တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ် .. မင်္ဂလာဆောင်ပွဲလေးကျင်းပ နေတယ် ...အိုးး မှားပါတယ် ..ခုတလော သူများတွေ သီချင်းအကြောင်းတွေ ရေးနေကြတာ နဲ့ ရောယောင်လိုက်ဆိုမိတာ ။ မင်္ဂလာဆောင်ပွဲတော့ မဟုတ်ပါဘူး ။ ဒီနေ့ ဝါးကြော သွားနေတာ နဲ့ ဘာအကြောင်းရေးရမှန်းမသိ ။ ကိုယ်တိုင်လည်း မချက်တတ် ( ချက်တင် တော့ထိုင်တတ် သား ပဲ ..စားကောင်းသောက်ဖွယ် မချက်တတ် တာကိုပြောပါတယ် ) တော့ စားခဲ့  ဝါးခဲ့ တာလေးတွေကိုပဲ ရိုက်လာခဲ့ ပါတယ် ။ သွားရမဲ့ နေရာ ကို မသွားတတ်တော့ MRT စီးပြီး ထိုင်ပေထဲရောက်တော့ အူလည်လည်နဲ့  ဘယ်ဘက်လျှောက်ရမှန်းမသိ ၊၁၂ နာရီ အရောက်လာရမယ်ပြောထားတာ နာရီကြည့်လိုက်တော့ ၁၂း၃၀ တဲ့ ။ ပြသနာပဲ ။ စိတ်ရှူပ်လာလို့  ဝါဝါကားလေးပဲ တားစီးမိလိုက်တယ် ။ ဒီက Taxi တွေက အားလုံး အဝါရောင်တွေ ချည်းပါ ။ ဟဲဟဲ ၊ ကားဆရာ က ဟိုဝင်ဒီထွက် နဲ့ ပညာ ပြ လိုက်တာ ၁၂၅ ကျပ် ( ဒီက ၃၃ ကျပ်ဆို အစိမ်း ၁ ဒေါ်လာ ပေါ့ ) ကုန်သွားတော့ လိုရာအရပ်သို့  ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတယ်လေ ။ နောက်မှ သိရတာ က MRT ဆင်းတဲ့နေရာကနေ နောက်ဖက်ပြန်လျှောက် ပြီးကွေ့ လိုက်ရင် ၁၀ မိနစ်လောက်ပဲ လျှောက်ရပါတယ်တဲ့  ။ မီတာ တခါချိုးစရာတောင် မလိုပါဘူးးတဲ့  ။ ခံလိုက်ရတာ ၊ ထားပါတော့ အလကား ဝါးရမဲ့ အရေးဆိုတော့ လည်း တန်ပါတယ် ။ ကော်တရာ သူဌေး က တကာခံမှာဆိုတော့ မသွား မဖြစ် ၊ မသဒ္ဒါရေစာ ကို ရအောင် သွားဝါးရတော့ တာပေါ့ ။ ဆိုင် က အန်ဒါဂရောင်းမှာ ၊ ဂျပန် စာတွေပါပဲ ။
ရောက်ကာစက မစားရဲတဲ့ ငါးအစိမ်း ၊နောက်စားရင်းနဲ့ ဂျပန်စာ စားတိုင်း အများဆုံးစားဖြစ်တဲ့ အစာတခု ၊ ဂျပန်လိုတော့ ဘယ်လိုခေါ်လဲ မသိပါ ။ တရုပ်လို အခေါ်ကို ဗမာလိုရေးလိုက်တော့ စဲန်းယွီဖြဲန့် တဲ့  ။ ဝါဆားမိ နဲ့ တို့ စား ။ ပူရှိန်းရှိန်းပူစပ်စပ်ကြီး ။ ဒါကို အရသာခံပြီးစားကြတယ်တဲ့  ။ ဒီလူတွေတော့ ရယ်စရာပဲ
လွယ်လွယ်ခေါ်ရရင် ကြက်ဥပေါင်းပါဘဲ ။ ငံကျိကျိ နဲ့ ။အထဲမှာ ကြက်သားတုံးသေးသေးလေးတွေနဲ့ abalone ပါတယ် ။ မဆိုးပါဘူး။
တန်ပူရာ ၊ တွေ့ တဲ့ အတိုင်း ..ပုစွန် ကို ဆန်အလုံးသေးသေးနဲ့ ကပ်ပြီးကြော်ထားတာ ။ ပြီးတော့ ခရမ်းသီး၊ ပိန်းဥ ၊မျောက်ဥ (ဟိ..ဘာလို့ အဲ့လိုခေါ်တာလဲမသိ ..မျောက် က ဥတတ်လို့ လားနော် ) ၊မှို ၊ ကညွှတ် တွေကို ကြော်ထားတာ ။တို့ စားရတဲ့ ဆားက လည်း အစိမ်းရောင်ကြီး ။ Green Tea salt တဲ့  ။ ဘာမှ မကွာပါဘူး ။ဆား ဆိုတာ အားလုံးငံတာချည်းပါဘဲ။
