ရေးတော့အမှန် ဖတ်တော့ အသံ ဟုဆိုကြသည် ။ မြန်မာ ဟုရေးပြီး ဗမာ ဟု အသံထွက်ကြသည် ။ တချို့ ကလည်းပြောကြပါသည် ။မြန်မာ နှင့် ဗမာ ဟူသည်မှာ အဓိပ္ပါယ် ကွဲပြား ခြားနား သည်ဟူ၍ .....ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ အတွင်း ဗမာအား လူမျိုးစု တခု ဟု သတ်မှတ်သည်ဟူ၍ ။ သို့ ပါ၍ ဤစာပုဒ်ကိုရေးရာတွင် မြန်မာ ဟုသာရေးပါသည် ။တကယ် အသံထွက် ပြောဆိုရာမှာတော့ ဗမာ ဟုပြောခြင်းက ပိုပြီးအဆင်ပြေပါသည် ။ ဤစာပါအကြောင်းအရာ မှာ အဖြစ်အပျက်မှန်တခုကို အခြေခံတင်ပြခြင်းသာ ဖြစ်ပါ၍ ဗမာ သို့ မဟုတ် မြန်မာ ဆိုသော အသုံးအနှုံး အတွက် အချင်းမပွားကြစေလိုပါ ။ (ဤ စာရေးသူရဲ့  ဦးစွာ အစီရင်ခံ ခြင်းပါ )
ကိုဘသောင်း၊ ကိုလှဘော်၊ ကိုသိန်းမောင်၊ ကိုအုန်းခင် …. စသည့်လူငယ်များက ဒို့ဗမာအစည်းအရုံးအား ထူထောင်၏။ ၁၉၃၀ မေလ ၃၀ ရက်နေ့တွင် ဒို့ဗမာအစည်းအရုံးမှ ကြေညာစာတမ်းတစောင်အား ထုတ်၏။ အမှတ် ၃၃ ၊ ရေတာရှည်လမ်း၊ ဗဟန်း …. လိပ်မူနှင့် ဖြစ်သည်။
ကြွေးကြော်သံက ……
“ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား
ဗမာပြည်ကို ချစ်ပါ
ဗမာစာကို ချီးမြှင့်ပါ
ဗမာစကားကို လေးစားပါ” ဟူ၍ ဖြစ်သည်။
ဒီစာတန်းလေးကို ဒီနေရာ မှ ယူထားပါသည် ။
မြန်မာတွေ တလွဲ ဆံပင်ကောင်းကြတယ် လို့  ဒို့  ဗိုလ်ချုပ်ပြောခဲ့ တဲ့  စကားလေး တခွန်း ပြန် အမှတ်ရ မိ ပါတယ်။ မြန်မာလူမျိုးဖြစ်ရတာ ကိုယ့်ကိုကိုယ် သိမ် ငယ်တယ် လို့ ထင်သူ များ တကယ် ရှိတယ်လေ ။ ကိုယ်တွေ့ လည်း ကြုံဖူး ပါရဲ့  ။ တဆင့်စကားနဲ့ လည်း ကြားဖူး ပါရဲ့  ။ ဇာတ်လမ်းတွေ မတူ ကြပေမဲ့  ကိုယ့်ကိုကိုယ် မြန်မာ လူမျိုး ဖြစ်ရတာ ရှက်စဖွယ်လို့  ခံယူထားသူများ၊ မြန်မာ စကားပြောတတ်တယ် ဆို တာကို လူပုံ လည်မှာ ထုတ်ဖေါ်ပြော ဖို့  ရှက်ရွံ့ နေသူများ အတွက် ဒီစာလေးကို ရေးဖြစ် ပါတယ် ။
သာသည့်မြေသို့ ဆိုတဲ့  ဦးတည်ချက်နဲ့  အမိမြန်မာ ပြည်ကြီးကို စွန့် ခွာ လာခဲ့ ရတာ မျိုးမဟုတ်ဘဲ အခြေ အနေ အရပ်ရပ်ကြောင့်  ကိုယ်ချစ်တဲ့  မိသားစု ဆွေမျိုး မိတ်ဆွေ ။ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို စွန့် ခွာ ခဲ့ ရပြီး သူတပါး တိုင်းပြည်မှာ မျက်နှာ ငယ်စွာ ၊ ဆင်းရဲ ဒုက္ခပေါင်းများစွာ ကို ရင်ဆိုင် နေထိုင် ကြရသူတွေ သိန်း နဲ့ချီ ရှိနေကြတယ်လေ ။ တချို့ လည်း အဆင်ပြေတယ်။ တချို့ လည်း အင်မတန် ဒုက္ခရောက်ကြတယ်ပေါ့ ။
တိုင်းပြည်သစ် နေရာသစ် တခုကို ပြောင်းရွှေ့  နေထိုင် ကြရသူတွေ အတွက် အကြီးဆုံး ပြသနာ ဦးဆုံးတွေ့ ကြုံ ရတဲ့  ပြသနာ ကတော့ ဘာသာစကား တခုပါဘဲ။
လူတဦးနဲ့တဦး ဆက်သွယ်ကြမယ်ဆိုရင် ဘာသာစကား တခု နဲ့ပြောဆို ဆက်သွယ်မှ အဆင်ပြေတယ်ပေါ့နော် ။လွယ်ကူတဲ့ အဓိပ္ပါယ် တခု အတွက် တော့ ခြေဟန် လက်ဟန် နဲ့ ပြောရင် ရတဲ့ အခါမျိုးလည်း ရှိပါတယ် ။ ဒါပေမဲ့  စကားလုံးတိုင်းကို ခြေဟန် လက်ဟန် နဲ့ ပြောလို့  ပြီးတာ မဟုတ်ပါဘူး ။ ဆွံ့ အ နားမကြား သူ တွေ အတွက် အထူး သင်္ကေတ တွေ တတ်ထားကြရင်တော့ တမျိုးပေါ့ နော် ။ဒါဆို စကား မပြောလည်း သိပ် ကိစ္စ မရှိပါဘူး ။ ပြီးတော့ ကမ္ဘာသုံး အင်္ဂလိပ် စကားကို ရေလည်အောင် ပြောတတ်ကြရင်လည်း တပန်းသာ ပါတယ် ။
