ဘလောဂ်ပေါ်မှာ စာဖတ်သူများကို နား မချမ်းသာအောင်အော်ဟစ် နှိပ်စက် ကိုယ်တိုင်တီး... အဲလေ ... နားရည်ဝအောင်ရှေးဖြစ်ဟောင်း အောင်းမေ့ဘွယ်ရာ သီချင်းများနဲ့  သီဆိုဖျော်ဖြေ ပြီး ၊ ဆန့် ကျင်ဘက် စကားလုံးတွေ ကို အတူတူပူးကပ်ရေးကာ လူတွေကို အူတူတူ အရေးတွေ.. အဲလေ... ကဗျာတွေ တင်ဆက် နေတဲ့ ဘလောဂါ မကြီးတကြီး တယောက် ။ အင်း .... မြန်မာလိုတွေချည်း ရေးနေကြလို့  ဘိုလမ်းနည်းကြရဖို့  ကဗျာဆရာ ၊စာရေးဆရာ၊အဆိုကျော် ၊တူရိယာ လုလင် အကိုငယ် ( ကိုအောင်သာငယ်) က တီထွင်ဆန်းသစ် လိုက်တယ် ။ သူ့ ဟာသူ ရေးလို့  အားမရသေးဘူး တဲ့  ။ သေဖေါ်သေဖက် ..(မှားသွားတယ် .. ပြန်ပြော) ..ရေးဖေါ်ရေးဖက် အဖေါ်ရအောင်လို့  လှမ်းပြီး နှိပ်စက် လိုက်ပါသေး တယ် ။
9 Oct 09, 09:47
အောင်သာငယ်: မယ်ကိရေ့ ကျန်းခန့်သာလို့မာတော်မူပါစ... ခံတွင်းချဉ်တာနဲ့ ဆေးလိပ်သောက်... အဲလေ ... ပျင်းနေမှာစိုးတာနဲ့ ရေးစရာလေးရအောင် တက်ဂ်ထားတယ်... မရေးပေးရင်တော့ လာမလည်တော့ဘူး... ဒါပဲ...း)
ဂလိုကြီး နဲ့ လည်း လာ ခြိမ်းချောက်သွားလို့  ရေးရတော့ မှာပေါ့ လေ ...း(
ကိုယ့်နာမည် အစ ဦးဆုံး စကားလုံး မှ စပြီး အင်္ဂလိပ် အက္ခရာ တွေနဲ့ စတဲ့  အရာဝတ္ထု ၊အကြောင်းအရာတွေ ကို ရေးရပါမယ် တဲ့  ။
ကဲ .. ဘယ်လောက် အူကြောင်ကြောင်နိုင်လှ တဲ့  ( ကလေးကလားဆန်လှတဲ့ ) လူ လည်း နော် ။
ကောင်းတဲ့ ဖက်က လှည့်တွေး ရမယ်လို့ ဆိုတဲ့  အကောင်မြင်သမား အဲ.. အကောင်းမြင် သမားကြီး (optimist ) ကိုလူထွင်း အဆိုအရ ... ဪ .. အင်္ဂလိပ်စာ တိုးတက်ဖို့  ။ မေ့နေတဲ့  စကားလုံးလေးတွေ ကို ပြန် အမှတ်ရစေဖို့  လမ်းကြောင်းစ ပေးလိုက်တဲ့  ( ကိုအောင်သာငယ်) ကို ကျေးဇူးတင်ထိုက်ပါတယ် ပေါ့နော် ။ သူ့ ကြောင့် ဘာရေးရမှန်းမသိ ဖြစ်နေတဲ့ အချိန်မှာ ရေးဖို့  အကြောင်းအရာ ရသွား တာပေါ့ လို့ လည်း တွေးပေးလိုက်ပါတယ် ။
K for Kid , oh no , K is a kick for Ko AungThaNge .. I'm sorry .
1. What is your name : Kiki
2. K as four Letter Word : King ( because ,he who tags me write as ACE , So I must write the King .. Hee hee )
3. boy's Name with K : Kevin
4. girl's Name with K : Kailey
5. Occupation starts with K : Karmitopiology -(an occupation that does NOT cure boredom. Find something else to do! ) Hee It's just a copy right! I also don't know it exactly ..
6. Flower starts with K: Kiss me quick ( because I dream it )
7. Something you'll wear starts with K: Knickerbockers
8. Food starts with K : Ketchup
9. Something found in the bathroom starts with K : Knit stockings
10. Country starts with K : Kenya
11. Color starts with K: Khaki
12. Exclamation starts with a K: King me! (When playing a game of checkers)
13. Movie title starts with K : King Kong
14. Something you drink starts with K: Kiwi punch
15. A musical group starts with K : K2- Neo-Prog • United States
16. An animal starts with K : Kangaroo ( Kangaroo can kick Ko AungThaNge ,hee hee )
17. A street name starts with K : K Street (In Washington ,DC) .. Oh ho so difficult name
18. A type of car starts with K: Kia ( Don't confuse with Kachin Independence Army ,, hee hee)
19. The title of a song starts with K : Knowing me, knowing you
20. A verb starts with K : Kiss & Kick ( Please don't kiss me , I wanna kicking you, ..Hee hee. :)
21. The reason for being late : Knowing me as a kind of finding excuse always ... :)
The End ..
