အာပြဲကြီးနဲ့ အော်ငိုနေတာပေါ့လေ ။ဒီကလေးကတော့ အရိုက်ခံရတော့မယ်လား။ ဘေးကထိုင် သတင်းစာ ဖတ်နေသူဟာ ကလေး အဖေတော့ ဖြစ်ဟန် မတူပါဘူး ။ ကလေး အမေကတော့ မျက်လုံးကြီးပြူးပြီး သားကိုကြည့် နေတာ ။ သူဘာလုပ်ရမလဲ ။ကလေးကလည်း အဆိုကျော်လောင်း လေးလားမသိ ။ အားရပါးရ အော်နေတယ် ။
အင်း .. မိခင်ကောင်းပီသ တယ် ဒီအမေမျိုးက ။ဟုတ်တယ်လေ ။ ဘယ်သူ့ ဂရုစိုက်ရမလဲ ။သားလူလေး မောင်ရွှေသွေး ဗိုက်ပြည့်စေရေးက အမေ့ တာဝန်ပဲ မဟုတ်လား လို့ ။ ခုမှပဲ အာပြဲလေး အငိုတိတ်ပေတော့တယ် ။
ဟိုက် ...ဒီလူကြီးက ဘယ်လိုလဲ ...ကလေးမဟုတ် ။. သူငယ်မဟုတ် နဲ့  ။ အာပြဲ ကြီးနဲ့အော်ငိုတိုင်း ရမယ်များ မှတ်နေတာလား ။
အဟဲ ... မျက်စိရှက်စရာ များ ဖြစ်နေ မလားလို့  ။။ နောက် နံပါတ် ၄ တပုံကို ဆက် ရှာကြည့် လိုက်တယ်။
တကယ်ပါ ။ အစ ... အဆုံး .. တင်ပေးမလို့ ပါဘဲ ။။ နံပါတ် ၄ ပုံ ဘယ်သူ ဝင်ရိတ်သွားလဲ မသိဘူး ။ဘယ်လို ရှာရှာ ထွက် မ လာ လို့  .. ရှိတဲ့ပုံ လေးဘဲ တင်ပေးလိုက်ရတယ် ။ သွပ် သွပ် ... ကျန်တာ တော့ ကိုယ့်ဟာကိုယ် ဆက်ရှာ ကြပါတော့ ။ ဒါမှ မဟုတ် ဆက်တွေးကြပါ ပေါ့ ...
သူငယ်ချင်းတယောက်ဆီက ပုံလေးတွေ့ လို့  ပါ ။ ကျန်တပုံ သူ့ ဆီမှာပဲ ထင်ပါတယ် ... :)
ဆားတွေချည်း သိပ် လေးနေမစိုးလို့  အောက်မှာ ရေပါရောပေးလိုက်ပါတယ် ။
ဒီလိုလေးပဲဆိုရင် မဟုတ်တာတွေ တွေးနေကြမစိုးလို့  ဗဟုသုတလေး အနည်းငယ်ကို ရှာဖွေ ပေးလိုက် တာ...