ဒါတောင် အင်္ဂလိပ် စကား ကို အဓိက သုံးစွဲကြတဲ့ နိုင်ငံ မျိုး မှာမှ ဖြစ်မှာလေ ။ ဥပမာ .. ယိုးဒယား နိုင်ငံ မှာ အသင် ဘယ်လောက်ပဲ အင်္ဂလိပ်စကား ကို ဂျွမ်းပစ်အောင်ပြောနိုင်သူ ဖြစ်ပါစေ ၊ လမ်း မှာ Taxi ဆို ပြီး တားစီးကြည့်လိုက်ပါ ။ ပြီးတော့ အင်္ဂလိပ် လို ရှာလိမ်သွားတဲ့ အထိ ထပ်ခါတလဲ ပြောပြီး သွားချင်တဲ့ နေရာ ပြောကြည့် လိုက်ပါ ၊ ကားမောင်းတဲ့ သူ အများစု က ခေါင်းတလည်လည် မျက်စိ တလည်လည် နဲ့ ၊ ဒီတော့ ဆက်လက်ပြီး ဘရိုးကင်း အဂ်လိပ်ရှ် နဲ့  နစ်ပါး သုံးပါး အပါးပေါင်းများစွာ ပြော ဖြစ်ပါလိမ့် မယ် ။ ပြီးတော့ ဘော်ဒီလဲန်းဂွတ်ရှ် သို့  တဆင့် တက် ပြီး နောက်ဆုံး အသင် ကံကောင်းရင် သွားလိုရာ ကို တခါတည်းနဲ့ လျှောလျှော ရှုရှု ရောက်ပါမယ် ။ ဒီလို ကံမကောင်းရင်တော့ ဟို ပတ် ဒီပတ် နဲ့ ဘဲ အချိန်ကုန် ၊ ငွေကုန် ၊လူပန်း ပေရော့ ။ ကံကောင်းလို့  ယိုးဒယား စကားပြောတတ်တဲ့ အသိ မိတ်ဆွေ လေးများရှိနေရင်တော့ ဘယ်နေရာရောက်ရောက် သူ့ ကို ဖုန်းဆက် ၊ စကားပြန် လုပ်ဖို့  အကူ အညီတောင်း ၊ကားမောင်းသူ ကို ဒါရိုက်ပြောခိုင်းနိုင်ရင်တော့ လိုရာခရီးကို အဆင်ပြေစွာ ရောက်နိုင်ပါမယ် ။ နောက်တနည်းက သူတို့  ဘာသာစကားနဲ့ ရေးထားတဲ့ လိပ်စာ ကဒ်ပြားလေး၊မြေပုံလေးမျိုး ဆောင်ထားရင်တော့ ဒီ ပြသနာတွေနဲ့ သိပ်ကြုံရမယ် မဟုတ်ဖူးပေါ့နော်။
ဒါလေးက အများတွေ့ နေရတဲ့  အသေးအမွှား ပြသနာလေး များထဲ က အလွယ်တကူ ဖြေရှင်းနိုင်တဲ့  အကြောင်းလေးတခု ပါ ။
အဓိက ပြောလိုတာက ဘာသာ စကားတခု ဟာ တဦး နဲ့ တဦး ဆက်သွယ်ရေးမှာ ဘယ်လောက် အရေးပါတယ် ဆိုတာ သိစေချင်လို့ ပါ ။ ဒီလို အချိန်မှာ ကိုယ်က မပြောတတ် မဆိုတတ် ၊ တဖက်လူ ကလည်း ကိုယ်ဆိုလိုတာကို သဘောမပေါက် တဲ့ အခါမျိုးမှာလေ ကိုယ့်ဘေးက ဖြတ်သွားတဲ့  သူ တယောက်က ကိုယ့်ဘာသာ စကားတခုကို ပြောဆိုတတ်ပြီး ဝင်ရောက် ကူညီလိုက်တဲ့ အခါ အဆင်ပြေသွားတတ်တော့ ကူညီ လိုက်တဲ့သူ တဦးအတွက် ဘယ်လောက်မှ အပန်းမကြီးဘူး ဆိုပေမဲ့  အကူညီခံလိုက်ရတဲ့  သူတယောက်အတွက် အင်မတန်မှ ဝမ်းသာစရာကောင်းလှတယ် လေ ။ ဒါပေမဲ့ တချို့  တချို့ သော သူများ ၊ ခုတော့ လူ တော်တော် များများဟာ ကိုယ့်ကိုယ်ကို မြန် မာ လူ မျိုး တယောက် ဖြစ် ပါတယ် ဆို ပြီး လူပုံ လည်မှာ ထုတ်ဖေါ်ပြရမှာ ကို ရှက်ကြ ၊ ရှက်စဖွယ်လို့  ခံယူထားနေကြတာ အတော်လေး ဝမ်းနည်းစရာ ပါဘဲ ။
ဒီလို နဲ့  လူတယောက် အသက် ဆုံးရှုံး စေခဲ့ ရတဲ့  အဖြစ် အပျက်လေး တခု အမှန်တကယ် ဖြစ်ခဲ့ တယ် ဆိုရင် အသင်တို့  ဒီစာလေး ဖတ်ပြီးချိန်မှာ ဘယ်လို ယူဆ ကြပါမလဲနော် ။
