Dec15,2010
14 com
ခေါင်းစဉ်ကြည့်တာနဲ့ သိလောက်ပါတယ် ။ အကြောင်းအရာ နဲ့ အပေါင်းပါတွေ၊ ဘာမှတော့ မထူးဆန်း ၊ ဂျလန်း ဂျလန်း လုပ်ခဲ့တဲ့ တစိတ်တဒေသပေါ့ ။ အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာဒုတိယပါတ်မှာ မိုးတွေ ရွာချလိုက်တယ် ၊အခါမဲ့မိုးအကြောင်း သတင်းစာထဲ ဖတ်လိုက်ရတာကတော့ အနောက်ဖက်အရပ်ကတိုက်ခတ်တဲ့ လေပွေလှိုင်းတွေကြောင့် ဒီမိုးရွာရခြင်းဖြစ်ပါသတဲ့။မြန်မာပြည်တဝှမ်း စံချိန်တင်ခဲ့တဲ့...
►Posted by
:kiki
:
at
12/15/2010 05:58:00 PM
Dec2,2010

သူငယ်ချင်းရေ...မင်းတို့ငါတို့ တတွေ အားလုံး စောင့်မျှော်နေခဲ့ကြရတဲ့ ၊အသာစံသူတွေရဲ့ လိမ်ညာမှုကြီးကို သိရဲ့နဲ့ အညာခံလိုသူတွေ လည်စင်းခံပြီး အလိမ်အညာခံခဲ့ကြတဲ့ ပွဲကြီးလည်း ပြီးခဲ့ပြီ ။ ကလေးရော ခွေးပါသိနှင့်ကြတဲ့ အတိုင်း ထွက်လာတဲ့ အဖြေ ဟာ စာမေးပွဲတွေ မစခင်တည်းက မေးခွန်းရထားပြီး ဖြေစရာတောင် မလိုပဲ အလိုလိုအောင်ပြီးသားသာ မက ဂုဏ်ထူးပေါင်းမြောက်များစွာ...
►Posted by
:kiki
:
at
12/02/2010 05:57:00 PM
Nov25,2010
၂၀၁၀၊အောက်တိုဘာ ၂၅ ရက် ၊ သီတင်းကျွတ်လပြည့်ကျော် ၂ရက်နေ့ ၊ မိုးလေကင်းလွတ် သီတင်းကျွတ် ဟုဆိုကြပေမဲ့ ဒီနှစ် မိုးနှောင်းမှာမှ မိုးကောင်းနေပြီး၊ ဆိုင်ကလုံး ဂီရိ ရခိုင်ပြည်နယ် ကျောက်ဖြူ အနီးတဝိုက် ဝင်မွှေအပြီးသကာလ မို့ ရာသီဥတုက မငြိမ်မသက်ဖြစ်နေဆဲ ၊ မိုးအုံ့ လိုက် မိုးရွာလိုက် နေပြင်းပြင်းပူလိုက်ဖြင့် တနေ့ တည်းတွင်ပင် ၃ရာသီလိုဖြစ်လို့ နေတော့သည်။...
►Posted by
:kiki
:
at
11/25/2010 08:22:00 AM
Nov19,2010
ပထဝီ တေဇော အာပေါ ဝါယော ဓါတ်ကြီး ၄ ပါး နဲ့ ပေါင်းစပ်ထားတဲ့ အကျွန်ုပ် ရဲ့ ခန္ဓာကိုယ် အတ္တဘောကြီး နဲ့  ပါတ်ဝန်းကျင် မှာ ရှိနေကြတဲ့ ဓါတ်တွေ အကြောင်း ၊အလုပ်မရှိ အလုပ်ရှာ တွေးကြည့် မိလို့  “ဓါတ်” သဘော တွေ ကို ရေးလိုက်ပါကြောင်း ။ “ဓါတ်ကြောင်”နေသူများ သတိဖြင့် ဖတ်ကြလေကုန် ။ခုလောလောဆယ်မှာ “ဓါတ်ကျ” နေတဲ့ “ဓါတ်စာ” များ တောင် မစားရဲ ၊ ဘာကြောင့် လည်း ဆိုတော့ “ဓါတ်မြေသြဇာ” တွေ တွင်တွင်သုံး နေကြတာ က သြဘာ ( အာဘော ) .. မြန်မာ့သြဘာ အကောင်းဆုံးပါ....@#&%...
