အောင်နက် နဲ့  ဂုတ်ကျား မ တို့  ရှာဖွေ စားသောက်နေရတဲ့  ပြည်လုံးချမ်းသာ ၆ ရပ်ကွက် အမှိုက်ပုံ ကြီး က မိုးတွင်း အခါဆိုတော့ စိုတလှည့် ခြောက်တလှည့် နဲ့  .... ဪ ... ပေးထားကြတဲ့  လမ်းတွေ နာမယ် အတိုင်းသာ ပညက်သွားရာ ဓါတ်သက်ပါ ဆိုရင် ဘယ်လောက်များ ကောင်းလိုက် ပေမလည်း လို့  အောင်နက်ကြီးက မဆီ မဆိုင်တွေးနေမိသေး ။ သူတို့ လို လမ်းဘေး ခွေးဝဲစား တွေ အဖို့  တနေ့  တနေ့  အလျှင်မီအောင် ရှာစား နေကြ ရသူတွေ အဖို့  ချဲပေါက်တာတောင် ဒိုင်ပြေးတဲ့  အဖြစ်မျိုးမို့  ဖွတ်သထက် မွဲ နေရတာ ပါလား ။သူ့  မဟေသီ မယ်ဂုတ်ကျား ကတော့ လက်တွေ့  ဘဝ ဆန်ဆန် ဘဲ ခွေးဘဝ ကို ခွေးလို ရင်ဆိုင်တတ်လို့  စိတ်ကူးယဉ်သမား လင်တော်မောင် အောင်နက် ကြီး ကို တခါတခါ မှာ ဘဝင် မကျ ။
စဉ်းစားကြည့်အုံးလေ ။ခြေလေးချောင်း ခွေးချင်းတူတာတောင် ခွေးဝဲစား နဲ့  အယ်ဇေးရှင်း အမျိုးအစားချင်း မတူကြ ။ အဆင့် အတန်းချင်းက မိုးနဲ့ မြေ ။ အမှိုက်ပုံ တိုးစား ရတဲ့  အောင်နက် ကြီးတို့  မိသားစု နဲ့  ရွှေခွက်ထဲ မှာ ရယ်ဒီမိတ်အစာ နဲ့  အမဲရိုး အလျှံပယ်ဝါးလို့ ရတဲ့ အယ်ဇေးရှင်း တို့ ဘဝ ၊ နေရ ၊ စား ရတာချင်း မတူရုံတင် မကပါဘူး ။ သင်ကြား ရတဲ့  ပညာချင်းလည်း မတူကြပေဘူး ။ လူတွေလည်း လူတွေ တတ်မြောက်ရမဲ့  ပညာ အရည်အချင်း ရှိသလို ခွေးတွေမှာလည်း ရှိပေတာပေါ့ ။ လူသူခိုး တွေ ရှိသလို ခွေးသူခိုးတွေလည်း ရှိကြတယ် ။
အောင်နက်ကြီး နဲ့  ဂုတ်ကျားမ တို့ ရဲ့  ရင်နှစ်သည်းချာ ခွေးပေါက်လေး နှစ်ကောင် အချိန်တန် အရွယ်ရောက် လာတော့ ခွေးတို့ တတ်အပ်တဲ့  ပညာအမွေပေးဖို့  တိုင်ပင်ကြတယ် ။
"မိန်းမရေ ။ ငါတို့  သား နဲ့  သမီး ၂ကောင် တော့ ဒီနှစ်က စပြီး ခွေးကျောင်းတက်ရတော့မယ်ကွ ။ ဘယ်ကျောင်းမှာ အပ်ရ ကောင်းမလဲ ။ အင်း ... သူတို့ လေးတွေ ကို ပေးဖို့ ကလည်း ပညာ အမွေ ကလွဲရင် တခြား ဘာမှ ငါတို့  မှာ ရှိတာ မဟုတ်တော့ လူတလုံး သူတလုံး ဖြစ်အောင် ..အဲလေ ခွေးတလုံး မွှေးတလုံးဖြစ်အောင် ပညာကောင်းကောင်းလေး သင်ပေးလို့ ရတဲ့ ကျောင်းမှာ အပ်ချင်တယ်ကွာ ။