ထိုင်ဝမ်ကျွန်း နိုင်ငံလေးတခု ထိုင်ပေမြို့ ပေါ်ရှိ နာမယ်ကျော် ဆေးရုံကြီးတရုံ မှ အထူးကု ဆရာဝန်ကြီးတဦး ဆေးခန်းထိုင်နေတဲ့ တရက် ..အထူးကု ဆရာဝန်ကြီး ဆိုပေမဲ့ အသက် ၃၀ မပြည့်သေး ချောမောလှပသော အမျိုးသမီး ဆရာဝန်၊ ရင်ခေါင်းနှင့် ပတ်သက်သော ရောဂါဆိုင်ရာ ကုသမှုမှာ မှာ နာမယ်ကြီးဆိုတော့ လူနာအပြည့်  မနက် ၈း၃၀ မှ ၁၂း၀၀ နာရီ ထိ ပြင်ပလူနာကြည့် ချိန်မှာ လူနာ ၆၀-၇၀ လောက်ကို ကြည့်ရှူ ကုသပေးရတဲ့အတွက် လူနာတဦးကို ၄ -၅ မိနစ်မျှသာ အချိန်ပေးနိုင်တယ်ပေါ့။ဒါတောင် သူ့ ရဲ့ အကူ သူနာပြု ဆရာမလေး နှစ်ဦးက လူုနာ တဦးချင်းစီရဲ့ လိုအပ်မဲ့  ရာဇဝင် အကျဉ်းချုပ် လေးတွေ၊ ကိုယ်အလေးချိန် ၊ သွေးပေါင်ချိန်နဲ့ ကိုယ်အပူချိန် ဇယားကွက်များ ၊စာရွက် စာတမ်းများကို အဆင်သင့် ဖြည့်စွက် ပြင်ဆင်ထားပြီးသားမို့  ဒီလောက်အချိန်ပိုင်းအတွင်းဒီလောက်လူနာများကို ပြီးစီးအောင် ကြည့်ရှူ နိုင်တယ်ပေါ့လေ။
အဲဒီရက်က တနလာင်္ နေ့ ဆိုတော့ လူနာ ပိုများတဲ့ အတွက် ခပ်သွက်သွက်လေး ကြည့် တာတောင်မှ ၁ နာရီ လောက် ထိ လူနာတွေ တန်းစီနေကြမယ်ဆိုတာ သူရော ၊ ဆရာမလေးတွေ ပါ သဘောပေါက်ပြီးသားပေါ့ ။ ဒီလိုနဲ့ ၁၁ နာရီ ထိုး ခါနီးမှာ အသက် ၇၀ အရွယ် လူမမာ အဖွားကြီး တယောက် ဟာ ၁၃-၁၄ နှစ် အရွယ် မြေးမလေး ရဲ့ တွဲ ယူလာခြင်းကြောင့်  စမ်းသပ်ခန်းထဲ ကို တုန်ရီစွာ နဲ့ ဝင်ရောက်လာ ပါတယ်။ သူရဲ့ မှတ်တမ်း ရာဇဝင်မှာ သွေးပေါင် ချိန် ။ အပူချိန် ။ကိုယ်အလေးချိန် စတာတွေ က လွဲလို့  ဘာ ရောဂါရာဇဝင် မှတ်တမ်းမှ ဖြည့် စွက်ထားတာ မရှိတော့ အထူးကု ဆရာဝန်မကြီး မျက်နှာ က အလိုမကျ ၊ သူ့ ဆရာမလေးတွေ ကို မေ့ရကောင်းလား ဆိုတဲ့ လေသံနဲ့ လှမ်းမေးလိုက်တယ် ။( အားလုံး ကို တရုပ်ဘာသာ စကားနဲ့သာ ပြောဆို ကြတာပါ ။ )
"ဒီလူနာ မှတ်တမ်းက ဘယ်လိုဖြစ်လို့  ဖြည့်စွက်မထားရတာလဲ ။ ဒီနေ့ လူနာ များတယ် ၊ အချိန် မလောက်ဖူးဆိုတာ မသိကြဘူးလား ။"
ဒီတော့ ဆရာမလေးက လှမ်းပြောပါတယ်
"ဒေါက်တာ ရေ ။ ဒီလူနာရော ၊ အိမ်သားရော ၂ယောက်စလုံးက မေးတာ တွေ သေချာ မဖြေနိုင်ကြဘူး ။ ဒေါက်တာနဲ့ တွေ့ မှ ကိုယ်တိုင်ပြော မယ်ဆိုလို့ ။ ပြီးတော့ သူတို့ ပြောတဲ့စကားတွေ ကျွန်မတို့  နှစ်ယောက်စလုံး သေချာ နားမလည် လို့ ခြေဟန် လက်ဟန် နဲ့ မနဲ အဓိပ္ပါယ်ဖေါ် ယူရတာ ။"
ဒီတော့မှ လူမမာ အဖွားကြီးက စပြီး တုန်ရီ စွာနဲ့  စကားပြော ပါတယ် ။ မြန်မာ လို ပီပီ သသ ပါဘဲ ။
"သမီးရယ် ။ အမေတို့  ဒီကိုလာတာ မိတ်ဆွေ တဦးက ညွှန်လိုက်လို့ပါကွယ် ။ဒီဆေးရုံမှာ ဗမာပြန် ဆရာဝန်မလေး တယောက် ရှိတယ်ဆိုလို့  သမီး ဆီ ကို အားကိုးတကြီးနဲ့  လာတာပါ ။ အမေတို့ ဒီရောက်တာလဲသိပ်မကြာသေးပါဘူး ။ စကားကလည်း လည်ဝယ်အောင် မပြောတတ်လို့ အခု နေမကောင်းဖြစ်နေတာတောင် ဘယ်နားမှာ ဘယ်လို ပြရမယ်မှန်း မသိလို့ပါကွယ်။"
ဆရာဝန်မလေး မျက်နှာ အနည်းငယ် ပျက်သွားတာကို ဘေးက ဆရာမလေးက သတိပြု မိလိုက်ပါတယ် ။
ဒီတော့  ဒီလူနာ အဖွားကြီးပြော နေတာ ကို သူ တို့ ဆရာဝန် မကြီး နားမလည် ဘူးထင်လို့  ကြားမှ ဝင်ပြီး လူနာကို တရုပ်လို ထပ်မေးပါတယ်။
"အမေကြီး ခံစားနေရတဲ့ ရောဂါ အခြေအနေကိုပြောပါ ။ ချောင်းဆိုး သလား၊ လည်ချောင်းနာ သလား ။ နှာစေးလား ။"
ထုံးစံအတိုင်း ဖြစ်နိုင်ချေ ရှိတဲ့ လက္ခဏာ လေးတွေ မေးခြင်း ပါဘဲ ။
ဒီမေးခွန်း အဓိပ္ပါယ် လွယ်လွယ်ကူကူလောက်ကိုတော့ အဖွားကြီးက နားလည်ဟန်ရှိပါတယ် ။ နားလည်ပေမဲ့  လုံးစေ့ ပါတ်စေ့ ပြန်ပြောဖို့ ရာတော့ သူ့ အတွက် မလွယ်ကူ လှပါဘူး။ အဲဒီတော့ အဖွားကြီးက မြန်မာလိုဘဲ ပြန်ဖြေတယ်ပေါ့ ။