►Posted by
:kiki
:
at
11/19/2010 08:03:00 AM
Nov12,2010
ခုခေတ် ခုအခါ နေရာတကာမှာ အဆင်သင့်ပြုလုပ်ထားပြီးဖြစ်တဲ့ ရယ်ဒီမိတ် ပစ္စည်းတွေ တယ်ခေတ်စားနေပေသကိုး။ တခုတော့ကောင်းတယ်ပေါ့၊ အချိန်ကုန် လူပင်ပန်း သက်သာ တာပေါ့လေ ။ဘယ်မှာကြည့်ကြည့် ရယ်ဒီမိတ်တွေ ရနေပြီပဲ ။ စားစရာ မှာ ကြည့်မလား ၊ ရယ်ဒီမိတ် မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ဒန်ပေါက်၊လက်ဖက်သုတ်၊ ငပိထောင်း တွေက အစ ကော်ဖီ ၊ လက်ဖက်ရည် ၊တူးအင်ဝမ်း ၊သရီးအင်ဝမ်းတောင် ပါလိုက်သေး ၊ အသား ငါး ဟင်းချက်ပြီးသား တွေအဆုံး အမျိုးစုံ ရနိုင်တယ် ၊ စားခါနီး မှာ...
►Posted by
:kiki
:
at
11/12/2010 07:21:00 PM
Nov1,2010
ဒီနေ့  ၁ ရက် နေ့ ။ ဒီလ နိုဝင်ဘာ လ ။ ခုနှစ်က ၂၀၁၀ ....ထီဖွင့်ရန် (၇) ရက်သာ ကျန်တော့သည် ။အောင်ဘာလေသိန်းထီကြီးတော့ မဟုတ် ။ မကြာခဏ ကျနေသော ဂျောက်ကြီးထဲ နက်သထက် နက်အောင် တွန်းပို့ မည့် ဂျောက်ချပွဲ (ထီဖွင့်ပွဲ)ကြီး ခြိမ့်ခြိမ့်သည်းကျင်းပလေတော့မည် ။ ရိုးရိုးသားသား လူအများစု ပြာပုံ ဆက်တိုးကြလေရအုံးမည် ။ သာပေါင်းညာစား လူအနည်းစုတို့  လောကနိဗ္ဗာန်သို့  သူ့ ထက်ငါ အလုအယက် တက်ကြပေတော့မည် ။စာမတတ်က ကြက်ခြေခတ် ဟု အသုံးလုံး မကျေသူများအား ပြောကြသည်...
►Posted by
:Khyl
:
at
11/01/2010 01:50:00 AM
Oct30,2010
ဟိုစပ်စပ် ဒီစပ်စပ် ယောင် ၆၀ လုပ်နေရင်း၊ ဟိုနေရာ ဒီနေရာ သွားရင်းလာရင်း နဲ့ ရလာတဲ့ လက်ကမ်းစာစောင်လေး ထဲမှ ကိုယ် မသိသေးတဲ့ အကြောင်းအရာ တချို့ ၊ ကိုယ့်လိုပဲ ဘာမှန်းမသိ ၊ ဘာကို ဘယ်လို ရှိမှန်းမသိ၊ ဘာလုပ်လို့  ဘာကိုရွေးရမှန်းမသိ ဖြစ်နေသူ များစွာ လည်း ရှိနေအုံးမယ် လို့  ထင်မိတယ် ။ဒါ့ကြောင့် ဒါတွေက ဒီလို ရှိတယ် ၊ဆိုတာ မသိသေးတဲ့သူများ သိအောင် ထပ်ဆင့်...
