လူတွေက အမျိုမျိုး အဖုံဖုံ ။ အဖြူ အမဲ ။ အပု အရှည် ။ အပိန် အဝ ။အဖြောင့် အကောက် ပုံသဏ္ဍန် တွေ အမျိုးမျိုး ရှိကြသလို စိတ်ဓါတ်တွေလည်း အမျိုးမျိုး ။ စိတ် ပုတ် စိတ်ယုတ် ။စိတ်ကောင်းနှလုံးကောင်း ။ စိတ်ဖြောင့် စိတ်ကောက် ။ စိတ်အေး စိတ်ပူ ။စိတ်တက်ကြွ စိတ်ဓါတ်ကျ ။စိတ်ဓါတ်ခိုင် စိတ်ပျော့ညံ့ ။ စုံလို့ပါပဲ
ပြီးတော့ လူဆိုတာ တဦးတည်း တယောက်တည်း ချည်းပဲလည်း နေထိုင် လို့ မရပါဘူး ။ လူ့ ဘောင်ကြီး ထဲမှာ ပေါင်းသင်းဆက်ဆံရေး ဆိုတဲ့  စကားတလုံး နဲ့ လူ တွေကို ဆက်သွယ်ပေးထားတာ လေ ။ တယောက်နဲ့ တယောက် ဆက်ဆံရေး က အရေးကြီးလှပါတယ် ။
ဒီလိုဆက်ဆံကြတဲ့အခါမှာ
-တချို့ က အပေါ်ယံပျားသကာလိုချိုပြီး အတွင်းကျတော့ ပုတ်သိုးနေတာတွေလည်း ရှိတယ် ။
-တချို့ ကျတော့ စကားမချိုပေမဲ့  စိတ်ရင်းကောင်းတယ် ။သူများကို ကလိန်ကကျစ် မလုပ်တတ်ဘူး ။
-တချို့ များကျတော့ စကားလည်း မချိုသာ ၊ စိတ်ထားကလည်းပုတ် ၊ မျက်နှာထားကလည်း ခပ်တင်းတင်း ။ တလောကလုံးကို လုပ်ကျွေးနေရတဲ့ ပုံစံနဲ့  ။
-နောက်တမျိုးက စကားအရာလည်း ချိုသာလှတယ် ၊ စိတ်ထားလေးလည်း ဖြူစင်တယ်၊ မှန်ကန်တယ် ၊မျက်နှာထားလေးကလည်း ပြုံးရွှင်ပြီး မြင်ရတာနဲ့ စိတ်ချမ်းသာ စရာ ကောင်းလှတယ် ။
အကြမ်းအားဖြင့် အဲ့လို လူ ၄ မျိုးထဲမှာ နောက်ဆုံးတမျိုးကိုသာ လိုလားကြမှာသေချာပါတယ် ။ကိုယ်တိုင်ကျတော့ရော ...ဘယ်လို အမျိုးအစားထဲ ပါနေမလဲ ဆိုတာ ကိုယ့်ကိုကိုယ် ဝေဖန် ဆန်းစစ် ကြည့်ကြ ဖုးပါသလား ။
လမ်းမှာ သူများက ကိုယ့်ကို နှုတ်ဆက်တဲ့  အခါတိုင်း မိမိကိုယ် မိမိ ငါဘယ်လို လူလည်း ဆိုတာကို ဆန်းစစ်ကြည့်မိဖို့  လိုပါလိမ့်မယ် နော့ ။
►Posted by
:kiki
:
at
10/01/2009 08:10:00 PM
Subscribe to:
Post Comments (Atom)
23 comments:
မမကိရေ နံပါတ်လေးလိုမျိုးတော့ ဖြစ်ချင်တယ်။ ခုတော့ နှစ်လောက်ပဲဖြစ်နေတယ်။ ကြိုးစားပါမယ် မမ။
အဟီး..
ကိုယ့်ဟာကိုယ်တော့ နံပတ် ၃ အမျိုးအစား ထဲ ထဲ့ထားပါတယ်ဗျိုး.....
လမ်းမှာတွေ့ ကြသူများ ဝေးဝေးရှောင်ကြပါကုန်...
ိတိန် ..တိန် .. တိန် ..
သူများမမေးခင် ဦးအောင် ပြောထားလိုက်ပါကြောင်း သတင်းကောင်း..
hay မကိရေ တို့ ၄ ကွ ၄ ဟိဟိ ဘယ်သူမှမပြောခင် ကြိုဦးပြီးပြောတယ် ဘာလုပ်ချင်လဲ ဟိဟိ
နောက်ထပ် ရွေးစရာ တစ်မျိုးမရှိတော့ဘူးလာဟင်...
yu ya
၃ ... ကွ ဟား ဟား ....
ချိတ်ပုတ်တယ် ရုပ်ချိုးတယ် အပေါက်ချိုးတယ်... :P
နံပါတ်တွေပေးနေတယ် ။ ထီထိုးရင်ကောင်းမလားမသိဘူး။ သီတင်းကျွတ်ထီပေါက်ရင် ဖွားကိကိုအကောင်းဆုံးနဲ့ လာကန်တော့မယ်။ ဘယ်ချင်းကြိုက်လဲသိတယ်နော်။ ပုလင်းပါဖို့ အဓိကမဟုတ်လား။း))
သူများက ပုတယ်၊ ပုတ်တယ်၊ ချိုဘူး။ သိတယ် ဟုတ်။
စာလာဖတ်တယ် ကိကိရေ၊ လူတွေရဲ့ စိတ်ဓါတ်ကို
ရေးပြတာ ကောင်းတယ်ဟေ့၊ ကွက်ကွက်ကွင်းကွင်းပဲ၊
အားပေးလျက်။
ကိရေ... ကျန်တဲ့နံပါတ်တွေတော့ မသိဘူး ၁ နဲ့ ၃ မဟုတ်တာတော့ အချိန်မရွေးပြောရဲတယ် တငယ်ဂျင်းရေ....