"အမေက ချေုာင်းဆိုးနေတာ ကြာပါပြီ ။ရင်ကြပ်ပန်းနာ ကလည်း ရှိနေတာ နှစ်ပေါင်းမနည်း တော့ပါဘူး သမီးရယ် ။အမေ့ ယောကျာင်္း မဆုံးခင် ကတည်းက၊ ခု သူ မရှိတော့တဲ့ နောက်ပိုင်း ရောဂါက ပိုဆိုးလာတာ ၊ ဒီရောက်တာ ၆ လ ရှိပြီ ။ အစားအသောက်ပျက် ပြီး လူက တဖြေးဖြေး ပိန်ချုံးလာ တာ ၊ ခေါင်းလည်းမူးတယ် ၊ ရင်တုန်တယ် ။ အစာ အိမ် နာ သလို မကြာ ခဏ ဖြစ်တယ် ။ အားမရှိဘူး " ။ အစချီပြီး .... အသက်ကြီးသူတွေရဲ့ ထုံးစံ အတိုင်း ရှေး ပဝေသနီ မှ အစချီကာပြောနေတော့ ဆရာဝန် မလေး မျက်နှာ သိသိ သာသာ ပျက်စ ပြု လာ ပါပြီ ။ အနောက် မှာ လူနာတွေ ကြည့် စရာ တပုံကြီး ကျန်နေသေးတော့  လောမယ် ဆို လည်း လော လောက် ပါတယ်။
အဲဒီတော့ မျက်နှာတင်းတင်း နဲ့ ဘဲ တိုတို တုတ်တုတ် အသံ အနည်းငယ် မြှင့် ပြီး တရုပ်ဘာသာစကားနဲ့ ပြန်ပြော တယ်လေ ။
" ဝမ်းနည်း ပါတယ် အမေကြီင်္း ။ ခု အမေကြီး ပြော တဲ့  ရောဂါ လက္ခဏာ အရ ဆိုရင် ကျွန်မ နဲ့ သိပ် မဆိုင် ပါဘူး ။ ဒါပေမဲ့  ဓါတ်မှန် လေးတော့ ရိုက်ပေးလိုက် ပါမယ် ။ ပြီးမှ ဆက်လက်ဆွေးနွေးကြတာပေါ့ ။ ရက်ချိန်းပေးတဲ့ ရက် မှာ ပြန်လာ ပြပါ ။"
ဒီလိုနဲ့ ဘဲ လူနာ အဖွားကြီးရယ် သူ့ မြေးမလေးရယ် မျက်စိသူငယ် နားသူငယ် နဲ့ ဓါတ်မှန်ရိုက်ဖို့  စာရွက်လေး ကိုင်ပြီး ထွက်ခွာ သွား ရှာလေရဲ့  ။
ဒီလို နဲ့  မေ့မေ့ ပျောက်ပျောက် ပါဘဲ။ ၆ လဆို တဲ့ အချိန် ကာလလေး ဟာ လျှင်မြန် စွာနဲ့ ဘဲ ကုန်ဆုံး သွား ခဲ့ ပါပြီ။
..............................................................................................................................................
ဒီ မနက် မြန်မာပြန်တွေ စုဝေး နေထိုင်ကြတဲ့  ဈေးလမ်း လေး ပေါ် မှာ အမျိုးသမီးကြီး တဦးဟာ ၁၃-၁၄ နှစ် အရွယ် မိန်းကလေး တဦးကို မေးမြန်းနေ တဲ့  စကား စုလေးကို အမှတ် မထင်ကြားလိုက် ရလို့  စပ်စု တတ်သူ ကိုယ် တယောက်လည်း မနေနိုင်စွာ နဲ့ စကား ဝိုင်းလေးထဲ သို့  ရောနှောပါဝင် မိခဲ့ ပါတယ် ။
အမျိုးသမီးကြီး ။" ဟေ့ ကလေး မ ၊ နင်က ဟို ဒေါ်ကြိုင်သန်း ရဲ့ မြေး ကလေး မဟုတ်လား ။ နင့် အဖွားရော ၊ သက်သာရဲ့ လား ။ ငါလည်း မတွေ့  တာ ကြာ သွားပြီ ။ ငါပြောလိုက်တဲ့ဆေးရုံ မှာ ဆရာဝန် မလေးကို သွားရှာတာ အဆင်ပြေ တယ် မဟုတ်လား ။"
မိန်းကလေး ။ ( ငို မဲ့ မဲ့ မျက်နှာဖြင့်  ) "ကျွန်မ အဖွား ဆုံးသွားတာ တနေ့ က မှ ရက် ၁၀၀ ပြည့် လို့ ဘုရား ရှစ်ခိုး ပွဲ လုပ်ရတာ ။"
အမျိုး သမီးကြီး ။" ဟေ ။ နင့် အဖွား ဆုံးသွား တာ ငါတောင် မသိလိုက်ဖူး ၊ ဘာရော ဂါ နဲ့ လဲ ။ ဘယ်လို ဖြစ်ရတာ လည်း အေ ။ငါ သေချာ ညွန်လိုက်တာ အဲဒီ ဆရာဝန်ဆီ ။ နင်တို့  သွား မကြည့် ကျ ဖူးလား အေ ။ ဒုက္ခ ပါဘဲ ။ သူ က အရမ်းတော် တာ ။ ဘာရောဂါ မို့ လို့ ကု မရ တာ လည်း အေ ။ ငါ စိတ် မကောင်းလိုက်တာ ။"