►Posted by
:Khyl
:
at
10/30/2010 10:04:00 PM
Oct18,2010
ဒီနေ့ လည်း သွေးရောဂါဆေးရုံသို့  တခေါက်ရောက်ခဲ့ရပြန်ပါတယ် ။ ညီမလေးတယောက် ဆေးရုံတက်ရလို့ ပေါ့။ ဆေးရုံက မကြာခဏတက်နေရတော့ သူမအတွက်ကတော့ သိပ်ပြီးမထူးခြားလှပါ ။ သွေးမသွင်းခင်တရက် ပြင်ပလူနာဌာနကိုပြ ၊ သွေးရဖို့  စီစဉ်၊ နောက်တနေ့ မှာ ဆေးရုံတက်ပြီး သွေး ၂ အိတ်သွင်း၊ ဒါတွေက လုပ်နေကျ အစီအစဉ်လေးတွေပါ ။ သွေးသွင်းဖို့ အသွားမှာ လိုအပ်တဲ့ သွေးပိုက် ၊ ထိုးဆေး နဲ့ ဆေးထိုးအပ် ၊ လက်အိတ် ၊ ဂွမ်း ၊ အရက်ပျံ၊ ပလာစတာ ၊ အစရှိတာတွေကို အဆင်သင့် ဝယ်ယူပြင်ဆင်ထားရတယ်...
►Posted by
:Khyl
:
at
10/18/2010 12:00:00 AM
Oct2,2010
ကိုယ့်ရပ် ကိုယ့်ရွာ ပြန်ရောက်တာ ၃ လကျော်ကြီးများတောင် ရှိနေပေမဲ့ နေသားက မကျ တကျ ဖြစ်လို့  နေဆဲ ။ တနေ့  တနေ့  ယောင်လည်လည် နဲ့  ဘယ်ကစပြီး ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိသေး ။ ကြွေးတင် ဝက်မွေး ဆိုလို့ဝက်ပဲမွေးရတော့ မလိုလို ( ကြာရင် ကြွေးတင်တော့မှာ မို့ ) ၊ ကြက်ပဲ မွေးရတော့ မလိုလို ၊ငါးတွေပဲ မွေးရတော့မလိုလို၊ ခရမ်း သုံးခွ ဖက် လျှောက်ကြည့် ဖြစ်ခဲ့သည် ။သမ္မာ အာဇီဝ အလုပ်တော့ အလုပ် ပါပဲ ။ ဪ .. အကုသိုလ် အလုပ်တွေ မလုပ်ကောင်းပါဘူးလေ လို့ ...
►Posted by
:Khyl
:
at
10/02/2010 12:59:00 AM
Sep22,2010
ကား တော့ ကား ပါ ။ ဒါပေမဲ့ “သည်ကား” ( The Cars) ရုပ်ရှင်ဇာတ်လမ်း အကြောင်းတော့ မဟုတ် ။ မြန်မာလို “ကား” ။ အင်္ဂလိပ်လိုလည်း Car ။ အသံထွက်ခြင်း ဆင်တူသလို အဓိပ္ပါယ်ခြင်းလည်း တူတူပါပဲ ။ ဘယ်သူ့  ဘယ်သူ မွေးစားထားတဲ့ စကားလုံးမှန်းတော့ မသိ ။ ခုတလော ကို့ ယို့ ကားရား ဖြစ်နေကြ တဲ့ ကားများ ။ မြန်မာပြည်တွင်လည်း ထုတ်လုပ်သည် ဆိုသော ကားများ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်...
►Posted by
:Khyl
:
at
9/22/2010 02:48:00 PM
Sep8,2010

ကြောက်ပါတယ် ကျောက်ရယ် ....ကလင် .. ကလင် .. ကလင် ....“ အစ်မရေ .. သမီး ဗိုက်အောင့် နေပြန်ပြီ၊ ဗိုက်လည်းကယ်တယ် ၊ တညလုံး မအိပ်နိုင်ဘူး ။ လုပ်ပါအုံး ။ ”ဖုန်းသံကြောင့် စောစောစီးစီး လန့် နိုး လာရာမှ နာကျင်မောဟိုက်စွာ ဆက် ပြော သံများကြောင့် စိတ်ပူသွားမိသည် ။ ဒီကလေးမ တော့ မနေ့ ညက ဘာတွေ ဘယ်လောက်တောင် များ အစားသောင်းကျန်းခဲ့ပြန်ပြီလည်းဟူသော အတွေးက ချက်ချင်း...
►Posted by
:Khyl
:
at
9/08/2010 04:42:00 PM
Subscribe to:
Posts (Atom)