လောကကြီးထဲမှာ ထူးခြားအံ့သြဘွယ်အဖြစ်တွေ အများကြီးရှိနေကြတယ် ။တချို့ က ကိုယ်တွေ့ မှ၊လက်တွေ့ မှ ယုံတယ်တဲ့  ။ ကြားစကားနဲ့ မယုံဘူးတဲ့ ။သိပ္ပံနည်းကျကျသာ တွေးခေါ်တယ်တဲ့  ။ ဒီလို သက်သေပြစရာ မရှိခဲ့တဲ့ အဖြစ်မှန်တွေ ဆိုရင် ရှေး ဒဏ္ဍာရီ အနေနဲ့ သာ ကျန်နေခဲ့ ကြရတဲ့  အရာတွေလည်း မနည်းမနော ရှိခဲ့ မှာပါဘဲ ။ ရှေးကမ္ဘာဦးအစက ဒိုင်နိုဆောကြီးတွေ ရှိခဲ့တာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သုတေသနပညာရှင်တွေက ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့ကြလို့  သက်သေပြစရာ မှတ်တမ်းဝင် အထောက်အထားတွေနဲ့တကွ တင်ပြနိုင်ခဲ့ ကြလို့  အများက လက်ခံ ခဲ့ကြတာပါ ။ မြန်မာ နိုင်ငံကြီးမှာလည်း ထူးခြား အံ့သြဘွယ်ရာ တွေ အများကြီး ရှိခဲ့ပါတယ် ။ ရှိနေပါတယ် ။ ဒါတွေကို စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာမှာ မြန်မာ ဟေ့လို့ ဟစ်ကြွေးနိုင်စရာ တွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ပါတယ် ။ဒီအထဲက မှ ထူးခြားဖြစ်စဉ် မှတ်တမ်းတိုလေး forward mail ထဲကရလာတာကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ၊ ( ဆားချက်တယ် လို့ ဆိုကြတယ် ဆိုရင် ဆားတမျိုးထပ်တိုးရအောင်လို့ ပဲ သဘောထားပေးပါ )
ရန်ကုန်ု မြို့  ကျောက်မြောင်း ၊ သီတာလမ်း နှင့်အင်းဝလမ်းဒေါင့် အမှတ် ၄၃ နေ မောင်ထွန်းထွန်းနိုင် ဟာ ၁၃၇၁ တော်သလင်းလဆန်း ၁၂ ရက်နေ့  ( ၃၁/၈/ ၂၀၀၉ ) ညနေ ၅ နာရီ အချိန် မှာ . ပြည်မြို့  တိုင်းပြည်လုံးချမ်းသာ ဆုတောင်းပြည့် ဆယ်ထပ်ရုပ်ရှင်တော်မြတ်ကြီး၏ အရှေ့ ဖက် အောင်မြေ ရှုခင်းသာ လက်ရန်းမှ နေ၍ ဘုရားကြီးအား ဖူးမြှော်ရာ မှာ ဘုရားရှင်တော်မြတ်ကြီး ၏ မျက်ခုန်းတော် ၊ မျက်လုံးတော်များ လှုပ်ခပ်ခြင်း၊နှုတ်ခမ်းတော်များ လှုပ်ရှားပြီး တရားတော်မြတ် မြွက်ကြားသကဲ့ သို့ ဖြစ်ပေါ် နေခြင်း အစရှိတဲ့ ထူးခြား အံ့သြဘွယ်ရာများကို ဖူးမြှော်ရပါသဖြင့် ၄င်းရဲ့  လက်ကိုင်ဖုန်း နဲ့  မှတ်တမ်းတင်ထားခဲ့ ပါတယ် ၊အဲဒီ အများပြည်သူ ကြည်ညို ဖူးမြှော်နိုင်ရန် ပြုလုပ်ပေးထားသော ဗီဒီယို မှတ်တမ်းတိုလေးကို ထပ်ဆင့် မျှဝေပေးလိုက်ပါတယ် ။ လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားခြင်းဖြစ်တာမို့  ပုံများ သိပ်ကြည်လင်ပြတ်သားမှု မရှိပေမဲ့  လည်း သေသေချာချာ ပုံကြီးချဲ့  ဖူးမြှော်ပါက တကယ့် ကို ကြည်ညို စရာ၊ အံ့သြစရာ ကောင်းလှပါတယ် ။ဖူးမြှော် ကြည့်လိုက်ကြပါအုံး ။
19 comments:
လာလည်သွားတယ်... ဆားချက်လဲ လာမှာဘဲ...