ရေညှိအလိပ် ။အထဲမှာ ငါးဥ ၊ အရွက်တွေ ။ ဂဏာန်းသား နဲနဲ ။ ဗိုက်ထဲသာဝင်သွားတယ် ။ ဘာရွက်တွေလဲ သိဘူး ။
ဂဏန်းလက်မအသား၊မှို ၊အာတာလွတ်ဥ ၊မုန်လာပွင့် ၊ ချိုငံကြီး ။ စားလို့ တော့ ကောင်းသား ။
ပဲပြားအပျော့ ၊ ဘယ်လိုကြော်ထားလဲ မသိ ။ အပြင်က အခွံကြွပ်ကြွပ်ရွရွ ။ အထဲကတော့ ပျော့စိစိ ။ ရေညှိခြောက် အချပ်ကို အမျှင်တွေဖြစ်အောင်ညှပ်ထားတာ ဆံပင်မွှေး လိုလိုပါပဲ ။
ကောက်ညှင်းပေါင်း နဲ့တူတာပဲ ။ငါးဥကြီးက နဲနဲ အငံဓါတ်နဲ့  အရည်လေးတွေပါတယ် ။ ဘာငါးဥလဲ မသိ ။ဈေးကြီးတယ် လို့ တော့ ပြောတာပဲ ။ ဟင်းရည်က မီဆော့ ထန်း .. ဂျပန်လိုတော့ မခေါ်တတ်ပါ ။ ပဲတမျိုး ပါ ။ပဲပြားလဲ ပါတာ ထုံးစံအတိုင်းပေါ့ ။ သိပ်မထူးခြားပါဘူး ။
ပွဲသိမ်းခါနီး အချိုတည်းစရာ ။ အသီးလေးကလဲ နဲနဲလေး ။ တတုံး ကို တလုပ်စာတောင် မရှိ ။ သစ်တော်သီး ၊ ပန်းသီး၊ Dragon fruit ဆိုတော့ နဂါးသီးခေါ်မလား ။ ရယ်စရာကြီး ။ သေချာကြည့်နော် ။ မဲမဲ တုံးလေး နှစ်တုံး က ဘာလဲ ။ မှန်းကြည့် ...... အစက တော့ မုန့်ကျွဲသဲ အောင်းမေ့နေတာ ။ ဟိဟိ
အနီးကပ်ရိုက်လိုက်သေးတယ် ။ မြင်ရလား မသိ ။ အပေါ်မှာ ဖြူးထားတဲ့  အမှုန့်လေးတွေ ။ သေချာကြည့်တာတောင် ဘာမှန်းမသိလို့  ဘေးက တယောက်ကို လှမ်းမေးရတယ် ။ တောကျတာလေ ။ နောက်တော့မှ သိတာ ။ ဟားဟား ရွှေမှုန့် လေးတွေ ဖြူးထားတာ တဲ့ ။ အောင်မလေး ။ အဆိပ်သင့်တော့ မလား သိဘူး ။ ကြံကြံဖန်ဖန် ရွှေ မှုန်စားတယ် ဆိုတာ ခုမှ မြင်ဖူးတာ ။ ခွီး ခွီး ...
နောက်ဆုံးပိတ် က ကော်ဖီပါ ။ တခွက်ချင်းစီ ကြိုနေတာ .... လူ အယောက် ၄၀ စာဆိုတော့ သူ့ ကိုသောက်ဖို့ အရေး နာရီဝက်ကျော် စောင့်လိုက်ရသေးတယ် ။ ဒီနေ့ အတွက် ကယ်လိုရီတွေ အတော်များသွားလို့  ညစာ မစားရဲတော့ပါ ။ နာရီဝက် တနာရီလောက်ပြေးရပါအုံးမယ်။
အလုပ်က ဘော်ဒါတွေ နဲ့ .. ကော်တရာ ဘော်ဇာက မေးစိပွတ်နေပြီ ။ ဘာတွေ အကြံထုတ်နေလဲ မသိ ။ မနက်ဖန် အလုပ်တက်ရင်တော့ အသားကုန်ခိုင်းတော့မယ် ထင်ပါရဲ့  ။
မစားရ ဝခမန်း မျက်စိနောက်စရာဖြစ်အောင် ပုံတွေ ပြထားပါတယ် ။ အာရုံနောက်သွားရင်တော့ တောင်းပန်ပါတယ် ။ နောက်ရက်တွေမှ ပဲ စာလေးပေလေး ရိုရိုသေသေ ရေးပါတော့မယ် ။ ခုတော့ ... ပေါ့ပေါ့ ပါးပါး ။ အချောင်ခိုလိုက်ဦးမယ် နော် ...