"အို ... ကိုအောင်နက်ရယ် .. ရှင့်မလည်း လူနေခြုံကြား စိတ်နေဘုံဖျား ..ယောင်လို့ ခွေးဝဲစား နေလမ်းကြား စိတ်ကတော့ ခန်းနား ။ ကိုယ့် အိုး နဲ့ ကိုယ့်ဆန် တန်အောင် ပဲ စဉ်းစား စမ်းပါ တော် ။"
" မင်းကလည်းကွာ ၊ လှံထမ်းလာတာ မြင်ရတယ် ၊ ကံထမ်းလာတာ မမြင်ရ ဘူးလို့  လူတွေက ဆိုကြတာ မကြားဖူးဘူး လားကွ ။ ငါ ချဲထီ ထိုးထား တယ် ။ အောင်ဘာလေ ထီလည်း အမြဲထိုး နေတာပဲ ။ ဒီတကြိမ် မလွဲဘူးကွ ။ အဲလေ ။ လွဲရင်လည်း နောက်အကြိမ်တွေ ပေါက်မှာပေါ့ဟ ။အာ ဝု ... "
" ဂိန် ... ရှင်ကတော့ ဒီလို စိတ်ကူးယဉ်နေရုံ နဲ့ ပဲ ပြီးနေတာ ၊ ရှင်ရှာလို့ ရလာသမျှ လည်း ဘောပွဲလောင်းတာ ၊ ချဲကစား တာ နဲ့  ကုန်ပါလေရော ။ ကျုပ်ပဲ ဒီမိသားစုကို ရှာကျွေးနေရတယ်မဟုတ်လား ။ သူတို့ လေးတွေကို ကျောင်းကောင်းကောင်းလေးတော့ ကျုပ်လည်းထားပေးချင်တာပေါ့တော် ။
"အေးလကွာ ။ ဟို လေ ။ ငါကြားဖူးတာက အိမ်သာဘေးရှင်းတယ် ဆိုလား ၊ အဲ့ဒီကျောင်း က အတော်လေးကောင်းတယ် တဲ့ ၊ သင်ပေးတဲ့  ခွေးဆရာတွေ ဆိုတာကလည်း နိုင်ဂံဂျား ကနေ ပင့်ဖိတ်ထားကြတာ ဆိုပဲ ကွ ။ ဖဦးထုပ် နိုင်ဂံ က တဲ့ "
" ရှင်ကတော့ ပြောရော့မယ် ..ဘယ်ကလာ အိမ်သာဘေးရှင်းတာ တုန်း ။ အင်တာနေရှင်နယ်စကူးလ်(ရန်ကုန်) ပါ တော် ။အခု ဒီမှာ ဖွင့်ထားတာ အတိုကောက် ကို အိုင်အက်စ်ဝိုင် (ISY) ဆိုလား ခေါ်ကြတာ လေ။ "
" အဟေး ။ ဟုတ်ပ ၊ အဲ့ ဒီကျောင်းပဲ ဟ ၊ငါပြောချင်တာကလည်း ။ နေပါအုံး၊ မင်းက ဘယ်လိုလုပ် သိရပြန်တာတုန်း ။ အိမ်သာနက် လဲ တက်တတ်တာ မဟုတ်ပဲ နဲ့  ။ "
"အလိုတော် ။ကျုပ်ကိုများ အထင်စမော လို့  ။ ကျုပ် အမြဲတမ်း သွားငေး နေကြ လမ်းထိပ် လဖက်ရည်ဆိုင်က လူတွေ ပြောနေကြတာပဲ ဟာ ။ ပြီးတော့ ဟို တလမ်းကျော် လူကုံတန် တွေ နေတဲ့  လမ်းက ခွေးမ လေး လူစီလမ်းသလား တို့ လည်း သူ့  ခွေးသားသမီးတွေ ကို အဲဒီကျောင်းမှာ ပဲ ထားတာ တဲ့တော့ ။ သူ့ နဲ့  ရည်ငံနေတဲ့  ရှေ့ မျက်စောင်းထိုး အိမ်က ခွေး ငပွကြီး က ဟောင်ဖွာ ဟောင်ဖွာ လုပ်နေတာ ကြားခဲ့ တာ ။"