မိန်းကလေး ။" အဖွား ဖြစ်တာ ဘာလည်း တော့ အစ ကသေချာ မသိဖူး ။ အဲဒီ တခါ ပဲ ဒေါ်ကြီး ညွှန်လိုက်တဲ့ ဆေးရုံ သွားဖြစ်တာ ။ ဟို ပြတဲ့  ဆရာဝန် မလေး က ဗမာလို မတတ်ဖူးတဲ့  ။ သူု ဆရာ မလေးတွေ က ပြော တာပဲ ။ အဖွား ကလည်း အဲဒီ တခေါက် ဓါတ်မှန် ရိုက်ခဲ့ ပြီး နောက်ထပ် မသွား ချင်တော့ လို့  အဖြေလည်း သွားမကြည့် တော့ဖုး ။"
အမျိုးသမီးကြီး ။ အဲ ဒါဆို ဘယ်လို ဖြစ်ပြီး ဆုံးတာလည်း အေ ။ ညီးတို့  ကလည်း တယ်ပေါ့ ဆ တာ ကိုး။
မိန်းကလေး ။ အဖွား မဆုံးခင် ၃ ရက်လောက်က ညကြီး သွေးတွေအန်ပြီး သတိလစ်သွားလိုအိမ်ဘေးက အမတယောက့် အကူ အညီနဲ့ သမီးနဲ့ အကိုတို့  အရေးပေါ်ကား ခေါ်ပြီး ဆေးရုံသွားကြတယ်။ဟိုရောက်တော့ ရင်ဘတ်ကို ဆေးဓါတ်မှန်ရိုက်တော့ အဆုပ်ကင်ဆာ ကအရမ်းပြန့် နေပြီတဲ့ ဆရာဝန်ကြီးကပြောတယ် ။ အသည်းအသန် ခန်းမှာ တင်ထားတာ ၃ ရက်နေတော့ အဖွားဆုံး သွားတယ် ကြီးဒေါ်ရဲ့။
အမျိုးသမီးကြီး ။" ဟယ် ငါစိတ်မကောင်းလိုက်တာ ။ မိကြိုင်သန်းရေ ။ ဒီလိုမှန်းသိ ငါ နင့်ကို အဲဒီ ဆရာဝန်မလေးဆီ သွားပြဖို့  မညွှန် လိုက်ပါဖူး အေ ။"
ဒီ အမျိုး သမီးကြီး က နောင်တသံ တဝက် ငိုသံတဝက် ဖြင့် မိန်းကလေးကို ပြော နေချိန်မှာတော့ ကိုယ်လည်း သူတို့ နည်းတူ စိတ်မကောင်းခြင်းတွေနဲ့  ဒီစကားဝိုင်းလေးဘေးမှ ထွက်လာမိခဲ့ ပါတော့တယ် ။
ရင်ထဲမှာတော့ မချိလှပါဘူး ။ ကိုယ့် မြန်မာလူမျိုး အချင်းချင်း အမိမြေနဲ့ ဝေးရာ မှာ ပြန်လည်ဆုံတွေ့ ကြရင် တချို့ လည်း ဝမ်းပန်းတသာ နဲ့  နှုတ်ဆက်ကြတယ် ။ ပြူငှာ ဖေါ်ရွေတတ်တဲ့ မြန်မာ ဓလေ့ ကို ပြနိုင်ကြတဲ့ သူတွေ လည်း ရှိကြပါတယ်။
ဒါပေမဲ့ တချို့ သော သူတွေမှာတော့ လူကြား သူကြားထဲ မှာ ဗမာလို ပြောပြီး နှုတ်ဆက် ရမှာ ကို မလိုလားကြဘူး ၊ သူ့ ကို သူများက အထင်သေးတဲ့ အကြည့် မျိုးနဲ့ ကြည့် မှာကို စိုးရိမ် နေတတ်ကြတယ် ။ ပညာတွေ တဖက်ကမ်းခတ်အောင် ဘယ်လောက်ပဲ တတ်ကျွမ်းနေပါစေ ။ကိုယ့်လူမျိုး ၊ ဘာသာ စကားကို ကိုယ် ကိုယ်တိုင်က သိမ်ငယ်တယ် လို့  အထင်ရောက်နေသူတွေ လည်း ရှိ နေကြတာ လေ ။ အဲဒီလို အတွေး အခေါ် ဆင်းရဲ နေကြတဲ့ လူတွေများများ ရှိနေရင်တော့ တချိန် ချိန်ကျရင် မြန်မာစကားဆိုတာ တိမ်ကော သွား လေ မလား ။
ဒို့  ဗိုလ်ချုပ် ပြောခဲ့ သလို ပါဘဲ ၊ မြန်မာတွေ တလွဲ ဆံပင်ကောင်း နေကြတယ် ဆိုတာ .......
26 comments:
ပထမရပြီထင်တယ်ဗျိုး
ဖွားကိ ဘာလို့လဲ မသိဘူး ဖတ်ပြီးမျက်ရည်ဝဲမိတယ် ဝက်မျက်ရည် မြေမကျကောင်းဘူးဆိုလို့ ပြန် ဝင်ခိုင်းလိုက်တယ် သိလား
ဟေ့ မြန်မာကို ကမ္ဘာက သိစေရမယ် ကွ
ဝက်ကြွေးကြော်သံ ကြားလိုက်လား မကိရေ............
အလွမ်းရော...အသောရော..
၂ ခုလုံး..ပိုင်လှချည့်လား..မယ်ကိ..ရယ်..
ကိုကြီးကျောက် က..အပေါ ပဲအားသန်တာ..
by the way..
မယ်ကိ..သိသလားလို့ မေးချင်လို့...
ကိုကြီးကျောက်ခဲသူငယ်ချင်းတယောက် Taiwan မှာရှိတယ်၊ သူရောက်နေတာ..အနှစ် ၃၀ လောက်ရှိပြီ..သူ့နာမည်က J L Chieu တဲ့ ဗမာနာမည်က..ဝင်းမော်တဲ့..ကျောက်မဲ ဇာတိ..Taiwan မှာဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်နေတာကြာပြီ..
ဗမာပြည်မှာတော့ ကိုကြီးကျောက်ခဲနဲ့ မန်းတက္ကသိုလ်မှာ
သူငယ်ချင်း..သူက Physics နဲ့ ကျောင်းတက်ခဲ့တာ..