27 comments:
သူများ မင်္ဂလာဆောင်တွေ စားပြီးရင် ကိုယ်လဲပြန်ကျွေးမှ ကောင်းတာ......(ပြောကြည့်တာလေ.... ဟဲဟဲ)
ရေညှိလိပ်ထဲမှာ ဘာတွေပါလဲ မမြင်ရပဲ ဂလိုပဲ စားပလိုက်တာပေါ့လေ.....
အဲလို အစာမျိုးလဲ ရှိသေး.... လျှို့ဝှက် အစာတွေပေါ့လေ...
ဟားဟား..... ဂျပန်စာတော့ သာမီး အရမ်းကြိုက်... သွားရေကျလာပြီ....
ညှင်းညှင်း..... အိပ်ချင်ဒို့...... ဘလူမှ မရှိကြဘူးလားဟင်... အဲနီးဘော်တယ်ဟုမ်း.... ????
ဂွင်ရှာနေတဲ့ ခြင် တကောင်တည်း သောင်းကျန်းသွားတာလား ဟုတ်လား ဟွင်းးးး
ဖွားကိရေ အဲဒါ တွေ စားရတာ မြန်မာအစားအစာနဲ့တော့ တချီစား တခြားစီပဲနော် ဟက်
အပေါ်ဆုံးက ငါးအစိမ်းက ဂျပန်လို ဆာရှိမိလို့ခေါ်တယ်။ ၀ါစာဘိနဲ့ တို့စားရတာလေ..
စားစရာတွေ အများကြီးပဲနော်..။
ကော်တရာ ဘော်ဇာက မေးစိပွတ်နေလဲ သူကျွေးနေတာဆိုတော့ စားပြီးတာ အမြတ်ပေါ့နော်။ .. :P
ဒါနဲ့ ဓါတ်ပုံထဲမှာ မကိပုံပါဘူးလား။ မြင်ဖူးချင်လို့..
ကိရေ
တခုမှကြိုက်ဘူး...
နည်းနည်းလေးပဲပါတယ်နော်...
ဝပါ့မလား...
မုန့်ဟင်းခါးနဲ့ ဗူးသီကြော်ပဲ ၂ ပွဲဆက်တိုက်စားတော့မယ်...
အန်တီကိတစ်ယောက် တိမ်ပြာပြာဆန်းဒေးတိုင်းမှာ ဖရီးကစ်နဲ့တွေ့ပါစေ...
နှင်း
မမကိကတော့ နှိပ်စက်လိုက်ပြန်ပြီ။ ဒီမှာ စားဖို့lunchအချိန်ရောက်နေပြီ။
ဒေါ်ဂွင်
အယ်ဟုတ်ဖူးလေ မမရေ... ပြေားတာပါ
စဲန်းယွီဖြဲန် ဘီလိုအသံထွက်လဲဟင် ရုံလေးကို အင်္ဂလိပ်လို ပြေားပြလေ နော်..မမ
ရွှေမှုံစားပြီးလှလာမှာပေါ့နော်
မ၀ရင် အဆစ်နည်းနည်းထပ်တောင်းပေါ့ မမရဲ့
ကျွေးတဲ့လူကလေ လူပျိုကြိးလား???
ဘာလို့ အသည်း ပုံနဲ့ကော်ဖီတိုက်တာလဲဟင်???
ကယ်လိုရီကျအောင် ဝါဆားမိ တပိဿာ တထိုင်ထဲ စားရသတဲ့...
းဝ)
ရွှေစားတဲ့ကိကီ...
စားရင်းနဲ့... ရွှေကြိုက်နေပြီလား...
းဝ)
ပင်လယ်စာတွေ စားလာတယ်လား...
ရော့ရော့...
သံပုရာရည်လေးသောက်လိုက်...
တိန်... တိန်... တိန်...
ငှဲငှဲငှဲ...
