ကင်ဆာရောဂါ လို့ဆိုလိုက်တာနဲ့ ကြားလိုက်ရတဲ့ လူတိုင်း ထိတ်လန့် သွားတတ်ကြတယ် ။ ဒီရောဂါ နာမယ် အတပ်ခံလိုက်ရတဲ့ လူနာ နဲ့ သူ့ ရဲ့  နီးစပ်ရာ အရင်းနှီးဆုံး သူများ အားလုံး လိုလို စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ကြရတယ် ။ ကာယကံရှင် လူနာ အဖို့ မှာ တော့ ဆိုဘွယ်မရှိတော့ပါဘူး ။ သိသိ ချင်း စိတ်မထိန်း နိုင်လောက်အောင် ဖြစ်ရသူများ ထုနဲ့ဒေးပါဘဲ ။ ကိုယ့်ကိုကိုယ် စိတ်ဓါတ် ဘယ်လောက်ခိုင်မာတယ် ပြောပြော ရုတ်တရက်အချိန် အခိုက်အတန့် လေးမှာ စိုးရွံ့ သွားမိမှာပါ ။ ပြီးတော့မှသာ စိတ်ထိန်းနိုင်သူတွေ အဖို့  စိတ်အေးအေးထားပြီး ဒီရောဂါကို ဆက်လက်ရင်ဆိုင်ဖို့ ၊ ရှေ့ ဆက် ပြီး ကျန်နေတဲ့ နောက်ဆုံးအချိန်လေးတွေ ကို ပြင်ဆင်သင့်တာတွေ ကြိုတင်စီစဉ်ထားခဲ့ နိုင်မှာပါ ။ ဒီကင်ဆာရောဂါဆိုတာ တကယ်ဆိုတော့လည်း ကုသရ မလွယ်ကူတဲ့ ကြောက်စရာ ရောဂါတမျိုးပေါ့။ ဘာလို့လည်းဆိုတော့ သူ့ ကို နောက်ကျမှ သိကြတာတွေ များလို့ ။ရောဂါ နာမယ်တပ် အဖြေထွက်လာကြတဲ့ အချိန်ဆိုရင် ရောဂါ ကျွမ်းနေကြတာ များပါတယ် ။စောစောစီးစီး သိနိုင်ကြရင်တော့ တချို့ ကင်ဆာရောဂါများဟာ လုံးဝ ပျောက်ကင်း နိုင်ကြပါတယ်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းပါသည် လို့  ဆိုကြတယ် မဟုတ်လား ။
ဒီတော့လည်း ရောဂါတခု ကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် ဘယ်ရောဂါ ဟာ ဘယ်လိုလူတွေမှာ အဖြစ်များ တတ်ကြသလည်း၊ဘယ်လို နဲ့ ဘာကြောင့်ဖြစ်တတ်တာလည်း၊ ဘယ်အရွယ် မျိုးမှာ အဖြစ်များတတ်ကြသလည်း ၊ ဘယ်လို ကာကွယ်နိုင် သလည်းဆိုတာတွေ သိရင် နဲနဲ ပါးပါးတော့ အထောက်အကူ ပြုနိုင်မယ် လို့ ထင်ပါတယ် ။
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာ ၂ မျိုး မှာ သားအိမ်ခေါင်းကင်ဆာနဲ့  ရင်သားကင်ဆာ တို့ပါ။ အခု သားအိမ်ခေါင်းကင်ဆာ နဲ့ ပတ်သက်ပြီး အကျဉ်းချုပ်လေး ပြောချင်ပါတယ် ။
International Federation of Gynecology and Obstetrics (FIGO)မှ TNM( Tumor , LymphNode , Metastasis ) နည်းနဲ့ သတ်မှတ်ထားတဲ့ ရောဂါ အဆင့် များ အသေးစိတ် ကို ဒီနေရာလေး မှာ ဖတ်ရှုနိုင်ပါတယ် ။ အကြမ်းအားဖြင့် Cervical intraepithelial neoplasia (CIN) အဆင့် ကို TNM Grade 0 ,I A/B, IIA/B, III A/B ,IV A/Bဆိုပြီး ခွဲခြားထားပါတယ်
ရောဂါ လက္ခဏာ များ မှာတော့ စစချင်းဆို ဘာမှ လက္ခဏာ ပြလေ့မရှိပါ ။