အိုး .. ဒီလို လွယ်လွယ် နဲ့ ဘယ်ပြီး ဦးမလဲ ကွယ် ... တယောက် တလက် ဆက်လက်၍သာ တဂ်ကြ ပါလျှင် ဘလောဂါ အများ ခက်မည် တည်း ဆိုတဲ့  ထုံး နှလုံး မူပြီး သေဖက်ညှိလိုက်ပါတယ် ။
အပိုဆု ပေါက်သူများ မှာ ...( ဒိန်း တပ် တပ် ... ရင်တွေ ခုန်ပါတယ် ဒိန်း တဂ် တဂ် )
၁ ။ မအနမ်း ( ဘုရားစာတွေ ချည်း ပဲ ရေးနေ တာကြာရင် သီလရှင် ဖြစ်သွားမစိုး လို့ . အို နေရင်းထိုင်ရင်း ငရဲယူနေမိပြန်ပြီ ..အင်္ဂလိပ်စာလုံးတွေ မေ့သွားမစိုး၍ .. တဂ်လိုက်ရခြင်းပါ ) ။
၂ ။ ဂွင်ကျနေသော ခြင် ( သူကတော့ ဗမာ လို စာလုံးပေါင်းတွေ သိပ် မရေးတတ်ရှာလို့  ၊ ဘိုလမ်းနည်း နေကျ မို့  စကားလုံး အသစ်များ ၊သူ့ ဆီ မှ တိုးပွား သိလိုသောကြောင့် တဂ်လိုက်တာပါ )
၃ ။ မချစ်ရ ( သူ ကလေးကတော့ ချစ်သလို မချစ်သလို ဟိုလိုလို ဒီလိုလို နဲ့  ဘုရားစာရေးလိုက် ၊ အချစ်အကြောင်းရေးလိုက် ၊ဆိုတော့ လိုင်းလေးပြောင်းပေးချင်တဲ့  စေတနာ လေးနဲ့  ပေါကမ္ဘာ ထဲ တခေါက်တခါ လာစေချင် လို့  တဂ် မိတာပါ )
၎ ။ ဝက်ကလေး ( ဒီပွဲ မှာ သူ့ ကို ချန်ထားခဲ့ ရင် ဝက်ကမ္ဘာ ပျက်ကိန်းဆိုက် မှာ စိုး၍ လူသားအားလုံး အတွက် တဂ်လိုက်ရ တယ်ပေါ့)
၅ ။ ရင်ဖွင့်သူ လေး စိမ်း ( မြန်မာ ပီယဆေး များ အဖေါ်ကောင်း ၍ အင်္ဂလိပ် ပီယ ဆေးများ ဆက်ဖေါ်ပေးရန် အလို့ ငှာ တဂ် ရကြောင်းပါ )
၆ ။ မငုံ ခေါ် မဖူး ( ခုတော့ ကန္တာရ ထဲမှ မိုးစက်လေးက ပွင့်လန်းနေသော ပန်းလေးတပွင့် ဖြစ်နေလို့  ဘို လို ချစ်စကားပြောဖို့  အလေ့အကျင့် ရအောင် စေတနာ ထားပြီး တဂ်လိုက်ခြင်းပါ ) ။
ဂလောက်ဆို တော်လောက်ပါပြီ ။ ဆက်တက် နေရင် အဆင်းကျ နာနေမစိုး၍ အရှိန်သတ် လိုက်ပါသည် ။
ပေါစာများကို လာရောက်ဖတ်ရှု ကြသော မိတ်ဆွေ အပေါင်းတို့  ရွှင်လန်း ချမ်းမြေ့ ကြပါစေ ။။
17 comments:
လာတပ်လို့ကတော့
ကိုယ့်ဟာကိုယ်ပြန်ရေးပေးနေရမှာနော်
အကုန်ပြန်မေးမှာဘာရေးရမလဲဆိုတာကို
ဒါပဲ
မြန်တာ ။ တော်တာနော်။
ရေးပေးပါလားကိ။
မအယ်
တော်လိုက်တာ မမကိတို့က ။ မေလေး မမကိ ခုရေးထားတာကို တော်တော်လေးဖတ်ယူရတယ်ဆိုတော့ ဒီလိုသာရေးခိုင်းရင် ငိုမိမယ်။ ကျေးဇူး မှတ်သားစရာတိုးလို့ မှတ်သွားပါတယ် မမ။ maylay
KiKi က Kick တာ တော်တော် ကြိုက်ပုံရတယ်း))