းဝ)
လှတယ်နော် ကြည့်ရတာ။
စားရမှာထက် ထိုင်ကြည့်နေရမလိုပဲ။
ဒီလိုဆန်းဒေးတွေ အပတ်တိုင်းရှိနေတာမဟုတ်လား သိနေတယ်လေ။
မအယ်
ပန်းတွေလည်းတွေ့တယ်ဗျ
အဲဒါရောစားလို့မရဘူးလား
သူများသီချင်းဆိုလို့လိုက်ဆိုမယ်ဆိုရင်
အခါတော်ပေးသီချင်းဆိုပါလား အဟိ
မေးစိပွတ်နေတဲ့ဘဲကတော့ တကယ့်သောကရုပ်ပဲ မမကိဘယ်လောက်တောင်စားလိုက်မှန်းမှမသိတာ သနားပါတယ်ကော်တရာရယ် ကျွတ် ကျွတ် :P
ဖွားကိရေ အလကားသွားစားခဲ့တာလားဟင် ... ပါဆယ်လေးကော မသယ်လာဘူးလား ... ကပ်စေးနည်းတွေ ကြွေးတာ စားရခဲတယ်နော် ...
တောက်... စားချင်လိုက်ထှာ...။ ဒီတယောက် ငရဲတော့ ကြီးဦးမယ်.. သူများတွေ သရေကျအောင်လုပ်လို့။
ဖွားကီတို့များ စားနေတာ အသံတောင်မထွက်ဘူးး) ငြိမ်ချက်သားကောင်းတယ်မှတ်တယ် ဘယ်ဟုတ်မတုန်း သူက ၀ါးတီးသွားဆွဲနေတာကိုးဗျ အဟေးဟေးး အပြန် မပန်းစေနဲ့နော့်
လေးစားလျက်
တောင်ပေါ်သား
အလဲ့ မမကိရေ သွားစားနေတာပေါ့လေ....
မေသူတို့ ကတော့ ဝါစာပိ စစားတုန်းက ဟယ် အရောင်လေးလှလိုက်တာနော်ဆိုပြီး အများကြီးကလော်စားလိုက်တာ.... အမယ်လေးးး ပူချက်..... မှတ်သွားတာပဲ တခါထဲနဲ့ ....... နောက်ဘယ်တော့မှ ဝါစာပိစားဘူးးးးးးး စိတ်အားကြီးနာတယ်........
ရွှေမှုန့် တွေလဲ စားတယ်ဆိုတော့.....
ဘုရား.......ရေ..... တခုခုဖြစ်ကုန်ဘယ်လိုလုပ်ကြမတုန်း... ကြံကြံဖန်ဖန်လဲ စားကြပါ့.........
ထမင်းလိပ်တော့ စိတ်ဝင်စားတယ် .
ညှီသလားပဲ ..
မယ်ကိ တို့ဝါးကြောတွေ့ လို့ ဆွေမျိုးမေ့နေပြီ...
စကား မစပ် မျောက်ဥ ဆိုတာ ကိုင်ကြည့်လို့ သိတာလားဟင်.....း)
ငါးဥကတော့ အီကုရာလို့ ခေါ်တယ် ဆယ်လ်မွန်ငါးဥတွေ (salmon roe) ...
မယ်ကိလည်း ဂျပန်စာတွေစားဖူးသွားပြီပေါ့...
ဂလု ဂလု ဂလု ဂလု သာ ဂလုရတယ် မစားတတ်လောက်ပါဘူးဗျာ.. ပြီးတော့ တင်းတိမ်မှာလည်းမဟုတ်ဘူး.. ကျုပ်တို့ကတော့ ထမင်းချိန်တန် ထမင်းပဲဗျို့
kiki ရဲ့ ရွှေမှုန်တွေ အကြောင်းဖတ်ရလို့
မမ တောကျတာလေး ပြန်သတိရသွားတယ်
လွန်ခဲ့တဲ့ ၆ နှစ်လောက်က မမ ဂျပန် INGO တခု မှာ လုပ်ခဲ့တုန်းကပေါ့
ဝန်ထမ်းတွေအတွက် နှစ်ပတ်လည်ပါတီ ပေးတယ်
အဲဒီမှာ အထက်အရာရှိ ဂျပန်မလေးလင်မယား က သူတို့ဂျပန်ကသယ်လာတဲ့ ဆာကေး အရက်ပုလင်းတွေနဲ့ သောက်တတ်သူတွေ ကို ဧည့်ခံတယ် .. အစိုးရအရာရှိတွေနဲ့ UN,INGO က အထက်အရာရှိတွေ ကို ဧည့်ခံကျွေးမွေးရေး အတွက် ကိုယ်တိုင်ယူစား စံနစ်ပေမဲ့ မမ အပါအ၀င် ၀န်ထမ်း မိန်းကလေးတွေ က နဲနဲ ပါးပါး ကြည့်ပေးရတယ် ဆိုပါတော့