နောက်အတန်ငယ်ကြီးထွားလာမှ ပုံမမှန် ရာသီ သွေးဆင်းခြင်း၊ မီးယပ်သွေးဆုံးပြီး နောက်ပိုင်းတွင် သွေးထပ်ဆင်းခြင်း (Post Menopausal Bleeding)။ အနံ့ အသက်မကောင်းတဲ့အညောင်းဆင်းခြင်း ။ ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း ၊နဲ့  တခြားကင်ဆာတွေလို ပိန်ချုံး ။ ချိနဲ့၊ အစားအသောက်ပျက် ။သွေးအားနဲပြီ မောခြင်း ။ ခြေထောက်ဖေါယောင် ၊ အရိုး နာကျင်ကိုက်ခဲ ။စတာတွေ ရှိလာတတ်ပါတယ်
ဒါကြောင့်စောစောစီးစီးသိဖို့ ရာကို သားအိမ်ခေါင်းဝမှ အမြှေးပါးအနဲငယ်ကို ယူပြီး H&E stain ဆေးတမျိုးနဲ့ အရောင်တင်ကာ အဏုကြည့် မှန်ဘီလူးအောက်မှာ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါကို Papanicolaou test, or Pap smear for cervical cancer screening လို့ ခေါ်ပါတယ် ။ Conization လို့ ခေါ်တဲ့ ကတော့ပုံ အသားစအနည်းငယ်ဖြတ်ယူပြီး biopsy စစ်ဆေးကြည့်လို့ လဲရပါတယ် ။အဲဒါ က ပုံမမှန်သံသယဖြစ်စရာ နေရာလေးမှာ cold knife သုံးပြီး loop excision အနေနဲ့  ဖြတ်ယူတာဖြစ်လို့  ကုသမှု အနေနဲ့ပြောလို့လည်း ရပါတယ်
ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ အထဲမှာ ..
၉၉% သော သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) လို့ ခေါ်တဲ့  ဗိုင်းရပ်ပိုးတမျိုးကြောင့် ဖြစ်ရတယ် ။သူဟာ အမျိုးသမီးတွေ အတွက် သားအိမ်ခေါင်း အပြင် ဆက်စပ်နေတဲ့  လိင်အင်္ဂါလမ်းကြောင်း ၊ စအို နဲ့  ခံတွင်း တွေမှာပါ ကင်ဆာ ဖြစ်စေတတ်တယ်။အမျိုးသားတွေမှာလည်း လိင်တံ နဲ့  စအိုတို့ မှာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီပိုးဟာ လိင်အင်္ဂါ တွေ နဲ့စအို မှာ ကြွက်နို့  ပုံသဏ္ဍန်(Ano-genital warts )၊ ပါးစပ်မှာ oral papilloma ခေါ်တဲ့  အနာပေါက်ခြင်း တွေလည်း ဖြစ်စေတတ်ပါတယ် ။
ဒီဗိုင်းရပ်စ် ပိုးရဲ့  ဖွဲ့ စည်းပုံ ။ အသက်အရွယ်အလိုက် ၊ နိုင်ငံအလိုက် ဖြစ်ပွားနှုန်း စတဲ့ ဂရပ် ပုံ အသေးစိတ်တွေ ကိုတော့ ဒီမှာ မရေးပြတော့ပါဘူး ။ စိတ်ဝင်စားလို့ သိချင်ရင် ဒီနေရာ မှာ ဆက်ဖတ်လို့ရပါတယ် ။
အဲဒီ HPV ပိုး မှာ မျိုးစိတ်ပေါင်း ၁၅၀ ကျော်ရှိတဲ့ အထဲမှာ ၁၅ မျိုးခန့် က ကင်ဆာ ဖြစ်စေတတ်ပြီး ၊ HPV 16 & 18 တို့ ဟာ သားအိမ်ခေါင်း ကင်ဆာရဲ့  ၇၀ % ရဲ့ အဓိက တရားခံဖြစ်ပါတယ်။ ခုဆိုရင် အဲဒီ HPV ပိုးကို သေစေနိုင်တဲ့  ကာကွယ်ဆေးတမျိုး ပေါ်ပေါက်လာပါပြီ ။ Cervarix နဲ့  Gardasil ဆို ပြီး ဆေး ၂ မျိုး ထွက်ရှိ နေပါပြီ။
21 comments:
ကြောက်ချာဂျီးနော်....