အမှန်တကယ် ဆိုရရင် မိခင်၏ နို့ ရည်သည်သာ အကောင်းဆုံး ဖြစ်ပါတယ် ။ သူ့ ရဲ့  နို့ရည် ထဲမှာ ကလေးငယ် အတွက် လိုအပ်တဲ့  lactoferrin ပါဝင်တဲ့ အတွက် သူတို့ ရဲ့ အစာနဲ့ အူလမ်းကြောင်းမှာပေါက်ပွားနိုင်တဲ့  ဘက်တီးရီးယားပိုး တချို့ ကို နှိမ်နှင်းပေး နိုင်တယ်။Bile salt dependent lipase က အမီးဗား ပိုး ကို နှိမ်နှင်းပေးတယ်။ immunoglobulin A ခုခံနိုင်အား တွေ ပါ ရှိ တဲ့အတွက် ကိုယ်ခံအား ကောင်းစေတယ် ။
ဒါပေမဲ့  မိခင်မှာ TB , AIDS အစရှိတဲ့ ရောဂါ ဖြစ်နေရင် ၊ဒါမှ မဟုတ် ပဋိဇီဝဆေး (Antibiotics ) တခုခု ကို သုံးစွဲ နေရတဲ့  အချိန်မှာတော့ ကလေးကို နို့ ချို တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါဘူး ။ တချို့ မွေးကင်း ကလေးများမှာ ဓါတ်မတဲ့  ခြင်း( allergy ) တခုခု ရှိနေပါက နို့ ပွေး ( Atopic Dermatitis) များ ပေါက်လာတတ်တဲ့ အတွက် ဒီလိုကလေးမျိုးကိုတော့ အသက် ၄ လ ကျော်မှ မိခင်နို့  တိုက်ကျွေးသင့်ပါတယ် ။
ဒါ့အပြင် ကလေးငယ်ကို နို့ ချိုတိုက်ကျွေးတဲ့ မိခင် အတွက်လဲ ရင်သားကင်ဆာ၊ သားအိမ် နဲ့  ဥအိမ် ကင်ဆာ ဖြစ်နှုန်းတွေ ကို လျော့နည်းစေပါတယ် ။
နောက်ပြီး ကလေးနို့ တိုက်နေချိန်မှာ Prolactin , Oxytocin စတဲ့ ဟော်မုန်း ဓါတ်တွေ ပိုထွက်လာတဲ့ အတွက် မီးဖွားပြီး သွေးသွန်ခြင်းကို လျော့နဲစေပါတယ် ။ ကိုယ်ဝန်တားဆီး ပေးမှုကိုလည်း သဘာဝ အလျှောက် ဖြစ်စေပါတယ် ။
စိတ်ပိုင်းဆိုင်ရာ အနေနဲ့ လည်း မိခင်နို့ တိုက်ကျွေးခြင်း ဖြင့် မိခင် နဲ့  ရင်သွေးတို့ မှာ ပိုမို ချစ်ခင် ရင်းနှီး စေပါတယ်၊ Maternal bond လို့ ဆိုကြတယ် ။ နောက်ပြီး မိခင်နို့ တိုက်ချိန် မှာ ပါဝင် ကူညီပေးတဲ့  အဖေ မှာလည်း Paternal bond လို့ ခေါ်တဲ့  အဖေ နဲ့  ကလေးအကြား ချစ်ခင်ရင်းနှီးမှု ကို ပိုပြီးဖြစ်စေတတ်တယ် ။ဒါကြောင့် ကလေးအဖေများလည်း ကိုယ့်မိန်းမ က ကိုယ့်ကလေး ကို နို့ တိုက်တဲ့  အချိန်တွေမှာ ကူညီပေးသင့်တယ် နော် ။( ဥပမာ.. နို့ဗူး ဖျော်ပေးတာမျိုး နေမှာပေါ့ ။အဲလေ.. အမေနို့ပါဆိုနေမှး)
ခုဆိုရင် နိုင်ငံအတော်များများမှာ မိခင်နို့ ရည်ကို တိုက်ကျွေူကြဖို့  လှုံ့ ဆော်ပညာပေးနေကြပါပြီ ။ အလုပ်လုပ်နေတဲ့  နို့ တိုက် မိခင်များအတွက် လည်း ကလေးနို့ တိုက်ဖို့  ၊ နို့ ရည်ညှစ်ဖို့  သီးသန့်  နေရာ အခန်းများ ကို ထားရှိပေးနေကြပါပြီ ။
(ကလေးကို ချက်ချင်း တိုက်ရိုက် တိုက်ဖို့  အဆင်မပြေတဲ့ အချိန်မှာ နို့ရည်ကို အရင်ညှစ်ထုတ်ထားပြီး သန့်စင်တဲ့ နို့ဘူး သို့ မဟုတ် အိတ်များ နဲ့  ရေခဲသေတ္တာ ထဲမှာ သိုလှောင်သိမ်းဆည်း ပြီး နောက်မှ အခန်းအပူချိန် ပြန်ထားကာ တိုက်ကျွေးလို့လည်း ရပါတယ်) ။ အပူချိန် အလိုက် အထားခံနိုင်တာတွေ ကတော့ ...