" ဆိုပါအုံး ။ ဒီကောင်က မစားရ ဝခမန်း ဘာတွေ ကြွားနေပြန်တာလည်း ။"
" သူတို့ ကျောင်းမှာ နိုင်ဂံဂျားသား ဆရာတွေ ကို တလ ၂၀၀၀ နဲ့  ငှားပြီး ဘိုလို ပျံနေအောင် သင်ပေးတာ တဲ့တော် ။ သူ့ သားကျောင်းလခ တင် တနှစ် ကို ၂ သောင်း လောက်ကျ တာ တဲ့  ။ ခုဆို သူ့ ခွေးသားလေးက ဝုတ် ဝုတ် လို့တောင် မဟောင်တော့ဘူးတဲ့။ "
" အလိုကွာ .. ငါတို့  ခွေးမျိုးတွေက တသက်လုံး ဝုတ် ဝုတ် ဝုတ်ဟောင် နေကြ ဟာ ..သူတို့  လက်ထက်ရောက်မှ ဘယ်လိုပြောင်းဟောင်နေကြ ပြီလည်း ကွ ။ ပြီးတော့ ဒီ ငွေလေး ၂ ထောင်လောက်များ ငါလည်း တတ်နိုင်ပါတယ်ကွာ ၊ ငါ့ ကလေးတွေ အတွက် ဒီလောက်တော့ ငါရှာနိုင်ပါသေးတယ် ဟ ။"
"ရှင်ကလည်း တယ်ခက်ပါလား ... ခု ခေတ်မှီတဲ့ အိမ်သာ နေရှင်နယ် စကူးထွက် ခွေး တွေက ဝုတ်ဝုတ် မဟောင်တော့ ဘူး တော့် ။။ ဝုဖ် ဝုဖ် .. wolf wolf လို့  သူတို့ ချင်းချင်း တွေ့ ရင် နှုတ်ဆက်ကြတာ ။။ပြီးတော့ ၂၀၀၀ ဆိုတာ ကလည်း ခြင်္သေ့  ၂ကောင် ဟုတ်ဖူးတော်ရေ ... ဆင်ဖြူလောက်လည်း စကားထဲ ထဲ့ မပြောဖူး ။အခု ဆရာ ငှားကြ တာ က တလကို အစိမ်း ၂၀၀၀ တော့ ... အစိမ်း ၂၀၀၀ ။ သိရဲ့ လား ...
"ဂိန် .. ဂစ် ..ဂစ် ..ဂစ် ..။"
"အမလေး ကိုအောင်နက် .. ကိုအောင်နက် .. ဘယ်လိုဖြစ်သွားတာတုံး .. ပါးစပ်မှာလည်း အမြှုပ်တစီစီ နဲ့  ။ သတိထား မှပေါ့ ရှင် ။"
( အောင်နက် တကောင် လန့် ဖြန့် ပြီး မျက်ဖြူ ဆိုက် ကာ တက်သွားလေသည် ။ ဒီတော့ မဟေသီ ဂုတ်ကျား မ ခမြာ မျက်လုံးပြူး မျက်ဆန်ပြာ ပြီး လင်တော်မောင်အား နှာနှပ်ပေးလိုက်ရလေသည် ။ အတန်ကြာ မှာ အောင်နက် သတိပြန်ရလာ ၏ ။ ပြီးတော့ မှ ... )
" ငါကတော့ မင်းပြောသမျှ ကြားတာ နဲ့ တင် .. မဝုတ် နိုင်တော့ ပါဘုးကွာ ...."