ဆရာဝန်ချင်းဆိုတော့..မယ်ကိများသိမလားလို့..
ကျောက်ခဲ..ဆိုရင်သူသိတယ်..
ကဲ.ကဲ..အခု..အလုပ်သွားလိုက်ဦးမယ်..နောက်မှစပ်စုတော့မယ်
စိတ်မကောင်းစရာပဲ... ကြည့်ရတာ ဆရာမလေးက သူ့ကို အပူကပ်မှာကြောက်နေပုံရတယ်...
လူအမျိုးမျိုးပါမကိရေ ကူညီချင်တဲ့ စိတ် နဲ့ ကိုယ်ချင်းစာ တရားလေး၇ှိရင်တော့  အကောင်းဆုံးဘဲဗျာ ခုတော့  သူဘယ်လိုလူစားမျိုးလဲဟင်လို့ သာမေးချင်မိပါတယ် သူ့ ကိုနားလည်ပေးလို့ မရတာထက် သူ့ ကိုခွင့် လွှတ် ဘို့ ခက်သွားပြီ ကျနော့ လို ဒီပို့ စ် လေးဖတ်မိတဲ့  တခြားစာဖတ်သူတွေလဲ ခံစားရမှာပါ တကယ်စိတ်မကောင်းစရာနော် ဒါကြောင့် ဒီနေရာကနေပြီး ဒီလိုလေးရေးချင်တယ် ကိုယ့် အတွက် တာဝန်မကြီးဘူးဆိုရင် ကိုယ်ချင်းစာ တတ်တဲ့ စိတ်လေးနဲ့  ကူညီနိုင်ပါစေလို့  ခင်တဲ့  သုဒြေ္န တကယ်ဘဲစိတ်မကောင်းဖြစ်မိတယ်
ဒီလိုမျိုး တခြားဘာသာစကားကိုမှ အထင်ကြီး ကိုယ့်ကိုကိုယ် အထင်ကြီးကာ နိုင်ငံခြားမှာ ပညာတွေလာသင် စီးပွါးတွေ လာရှာနေတဲ့ မြန်မာတွေ အများကြီးပါပဲ ... တမင်တကာ သာ မသိချင်ဟန်ဆောင် တဲ့ လူတွေဟာ အမျိုးမစစ်တွေသာ ဖြစ်ပါကြောင်း ... သူများစိန်နားကပ်နဲ့ ပါးပြောင်သူများသာ ဖြစ်ပါကြောင်း ၀မ်းနည်းစရာ ပိုစ့်လေးကို ဖတ်ရင်း ရင်ဖွင့်သွားခဲ့တယ် ဖွားကိရေ ....
မြန်မာလို့ ဝန်ခံရမှာရှက်တတ်တဲ့လူတွေကို
အများကြီးတွေ့ ဖူးတယ် စိတ်မကောင်းစရာပဲ
ကိရေ.. စိတ်မကောင်းစရာကြီးနော်.... ဒီမှာလဲ ဒီလိုပဲ... မြန်မာ အခြင်းခြင်း မသိချင်ယောင်ပဲဆောင်နေကြတယ်.....
ဘာကြောင့်မှန်း မသိပေမယ့်..... နားလည်ပေးလိုက်ပါတယ်...
တို့ကတော့ မြန်မာဖြစ်ဖြစ် ဗမာဖြစ်ဖြစ်ချစ်တယ်.... ကိုယ့်လူမျိုးပဲ ကိုယ်မြတ်နိုးတယ်....
အဲလိုလူမျိုးတွေလဲ ရှိသေးသားပဲနော်။ မြန်မာက မြန်မာပါပဲဗျာ။ သူဘာသာ ဘာလူမျိုးခံထားခံထား မြန်မာရုပ်ကတော့ ပြောင်းလဲဖို့ မလွယ်ပါဘူးနော်။ ဒီမှာတော့ ဗိယက်နမ်နဲ့ မှားမှားပြီး မေးကြတယ်, ဗိယက်နမ်လားတဲ့။ ဟုတ်ဘူး။ မြန်မာလို့ ..... မသိဘူးတဲ့။ တရုတ်နိုင်ငံရဲ့ ဘေးနားမှာပါလို့ ။ သူတို့က မြန်မာဆိုရင် မသိဘူး။ ဘိ့ဓမ္မာ ဆိုမှ သိကြတာ။
တို့တော့ စီတီဇင် လျှောကိခွင့်ရနေပြီ... ဒါပေမယ့် မလျှောက်ဘို့ပဲ ဆုံးဖြတ်ထားတယ်.... ဘာအကျိုး အမြတ်ကြောင့်မှ မဟုတ်ပါဘူး... မြန်မာကလွဲလို့ ဘာလူမျိုးမှ မဖြစ်ချင်နေလို့ပါ.....
ဆ၇ာဝန်တွေ စိတ်ကောင်းဖို့နဲ့ စာနာစိတ်များများ၇ှိဖို့ လိုပါတယ်.