အင်း. ဟုတ်တယ်.. တကယ်ပဲ အံ့သြစရာပဲ...
ပဂိုးဆားပဲ..ကြားဖူးတာ..ဒီတခါ ပြည် ကဆားကို.....
မမကိကိရေ
ဘုရားဘုရားကြီး ဖူးသွားပါတယ် ..း))
တကယ့် အံ့သြ ကြည်ညိုဖို့ကောင်းပါတယ် မကိရေ....
ကျေးဇူးပါ
ဖွားကီ ဆားချက်တာ ပြဿနာမဟုတ်ဘူး အဲ့လင့်ကသွားယူလာတော့ ဟိုဘိုးတော်ကြီးက ဒေါ်လာ ၁၀၀၀ နဲ့ ဖွားကီကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်ခိုင်းနေဦးမယ် ဒုက္ခ ဖွားကီရယ်..
ဟုတ်ကဲ့... ဒါလေးကတော့ ကျနော်တို့ရဲ့ ထမင်းစားခန်းလေးပါ အဟီးဟီး အမှတ်တရ ရှိလို့
လေးစားလျက်
တောင်ပေါ်သား
ဘွားရေ ဒါ ဆားချက်တာ ဟုတ်ဘူး။ ဖူးလို့လဲရဘူး။ ရုံးကနေမို့. ညကျပြန်လာမယ်။ ကျေးဇူးနော့။
ဘယ်လိုလဲတော့ မသိဘူးနော်
ကိက ဆားချက်တော့လဲ ရောင်းကောင်းသားပဲ....
ပဲခူးဆား ပြည်ဆားတွေ စုပြီး ဒူဘိုင်းမှာ လာသွင်းပါလား...
နှင်း
ဘယ်လိုပဲဖြစ်ဖြစ်၊ဆားချက်တာပဲဖြစ်ဖြစ်၊ ဒို့ ဘုရားရဲ့ အံ့ ဘွယ်
တန်ခိုး ဂုဏ်တော်တွေကို အကြွင်းမဲ့  ယုံရမှာပါ။ အကြွင်းမဲ့ 
ဆိုတဲ့ နေရာမှာ မျက်စေ့ မှိတ်ပြီး ဒါပဲယုံလိုက်လို့ ဆိုလို
တာမဟုတ်ပါ။ ဘုရားပြောခဲ့ ဟောခဲ့ တဲ့ ကျင့် စဉ်တွေအများ
ကြီးထဲက လက်လှန်းမှီသလောက်လေးတစ်ခုပဲတကယ်
မညာတန်း ဝီရိယလေးထားပြီးလုပ်ကြည့် ၊စမ်းသပ်ကြည့် ပါလို့ ။
လုပ်တာမှန်ရင် ကိုယ်မထင်တာတွေကိုအမှန်အတိုင်းတွေ့ မှာပါ။
ဆယ်ထပ်ကြီး ဘုရား ခဏ ခဏ ဖူးဘူးတယ်။
ဘုရားကြီး ခြေရင်းက မုန့်ဟင်းခါးက ပြည်မှာ နာမည်ကြီး။
မုန့်ဟင်းခါးစားရင်း ဘုရားဖူးတာ ဆိုတော့ မအယ်တို့တော့ သတိမထားမိပါဘူး။
စိတ်ဆိုးသွားတယ်ထင်ပါဗျာ။ အမြဲတမ်းမန့်ဖတ်ပေးနေတဲ့ ကျွန်တော့်အမာခံပရိတ်သတ်ကြီး အခုနောက်ဆုံးပို့စ်လေးကို မန့်သေးဘူး။ မမန့်ချင်တာလားမသိဘူး။ ဘွားတေးနော်။သေနတ်နဲ့တော့ ပစ်မသတ်ရဲပါဘူးဗျာ။ အေနဲ့ သေမှာထက်စာရင်တော့ အဲလိုသေတာကတော်သေးတယ်လို့ပြောတာပါ။ ဒါပေမယ့် ဥစ္ဆေရ(သူများသတ်လို့)သေရတယ်ဆိုရင်လဲ မကောင်းပြန်ဘူးဗျာ။ အဲဒီတော့ သေဖို့အတွက်က ဘယ်လိုလုပ်ရမယ်ကိုမသိတော့ပါဘူး။ သေချင်သလိုသာသေကြပါတော့။ ကျွန်တော်လဲ သူတစ်ပါးအသက်ကို သတ်ချင်သလောက်ထိတော့ အသိမတိမ်သေးပါဘူးဗျ။ ဒီပို့စ်နဲ့ ပတ်သက်လို့ကတော့ဆရာတော်တွေ ဟောထားတာကြားဖူးတယ်ဗျ။ မိမိရဲ့ ကိုယ်တွေ့၊ မိမိလေးစားယုံကြည်သူများရဲ့ ကိုယ်တွေ့၊ ခိုင်မာသော သက်သေအထောက်များရှိတဲ့ စာအုပ်မှတ်တမ်းများနဲ့ မြတ်စွာဘုရားရဲ့ ကိုယ်တွေ့ဆိုတာနဲ့ တိုက်ကြည့်ပြီး မှန်မှ မှန်တယ်ကောင်းတယ်လို့ ယူဆသင့်တာ။ ဒီအချက်တွေက တရားအားထုတ်သူတွေ အထူးသိသင့်တာပေါ့၊ ကျန်တဲ့ လောကီအပိုင်းတွေကတော့ မိမိရဲ့ အသိအဉာဏ်အဆင့်လောက်နဲ့ စဉ်းစားချင့်ချိန်တတ်အောင် ကြိုးစားပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် မှတ်သားမိပါကြောင်း။
အယ် တကယ်တော့.. ကြားဖူးနေတာ ဟိုနေ့ကတည်းက ... ခုမှပဲ မျက်မြင်ကိုယ်တွေ့မြင်ရတော့တယ်... ထူးဆန်းတယ်နော် တချို့အရာတွေက သိပ္ပံနည်းကျရှင်းပြရခက်သားလား... ဟမ်းဖုန်းကင်မရာဆိုတော့ နည်းနည်းတော့ဝါးတယ် zoom ဆွဲနိုင်ခဲ့ရင်ပိုကောင်းမှာ... ဒါပေမယ့် သိသာပါတယ်..
ဆယ်ထပ်ကြီး ဘုရားပေါ်မှာ အဲ အခွေကို တစ်ခါ ကြည့်ခဲ့ဖူးတယ်။ ဟုတ်မဟုတ်တော့ ကိုယ်လည်း မပြောရဲပါဘူး။
အဲလို ဖြစ်ပြီးတော့ မကြာပါဘူး။ ပြည် အဲ ပြည်တော့ မဟုတ်ပါဘူး.. အနီးအနား မြို့နယ် တစ်ချို့မှာ ရေကြီးသေးတယ် လို့ကြားပါတယ်။ မြို့ပေါ်မှာ ရေကြီးမှာစိုးလို့ ဆည်ဖောက်ချတာပါတဲ့။ အသေအပျောက် တောင်ရှိတယ် ဆိုပဲ။ အဲဒါကြောင့် ဘုရားကြီး တန်ခိုးပြခဲ့တာလို့ တစ်ချို့က ယုံကြည်ကြပါတယ်။
ဟုတ်တယ်.. အံ့သြစရာနော် မကိက ကြံကြံဖန်ဖန်ရတတ်တာကိုး။ ပထမဆုံးဖူးဘူးတာပါ
ဖတ်ရှုဖူးမျှော်အံ့သြသွားတယ် မမကိရေ
ဝေ့ လာဖူးမျှော်သွားတယ်နော်.. ဘွားကီနော်....။
if real, so admire and more believable.
If unreal,...hummmmm
even how,I am always believe.
hay..phwar ki,
i never cry..
kwi kwi
မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။လုပ်ကြံဖန်တီးမှုသက်သက်ပါ။ မြတ်စွာဘုရားရဲ့နာမ်ဝိညဏ်ဟာချုပ်ငြိမ်းသွားခဲ့ပြီဖြစ်လို့ အခုလိုမျိုးတွေလုပ်ထားခြင်းဟားမြတ်စွာဘုရားအပေါ်စော်ကားရာကျပါတယ်။ဘုရားကိုဘူးမြှော်ကြည်ငြိုနေတာထက်ဘုရားဟောခဲ့တဲ့တရားတွေကိုလိုက်နာကျင့်သုံးမယ်ဆိုအကောင်းဆုံးပါ။
Post a Comment