ဪ ...အောင်နက်တို့ လို ခွေး ဝဲစားတွေ မှာတော့ ဝုတ်တောင် မဝုတ်နိုင်ကြတော့ပါလား ။ဒါပေမဲ့  အဆင့်မြင့် ခွေးတွေက ဘိုလို တော်ကီ ပွားကြတော့မှာတဲ့ လေ ။ဒီအကြောင်း လေးနဲ့  ပတ်သက်ပြီး ဒီနေရာလေးမှာ သတင်းအပြည့် အစုံရှိပါတယ် ။အမြည်းလေးက ဒီလိုပါ ။
နအဖကိုယ်တိုင် မယုံကြည်တဲ့ နအဖရဲ့ပညာရေးစနစ်အကြောင်း။
ပြည်တွင်းမှာတော့ အဆင့်မမှီတဲ့ ပညာရေးစနစ်ကို သင်ကြားနေရတဲ့ တပ်တွင်းက ဆင်းရဲတွင်းကျနေကြတဲ့ သာမန် စစ်သားမိသားစုတွေရဲ့ ခလေးများဘဝဟာလည်း သာမန်ပြည်သူပြည်သား မိသားစုတွေရဲ့ ခလေးများ ဘဝလိုဘဲ ဘာမှ မတတ်တဲ့ မြန်မာ့ပညာရေးဘဝထဲ တဝဲလည်လည် ဖြစ်နေပါကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။ကဲ ..... မယုံမရှိကြနဲ့ နော် ... ဒီအမြည်းလေးကတော့ ဘိုလို တော်ကီပွားတဲ့  တကဲ့  ခွေး လေး ပါ ...ကြည့် ချင် သပ ဆိုရင်တော့ နှိပ်သာ နှိပ်ပေရော့  ဗျိုးးးး၊
ပညာတွေ ကိုယ်စီ သင်ယူကြရာမှာ တောင် မညီမျှတဲ့  အခွင့် အရေး အကျိုးပေးမှုတွေကြောင့် သူတို့  ခေတ်သို့ ရောက်ရတော့မည်မှာ မလွဲပါ ။
18 comments:
လာပြန်ပြီ ဒီခွေးဇာတ်ထုတ်.
နေအုံး။ နေရာဦးထားပြီးမှပြန်ဖတ်မယ်။
နံပါတ် ၁
ခွေးလည်း အဆင့်မြင့်လာပြီ I love you တွေ၊ ဘာတွေပြောလို့း))
အိမ်သာဘေးရှင်းကျောင်းတက်ထားတာထင်တယ်နော်။
အဲ အခုပဲတင်တယ်မှတ်တာ နေဦး ဇိမ်ခံနေတဲ့ ခွေးအကြောင်း ဖတ်လိုက်ဦးမယ် ပြီးမှ မန့်တော့မယ်နော်။
ခင်မင်လျှက်
ညီမလေး ပါးလုံး
အယ် ခွေးက လူလည်ကျလို့ ဝုဖ်တောင် မအော်တော့ဘူး အိုင်လပ်ဖ်ယူဆိုပဲ။ အင်းမကီရေ အတွေးတွေတော်တော်ကောင်းတယ်ဗျာ အစစ်ပဲ မြင်သာအောင်ရေးသွားတာ အားကျမိပါတယ်။
ရယ်လည်းရယ်ရတယ်
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
အဟိတရိစ္ဆာတွေ တောင် သင်ပေးရင် အကုန်တတ် တယ်ဗျ မတတ်တာ မြန်မာပြည်က စစ်ခွေးတွေပဲ ... သူတို့ လက်အောက်က ခွေး နောက်တမျိုးကတော့ ကြံ့ဖွတ်လို့ ခေါ်တဲ့ ခွေးအစွယ်အပွါးတွေပေါ့ .. ဘယ်လောက် သင်သင် မတတ်ဘူး ... ကျွေးတဲ့ လက်ကို ပြန်ကိုက်တတ်ကြတယ် ....
ဖွားကိရယ် ရီလိုက်ရတာ ဟားဟားးးးး
ကိုဇော် လူကြီး စိတ်လျှော့ စိတ်လျှော့ ဟိဟိ
ခွေးဇာတ်လမ်း အဲလေ....
သင်တိုင်း တတ်တဲ့ လိုက်နာတဲ့ ခွေး အကြောင်း လာဖတ်တယ်။ ရယ်ရတယ်။ ဒါပေမယ့် မရယ်ချင်ဘူး။
မရယ်ပဲ ပြန်သွားပြီ မယ်မယ်ကိရေ....