အဲဒီ ဆာကေး ပုလင်းတွေ က အရမ်းလှတာပဲကိ ရေ
ဆာကေးအမျိုးအစားတခုရဲ့ ပုလင်းလည်ပင်းမှာ ရွှေဖတ်လေးတွေ ထည့်ထားတဲ့ ချစ်စရာ ပုလင်း ပိစိလေးတွေ ချိတ်ထားတာတွေတော့ မမ လဲ ဘုမသိ ဘမသိ အလှတပ်ထားတဲ့လက်ဆောင် အောက်မေ့ပြီး ဖြုတ်ယူထားလိုက်ပါရော .. နောက်ရက်ကျတော့
မမ နဲ့ တခြား တပည့်မ တယောက် ခပ်တည်တည်နဲ့ ဘေးလွယ်အိတ်မှာ ချိတ်ထားကြတာ လေ
ဂျပန်မလေး တွေ့တော့ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့
အာ. အာ... ဒါတွေ ဘယ်က ရကြတာလဲ တဲ့.. ဒုက္ခပါပဲ တဲ့... မမတို့ လဲ ကြောင် အ အ နဲ့ မနေ့ ဖြုတ်သိမ်းလိုက်တာ လို့ ပြောရတာပေါ့.. ပြီးတော့ အဲဒါ ရွှေ အစစ်မို့ သူ မျက်လုံးပြူးနေတာမသိဘူး လို့ လဲ တွေးနေမိကြာတာပေါ့
နောက်တော့ ဂျပန်မလေး က.. အဲဒါ ဆာကေး ထဲ ထညိ့သောက်ရတာတဲ့.. အဲဒီ ရွှေမှုန်ပါတဲ့ ဆာကေး က ပိုလို့ ဈေး ကြီး ပြီး အမွန်အမြတ်ထားတဲ့ အခမ်းအနား မျိုးမှာ မှ သုံး တယ် ဆိုပဲ.. မှတ်ကရော..း))..
မကိနဲ့ ၀ိုင်းတော့ တိုက်ဆိုင်နေပြီ ၀ိုင်းလည်း စနေနေ့ကမှ မင်္ဂလာဆောင် သွားလိုက်ရသေးတယ် အဲ့ဒီမှာ သက်သက်လွတ်ပဲကျွေးတယ်လေ မကိတို့လောက်တော့ စားချင်စဖွယ်လေးတွေ မရိုက်နိုင်ခဲ့ပါဘူး ကြက်နဲ့လုပ်တဲ့ ဟင်းရွက်၊ လာပြန်ပြီ ဘဲနဲ့လုပ်တဲ့ ဟင်းရွက်၊ နောက်လည်း ငါးနဲ့လုပ်တဲ့ ဟင်းရွက် ဒါတွေချည်းပဲ အမရဲ့ မင်္ဂလာဆောင်က အစားအသောက်တွေပဲ လာငမ်းသွားတော့တယ် ရှလွတ် စားချင်စရာ ဗိုက်ဗိုက်တောင်ဆာပြီ :)
ဂျပန်အစား စာတွေ ကစ်လာတာပေါ့။ စားဖူးတာပေါ့ဗျာ။ ကော်ဖီခွက်လေးပဲ ကြိုက်တယ်။ ကျန်တာက ဘာအရသာ ရှိမှန်းလဲ မသိဘူး။
အစ်မရေ...
ရောက်တယ်
ပြန်ပြီး
ကွိကွိ
အစ်မကို ခေါ်တာမဟုတ်ဘူး။ လှည်းဘီး ဆီမထည့်လို့ မြည်တဲ့အသံ။
သမီးကြီးနောက်ကျသွားတယ်။
ရတယ်... အစားမရရင်လဲ ခြင်နဲ့ ဝက်သတ်ပြီး ပြန်ရုံပေါ့။ ဟဟ
အလှပဲထိုင်ကြည့်ချင်တယ် စားရရင်တစ်ခုမှ တင်းတိမ်မယ့် ပုံ မပေါ်ဘူး သြော် မြန်မာပြည်သား ငါကွ ဟိဟိ
ဘာတွေလည်းသိဘူး... အများကြီးပဲ....
ဟိုစပ်စပ် ဒီစပ်စပ် နဲ့နော်... ကလေးကစားစရာကျနေတာပဲ...
ဒါပေမယ့်လည်း အလကားစားရတာပဲ ဘာဖြစ်လဲ တန်တယ်... :P
Post a Comment