တကယ်တော့ဗျာ.... နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့သူ၊ သူ့စရိုက်နဲ့သူ၊ သူ့ဘဝနေထိုင်မှုနဲ့သူ မတူကြပါဘူး။ ကျနော်တော့ မြန်မာ ဖြစ်ရတာ ဘယ်တုန်းကမှ မသိမ်ငယ်ခဲ့ဘူး၊ စိတ်အားလဲ မငယ်သလို ဘယ်တုန်းကမှလဲ ငါမြန်မာဆိုပြီး လက်မလဲ မထောင်ခဲ့ဘူး။ တကယ်တော့ ဘယ်သူမဆို ကိုယ့်နိုင်ငံ ကုယ်လူမျိုးအတွက် လက်မထောင်ချင်တာ မဆန်းပါဘူး။
ကျနော်တို့တွေ ဘာကြောင့် လက်မမထောင်နိုင်သလဲ ဆိုတာ တွေးကြည့်ရင် သိမှာပါဗျာ..။ ကျန်တာတွေတော့ မပြောတော့ဘူးဗျာ..။ စိတ်ပျက်စရာတွေပဲ ရေးမိမှာစိုးလို့ပါ။
အင်းးးးးးးးးးး
မြန်မာလူမျိုးတွေဟာ ဘယ်လိုလူမျိုးဆိုတာ မြန်မာပီသသူတိုင်း ဘယ်နေရာ ဘယ်အခြေနေမျိုးရောက်ရောက် မမေ့မလျော့ တန်ဖိုးထား ဖော်ပြသင့်ပါတယ်လေ။
အများကြီးးးးးး အများကြီးးးးးးးးးးး ကြုံဖူးလို့ စိတ်လဲ အကြိမ်ကြိမ် ထိခိုက်ခဲ့ဖူးပါတယ်။
ဖတ်ရတာစိတ်မကောင်းလိုက်တာ. အဲဒီဆရာဝန်မ ဒီပို့ ကို တိုက်ဆိုင်စွာဖတ်ရပြီး ညတိုင်းအိပ်မက်ဆိုးတွေမက်ပါစေဗျာ
အဲ့ဆရာဝန်မမှာ တကယ်ပဲ လူနာတွေကို သူ့ပညာနဲ့ ကယ်တင်ချင်တဲ့ စိတ်ရှိခဲ့တယ်ဆိုရင်တော့ သူ ရဲ့ လုပ်ရပ်ကို သူသိသွားတဲ့တနေ့ သူ့ရဲ့အောင်မြင်မှုတွေ ကျဆုံးသွားမှာပါ။
ကြောက်ဖို့ကောင်းတဲ့ အဲလို ဗမာတွေနဲ့ မတွေ့ပါစေနဲ့ လို ဆုတောင်းပါတယ်။
စိတ်လျှော့ သူတို့လဲ ဘ၀ပေးအခြေအနေရပါ ဖွားကိရ
မြန်မာတွေ တလွှဲ ဆံပင်ကောက်နေကြတယ်။ စိတ်ညစ်တယ် ဖွားကီ စိတ်ကို မချမ်းသာပါ့လားနော့်
လေးစားလျက်
တောင်ပေါ်သား
ကိကိ ဇာတ်လမ်းလေးက..၀တ္တုလေး တပုဒ်လို..ရင်နင့်စရာ..ပြီးတော့..စဉ်းစား ဆင်ခြင်စရာ..
စိတ်မကောင်းဖြစ်မိတယ်.... ဘာပြောရမှန်းတောင် မသိတော့ဘူး.... ဒီမှာလဲ မြန်မာချင်း မတွေ့ချင်သူတွေရှိတယ်...
ဒိမှာတော့ မြန်မာ များလွန်းတယ်။ အစိုးရဌာနနဲ့ ထိုင်းလိုရေးထားတဲ့ ဆိုင်းဘုတ်တွေသာ မရှိရင် မြန်မာမြေလေးလိုပါပဲ။ မေလေးကျ မြန်မာစကားကို မြန်မာလိုအနေအထိုင်ကို ချစ်လွန်းလို့ မြန်မာစကားတတ်တဲ့ ထိုင်းနဲ့ စကားပြောရရင်တောင် မြန်မာလိုပဲပြောတယ်။ နင့် ဘာလို့ ထိုင်းလိုမပြောတာလဲ မေးခံရရင် ပြုံးပြလိုက်တယ်။ တလွဲဆံပင် ကောင်းနေကြတာတော့ နေရာတိုင်းရှိနေတယ်ထင်တာပါပဲ မမကိရယ်။ အဲဒီဆရာဝန်မ မမဟာ ကျောသား ရင်သား ရန်သူ မိတ်ဆွေ မခွဲခြားဘဲ လူနာကို ပြုစုကုသပေးရပါမယ်ဆိုတဲ့ ဆရာဝန်စည်းကို တလွဲဆံပင်ကောင်းပြီး ဖျက်ပစ်လိုက်တာပါပဲ။ မြန်မာအချင်းချင်းရိုင်းပင်းနိုင်ကြပါစေ
မမ အထင်တော့ မြန်မာလို့ ပြောရမှာရှက်တယ် ဆိုတာထက်.. သူ့နှလုံးသားက မာကျောတာနေမှာပါ
လူသားဆန်တဲ့စိတ်နည်းတယ် ပြောရမှာပေါ့...
ကိုယ့် ခံယူချက်လေး ထည့်ပြောရရင်တော့
လူမျိုးအတော်များများ နဲ့ အလုပ်လုပ်ခဲ့ရတဲ့ အတွေ့ အကြုံတွေရပြီးတဲ့ နောက်မှာ..
မြန်မာဖြစ်လို့ သိမ်ငယ်စရာ လိုတယ်လို့ မခံစားမိတဲ့အပြင်
မြန်မာလို့ ပြောလိုက်လို့လဲ အထင်သေးခံရဖို့ မကြောက်တော့ဘူး.. (ဘယ်တုန်းကမှလဲ မကြောက်ခဲ့ဖူးပါဘူး)
မြန်မာပဲဖြစ်ဖြစ် မဖြစ်ဖြစ် လူ တွေက လူပါပဲ
ဘယ်ဘာသာစကားပဲပြောပြော
လူသား ဟာ လူသားပါပဲ
ီစကြာဝဠာ အစွန်းတနေရာကို စိတ်ကူးနဲ့ခဏလေးထွက်ကြည့်လိုက်ပါလား
မမတို့ ကမ္ဘာ ကြီးက လုံးလုံးလေး နဲ့ သီးခြားဖြစ်နေတာ လေ..အဲဒီ ကမ္ဘာလုံးလုံးလေးထဲမှာ သန်းခြောက်ထောင်သော လူတွေထဲကအများစုဟာ
မနက်ဖြန်တိုင်းက ကိုယ့်အတွက်..
ကိုယ့်ကိုယ်ကိုယ် မသေတော့ဘူး..
စတဲ့ အတွေးတွေနဲ့ ရင်နာစရာတွေ လုပ်မိနေတတ်ကြတယ်..
