တော်သလင်းပြီးလို့  သီတင်းကျွတ်ပြီ ။ အဘိဓမ္မာ အခါတော်နေ့ ။ အခါကြီး ရက်ကြီး နေ့ ထူးနေ့ မြတ် ။ ညီမ အနမ်းက မေးလာတယ် ။ ဘာပို့ စ် မှ မရေးဖူးလား တဲ့ ။ ခုမှ ခက်ကပြီ ။ ဗုဒ္ဓဘာသာ ဖြစ်ပြီး ဘာသာရေး မသိဘူး လို့ ပြောလည်းခံရတော့မယ် ။ဒါနဲ့ပဲ ဟိုဝင် ဒီထွက် အချက်အလက်တွေ ဖတ်ကြည့် ၊ ရေးမယ် လုပ်တော့ ... ဒါတွေ ဒါတွေ ချည်း ဖြစ်နေပြန်ပြီ ။ ကော်ပီ လည်း မလုပ်ချင်တော့ တကဲ့ ရာဇဝင် ဇာတ်တော်ကြီးတွေ ကြည့်ချင် ဖတ်ချင် မှတ်ချင်သူများ ဘုရားဟော တရားနာ လို့ ရတဲ့ ဆိုဒ်တွေ မှာ သွားဖတ် သွားမှတ်ကြ လိမ့် မပေါ့ လို့  ကိုယ့်ဟာကိုယ် အာပတ်ဖြေလိုက်မိတယ် ။ ဒါကြောင့် ငရဲ ဖြစ် မဖြစ်တော့ မပြောတတ်ပါဘူး ၊ ဒါပေမဲ့ ငါးပါးသီလ လုံရင် တော့ ဘာမှ အပြစ်မရှိလောက်ဖူးလို့ထင်ပါတယ်။
သီတင်းကျွတ်တော့ ကလေးတွေ ၊ လူငယ် လူရွယ်တွေ ပျော်ကြတယ်။ မီးရှူးမီးပန်းလွှတ်ကြ ဗျောက်အိုး ဖေါက်ကြနဲ့ ပေါ့ ။ ဗုဒ္ဓဘာသာဝင် သူတော်စင် လူကြီးပိုင်း မိဘ ဘိုးဘွားတွေ နဲ့ လူငယ် တချို့ တလေကတော့ ဥပုသ်သီလ စောင့်ထိန်းကြ ။ကောင်းမှုကုသိုလ် ပြုကြတယ်ပေါ့။ လူငယ်တွေ က သက်ကြီးသူတွေကို ဦးချ ကန်တော့ကြ တာဟာ မြန်မာတို့ ရဲ့  ချစ်စဖွယ် ယဉ်ကျေးမှု ဓလေ့ထုံးစံ လေးတွေပါ ။
ကလေး ဘဝတုံး ကလည်း ကလေးအလျှောက် ပျော်ခဲ့ ဆော့ခဲ့ဖူးပါတယ် ။ ခု လူကြီးတပိုင်း (တပိုင်းတောင်မကတော့ပါဘူး ) ဖြစ်လာတော့ ဒီလို ဆော့ကစားဖို့ မသင့်တော်လို့ မဆော့တာ မျိုး မဟုတ်တော့ပါ ။ ကာလ ဒေသ အလျှောက် နဲ့ ဘုရားတရား လူကြီးသူမ သိတတ်ပြီးနောင်ဘဝ အတွက် ပိုပြီး စဉ်းစား မိလာပြီလေ ။ ဒီတော့ သီတင်းကျွတ် အခါသမယမှာ ကိုးပါးသီလ ဥပုသ်မစောင့်ဖြစ်ပေမဲ့ ငါးပါးသီလ ကိုတော့မြဲအောင် ကျင့်ပါမယ် ။( ခါတိုင်းတော့ မမြဲလို့လား လို့မေးစရာ ဖြစ်နေမှာ .. ပါဏာတိပါတာ ကံ ကတော့ မကြာခဏ သတိလက်လွတ် နဲ့ ပြုတတ်ပါတယ် ။ ခြင်မြင်ရင် လက်က အလိုလို ရိုက်မိသွားတာမျိုးပေါ့း)
မာတာမိခင်ကျေးဇူးရှင်အားအဝေးမှ ရည်မှန်းပြီး ကန်တော့လိုက်ပါတယ် ။
နောက်ပြီး မီးပုံ လေးတွေထွန်း ၊မီးရှူး မီးပန်းနဲ့ ၊ ပျော်ခဲ့ ကြတဲ့ သီတင်းကျွတ် လပြည့်ည လေးတွေ အမှတ်တရ အဖြစ် ( ..ကျီးမနိုးပွဲတော့ မဆော့ဖူးခဲ့ပါ )