မရယ်ပဲ ပြန်သွားတဲ့
သမီးကြီး
ဖွားကီ ခွေးတွေကော မစင်တွေကော ဖွားကီနော့် မပြောချင်ဘူး အဟွန်းးး ဟွန်းးးး ဘ၀တွေလေ ရဲရင်အရူးဖြစ်တဲ့ အဲဟုတ်ပေါင် ရဲရင် မင်းဖြစ်တဲ့း) ရဲကြစို့လား ဝေးးးးးးးးး
လေးစားလျက်
တောင်ပေါ်သား
ရှင်ဂွမ်းကိ တို့ကတော့..
မယ်တော်ကြိုင်..I love u အော်နေတာပဲ..ရှိသလား..
ဘဘဖယား မပါဘူးလား
မကိ.... ပြော မပြောချင်ပါဘူးးး
ခုဆို လူတန်းစားအဆင့်တန်းတွေ တော်တော် ကွာသွားပြီ....
မမရေးထားတာလေး သဘောကျတယ်ဗျို့ ............ :)
ကြံကြံဖန်ဖန်တော့
သူရေးလိုက်တိုင်း ... အကြောင်းအရာတွေရော ရသတွေရော မြိုင်ဆိုင်နေတာပဲ... :)
kiki ရေ ကြံကြံဖန်ဖန် တော်တော် ရှာတွေ့တယ်နော့်။ ပြီးတော့ ဆောင်းပါးတွေ၊ သတင်းတွေကလည်း kiki ဆီရောက်သွားရင် အကုန်လုံး ဟာသဖြစ်သွားတော့တာပဲ။ ကာတွန်းဆွဲမတတ်လို့ တော်သေးတယ်။
ရယ်လည်းရယ်ရ ဘဝတွေကိုလည်း မြင်ရတဲ့ ပိုစ့်လေးပါ မမရေ။ အိမ်သာနက်မတက်ဘဲ အိမ်သာနေရှင်နယ်လ်စကူးလ်(ရန်ကုန်)ကို ဘိုလိုပြောတတ်ဖို့ သင်တန်းတက်ဖြစ်နေဦးမယ့် လူစီလမ်းသလားတွေ။။။။ မမကိရေးထားတာလေး သဘောကျလိုက်တာ
မမကီရေ့  သိပ်မှန်ကန်ပြီး ထိမိလွန်းတဲ့ 
အတွင်းကျကျ သတင်းတွေ ပါပဲ။ သိနေကြားနေ
တာတော့ ကြာပါပြီ။ တစ်ခြမ်းစောင်းနေတဲ့ 
ကျွန်တော်တို့  မြန်မာပြည်ကို ပြန်တည့် မတ်
လာအောင် ဘယ်လိုလုပ်ရပါ့ ။ မတွေးချင်ပေမဲ့ 
နေ့ စဉ် တွေးတွေးနေမိတဲ့ ကိစ္စကြီးပါပဲ။အရာ
ရာ မမြဲဘူးတဲ့ ..။ ကျွန်တော်တို့  စောင့် ကြည့် 
ကြရအောင်ဗျာ။ မကွယ်လွန်မှီ တက်လာမဲ့ ၊
ပြောင်းလဲလာမဲ့ အရပ်သားအစိုးရကို။ ကံ လေး
များ ပါခဲ့ ရင် မြင်ဘူးရမှာပါလို့ ။ မပြောပါနဲ့ 
တော့ လို့ ပြောနေတဲ့ ကြားထဲကနော်မမကီ.....
ခွေးကလဲ တယ်လာပါလား
ရသကို စုံနေတာပဲ ရယ်မောသွား (ရယ်ရင်းမောသွား)ပါတယ်။
မကိက တော်တော်ရေးတတ်တာပဲ.. :D
သြော်... e စိမ်းပမ်းတာ အကြိမ် ၂၀၀၀ တဲ့လား... ဓာတ်ဆားရည် သွင်းပေးထားလိုက်လေ...
းဝ)
Post a Comment