ကိရေ မမလေ့လာဖူးတဲ့ တချို့စာတွေထဲမှာတော့ သားအိမ်ခေါင်းကင်ဆာက လိင်ဆက်ဆံဖော် အမျိုးသားတွေရဲ့ လိင်အင်္ဂါ မသန့်ရှင်းမှုကြောင့် ပို အဖြစ်များတယ် လို့ မှတ်သားမိတယ် ဥပမာ ဆီးသွားပြီး သန့်ရှင်းရေး လုပ်လေ့မရှိသူမျိုးတွေ၊ မွတ်ဆလင်လူမျိုးတွေရဲ့ ဘာသာရေးဓလေ့ထုံးစံတခု ဖြစ်တဲ့ လိင်အင်္ဂါ အရေးပြား ဖြတ်တောက်ခြင်း မရှိသူတွေရဲ့ လိင်ဆက်ဆံဖော် အမျိုးသမီးတွေ မှာ ပို အဖြစ်များ တယ် လို့ မှတ်သား ဖူးတယ် ဒါကြောင့် အဲဒီ အမျိုးသမီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ မွတ်ဆလင်နိုင်ငံတွေ မှာ ရာခိုင်နှုန်း နည်းသတဲ့
မမ ဖတ်ဖူး မှတ်ဖူး တာလေး ၀င်ဆွေးနွေးတာပါ ကိ ရေ
ခု ကိပြောတဲ့ ဆေးတွေက အဲဒီ အခြေအနေမျိုး အတွက်ရော ထိရောက်တဲ့ ကာကွယ်မှုပေးသလား မသိဘူးနော်.. စပ်စုသွားတယ်..မမ ရဲ့ လုပ်နေတဲ့ လုပ်ငန်းထဲက beneficiaries တွေနဲ့ သက်ဆိုင်နေလို့ .. ဗဟုသုတ အနေနဲ့ မေးကြည့်တာနော်..
မသိသေးတာတွေ သိလိုက်ရတယ်... ကျေးဇူးပါရှင်
ကျေးဇူးပါပဲ အမရေ..
အနောက်နိုင်ငံတွေမှာ သားအိမ်ကင်ဆာ အဖြစ်များတယ်ထင်တယ် မကိရေ ဘာလို့လဲဆိုတော့ သူတို့က partner တွေ များတာကိုး
ဗဟုသုတ အတွက်ကျေးဇူးပါ မကိရေ
ဘိုင် တာ့တာ
PS ၁ မရတာနာတယ် ကွာ ဟိဟိ
ဖွားကိရေ.. ကျန်းမာရေးဆိုင်ရာ အသိပညာတွေ အများကြီး ရသွားပါတယ်ခင်ဗျာ။
yu ya
ကလေးများ အားလုံးလဲ စာတင်မဲ့ ဆရာဝန်မျှော်နေဆဲ
မှတ်သားနားယူသွားကြောင်းပါ.... :)
Read more လုပ်ထားတာက အဲလိုဖြစ်အောင်ပဲ သီးသန့်လုပ်ထားတာလား မသိဘူး။ ခေါက်ထားသေးသဗျ မရောက်ခင် ဖတ်လိုက်ပြီးတော့ ဆက်လက်ဖတ်မယ်ဆိုရော စာတွေက ရောသွားရော ပြန်စဖတ်ရရော... ဒါကြောင့် ခေါက်ထားသေးသဗျကို အရင်ကလစ်ပြီး ဖတ်ရတယ်ဗျာ..... အနောက်နိုင်ငံတွေ အဖြစ်များမယ်ထင်တယ်နော် ဒီနိုင်ငံတွေက အဲဒီကိစ္စက တော်တော်များများ ငယ်ငယ်အရွယ်မှာပဲ တွေ့ကြုံရတာဆိုတော့ အဖြစ်ပိုများမှာ ....မြန်မာပြည်လဲ အခုဆို သိပ်မဟန်တော့ဘူး အဲလိုယဉ်ကျေးမှုတွေများလာတော့ ရောဂါတွေလဲ များလာတော့မှာပဲ။ ဘာတွေပြောနေပါလိမ့် :? ဗဟုသုတ တစ်လုံးနှလုံးမှတ်သားသွားပါတယ် အလွတ်ကျက်မသွားတော့ တလုံး၂လုံးလောက်တော့ နားဝကြားဖူး ဖြစ်သွားတဲ့အတွက် ကျေးဇူးပါ အစ်မရယ်
မမကိရေ မေလေး ပြန်လာဖတ်ရတာ ပိုစ့်တင်တင်ချင်းသိတာတောင် သေချာဖတ်ချင်လို့ ပြန်လာဖတ်တာ ကျေးဇူးပါ မမ။ နောက်တခေါက်ထပ်ဖတ်ပါဦးမယ်။ မေလေးသိချင်တာတွေ ရှိသေးလို့ရှင်းအောင်ပါ။ ကျန်းမာပျော်ရွှင်ပါစေ မမ။
မသိရသေးတာတွေ သိထားသင့်တာတွေ ဝေမျှပေးတာ
ကျေးဇူးအထူးတင်ပါတယ်...ညီမ ကိကိလေး...