အမိ မြန်မာပြည်ကြီး နဲ့  အဖိနှိပ်ခံ မြန်မာပြည်သူပြည်သားအပေါင်းတို့ ဘေးအန္တရာယ် ကင်းဝေးပြီး အေးချမ်း ပျော်ရွှင် နေနိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ဖွားကိ ကို သီတင်းကျွတ် မှာ ကန်တော့ကြမယ်လို့  အဆိုတင်သွင်းကြသူနဲ့ ထောက်ခံသူများ အမြန်ဆုံး လာရောက် ဂါရဝ ပြုကြစေလိုပါတယ် ။ နို့ မို့ ဆို ပထမ ဦးဆုံးအကြိမ် ကန်တော့ခံ လုတန်းစားဖြစ်ရတော့မဲ့ ဒီသီတင်းကျွတ် မှာ သူများပျော်လို့ မပျော်နိုင် ဖြစ်နေရမှာ စိုးပါတယ် ။
ဒီပုံလေးများကို မကေ ဘလောဂ် နဲ့ နောက် မမှတ်မိတော့ တဲ့ရေးသူ တဦးရဲ့  ဘလောဂ်မှ ခွင့်ပြုချက်မယူမိပဲ ကူးထား မိပါတယ် ။ ငါးပါးသီလ စောင့်ထိန်းပါ့မယ်ပြောထားပြီးကာမှ တပါးကျိုးသွားပါပြီ ..း(
18 comments:
အကန်တော့ခံဖို့စောင့်နေတာ..မယ်ကိရဲ့
အင်း.... ဘာပြောရမလဲ..ဟင်.. ကျနော်လဲ မစွံသေးတော့.. ဟင်း.... ... မထူးပါဘူးဗျာ... အပြောအဆိုလေး လွတ်အောင်... ..အဟီး.... ဘယ်လိုလဲ... ..... မြန်မြန်စဉ်းစားနော် အချိန်မှီသေးတယ်... ဟိ
ဘယ်သူပဲဘယ်လိုပဲကျွတ်ကျွတ် အဲလေ သီတင်းဘယ်လောက်ပဲကျွတ်ကျွတ် ဝံလေးနဲ့မဆိုင်ဘူး ဟိဟိ ဂယ်ပြောတာ အပိုပြောတာဟုတ်ဘူးနော် ဟိဟိ ဘယ်လောက်ကောင်းလဲ တယောက်တည်းနေရတာ မဟုတ်ဘူးလား ကိရယ် နော် ခွီးးးးးခွီးးးးးးးး
ရှားရှားပါးပါးစီနီယာ(လေး) လေးရလို့  ဝေါ်
ပေါ်သွား အဲလေ..ပျှော်သွားပြီ၊ မမကီ စာလေးမဖတ်ခင် ကျွန်တော့် ပိတောက်လေး
အကြောင်းအရင်ရွှီးချင်တယ်နော်၊ လူတွေကြား
ထဲ ခဏခဏပျောက်ဆုံးလေ့ ရှိတဲ့ သစ္စာတရား
တို့ ကြောင့် ကမ္ဘာကြီးတစ်စစနဲ့  ပူနွေးလာရ
တယ်လို့ ကျွန်တော်ကယူဆလို့ အမြဲတန်း
သစ္စာမပျက်တတ်တဲ့ ပိတောက်လေးကိုတသက်
စာလောကကိုအလှဆင်ပေးဖို့ အမြဲတန်းတင်
ထားဖြစ်တာပါလို့ ၊ကဲ...မမကီ့  စာကိုဖတ်တော့ မယ်နော်။
မမကီရေ... သူတော်စဉ်မဟုတ်ပဲ၊ပုထုစဉ်ဘဝ
နဲ့ နေရသမျှ ကာလပတ်လုံး ငါးပါးသီလကို
ခါးဝတ်ပုဆိုးလိုမြဲဘို့ ကမလွယ်ပါလို့ ၊အခုခေတ်
ဘောင်းဘီအဝတ်များလို့ အလွယ်တကူကျွတ်
မကျပဲမြဲနေတတ်ပေမဲ့ ငါးပါးသီလကိုတော့ စွဲ
မြဲနေဘို့ တကယ်မလွယ်ပါ။ ကျွန်တော်ပြီးခဲ့ တဲ့ 
