂျွတ် ဂျွတ် မကိရယ် အီးးးးဟီးးးးး ငိုပြီ (ဝက်တို့မျက်ရည် မြေမကျကောင်းဘူးတဲ့ မကိ ပဲ သုတ်လိုက်တော့နော် ) ပြန်တော့မယ် ဗြဲဟဲဟဲ ဘိုင် တာ့တာ
သနားပါတယ် မိဘတွေဆို ဘယ်လောက် ယူကျုံးမရ ဖြစ်မလဲမသိဘူး။
ဘယ်လောက်ပြောပြော သည်မောင်ကတော့ သံဝေဂမရ စာမျက်နှာ ၁၅ တောင် ကျော်ကျော်သွားတာကြည့်တော့. သတင်းတပုဒ်အဖြစ်တော့ဖတ်ဖြစ်လိုက်တယ် အဲဒါကြောင့်လည်း ဂလောက် သံသရာလည်နေတာ စုပ်မသတ်တော့ပါဘူး။
ချစ်တဲ့သူတိုင်း ပေါင်းဆုံနိုင်ကြပါစေ လို့..း)
သနားပါတယ်နော်...
သနားစရာပါလားနော်...
စဉ်းစားစရာပဲအစ်မကိကိရ
ကျနော်ကြည့်ဖူးတဲ့ the maidဆိုတဲ့ရုပ်ရှင်ကားမှာလည်းအဲလိုဝိညာဉ်
ချင်းမင်္ဂလာဆောင်နှင်းလို့ရတယ်လို့ပြောထားတယ် (တရုတ်အယူအဆပေါ့လေ)
ဘာပဲပြောပြော ချစ်သူနှစ်ဦးအတွက်တော့
စိတ်ထိခိုက်ရပါတယ်
ဖတ်သွားတယ်Kikiရေ.... အထူးအဆန်းဘဲနော်
စိတ်မကောင်းစရာပဲနော်
အေးဗျာ စိတ်မကောင်း ဖြစ်မိတယ်
သူတို့ကိုယ်တိုင်တောင် သေသွားပြီဆိုတာသိပါ့မလား။
လူ့ဘ၀တွေက ဆန်းကျယ်ပါတယ်။
ဒို့ ဗမာတွေမှာလည်း ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာတို့ကို မသေခင်တော့ ဘာညာဆိုပြီး သေတော့မှ ပေးစားလိုက်ကြတာပဲလေ
Post a Comment