အစ်မကြီးကတော့ နံပါတ် ၅စာရင်းဝင်လောက်တယ်နော်
စကားမချိုသာဘူး၊ မျက်နှာအေးအေးလေးနဲ့ စိတ်ထား ဘူကျနေတာလေ
၁+၂+၃+၄=၁၀
ငါကွ......ဟေးးးးးးးးးးးးး
ဟုတ်တယ်နော့် လူမှုဆက်ဆံရေးမှာ ရိုးသားမှုတခုတည်းနဲ့ မလုံလောက်ဖို့ ချိုချိုသာသာ ပြောတတ်ဖို့ သိပ်အရေးကြီးပါတယ်။
၁၂၃၄ ပဲဗျ .... လူအမျိုးမျိုးအပေါ်လိုက်ပြီး အရောင်ပြောင်းတတ်တယ် ကျွန်တော်က ... :P
၂....၄ ဘယ်ထဲမှ ထည့်လို့မရသေးဘူး အမရေ
(၃)မျိုးလုံးမှာ နည်းနည်းဆီပါနေတယ်လေ
အဲ စိတ်ဆိုးရင် ပုတ်သိုးတဲ့မျက်နှာကတော့ တကယ့်ကို လူအမြင်ကတ်စရာကောင်းတယ်...ကိုယ့်ကိုကိုယ်တောင် မှန်ထဲကြည့်မိရင် အမြင်ကတ်မိတယ် အဟိ:P
နံပါတ် တစ်ကွ အယ်မဟုတ်သေးပါဘူး
နံပါတ်နှစ် ဖြစ်မယ်ထင်တယ်
နံပါတ်သုံးနဲ့များ တူမလား မသိဘူး
သေသေချာချာစဉ်းစားကြည့်တော့ နံပါတ်လေး အဟေးဟေး
မဖြစ်နိုင်ရယ်တဲ့မှမဖြစ်နိုင် ဒါဆို ဘာလဲ ???????
ကိုယ့်ကိုကိုယ် ဘာမှန်းတောင် မသိတော့ဘူးး)))))))))))))))
Kikiရေ...နံပါတ် ၄ ဖြစ်အောင် ကြိုးစားမယ်နော်
နံပါတ်လေးဖြစ်ချင်ပေမယ့် စိတ်ကမကြည်တော့ဘူးဆိုရင် မျက်နှာကအလိုလိုပုပ်လာတာ။ ပြင်လို့မရဘူး။ ဘယ်လိုလုပ်မလဲ။ :P
ကာတွန်းဖတ်လိုက်တော့
သတိပေးသလိုဖြစ်သွားတယ်
ကျေးဇူးတင်ပါတယ်။
ကိကိ
နေကောင်းရဲ့ နှော်:)
မအယ်
မှန်တယ်မှန်တယ်ဗျို့ .. ဖြူစင်ဘို့ လိုတယ်ဆိုတာ
ကျွန်တော်တောင် အဖြူလေးအမြည်ခံပြီး ဖြူ
အောင်မနဲနေနေရတာလေ။ လွယ်လွယ်ကူကူ
ဖြူလို့ ရတာကတော့  အကီ်ျင်္ကို မဲနယ်နဲ့ လျှော်
တာပါပဲ။ ကိုယ့် ကိုယ်တောင် မှန်ထဲကြည့် ပြီး
ဘယ်အထဲပါလဲလို့ မစစ်ရဲအောင်ပါပဲလို့ ။
လူတွေဟာ ကိုယ့် အကြောင်းကိုယ်သိတာ မဟုတ်ဘူး မကိရေ ဘေးလူကပြောမှ ဒီလူက ကောင်းတယ် ဟိုလူကမကောင်းဘူးဆိုတာ သိကြတာလေ လူတိုင်းကတော့  ကိုယ်သာ အကောင်းဆုံး လူအဖြစ်ခံယူထားကြတာ ဒီတော့ မကိရေ ကျနော်ဘယ်လိုလူစားမျိုး ဘယ်နံပါတ်ထဲ မှာရှိတယ် ဆိုတာလေးတစိတ် ကျေးဇူး ပြုပြီး လင်းစမ်းပါဦးခင်ဗျာ ခင်တဲ့  သုဒြေ္န
လူတကိုယ် စိတ်တမျိုးစီပေါ့ဗျာ.. မတူဘူးပေါ့...။
:D
ပြောတော့ပါဘူးဗျာ
ဒါဟာ လျှို့ဝှက်ချက်
:P
မျက်နှာက လဲ နေရာတကာ အမြဲချိုလို့
မရ ပြန်ဘူး ကိ ရေ..
စကား လဲ ဒီအတိုင်းပဲ
ချိုလွန်းပြန်တော့ လူတွေက နင်းတာတို့
အခွင့်ကောင်းယူတာတို့
အပေါ်စီး ဆက်ဆံတာတို့ ရှိလာတတ်သေးတယ်
လူမှုဆက်ဆံရေးနယ်ပယ်မှာ
စိတ်ထားကောင်းဖို့ က တော့
အဓိက ကျတယ် ထင်တာပဲ
မျက်နှာ တို့ စကား တို့ ဆိုတာကတော့
နေရာဒေသ ကာလ လိုက်ပြီးတော့ ချို ပါစေ ပေါ့..း)
သာမန် လူ သား တွေပဲ လေ
ဘယ်လို လုပ်ပြီး ထာဝရ လန်းဆန်း လှပ နိုင်မှာလဲ နော့
Post a Comment