1. K for Kid , oh no , K is a kick for Ko AungThaNge ..
2. An animal starts with K : Kangaroo ( Kangaroo can kick Ko AungThaNge ,hee hee )
3.A verb starts with K : Kiss & Kick ( Please don't kiss me , I wanna kicking you, ..Hee hee. :)
တဂ့် ဆရာမလေးဖြစ်တဲ့ ၀က်ဝံ လေးကို အဓိက တဂ့်ထားတာ ဖွားကိ တော်တယ်ဗျို့  .. ဖွားကိ ပိုစ့်လေးကလည်း ဖတ်လို့ကောင်းဗျို့ 
ုkiss and kick
ကို သဘောအကျဆုံး
အစ်မကိရဲ့ ကေ ဆိုင်ရာတွေ ရောင်ခြောက်ဆယ် ဖတ်သွားပါတယ်။ ဘာတွေရေးထားလဲတော့ ဘာသာမပြန်တော့ပါဘူး။ ဘလော့ ပတ်ဝန်းကျင်မှာ သူတက်ဂ်ကိုယ်တက်ဂ်နဲ့ ဘလော့ဝန်းကျင် ပျော်ရွှင်နိုင်ကြပါစေ။
:0 ဘယ်လိုပြောရပါ့။ ဘွား..မြေးရဲ့ ဘယ်နာမည်ကို သုံးရမလဲဟင် ??? ဘွားရေ..မြေးကို ကြိမ်လုံးနဲ့သာ တီးပလိုက်ပါတော့.
အံမယ်လေး ငါ့ကိုတော်တော်ချစ်တယ် ကိုဇော် တို့များ ဟွင်းးးးး ပြောချင်ဘူးရယ်
မကိ ခေါင်းမူးတွားပြီ ခုလေးတင်ပဲ ကျောင်းကပြန်ရောက်ပါတယ် ဘာဒေတုံး ညစ်ပါ့ ဟွန်းးး
နေဦး လာမယ် ကြာမယ် အရှေ့မှာ တန်းစီတာတွေ ရှိသေးတယ် ဟိဟိ လူရှိန်အောင် ဟောက်စားလုပ်လိုက်ဦးမယ် ခစ်ခစ်
ညင်ညော်ညင်.... လဘော့ မရေးတတ်ပါဘူးဆိုနေ.... ချိတ်ညစ်လာရင်.... ဝစ်စပေါက်မပါပဲ အော်ငိုလိုက်မှာနော်.....
အူဝါ..... အူဝါ..... အီဝါ.....
အယ် အချင်းချင်းကြီးလာတဂ်နေသေးတယ်၊ ဒီမှာစိတ်ညစ်နေရတဲ့ထဲ ။ အင်္ဂလိပ်စာက ကျောင်းပြီး ကတည်းကမေ့ထားတာနော်။
မြန်ချက်များ....
ဒီမှာဖြင့် စဉ်းစားတုန်း
မယ်ကိလုပ်မှပဲ အမျိုးစုံ ကစ်ခံရတော့တယ်...
နေနှင့်ဦး နောက်ဆို အမြဲ တက်ဂ်ထဲ ထည့်ထားမယ်...း)
မယ်မယ်ကိရေ...
နောက်ကျတယ်တော့။။
ကိုအောင်သာငယ် တက်ဂ်ထားပြီးပြီ။ ဟိဟိ
ဒါပေမယ့် သမီးကြီးကိုမမေ့တဲ့ မယ်မယ့်ကို ကျေးဇူးတင်လို့ မဆုံးးးးး ပါဘူးနော်။
မယ်မယ်ကိရေးတာ ဂွတ်တယ်။။။။
ဘယ်နာမည်နဲ့ ရေးရမှန်းမသိဘူးဖြစ်နေလို့။
နာမည်ရွေးဦးမယ်။
သမီးကြီးး နဲ့ေ၇းရမလား
ဖြူစင်ကြယ် သုံးရမလား
အိန်ဂျယ် သုံးရမလားးးးး
သိတော့ဘူးးးးးဟူးးဟူးးး
ဟိဟိ
KiKi Kisses the King Kong in Kenya.
But The King Kong kicks her back...
းဝ)
ကျုပ်လဲ အတက်ခံထားရတယ်ဗျာ.. ရေးရဦးမယ် ဟင့်
ဘွားဘွားက ကျောက်ခေတ်မှာ ခဏအိပ်ပျော်ကျန်ခဲ့လို့ပါ ငါ့မြေးရေးပြီးမှန်း သိဘူးလေ။
ဟဲဟဲ ဘွာတေး မြေးလေးရေ။
Post a Comment