- 77°F ထက်နဲတဲ့ အခန်းအပူချိန်မှာ 4 to 8 နာရီကြာ ထားလို့ ရပါတယ်
- ရေခဲသေတ္တာ ထဲမှာဆို 3 to 8 ရက်ကြာ ထားနိုင်ပါတယ် ။
- ရေခဲတဲ့  အခန်းကန့် freezer ထဲမှာ ထားရင်တော့ 3 လ အထိ ခံနိုင်တယ်တဲ့ ။
နောက်တချက်ကတော့ စရိတ်စက အကုန်အကျလည်း ပိုနဲစေတာပေါ့ ၊ကလေး နို့ မှုန့် တွေ က ဈေးတွေ ကြီးမှ ကြီးလေ။ပြီးတော့ မဟုတ်က ဟုတ်က အဆိပ်အတောက် ဖြစ်စေတဲ့  ပစ္စည်းတွေ လည်း ပါလို ပါ နဲ့  ။( တရုပ်ပြည်က မယ်လမင်း အဆိပ် နို့ မှုန့် တွေ အကြောင်း မမေ့ကြသေးဘူးလို့ ထင်ပါတယ် )
ကဲ ... ဘယ်လိုလည်း ။ လူကြားသူကြား လူရှေ့သူရှေ့ မှာ ကလေးနို့ လှန်တိုက်ဖို့  သတ္တိရှိတဲ့ မိခင် ကို ဘယ်လို အမြင်မျိုးနဲ့  ကြည့်မြင်ကြပါ မလည်း ။
ဒီအကြောင်းအရာလေးများကို ပိုပြီး သိလိုပါက ဒီနေရာ မှာ ဆက်လက် လေ့လာနိုင်ပါတယ် နော်။။
►Posted by
:kiki
:
at
10/08/2009 06:00:00 PM
Subscribe to:
Post Comments (Atom)
19 comments:
ဟဟ ..သူ့ခမျာလည်း ရများမလားလို့ပါ ကိကိရယ်
ဟိုကလေးထက် နှစ်ဆပိုငိုတာ
ဟားဟား
အဖေတွေက သားသမီးတွေ ငယ်ရွယ်ချိန်မှာ ချစ်ခင်ရင်းနှီးမှုပိုရအောင် အတူတကွ ဆော့ကစားပေး သင့်တယ်တဲ့.. ဖတ်ဖူးတာလေး ပြောတာပါ။
ကလေးအဖေများက ဘယ်လိုကူညီပေးစေချင်တာလဲ ဆိုတာတော့ မသိဘူး...။
အင်းလေ ငါနဲ့လည်း မဆိုင်ပါဘူးလေ :)
ဗဟုသုတ မှတ်သွားပါတယ် မမကိ။ ဒီထိုင်းနိုင်ငံမှာတောင် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ စပြီး မိခင်နို့တိုက်ကျွေးဖို့ နိုးဆော်တာပါပဲ။ ဘာပဲဖြစ်ဖြစ်တော့ ဒိလို ရောဂါတွေလည်း ကာကွယ်တယ်ဆိုတော့လေ။ (ပကျိပကျိ ဘာမှန်းမသိ ကိုယ့်ဘာကိုယ် မန့်ပြီးတော့ တွေးဖြစ်တာပါ။ အဟိ ဟိုလူကြီးက ဟဟား ငိုနေတာလား စတိတ်စင် ထင်လို့လည်းဖြစ်မှာပါ။ ) ဒီမိခင်ကတော့ မိခင်ကောင်းပေါ့။ ကိုယ်တွေ ငယ်ငယ်ကလည်း မေမေတို့ ဒီလိုကြုံခဲ့ရမှာပဲ။ မေမေ့ဆီက ဒီလိုမေတ္တာကြောင့် လူဖြစ်လာရတာလေ။ ကျေးဇူးပါ မမ။ (တွေးမိတွေးရာ ရေးမိရေးရာ ရေးသွားပါတယ်)
မိခင်နို့ဟာ ဒီလောက်တန်ဖိုးရှိတာ အနောက်နိုင်ငံက အမျိုးသမီးတွေ မသိရှာဘူးနဲ့ တူတယ်ဗျာ
ဟာသလေးနဲ့ ဗဟုသုတ ပေးတတ်သားပဲ။
ဒါတောင်လေးပုံမြောက်ရှိသေးတယ်လား မတွေးရဲစရာဘဲ လေးပုံမြောက်ကတော. :D :P
မပူပါနဲ့ကွယ်...လေးပုံမြောက်မှာ ဟိုလူဂျီး အော်ငိုနေတာ....