ဥပုဒ်ရာသီတုံးကဘဝမှာငါးပါးသီလကိုတစ်ရက်
၁၀၀ ရာခိုင်နှုန်းအပြည့် ရခဲ့ ဘူးတယ်၊ဘယ်မှ
မသွားဘူး၊ကြည့် မြင်ကြားမိမှာစိုးလို့ ၊အဲဒီနေ့ 
ဝိုင်းကလေးကိုဆန့် ကျင်ပြီးဖဲတောင်မရိုက်ခဲ့ ပါ။
မမကီကိုကိုယ့် အမလိုပဲ ကန်တော့ လိုက်ပါရစေ
သိလား ( ၂ )ကို တင်ပြီးရင် လာဖတ်ဝေဖန်ပေး
ပါအုံးဗျာ။ ဝေဖန်ရေးကိုအမြဲလိုချင်ပါတယ်။
နာတို့ တောင်ကြီးမှာဆို အဲ့လို မီးပုံးပျံကြီးတွေ အများကြီးမှ အများကြီးနော့်း)
သတိရနေတယ်...
လေးစားလျက်
တောင်ပေါ်သား
လာကန်တော့ရင် မုန့်ဖိုးပေးမှာလား...:)
ကျွတ်သွားပြီပေါ့.......... အဲ ကျွတ်ပြန်ပြီပေါ့
ကန်တော့ရမယ့် အဖေအမေ ကလည်း နီးနီးနားနားမရှိတော့ အခုချိန်ဆို မိဘတွေကို ပိုသတိရ
မိတယ် ...ကိကိရေ... အပေါ်ကပုံလေးတွေ ချစ်စရာကောင်းတယ်...
mie nge
ဘသူကျွတ်ကျွတ် မကျွတ်ကျွတ် ကိုယ်ကတော့ ကျွတ်ရမှာ အမှန်ပါ....
ဖွားကိ လာကန်တော့ပါတယ်။
မိအယ်
“သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာနေ့မှာ သတ္တ၀ါတွေ အေးချမ်းကြပါစေ ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ၊ လှည့်ပတ်ခြင်းကင်းကြပါစေ၊ အထင်သေးခြင်းကင်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးကြပါစေ၊” အဲလိုလေး မေတ္တာလေးပွားတော့ မေတ္တာဘာဝနာပေါ့ဗျာ။ ပါးစပ်ကပွားပြီး၊ အလုပ်မပါတဲ့သဘောတရားတွေဖြစ်လာရင် ဖြစ်လာတဲ့အလုပ်တွေက သဘောတရားတွေကင်းမဲ့နေလိမ့်မယ်။
ဂဒေါ့သွားပါတယ် ဖွားကိခင်ဗျား...
းဝ)
အယ်.. ကိုယ့်ထက်ဦးပြီးလာကန်တော့သွားကြပါလား။ ဟို ဦးလူထွင်းတစ်ယောက်ရော မလာသေးဘူးလား။
သူထွင်းတဲ့ကိစ္စကို...။ စည်းရုံးရေးမကောင်းဘုးး)) သူမလာခင်အတင်းတုတ်တာ၊ ရှူးတိုးတိုးနော် ပြန်မပြောနဲ့း))
ဖွားကိရေ လာကန်တော့တယ်ဗျာ ကန်တော့ခံပစ္စည်းတော့ နောက်မှယူတော့ ကသုတ်ကရက်လာရလို့ပါမလာဘူး
မုန့်ဖိုးလေးတော့ ပေးလိုက်နော် အဟီး
ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေး))))))))
အားမလျှော့နဲ့လေ ကိ ရဲ့
အချိန်တန်ရင် နပိန် ကန်.. အဲ
ချစ်သူတွေ့မှာပေါ့..း)
ဒါနဲ့
ကျီးမနိုးပွဲက တန်ဆောင်မုန်း လပြည့်မှာ
လုပ်ကြတာလေ
Post a Comment