mie nge
အခုလို ဗဟုသုတ ရစရာ ဖော်ပြပေးတာ ကျေးဇူးအထူး တင်စရာပါပဲ ကိကိရေ..ဖတ် မှတ်သွားပါတယ်။
တခြား ကင်ဆာများရော ဒီဆေးနဲ့ မပျောက်ဘူးလား။ သွားထိုးမလို့..ကြောက်လို့။
တိုးတက်နေတဲ့ နိုင်ငံတွေမှာ အစိုးရက မိဘလို
ပဲ နိုင်ငံသားတွေ အားလုံးကို ကျန်းမာရေးနဲ့ 
ပတ်သက်ပြီး အချိန်နဲ့ တပြည်းညီ မျက်ခြေမပြတ်
တန်း စောင့် ရှောက်နေတာတွေ့ ရလို့ ကြည်နူး
စရာပါ။ အလွယ်တကူမရနိုင်တဲ့ ဗဟုသုတတွေ
ကို အလွယ်တကူရအောင်ရှာဖွေဖေါ်ပြပေးနေ
တဲ့ မမကီ ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
ဖွားကိရေ ယူအက်စ်မှာ ဒီရောဂါက အရမ်းဖြစ်တယ်ဗျ အခုလို ဗဟုသုတအဖြစ် ဖတ်လိုက်ရတာ ကျေးဇူးပါနော်
အားပါးးးးးးး လန့်လိုက်တာ ရောဂါကြီးတွေ။
ပြေးပြီ။။။ ကြောက်ကြောက်.....
kiki ရေ ကင်ဆာနဲ့ ပတ်သက်ပြီး သတင်းဦးလေးကို လာဖတ်သွားပါတယ်။ Public Health in Myanmar မှာအဲဒီအကြောင်း နောက်တခါမေးခွန်းလာမေးရင် ဒီပို့စ်လေးကို ညွှန်းပေးလိုက်မယ်နော့်။
အဲဒီရောဂါကာကွယ်ဆေးက မြန်မာပြည်မှာရောထိုးလို့ရပီလား မြန်မာပြည်မှာထိုးရင်ရော ဘယ်လောက်ကုန်မှာလဲ
အသည်းရောင်အသားဝါကာကွယ်ဆေးလို ၃။ ၄ ခါထိုးဖို့လိုလား
ပြည်ပမှာထိုး၇င်ရော ဘယ်လောက် ပေးရလဲဆေးတစ်ချောင်းကို
စာတွေအတွက်ကျေးဇုးပါ
ဒါတွေ ကို ပို့ စ်ထဲမှာ ရေးပြထားပြီးသားပါ ။ Read more ခေါက်ထားတဲ့  အထဲ မှာ ဖွင့်မကြည့် ဘူးနဲ့  တူပါတယ် Anonymous ရေ ..
-အသက် ၁၄ နှစ်မှ ၂၆ နှစ် အရွယ် အတွင်းထိုးထားရင် အကောင်းဆုံး ကာကွယ်မှု ရ ပါတယ် .
-ဆေး ပတ်လည်အောင်ဆိုရင် ၃ လုံး ထိုးရ ပါမယ်
ပထမ ၁ လုံး ထို့း ပြီး ၂ လကြာရင် ဒုတိယ အလုံးထိုး .. နောက်ထပ် ၄ လ ခြားပြီး တတိယ အလုံး ကို ထိုး ရမှာပါ
ဒါကြောင့် ၆ လ အတွင်း ၃ လုံး ထိုးရမယ်ပေါ့ ။
-ဈေးကတော့ ၁ လုံး ကို US $ 110 လောက်ကျပါတယ်
- မြန်မာနိုင်ငံမှာ ရနိုင် ပြီလားဆိုတာ ကတော့ သေချာ မသိပါဘူး ။( ချွင်းချက်တွေ ကတော့ ရှိမှာပေါ့ ..း) ဆေးအရောင်းဆိုင်တွေ မှာ ကိုယ့်ဟာ ကိုယ် စုံစမ်းကြည့်ပါ .
ကောင်းပါပေ့ ဖွားကိရေ...
းဝ)
တစ်ခုလောက်မေးချင်ပါတယ်ဆရာ ကျမအမျိုးသားနဲ့ လိင်ဆက်ဆံပြီး၇င် အနံ့ဆိုးထွက်ပါတယ် တော်တော် ဆိုးတဲ့အနံ့ပါပဲ မိန်မကိုယ်အတွင်းကို လက်နဲ့နှိုက်ကြည့်တော့ အဖြူဖတ်လို ၀ါညစ်ညစ်အနှစ်တွေတွေ့ရတယ် အတွင်းထည်းအထိဆေးလို့လဲမ၇ဘူး အဲ့တာေ၇ာဂါ လက်ခဏာလားသိချင်ပျါယ် ပြီးတော့ ဘယ်လိုဆေးတွေသောက်၇မလဲသိချင်ပါတယ်....ကျေးဇူးပြုပြီးဖြေကြားပေးပါ ဘာကြောင့်ဖြစ်၇တာလဲသိချင်ပါတယ်ေ၇ာ
Post a Comment