ဘောင်းဘီထဲ ပွက်ဆိတ်ဝင်လို့ဘာ......
ခွီးးး
ကိုဇော် ပြောတာ တချက်ပြောချင်လို့ ကိုဇော်တို့နိုင်ငံမှာတော့မသိဘူး ဒီမှာတော့ မိခင်တွေ ကလေးကို ကိုယ်တိုင် နို့တိုက်ကြပါတယ် ရှင့် ဟီးးးးး ကိုယ်နဲ့လဲမဆိုင်ပဲနဲ့ ဝင်ပြောသွားတယ်နော် ဟက်
ဖွားကိ နံပါတ် ၄ ပုံကရှိမှမရှိဖဲ ရှာမနေနဲ့ အလကား ဟီဟီးးးး
ှုငိုတိုင်းရမလားလို့ သူလည်းငိုကြည့်တာပေါ့။ ပုံသေမှတ် ယူလို့ မရဘူးနော်။း)
နံပါတ် ၄ပုံလိုချင်လား။ လာယူလေ ဒီကို
အလှပျက်မှာ စိုးပါတယ်ရှင်....။ ကလေးထက်ယောက်ျားငိုမှာစိုးလို့ မတိုက်ကျဘူး
အင်း ရန်ကုန်မှာဘတ်စ်ကားစီးတုန်းက ယောက်ျားလေးတစ်ယောက်နဲ့အတူယှဉ်ရပ်နေတုန်း အရှေ့ထိုင်ခုံက ကလေးအမေတစ်ယောက် သူ့ကလေးကို နို့လှန်တိုက်တာတော့ အတော်လေးကို ကသိကအောက်နိုင်တယ်... :P
မရေ...
နံပတ် ၄ ပုံလား
ဦးလူထွေးကြိးယူသွားတာသိလာား
သမီးတွေ့ တယ် သူဖွက်သွားတာ
နံပါတ်လေးပုံကို မရအရ ရှာကြံကာ ဖော်ပြပါရန် တောင်းဆိုပါသည်။ အဟီးးးးးးးးးးးးး
ဖတ်သွား မှတ်သွားပါတယ်။
ကလေးတွေကိစ္စ နောက်မှ စဉ်းစားပါရစေ။ အလဲ့ ကိုယ်က ကလေးပဲရှိသေးတယ်လေ။။ မေမေကိရဲ့ ဟဲဟဲ
အဲဒါကြောင့်ပြောတာ နို့်ညာလို့ :P
ရီရတယ်..
မြန်မာပြည်ထဲက အမျိုးသမီးအများစု က လူတွေရှေ့လဲ လိုအပ်လာရင် တိုက်ကြတာ အများကြီးတွေ့ခဲ့ဖူးတယ်..
မမ အမြင်ပြောရရင်တော့ ယောင်္ကျား အများစုက
ကိကီ ရဲ့ ကာတွန်းဇာတ်ကောင်လောက် ဆိုးမယ် မထင်မိဘူး..
ကလေးနို့တိုက်နေတဲ့ မိခင်တယောက်ကို မြင်ရတဲ့ မြင်ကွင်းက ကြည်နူးစရာ ကောင်းနေမယ်ပဲ ထင်ပါတယ်
မတော်တရော်တွေ တွေးချင်မိကြမယ် မထင်မိ ဘူး..
ကလေးကပြောတယ်... ချိုချို မကြိုက်ဘူးတဲ့ ဆေးလိပ်စော်နံလို့တဲ့...
းဝ)
ဝါး...ဝါး...ဝါး... ...... တားလဲဗိုက်ချာတယ်... ဝါး..ဝါး.... ဖွားကိ တားရဲချို့ချင်တယ်...ဝါး.. ဝါးး
ဟိ... ဟိ
အဟီးးးး တော်တော်ဆိုးတဲ့ လူကြီးးးးးးးး (ပုံထဲက လူကြီးပြောပါတယ် :P)
သားသမီးကိုချိုချို တိုက်နေတဲ့ ပုံစံလေးက ကြည်နူးစရာလို့ မြင်ပါတယ် မမကိရယ်.....
ကလေးလေးက ပါးဖောင်းဖောင်းလေးနဲ့ ဟိ... ချိုစို့ နေတာ ချစ်ဖို့ အရမ်းကောင်းတာပဲ :D
Post a Comment