လူတိုင်း အပူတွေနဲ့ဝေးပါစေ
တိုက်တိုက်ဆိုင်ဆိုင်ပဲ။ မအယ်လည်း ဘာသာစကားအကြောင်း စဉ်းစားနေတာ။
ဗမာပြည်မှာတုန်းက ကြုံဖူးတယ်။ ဗမာလိုမပြောတဲ့လူနာနဲ့ တိုင်းရင်းသားစကားနားမလည်တဲ့ အိုဂျီလေ။ တော်တော်ဆိုးပါတယ်။
ကိကိဆရာဝန်ကတော့ ဗမာလိုမပြောချင်လည်း စကားပြန်လေး ဘာလေးခေါ်ခိုင်းရင်ဖြစ်နိုင်တာပဲ။
ခုဟာက လူနာပြောတဲ့ စကား ကိုယ်မပြောတာနဲ့ ပြီးပြီးရော လုပ်လိုက်တာမျိုးပါလား။
သူလုပ်တာက တာဝန်မဲ့လွန်းတဲ့ပြင် လူစိတ်လည်းမဲ့လွန်းပါတယ်။
အတန်းပညာတတ်တိုင်း ညဏ်ရှိတာ မဟုတ်ဘူးဆိုတာဒါပါပဲလေ။
မအယ်
လူတွေလည်းပြင်ဘို့လိုတယ် ။
မြန်မာဆိုရင် နှာခေါင်းရှုံ့ ချင်အောင် လုပ်နေတဲ့ သူတွေလည်း နေရာဖယ်ဘို့လိုတယ်။
အားလုံးကို စိတ်ဓါတ်ပျက်ပြားအောင် လုပ်ထား မှတော့ နေရာတိုင်းမှာ နာမည်ပျက်တွေပဲ ထွက်ထွက်လာတော့ တချို့လည်း မြန်မာ နာမည်ခံရမှာ ရှက်တယ်နဲ့ တူပါရဲ့။
အဲလို လူတွေထဲ ကျွန်တော်တို့တွေ မပါသွား အောင် ကိုယ့်ကိုကိုယ်တာဝန်ယူစေချင်တယ်။
မကိ ... ဒီစာလေးဖတ်ပြီး ရင်ထဲမကောင်းဖြစ်မိတယ် .... မြန်မာဖြစ်လို့ ... မြန်မာပတ်စ်စပို့ ကိုင်လို့.... မြန်မာတွေမို့ ဆိုတဲ့ စကားတွေကိုယ်တိုင်လဲ ပြောဖူးတယ် ... ကြုံလဲကြုံဖူးတယ် ... ဒါပေမယ့် ကြယ်ပြာမြန်မာပြည်ကိုချစ်တယ် ... မြန်မာပြည်ကိုမချစ်လို့တခြားနိုင်ငံထွက်လာတာမဟုတ်တာသေချာလွန်းနေတော့ မြန်မာဖြစ်ရတာရှက်နေတဲ့ မြန်မာလို့သိမှာ ကြောက်နေတဲ့လူတွေမြင်ရင် ကြယ်ပြာ အမြင်ကပ်တယ် ... လူတိုင်းကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ ... ဒါပေမယ့်အဓိကက လူမျိုးမဟုတ်ဘူး .. ဘယ်နိုင်ငံသားပဲဖြစ်နေနေ ယုတ်မာနေရင် လူယုတ်မာပဲ .. ကြယ်ပြာတို့နိုင်ငံမှာလဲ လူယုတ်မာတွေ လူ့အကျင့်ပျက်တွေအများကြီး ... ကြယ်ပြာကတော့ နာမည်တောင်ခေါ်ရလွယ်အောင်ဆိုပြီး အင်္ဂလိပ်နာမည်ပြောင်းမပေးဘူး ... မြန်မာဖြစ်ပြီး လူမျိုးခြားတွေကြားမှာအသိမှတ်ပြုခံနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားတယ် .... မကိရေ ... စိတ်ထဲမှာ စကားတွေအများကြီးထွက်လာလို့ ရေးပစ်လိုက်ပြီ ....
ဖတ်ပြီးရင်ထဲ မကောင်းလွန်းပါဗျာ။
ဘဝကိုမေ့ တော့  ဘဝင်မြင့် တတ်လာတယ်တဲ့ 
အခုဟာက တိုင်းပြည်နဲ့ လူမျိုးပါမေ့ ချင်လာ
တဲ့ သဘောပါ။ ဘယ်လိုပုံစံနဲ့ ထွက်ထွက်လာခဲ့ 
ရပေမဲ့  မမေ့ သင့် တာက အမျိုး၊လူမျိုးပါဗျာ။
ဟုတ်တယ်။ ဖတ်ပြီး စိတ်မကောင်းဖြစ်တယ်။ ကိုယ့်အဖွားသာဖြစ်ခဲ့ရင်လို့ တွေးမိတော့ မျက်ရည်တောင် ၀ဲသွားတယ်..။
ကျနော်တမျိုးတွေးမိပြန်တယ်မကိရာ အပေါ် ကကွန်မန့် တွေဖတ်ရင်းပေါ့ ဗျာ မြန်မာတွေ ကရှက်စရာကောင်းတဲ့  အပြုမူတွေ သိမ်ငယ် စရာတွေ လူအထင်သေးစရာတွေ ယုံကြည်မှု ကင်းမဲ့ အောင်နေတာတွေ ကတိမတည်တာ အစ လိမ်လည်တာ ကောက်ကျစ်တာ သေးသိမ်ညံ့ဖြင်းတာ ယုံကြည်ရလောက်တဲ့  တည်ကြည်မှုမရှိတာအဆုံး ဒီလိုမျိုးတွေ ရှိလာတဲ့ အခါ ကိုယ့် ကို ကိုယ် မြန်မာလို့  ပြည်ပ သားတွေ သိမှာကိုဝန်လေးလာကြသလိုဘဲနော် ကျနော်ပြောတဲ့  အပေါ်ကလူစားမျိုးတွေ က ဘယ်သူတွေဆိုတာ မကိနဲ့ အတူ စာဖတ်သူ အားလုံ့းသဘောပေါက်မှာပါ အကောင်းဆုံးကတော့  ကိုယ်ချင်းစာစိတ်နဲ့  ကူညီနိုင်ကြပါစေဗျာ ခင်တဲ့  သုဒြေ္န
Post a Comment